May May Yumon ကလေးပစ္စည်း မျိုးစုံရောင်းချပေးပါတယ်🫰
(1)

မေမေတစ်ယောက်မို့ ကလေးနဲ့ပတ်သတ်တဲ့
ကျန်းမာရေးဗဟုသုတတွေကို လေ့လာရင်းနဲ့
Mommy&Baby Page ကနေတဆင့်
မေမေတို့ကိုလည်းပြန်ပြီး Sharing လုပ်ပေး
သွားပါ့မယ်။

✌️
22/05/2026

✌️

တစ်နှစ်မှ ၃၆၅ ဘတ်တည်းနဲ့ ထိုင်းမှာမွေးတဲ့ ကလေးအတွက် ကျန်းမာရေးအာမခံ ဘယ်လိုလုပ်မလဲ? 🧾✨

မိဘတွေက နိုင်ငံခြားသား (ပတ်စပို့ရှိသူ) ဖြစ်ပြီး ကလေးကို ထိုင်းနိုင်ငံမှာ မွေးဖွားတယ်ဆိုရင် ကလေးအတွက် “၁ နှစ်သက်တမ်းရှိ ကျန်းမာရေးအာမခံကတ် (บัตรประกันสุขภาพเด็ก)” ကို ဝယ်ယူလို့ရပါတယ်ရှင်။ (ကလေးအသက် ၇ နှစ်မပြည့်မချင်း နှစ်စဉ် သက်တမ်းတိုးလို့ရပါတယ်)

💰 အာမခံကြေး: ၁ နှစ်လျှင် ၃၆၅ ဘတ် သာ ကျသင့်မှာဖြစ်ပြီး ကလေးငယ် နေမကောင်းဖြစ်တဲ့အခါ ဆေးကုသခွင့်နဲ့ ကာကွယ်ဆေး (ကုထုံး) တွေကို အခမဲ့ စောင့်ရှောက်မှု ရရှိမှာ ဖြစ်ပါတယ်။

📄 ၁။ ပထမဆုံးအကြိမ် ကတ်စလုပ်ချိန်တွင် လိုအပ်သော စာရွက်စာတမ်းများ

✅ ကလေးရဲ့ ထိုင်းမွေးစာရင်း (สูติบัตร): မူရင်းနှင့် မိတ္တူ

✅ မိဘနှစ်ပါးစလုံးရဲ့ ပတ်စပို့ (Passport): မူရင်းနှင့် လက်ရှိဗီဇာသက်တမ်းရှိသော စာမျက်နှာမိတ္တူ

✅ ပန်းရောင်ကတ် သို့မဟုတ် နေထိုင်မှုမှတ်တမ်း (ทร.38/1): (ရှိလျှင် ယူသွားပါ)

✅ မိဘရဲ့ အာမခံကတ် သို့မဟုတ် လူမှုဖူလုံရေးကတ်: (ရှိလျှင်)

✅အာမခံကတ်ကြေး: ၃၆၅ ဘတ် တို့ပါရှင်💁🏼‍♀️

ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနကို ရောက်ရင်

("มาขอซื้อบัตรประกันสุขภาพเด็กต่างด้าว 365 บาท ให้ลูกค่ะ")
(ကလေးအတွက် ရွှေကတ်အခွင့်အရေး လျှောက်ချင်လို့ပါ) ဟု ပြောပြီး စုံစမ်းနိုင်ပါတယ်။

ဆေးရုံတိုင်းမှာ ဒီအတွက် တာဝန်ခံတဲ့အဖွဲ့ (အများအားဖြင့် ပြင်ပလူနာဌာန သို့မဟုတ် စာရင်းပေးသွင်းတဲ့နေရာ ရှိပါတယ်။

📄 ၂။ နောက်နှစ်တွေမှာ သက်တမ်းတိုးရင် လိုအပ်မယ့် စာရွက်စာတမ်းများ

ပထမဆုံးအကြိမ် လုပ်ပြီးသွားရင် နောက်နှစ်တွေမှာ သက်တမ်းတိုးဖို့အတွက် အလုပ်ရှုပ်သက်သာသွားပါပြီရှင်။ အောက်ပါအချက်လေးတွေပဲ လိုအပ်ပါတော့တယ်။

💢 ကလေးရဲ့ ကျန်းမာရေးအာမခံကတ်ဟောင်း
ကလေးရဲ့ ထိုင်းမွေးစာရင်း (สูติบัตร): မူရင်း သို့မဟုတ် မိတ္တူ

💢မိဘရဲ့ ပတ်စပို့ (Passport): မူရင်းနှင့် မိတ္တူ (ဗီဇာသက်တမ်း ရှိနေရပါမည်)

💢 အာမခံကတ်ကြေး: ၃၆၅ ဘတ် တို့ပဲလိုပါတယ်။

💡 အကြံပြုချက်နှင့် အမေး/အဖြေ သတိပြုရန်အချက်များ
မေး - ကလေးကို အစိုးရဆေးရုံမှာမွေးမှ ဒီအာမခံကတ် ဝယ်လို့ရတာလား

ဖြေ - မဟုတ်ပါဘူးရှင်။ ကလေးကို ပုဂ္ဂလိကဆေးရုံမှာပဲမွေးမွေး၊ ဘယ်ဆေးရုံမှာပဲမွေးမွေး ကလေးအတွက် ထိုင်းမွေးစာရင်း (สูติบัตร) ရပြီဆိုရင် ဒီအာမခံကတ်ကို ဝယ်ယူခွင့်ရှိပါတယ်။

(ဒါပေမဲ့ ဒီကျန်းမာရေးအာမခံကတ်ကို အစိုးရဆေးရုံကြီးတွေမှာပဲ တိုက်ရိုက်ရောင်းချတာဖြစ်လို့ ကလေးကို ပုဂ္ဂလိကဆေးရုံမှာမွေးခဲ့ရင်တော့ ကလေးမွေးစာရင်းရတာနဲ့ မိမိတို့နဲ့နီးစပ်ရာ "အစိုးရဆေးရုံကြီး" သို့ သွားရောက်ပြီး အာမခံကတ် သီးသန့်ဝယ်ယူရမှာ ဖြစ်ပါတယ်ရှင်)

၁။ ကလေးမွေးဖွားပြီး ၂၈ ရက်အတွင်း နီးစပ်ရာ အစိုးရဆေးရုံရဲ့ အာမခံကတ်ပြုလုပ်တဲ့ဌာန (ห้องบัตร) မှာ အမြန်ဆုံး သွားရောက်ပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဒါမှ ကလေးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်တိုက် အချိန်မီ ရရှိမှာ ဖြစ်ပါတယ်။

၂။ သက်တမ်းသွားတိုးမယ့်နေ့မှာ မိဘရဲ့ ပတ်စပို့နဲ့ ဗီဇာသက်တမ်းဟာ ကုန်ဆုံးခြင်းမရှိသေးဘဲ အသက်ဝင်နေရပါမယ်ရှင်။

မိသားစုဝင်အသစ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မိဘများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်။ 👶❤️✨
#ထိုင်းရောက်မြန်မာလုပ်သားများ #ကလေးကျန်းမာရေးအာမခံ #ဗဟုသုတမျှဝေခြင်း

#မေမေဗိုက်တို့အတွက်

22/05/2026

✌️

ที่อยู่

มหาดไทยบำรุง
Tak
63000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May May Yumonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง May May Yumon:

ทางลัด

แชร์