Little Things She Loves

Little Things She Loves ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Little Things She Loves, ร้านเสื้อผ้าสตรี, Bangkok.

စိတ်၏အေးချမ်းရာ 🌼🌼🌼🌼Outfit : RIDA - House of Kachin Textiles
07/08/2024

စိတ်၏အေးချမ်းရာ 🌼🌼🌼🌼

Outfit : RIDA - House of Kachin Textiles

“ ကိုယ့်ကိုယ်ကိုယ်မှ မယုံ…. ဘယ်သူ့ကိုယုံမလဲ “ ( Self - Confidence) “ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ ( Self- confidence)...
06/08/2024

“ ကိုယ့်ကိုယ်ကိုယ်မှ မယုံ…. ဘယ်သူ့ကိုယုံမလဲ “
( Self - Confidence)

“ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှူ ( Self- confidence) ရှိဖို့ အင်မတန် အရေးကြီးပါတယ် ။ စီးပွါးပဲ့ရှာရှာ ၊ ပညာပဲ့သင်သင် ၊ လောကုတ္တရာ တရားအားထုတ်တဲ့ အလုပ်ပဲ့လုပ်လုပ် “ကိုယ်က စွမ်းဆောင်နိုင်တယ် ၊ ကိုယ့်မှာ လုပ်နိုင်တဲ့အရည်အချင်းရှိတယ်”ဆိုတဲ့ ယုံကြည်မှုက ပဓာနပါပဲ့။

ဘာကြောင့်လဲ ဆိုတော့ ကိုယ်ကြံစည်ထားသမျှကို လုပ်နိုင်တယ်လို့သာယုံကြည်ရင် အဲဒီစီတ်နှင့်တင် အောင်မြင်မှုရဲ့ လမ်းတစ်ဝက်ကိုရောက်နှင့်နေပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဘယ်လောက်ရှိသလဲဆိုတာကို အခက်အခဲတွေ နှင့် ကြုံတွေ့တဲ့အခါ ကိုယ်ဘာကိုရွေးချယ်သလဲ ဆိုတာနှင့် တိုင်းတာနိုင်ပါတယ်။

ယုံကြည်မှုအားနည်းတဲ့သူဟာ မဆိုစလောက်အခက်အခဲ ၊ အဆင်မပြေမှူလေးတွေ ကြုံလိုက်နှင့်
ကိုယ်လုပ်တဲ့အရာကို အလွယ်တကူ လက်လျှော့ပစ် လိုက်ပါတယ် ။

ယုံကြည်ချက်ရှိသူကတော့ ဒီလိုမျိုးမဟုတ်ပါဘူး ။”ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပီးပီဆိုတာနှင့် ဘယ်လောက်အခက်အခဲရှိရှိ ရအောင်လုပ်ဆောင်သွားတာပါပဲ့ ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ဆိုတာ အောင်မြင်မှုရဲ့လမ်းစပါပဲ့ ။

အခုတလော မြတ် ဖတ်ဖြစ်နေတဲ့စာအုပ်လေးထဲကနေ တချို့စာပိုဒ်လေးတွေကို sharing လုပ်ခြင်းဖြစ်ပါတယ်ရှင့်။


Lott

22/07/2024

When we have each other, we have everything ❤️❤️❤️

22/07/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

တခါတလေကျရင်ကိုယ်ကတန်ဖိုးမရှိတာမဟုတ်ဘူးကိုယ်ရောက်နေတဲ့နေရာက ကိုယ့်တန်ဖိုးကို မသိတာ…..🌧️
16/07/2024

တခါတလေကျရင်

ကိုယ်ကတန်ဖိုးမရှိတာမဟုတ်ဘူး

ကိုယ်ရောက်နေတဲ့နေရာက

ကိုယ့်တန်ဖိုးကို မသိတာ…..🌧️

Daisy 🌼
14/07/2024

Daisy 🌼

တနေ့နေ့ ချစ်တဲ့အကြောင်းလေးတွေ ၊ မျှဝေချင်တဲ့ အကြောင်းအရာလေးတွေ မပြောရ မနေနိုင်သူလေးတွေကို mention ခေါ်လိုက်ကြရအောင်နော် ...
14/07/2024

တနေ့နေ့ ချစ်တဲ့အကြောင်းလေးတွေ ၊ မျှဝေချင်တဲ့ အကြောင်းအရာလေးတွေ မပြောရ မနေနိုင်သူလေးတွေကို mention ခေါ်လိုက်ကြရအောင်နော် ❤️❤️❤️

🚨🚨🚨
12/07/2024

🚨🚨🚨

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

12/07/2024

ဟိုဟိုဒီဒီ လျှောက်သွားလျှောက်ရိုက်ထားတဲ့ mini vlog လေးပါ 🥰🥰🥰

🇹🇭

11/07/2024

Welcome to my Little world 🌎

ဟိုဟိုဒီဒီ ရိုက်ထားတဲ့ travel , beauty , and cooking vlog လေးတွေ အမှတ်တရတင်ပေးချင်လို့ page လေး ကို အားပေးကြပါအုံးနော် ❤️❤️

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Little Things She Lovesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์