Simple Home Cooking - အိမ်ချက်လက်ရာ

Simple Home Cooking - အိမ်ချက်လက်ရာ Just a kind soul who loves good vibes, simple living, helping others, and sharing smiles along the way 😊✨

Good night! Mang thatha uh!ဒီချိန် ကျမတို့ ချင်းတောင်မှာ မိုး​တွေရွာ မှိုင်းတွေတိုက်ပြီး မှောင်မဲမဲ အချိန်လို့ ခန့်မှန်း...
08/14/2026

Good night! Mang thatha uh!
ဒီချိန် ကျမတို့ ချင်းတောင်မှာ မိုး​တွေရွာ မှိုင်းတွေတိုက်ပြီး မှောင်မဲမဲ အချိန်လို့ ခန့်မှန်းပြီးလွမ်းနေမိတယ်




ရန်ကုန်မြို့တွင် ကာလဝမ်းရောဂါ ကူးစက်မှု မြင့်တက်နေပါပြီ ကူးစက် ရောဂါ အခြေအနေကြောင့် ကလေးဆေးရုံများနှင့် အခြားသော ဆေးရုံက...
08/12/2026

ရန်ကုန်မြို့တွင် ကာလဝမ်းရောဂါ ကူးစက်မှု မြင့်တက်နေပါပြီ

ကူးစက် ရောဂါ အခြေအနေကြောင့် ကလေးဆေးရုံများနှင့် အခြားသော ဆေးရုံကြီးများတွင် အစားအစာ လှူဒါန်းခွင့်ကို (၁) ပတ်တိတိ တားမြစ်ပိတ်ပင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ် ထုတ်ပြန်ထားကြောင်းသိရပါသည်

ကူးစက်မှု အလွန်မြန်ဆန်သောကြောင့် မိသားစုတိုင်း ယခုအချိန်မှစ၍ အောက်ပါအချက်များကို (လုံးဝ) တင်းတင်းကျပ်ကျပ် လိုက်နာကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်။

ယခုကာလတွင် လုံးဝ (လုံးဝ) ရှောင်ကြဉ်ရမည့် အချက်များ ...................................
၁။ လမ်းဘေးစာများ လုံးဝမစားပါနှင့် - လက်ဖြင့်နယ်ဖတ်ရသော အသုပ်စုံများ၊ မုန့်ဟင်းခါးနှင့် ယင်နားထားသော အစားအစာများကို လုံးဝရှောင်ပါ။

၂။ ရေခဲအစိမ်း မစားပါနှင့် - လမ်းဘေးဖျော်ရည်ဆိုင်များမှ ရေခဲစိမ်ထားသောရေ၊ ရေခဲခြစ်နှင့် သန့်ရှင်းမှုမသေချာသော ရေခဲတုံးများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။

၃။ အစိမ်းစား "တို့စရာ" များကို ရှောင်ပါ - ထမင်းဆိုင်များတွင် ချပေးထားသော ရေစိမ်ထားသည့် အရွက်များ၊ တို့စရာများကို မစားပါနှင့်။

၄။ ရေချမ်းစင်မှ ရေမသောက်ပါနှင့် - လူအများ ခွက်တစ်ခုတည်းကို မျှဝေသုံးစွဲရသော လမ်းဘေး ရေချမ်းစင်များကို ယခုကာလတွင် ခေတ္တရှောင်ကြဉ်ပါ။

၅။အစိမ်းစားရသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ရေသန့်သန့်ဖြင့် သေချာစွာ ဆေးကြောပြီးမှ စားပါ

၆။ဝမ်းလျှောနေသူ အသုံးပြုထားသော ပန်းကန်၊ ခွက်၊ ဇွန်း စသည်တို့ကို အတူတကွ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

၇။အဖုံးမအုပ်ထားသော၊ ယင်နားထားသော အစားအစာများကို လုံးဝ (လုံးဝ) မစားပါနှင့်။

မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်များ...................................
ရေကို (၁၀) မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်ပါ။ (သို့) ရေသန့် အသုံးပြုပါ။

အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးကြောပါ။

အစားအစာများကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ပါ၊ စားစရာများကို ယင်မနာအောင် အဖုံး ဖုံးအုပ်ပါ။

🚨 အထူးသတိပြုရန်🚨 - ဝမ်းအရည်များ အကြိမ်ကြိမ်သွားခြင်း၊ အန်ခြင်းတို့ ဖြစ်ပေါ်ပါက အချိန်ဆွဲမနေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း သွားရောက်ပြသပါ။ အိမ်တွင် ဓာတ်ဆားရည် (ORS) ဖျော်တိုက်ရန် မမေ့ပါနှင့်။

ဝမ်းရောဂါဖြစ်ရသည့်အကြောင်းရင်း
#မသန့်ရှင်းတဲ့ရေသောက်ခြင်း
#မသန့်ရှင်းတဲ့အစားအစာစားခြင်း
#အစားအစာကိုသေချာမချက်ပြုတ်ခြင်း
#လက်မဆေးဘဲအစားစားခြင်း
#ဝမ်းရောဂါရှိသူနဲ့နီးနီးကပ်ထိတွေ့ခြင်း

Good night allManthatja uh
08/12/2026

Good night all
Manthatja uh




နံနက်ခင်းနှုတ်ဆက်စကားနဲ့အတူ ကျေးဇူးတင်ကြောင်းဖော်ပြပါရစေ Myo Lwin OO
08/11/2026

နံနက်ခင်းနှုတ်ဆက်စကားနဲ့အတူ ကျေးဇူးတင်ကြောင်းဖော်ပြပါရစေ

Myo Lwin OO



ကော်ဖီတစ်ခွက်က✨ Energy ပေးနိုင်သလို⚠️ Limit ကျော်ရင် damage လည်းဖြစ်စေနိုင်ပါတယ်👉 Smart people drink coffee…👉 Smarter pe...
08/10/2026

ကော်ဖီတစ်ခွက်က
✨ Energy ပေးနိုင်သလို
⚠️ Limit ကျော်ရင် damage လည်းဖြစ်စေနိုင်ပါတယ်
👉 Smart people drink coffee…
👉 Smarter people know their limit🥰
Have a balanced & beautiful morning 💛



ကဖင်းဓာတ်ရဲ့ ကောင်းကျိုးများ
✨ ၁။ အာရုံစူးစိုက်မှုတိုးစေတယ်
→ မနက်ခင်းမှာ Coffee တစ်ခွက်သောက်ရင် စိတ်ထဲ refresh ဖြစ်ပြီး အလုပ်လုပ်ချင်စိတ်တက်လာတယ်
⚡ ၂။ စွမ်းအင်တိုးစေတယ်
→ ပင်ပန်းနေလည်း alert ဖြစ်လာပြီး productivity မြင့်တက်
😊 ၃။ စိတ်ခံစားချက်ကောင်းစေတယ်
→ Mood လည်းတက်လာပြီး positive vibes ရစေတယ်
🔥 ၄။ အားကစားလုပ်ချင်သူတွေအတွက်ကောင်းတယ်
→ Workout မလုပ်ခင်သောက်ရင် performance တိုးတတ်

⚠️ ကဖင်းဓာတ်ရဲ့ ဆိုးကျိုးများ/မကောင်းတဲ့အချက်များ
😵 ၁။ အိပ်မပျော်နိုင်
💓 ၂။ နှလုံးခုန်မြန်တတ်
😰 ၃။ စိုးရိမ်ပူပန်မှုတိုးတတ်
💧 ၄။ ရေဓာတ်လျော့နိုင်တယ်

Good Night Allအိမ်မက်လှလှမက်ကြပါစေ ညညအိပ်မပျော်သူကော အိပ်ပျော်သူကော အားလုံးကောင်းသောညလေးဖြစ်ကြပါစေ 😴😴Zantha cio uh law  ...
08/08/2026

Good Night All
အိမ်မက်လှလှမက်ကြပါစေ ညညအိပ်မပျော်သူကော အိပ်ပျော်သူကော အားလုံးကောင်းသောညလေးဖြစ်ကြပါစေ 😴😴
Zantha cio uh law




တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာလား? 🤔မဟုတ်ဘူးနော်…Facebook မှာ ဝင်ငွေရှာနေတဲ့သူတွေက👉 ပူးပေါင်းရင် ပိုမြန်မြန် အောင်မြင်...
08/07/2026

တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြတာလား? 🤔

မဟုတ်ဘူးနော်…

Facebook မှာ ဝင်ငွေရှာနေတဲ့သူတွေက
👉 ပူးပေါင်းရင် ပိုမြန်မြန် အောင်မြင်နိုင်တယ်
Like တစ်ချက် 👍❤
Share တစ်ခါ 🔁
Comment တစ်ကြောင်း 💬
ဒါတွေက သေးသေးလေးလို့ ထင်ရပေမယ့်
တစ်ယောက်အတွက် တစ်ယောက် အခွင့်အရေးဖြစ်နိုင်တယ်
Idea တွေကို မဖုံးကွယ်ပါနဲ့ Knowledge ကို မထိန်းထားပါနဲ့
👉 မျှဝေလိုက်ပါ
အောင်မြင်သူတွေက…
တစ်ယောက်တည်းမတက်ဘူး
👉 အဖွဲ့လိုက်တက်ကြတာပါ 🚀

ဒီနေ့ကစပြီး
👉 “အတူတူတက်မယ်” "အပြန်အလှန်ကူကြမယ်" ဆိုတဲ့ mindset နဲ့သွားကြရအောင် ❤️

ပြတ်သားသွားလိုက်တာဆိုတဲ့စကားတွေ မပြောခင်မပြတ်သားနိုင်ခဲ့လို့ဒဏ်ရာ ဒဏ်ချက်တွေဘယ်လောက်များခဲ့သလဲ သိစေချင်တယ် ။အားလဲ မနာတတ်...
08/06/2026

ပြတ်သားသွားလိုက်တာဆိုတဲ့
စကားတွေ မပြောခင်
မပြတ်သားနိုင်ခဲ့လို့
ဒဏ်ရာ ဒဏ်ချက်တွေ
ဘယ်လောက်များခဲ့သလဲ သိစေချင်တယ် ။

အားလဲ မနာတတ်ဘူးနော်ဆိုပြီး
အပြစ်မတင်ခင်
အားနာတတ်လွန်းလို့
ဘယ်လောက် ခက်ခဲခဲ့သလဲ သိစေချင်တယ် ။

သနားလည်း သနားတတ်ဘူးတဲ့
ကိုယ်က သိပ်အသနားပိုတတ်ခဲ့တာလေ
ဘ၀တစ်ခုလုံးနဲ့ရင်းပြီး
အသနားပိုခဲ့ဖူးတဲ့ အတိတ်တွေကို
ဘယ်သူကမှ မသိပဲဟာ ။

ပြောင်းလဲလာလိုက်တာဆိုပြီးပဲ
ပြောတတ်ကြတာပါ ...

တကယ်တမ်းကျတော့
နူးညံ့နေတဲ့ နှလုံးသားကို
မာကျောသွားအောင်
လူတွေကပဲ သင်ပေးခဲ့ပြီး

ကိုယ့်လိုပဲ ထင်တတ်တဲ့
အတွေးတွေကို
သူတို့ကိုယ်တိုင်ပဲ ရိုက်ချိုးခဲ့တာပါ ။

သင်ခန်းစာဆိုတာ ...
အသင်ခံရပါများရင်
အလိုလို တတ်မြောက်သွားတာမျိုးပါပဲ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)






မနက်စာစားနေပေမယ့်…စိတ်ထဲမှာတော့ “ဒီနေ့ဘာစားရမလဲ” ထပ်စဥ်းစားနေပြီ 🤭🍽️ Nan tho tha maw!
08/05/2026

မနက်စာစားနေပေမယ့်…
စိတ်ထဲမှာတော့ “ဒီနေ့ဘာစားရမလဲ” ထပ်စဥ်းစားနေပြီ 🤭🍽️
Nan tho tha maw!



Address

Atlanta, GA

Telephone

+14044535545

Website

Alerts

Be the first to know and let us send you an email when Simple Home Cooking - အိမ်ချက်လက်ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Simple Home Cooking - အိမ်ချက်လက်ရာ:

Shortcuts

Share