Xpress Fashion-မြန်မာ

Xpress Fashion-မြန်မာ Bangkok ရောက် Myanmar Fashion Enthusiast များအတွက် Premium Bespoke Tailoring Hub Xpress Fashion ….✌️✌️👌

🌿လေကဲ့သို့ ပေါ့ပါးပြီး ထင်ရှားတဲ့ Style ရှိတဲ့ Linen SuitSummer Fashion အတွက် နွေရာသီမှာ ဝတ်ရန် အလွန်သင့်တော်တဲ့ Tuli Co...
11/06/2025

🌿လေကဲ့သို့ ပေါ့ပါးပြီး ထင်ရှားတဲ့ Style ရှိတဲ့ Linen Suit

Summer Fashion အတွက် နွေရာသီမှာ ဝတ်ရန် အလွန်သင့်တော်တဲ့ Tuli Collection မှ ထုတ်လုပ်ထားတဲ့ ၁၀၀% Linen Suit လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Linen Suit အမျိုးအစားကတော့ ပေါ့ပေါ့ပါးပါး ရှိတဲ့ ပွဲများ၊ Weekend များ၊ မင်္ဂလာပွဲများ နဲ့ အားလပ်ရက်ခရီးသွားတဲ့ အချိန်တွေမှာ ဝတ်ဆင်ဖို့ အလွန်ကိုမှ သင့်တော်ပါတယ်။"

📸 Xpress Fashion မှ ချုပ်လုပ်ပေးလိုက်တဲ့ ဒီ Linen Suit လေးကို အလွန်သဘောကျသွားတဲ့ Customer ရဲ့ ယုံကြည်မှု၊ သက်တောင့်သက်သာရှိမှုနဲ့ အပြုံးတွေကဘဲ Suit ရဲ့ အရည်အသွေးနဲ့ သက်တောင့်သက်သာရှိမှုကို လက်တွေ့သက်သေပြနေပါတယ်။

🌟 Mr. Christian's Bespoke Journey 🌟Luxury ဆန်ဆန် suit တစ်ခုဟာ အရည်အသွေးမြင့် fabric နဲ့ accessories တွေသုံးထားတာသာမက၊ ဝတ...
28/04/2025

🌟 Mr. Christian's Bespoke Journey 🌟

Luxury ဆန်ဆန် suit တစ်ခုဟာ အရည်အသွေးမြင့် fabric နဲ့ accessories တွေသုံးထားတာသာမက၊ ဝတ်ဆင်သူကို confidence အပြည့်ဖြစ်စေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

Xpress Fashion မှ ချုပ်လိုက်တဲ့ bespoke tuxedo က Mr. Christian အတွက် အလွန်ထူးခြားတဲ့ အမှတ်တရ အတွေ့အကြုံတစ်ခု ဖြစ်စေခဲ့ပါတယ်။

Fabric ရွေးချယ်မှုမှအစ၊ ဒီဇိုင်းနဲ့ fitting process အဆုံး Xpress အဖွဲ့က အသေးစိတ်ဂရုစိုက်ပြီး ချုပ်ပေးထားတာကြောင့် ဒီ tuxedo က Mr. Christian ၏ ကိုယ်ပိုင်ဟန်ကို အပြည့်အဝဖော်ပြနိုင်ခဲ့ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ထို့ကြောင့် လူကြီးမင်းတို့အနေနဲ့လည်း Suit ချုပ်ဖို့ လိုနေရင်ကတော့ Xpress Fashion ကိုအခုဘဲ “Hello” လိုက်ပါခင်ဗျ ။

📍ဆိုင်လိပ်စာ 📌

1031/4 Phohonyothi Rd, Phaya Thai, Bangkok. (https://maps.app.goo.gl/M7RpcUXZgL7YnrRA)

Ph - +66 96 649 8158

Xpress Fashion ရဲ့ ထူးချွန်ထက်မြက်တဲ့ ပန်းပုဆရာတွေလို Tailor တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာ နဲ့ ကျွမ်...
09/03/2025

Xpress Fashion ရဲ့ ထူးချွန်ထက်မြက်တဲ့ ပန်းပုဆရာတွေလို Tailor တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့ရဲ့ အနုပညာလက်ရာ နဲ့ ကျွမ်းကျင်မှု တွေက လူကြီးမင်းတို့ရဲ့ Suit ကို ပြည့်ပြည့်ဝဝ နဲ့ အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးပါတယ်။ Xpress Fashion မှာ Tailoring ကို အနုပညာတစ်ရပ် အဖြစ် သတ်မှတ်ထားပြီး၊ လူကြီးမင်းတို့ရဲ့ Style နဲ့ Personality ကို ပိုမိုတောက်ပစေဖို့ ရည်ရွယ်ပါတယ်။

ဒီအတွေ့အကြုံကို ကိုယ်တိုင်ခံစားဖို့ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Does a Leader Need a Suit? နိုင်ငံခေါင်းဆောင်တိုင်းက Suit ဝတ်ဖို့ လိုအပ်သလား?ဒီရက်ပိုင်း အတော်လေး Hot ဖြစ်နေတဲ့ အကြောင်း...
04/03/2025

Does a Leader Need a Suit? နိုင်ငံခေါင်းဆောင်တိုင်းက Suit ဝတ်ဖို့ လိုအပ်သလား?

ဒီရက်ပိုင်း အတော်လေး Hot ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကတော့ Ukraine သမ္မတ Volodymyr Zelensky အိမ်ဖြူတော်ကို သွားရောက်ခဲ့တဲ့အခါမှာ သမားရိုးကျ Suit ဝတ်စားမှုကို ရှောင်ပြီး Military-style အင်္ကျီ (khaki) ကို ရွေးချယ်ဝတ်ဆင်သွားခဲ့တာပါ။ ဒီလို ဝတ်ဆင်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ စစ်မြေပြင်ရှေ့တန်းမှာ ရှိနေတဲ့ သူ့တပ်သားတွေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေနဲ့ တစ်သားထဲ ရပ်တည်နေတယ်ဆိုတာကို ပြသလိုတဲ့ သဘောပါပဲ။

Suit ဝတ်တယ်ဆိုတာက ခေါင်းဆောင်မှု၊ အာဏာနဲ့ Professionalalism တို့ကိုပြသတဲ့ သင်္ကေတ တစ်ခုအဖြစ် အမြဲတမ်း ရှိနေခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်အများစုကလည်း သူတို့ရဲ့ လေးစားမှုနဲ့ ဩဇာအာဏာကို ပြသဖို့ Suit တွေကို ဝတ်ဆင်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူတို့ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ သူတို့ရဲ့ လက်ရှိအခြေအနေနဲ့ တာဝန်တွေကို ထင်ဟပ်ပြနေတတ်ပါတယ်။ ဒါကြောင့် ယခုသမ္မတ Zelensky ရဲ့ ဝတ်စားဆင်ယင်မှုဟာ အဓိပ္ပာယ်အများကြီးကို သယ်ဆောင်ပါတယ်။

ဒီနေရာမှာ အခုစာဖတ်နေတဲ့ သူတို့ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ Suit ဝတ်မှ ပိုပြီး အားကောင်းတဲ့ပုံပေါက်သလား၊ ဒါမှမဟုတ် စစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ အပြင်ပန်းအသွင်အပြင်ထက် လုပ်ရပ်တွေမှာပဲ အဓိကကျတာလား? လူကြီးမင်းတို့ရဲ့ အတွေးအမြင်တွေကိုလည်း မျှဝေပေးပါဦး ခင်ဗျ။



photo_credit_BBC

အခြားအ၀တ်အစားတွေနဲ့ Suit တစ်ထည်ရဲ့ အဓိကကွာခြားချက်က Suit တွေဆိုတာ အရေးကြီးတဲ့ပွဲတွေမှာ ဝတ်ဆင်လေ့ရှိပြီး Suit တစ်ထည်ကို ဝ...
01/03/2025

အခြားအ၀တ်အစားတွေနဲ့ Suit တစ်ထည်ရဲ့ အဓိကကွာခြားချက်က Suit တွေဆိုတာ အရေးကြီးတဲ့ပွဲတွေမှာ ဝတ်ဆင်လေ့ရှိပြီး Suit တစ်ထည်ကို ဝတ်လိုက်တာနဲ့ ယုံကြည်မှုအပြည့်ရှိနေမှာကတော့ အမှန်ပဲဖြစ်ပါတယ်။

ဒါကြောင့် Suit ကို ချုပ်ပေးတဲ့လူကလည်း အင်မတန်မှကို ကျွမ်းကျင်ပြီး အပ်ချည်တစ်မျှင်ချင်းနဲ့ ချုပ်ရာတစ်ခုချင်းစီကို သေချာလေးချုပ်ထားဖို့ လိုပါတယ်။

စတိုးဆိုင် အများစု မှာရောင်းတဲ့ အသင့်ချုပ် (Ready-Made) Suit တွေက ကိုယ့်ရဲ့ဆိုဒ်နဲ့ တော်ရုံလေးပဲ ဖြစ်နေတတ်ပြီး ဝတ်လိုက်တ...
27/02/2025

စတိုးဆိုင် အများစု မှာရောင်းတဲ့ အသင့်ချုပ် (Ready-Made) Suit တွေက ကိုယ့်ရဲ့ဆိုဒ်နဲ့ တော်ရုံလေးပဲ ဖြစ်နေတတ်ပြီး ဝတ်လိုက်တဲ့အခါမှာတော့ မိမိရဲ့ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တာ၊ ဒါမှမဟုတ် နှစ်ခါလောက်ဝတ်ပြီးတာနဲ့ ပျက်စီးသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုအခက်အခဲတွေကို ကောင်းကောင်းနားလည်တဲ့ Mr. Luca ကတော့ ဘန်ကောက်အလည်လာနေတုန်း Xpress Fashion ကိုလာရောက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ Suit တစ်ထည်ကို ချုပ်ယူခဲ့ပါတယ်။
Mr. Luca အတွက်ကတော့ ဒါဟာ Suit တစ်ထည် ဝယ်တာထက်ကို ပိုတဲ့ အတွေ့ အကြုံတစ်ခု ဖြစ်ပါတယ်။ သူက Xpress Fashion ရဲ့ Bespoke Journey မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ထူးခြားတဲ့ အတွေ့အကြုံကို ခံစားခဲ့တာပါ။

Xpress Fashion ရဲ့ အပ်တစ်ချောင်းနဲ့ ချုပ်ရိုးတစ်ခုစီတိုင်းက Customer တစ်ဦးချင်းစီရဲ့ ပင်ကိုယ်စတိုင်နဲ့ လိုက်ဖက်ညီအောင် အထူးဂရုတစိုက်ပြီး ချုပ်လုပ်ထားတာပါ။ ထို့အပြင် Bespoke ဆိုတာက နောက်ဆုံးရလဒ်အတွက်တင် မဟုတ်ဘဲ၊ သင့်အတွက် အထူး ဖန်တီးချုပ်လုပ်မဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

True luxury is not just in wearing a suit but in the journey of having one made just for you.

📸 A moment of refinement, captured in time. The art of bespoke, the mark of a gentleman.

Suit တစ်ထည်ကို ချုပ်တော့မယ်ဆိုရင် ရွေးချယ်စရာတွေက အများကြီးကို ရှိပါတယ်။ အသင့်ချုပ် (Off-the-rack)၊ ကိုယ်တိုင်းချုပ် (Ma...
25/02/2025

Suit တစ်ထည်ကို ချုပ်တော့မယ်ဆိုရင် ရွေးချယ်စရာတွေက အများကြီးကို ရှိပါတယ်။ အသင့်ချုပ် (Off-the-rack)၊ ကိုယ်တိုင်းချုပ် (Made-to-measure)၊ ဒါမှမဟုတ် Bespoke လိုမျိုး အသုံးအနှုန်းတွေကိုတော့ လူကြီးမင်းတို့ အနေနဲ့ ကြားဖူးကျမှာပါ?

ဒီ Post မှာကတော့ ထို Suit အမျိုးအစားတစ်ခုစီရဲ့ ကွာခြားချက်တွေ၊ ဘယ်လို Suit က ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ပုံတစ်ပုံချင်းစီအောက်မှာ အသေးစိတ်လေး ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
👔✨

"Dressing well is a form of good manners." — Tom Fordအမေရိကန်နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Tom Ford က "ကောင်းမွန်စွာဝတ်ဆင်...
21/02/2025

"Dressing well is a form of good manners." — Tom Ford

အမေရိကန်နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Tom Ford က "ကောင်းမွန်စွာဝတ်ဆင်ခြင်းသည် ယဉ်ကျေးမှုတစ်မျိုးဖြစ်" လို့ဆိုခဲ့ပါတယ်။ 👔✨

Xpress Fashion မှာရှိတဲ့ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေကလည်း Customer တွေအတွက် Suit တွေချုပ်ပေးတဲ့အခါ Tom Ford ရဲ့စကားကို အမြဲသတိရပြီး အလေးထားချုပ်ပေးပါတယ်။

ဒါကြောင့် မိမိခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီအောင် ချုပ်ထားတဲ့ Suit တစ်စုံဟာ သင့်ရဲ့ယုံကြည်မှုကို အလိုလို မြင့်တက်စေပြီး မိမိကိုယ်ကိုယ်မြင်တဲ့အမြင်ကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။ 💼💪

ဒီခံစားချက်ကို Vitale Barberis Canonico (VBC) ကိုရွေးချယ်ဝယ်ယူသွားတဲ့ ကျွန်တော်တို့ရဲ့ Customer တစ်ဦးဖြစ်တဲ့ မစ္စတာဟန်ကိုယ်တိုင် မကြာသေးမီက ကြုံတွေ့ခဲ့ရပါတယ်။ သမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေနည်းတူ မစ္စတာဟန်ကလည်း Power Dressing ဟာ အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်ပြီး လူတစ်ယောက်ရဲ့ စရိုက်နဲ့ ရည်မှန်းချက်တွေကို ထင်ဟပ်စေတယ်ဆိုတာ နားလည်ထားပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ထို့ကြောင့် လူကြီးမင်းတို့အနေနဲ့လည်း Bankok ရောက်နေတုန်း Suit ချုပ်ဖို့ လိုနေရင်ကတော့ Xpress Fashion ကိုအခုဘဲ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။​

📅Xpress Fashion ကနေ ပေးအပ်နေတဲ့ Tailoring အတွေ့အကြုံတွေကို အောက်မှာရှိတဲ့ link မှတစ်ဆင့် appointment တင်ပြီး ရယူ လိုက်ပါ။
https://calendly.com/.../book-your-appointment-with...

📍ဒီ Google Map ရဲ့ Location ကိုနှိတ်ပြီတော့လည်း ဆိုင်ကို လာရောက်နိုင်ပါတယ်ခင်ဗျ
https://maps.app.goo.gl/M7RpcUXZgL7YnrRA

"Not all suits are created equal" ဆိုတဲ့အတိုင်း...  Suit တစ်စုံချင်းစီမှာ သူ့ရဲ့ထူးခြားတဲ့လက်ရာနဲ့ အနုပညာတွေ ပါဝင်ပါတယ်။...
19/02/2025

"Not all suits are created equal" ဆိုတဲ့အတိုင်း... Suit တစ်စုံချင်းစီမှာ သူ့ရဲ့ထူးခြားတဲ့လက်ရာနဲ့ အနုပညာတွေ ပါဝင်ပါတယ်။ Mr. Kristian ဟာ ဘန်ကောက်ရောက်နေတုန်း Quality ကောင်းပြီး လက်ရာသေသပ်တဲ့ Suit တစ်စုံ ချုပ်ဖို့ Xpress Fashion ကို ရွေးချယ်လိုက်ပါတယ်။ ပေါ့ပါးပြီး Style ကျတဲ့ Beige Linen Suit တစ်စုံကို အရင်မှာယူသွားပေမယ့်၊ ကျွန်တော်တို့ရဲ့ လက်ရာကို မြင်သွားတဲ့အခါ နောက်ထပ် အနက်ရောင် Business Suit တစ်ထည်ကိုပါ ချက်ချင်း မှာယူသွားခဲ့ပါတယ်။

Xpress Fashion မှာ Suit တစ်စုံ ချုပ်ယူတာဟာ လက်ရာမြောက်တဲ့ Masterpiece တစ်ခုကို ပိုင်ဆိုင်ရတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ Precise ဖြစ်ပြီး Detail ကျတဲ့ Suit တွေကို ၀တ်ဆင်လိုက်တဲ့အခါ Customer တိုင်းဟာ ဘုရင်တစ်ပါးလို ခံစားရပါတယ်။ ✨

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့လည်း Suit ချုပ်ဖို့ လိုအပ်နေရင်တော့ Xpress Fashion ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆိုင်ထဲကို လက်ဗလာနဲ့ ၀င်လာခဲ့ပြီး Masterpiece Suit တစ်စုံနဲ့ ပြန်ထွက်သွားဖို့ ကျွန်တော်တို့ တာ၀န်ယူပါတယ်။👔

📅Xpress Fashion ကနေ ပေးအပ်နေတဲ့ Tailoring အတွေ့အကြုံတွေကို အောက်မှာရှိတဲ့ link မှတစ်ဆင့် appointment တင်ပြီး ရယူ လိုက်ပါ။
https://calendly.com/.../book-your-appointment-with...

📍ဒီ Google Map ရဲ့ Location ကိုနှိတ်ပြီတော့လည်း ဆိုင်ကို လာရောက်နိုင်ပါတယ်ခင်ဗျ
https://maps.app.goo.gl/M7RpcUXZgL7YnrRA9

Valentine’s Day ဖြစ်ပေါ်လာရခြင်းရဲ့ သမိုင်းကြောင်း ❤️Valentine’s Day ရဲ့ မူလအစဟာ ရောမအင်ပါယာခေတ်နဲ့ ဆက်စပ်နေပါတယ်။ ထိုအခ...
14/02/2025

Valentine’s Day ဖြစ်ပေါ်လာရခြင်းရဲ့ သမိုင်းကြောင်း ❤️

Valentine’s Day ရဲ့ မူလအစဟာ ရောမအင်ပါယာခေတ်နဲ့ ဆက်စပ်နေပါတယ်။ ထိုအချိန်က ဧကရာဇ် Claudius II မှာ ကြီးမားတဲ့စစ်တပ်ရှိပေမယ့် စစ်သားစုဆောင်းရာမှာ အတော်လေးခက်ခဲခဲ့ပါတယ်။ ဘုရင်ကြီးက လူငယ်တွေဟာ သူတို့ရဲ့ မိန်းမနဲ့ မိသားစုကို အရမ်းချစ်ကြလွန်းလို့ စစ်ထဲမလိုက်ချင်ကြဘူးလို့ ထင်ပြီး လူငယ်တွေကို အိမ်ထောင်မပြုရဘူးဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် Saint Valentine ဆိုတဲ့ ဘုန်းတော်ကြီးက ဒီအမိန့်ကို ဖီဆန်ပြီး ချစ်သူတွေကို လျှို့ဝှက်လက်ထပ်ပေးခဲ့ပါတယ်။ ဒီအကြောင်းကို ဘုရင်ကြီး Claudius က သိသွားတဲ့အခါမှာတော့ Saint Valentine ကို ဖမ်းဆီးကွပ်မျက်ခဲ့ပါတယ်။ သူ့ကို ကွပ်မျက်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို နောက်ပိုင်းမှာ ချစ်သူများနေ့အဖြစ် ကမ္ဘာတစ်ဝှမ်း ဂုဏ်ပြု ကျင်းပလာကြတယ်။ 💕

Valentine's Day ရဲ့ အဓိပ္ပာယ် ❤️

Valentine's Day ဟာ ချစ်သူရည်းစားတွေအတွက်သာမဟုတ်ဘဲ၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူရှိနေတဲ့ အချိန်တိုင်းကို တန်ဖိုးထားဖို့၊ မေတ္တာအပြည့်နဲ့ ချစ်ခင်ဖို့ သတိပေးနေတဲ့ နေ့တစ်နေ့ပါ။ အချိန်တွေက ပြန်မရနိုင်ဘူးဆိုတာကို သတိရပြီး၊ ဒီနေ့ကို နောက်ဆုံးနေ့ရက်တစ်ခုလို မှတ်ယူပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ အတူ အပြည့်အဝ ခံစားလိုက်ပါ။

ချစ်ခြင်းမေတ္တာဟာ အချိန်တိုင်းမှာ တန်ဖိုးရှိပါတယ်။ ဒီ Valentine's Day မှာ ကိုယ်ချစ်ရသူတွေကို ပိုမိုဂရုစိုက်နိုင်ပါစေကြောင်း Xpress Fashion အဖွဲ့သားများမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျ။ 💕

ထိုင်းနိုင်ငံရဲ့ လူစည်ကားတဲ့ နေရာတော်တော်များများမှာ Tailor ဆိုင်တွေ မှိုလိုပေါက်နေတာကို ဒီနိုင်ငံကို ရောက်ဖူးတဲ့သူတိုင်...
11/02/2025

ထိုင်းနိုင်ငံရဲ့ လူစည်ကားတဲ့ နေရာတော်တော်များများမှာ Tailor ဆိုင်တွေ မှိုလိုပေါက်နေတာကို ဒီနိုင်ငံကို ရောက်ဖူးတဲ့သူတိုင်း သတိထားမိကြမယ့်လို့ ထင်ပါတယ်။ အကြောင်းအရင်းက တခြားမဟုတ်ပါဘူး!🇹🇭👔

◾ဘန်ကောက်မြို့ဟာ ဘုရားတွေနဲ့ လမ်းဘေးအစားအစာတွေတင်မကဘဲ ကမ္ဘာကျော် အင်္ကျီချုပ်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ဒီ Post မှာ လေ့လာကြည့်ရအောင်။

◾လန်ဒန်၊ နေပယ်လ်စ်၊ မီလန်၊ ပဲရစ်နဲ့ ဟောင်ကောင်တို့လို မြို့ကြီးတွေနဲ့အတူ ဘန်ကောက်မြို့ဟာ အရည်အသွေးမြင့် Suit တွေကို ဈေးနှုန်းချိုသာစွာနဲ့ ရရှိနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အီတလီ၊ အင်္ဂလန်နဲ့ ဂျပန်တို့လိုနိုင်ငံတွေမှာ ရရှိနိုင်တဲ့ အကောင်းစားပိတ်သားတွေကို ထိုင်းနိုင်ငံမှာပဲ ချုပ်လို့ရတာမို့ ကမ္ဘာလှည့်ခရီးသွားတွေလည်း ဘန်ကောက်ကိုရောက်တုန်း အင်္ကျီချုပ်သွားလေ့ရှိကြပါတယ်။

ဒါဆိုရင် ဘာလို့ ထိုင်းနိုင်ငံက အနောက်တိုင်းနိုင်ငံတွေနဲ့ နီးတူ Suit ချုပ်တဲ့နေရာမှာ နာမည်ကြီးရတာလဲ? အဖြေကတော့ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းမှာ ရှိပါတယ်။ 🇹🇭👔

◾ဘန်ကောက်မြို့ရဲ့ Suit ချုပ်တဲ့လုပ်ငန်းရဲ့ သမိုင်းကြောင်းက ဗီယက်နမ်စစ်ပွဲကာလနဲ့ ဆက်စပ်နေပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ဘန်ကောက်မြို့ဟာ အရည်အသွေးမြင့် Suit တွေကိုချုပ်တဲ့ ဗဟိုအချက်အခြာနေရာတစ်ခု ဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ကြီးတွေ၊ သံတမန်တွေနဲ့ အဆင့်မြင့်အရာရှိတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ ထို့အပြင် Bangkok မှာရှိတဲ့ နာမည်ကြီး Suit ဆိုင်တွေက ထိုင်းရိုးရာလက်မှုပညာနဲ့ နိုင်ငံတကာနည်းပညာတွေကို ပေါင်းစပ်ပြီး အနောက်တိုင်းအင်္ကျီတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ယခုအချိန်ထိတိုင် ဆက်လက်ချုပ်လုပ်နေဆဲ ဖြစ်ပါတယ်။

◾လူကြီးမင်းတို့ကော် ဘန်ကောက်မှာ Suit ချုပ်ဖူးပါသလား? ချုပ်ဖူးရင် အတွေ့အကြုံလေးတွေကို comment မှာ ပြောပြပေးပါဦးခင်ဗျ ။ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ Suit တစ်ထည်မှာ လူကြီးမင်းတို့ ဘာကိုမျှော်လင့်ထားပါသလဲ? ပြီးတော့ Suit ချုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်နဲ့ မေးခွန်းတွေရှိရင်လည်း မေးလို့ရပါတယ်ခင်ဗျ။

"BESPOKE SUIT" ရဲ့ အဓိပ္ပါယ်က ဘာလည်း ​❓အနောက်တိုင်း ၀တ်ဆုံး တွေထဲမှာမှ ချုပ်ရတာ ခတ်ခဲပြီး စျေးအလွန်များတဲ့ Suit အမျိုးအစ...
04/02/2025

"BESPOKE SUIT" ရဲ့ အဓိပ္ပါယ်က ဘာလည်း ​❓

အနောက်တိုင်း ၀တ်ဆုံး တွေထဲမှာမှ ချုပ်ရတာ ခတ်ခဲပြီး စျေးအလွန်များတဲ့ Suit အမျိုးအစား တွေထဲက တစ်ခုကတော့ Bespoke Suit တွေဘဲဖြစ်ပါတယ်။

ထို ၀တ်ဆုံတွေက စိုရင်တော့ဖြင့် အတွေ့အကြုံအလွန်ရင့်ကျက်တဲ့ ​ Mastertailor တွေမှ Hand Construction method ဖြင့် ချူပ်ထားတဲ့ အလွန့်ကိုမှ အနုစိတ်တဲ့ tailoring process ဖြစ်ပြီး Lapel တစ်နေရာထဲမှာဘဲ “ Hand-Stitched” ပေါင်း 1000 ကျော်ရှိပါတယ်။

ဒါ့ကြောင့် Bespoke Suit တွေက လူကြီးမင်တို့ရဲ့ ကိုယ်ပိုင် စတိုင်နှင့် တစ်ထပ်ထဲ ရောင်ပြန်ဟပ််အောင် ချုပ်ထားတာကြောင့် ၊ ထို Suit တွေကို၀တ်လိုက်တာနဲ့ တစ်ပြိုင်နက်ထဲ Confident ကိုတက်စေမဲ့ ဒိုင်းကာကြီး တစ်ခုကိုပိုင်စိုင်ထားသည့်ပမာ ခံစားချက်ကိုပေးပါတယ်။

ထိုကြောင့် ထို Bespoke Suit တွေက ထင်ပေါ်ကျော်ကြားတဲ့ လူအများစုရဲ့ အ၀တ်ဘီရိုတွေထဲမှာ အနည်းစုံး တစ်စုံစီတော့ ရှိတတ်ကျပါတယ်။

ที่อยู่

1031/4 Phahonyothin Road, Phaya Thai
Bangkok
10400

เวลาทำการ

จันทร์ 10:00 - 21:00
อังคาร 10:00 - 21:00
พุธ 10:00 - 21:00
พฤหัสบดี 10:00 - 21:00
ศุกร์ 10:00 - 21:00
เสาร์ 11:00 - 20:00
อาทิตย์ 11:00 - 20:00

เบอร์โทรศัพท์

+66966498151

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Xpress Fashion-မြန်မာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์