Certe God Bless You

07/30/2026

Happy Late Birthday 🎁
Julu28
ဒီမေမေ မေ့နေလို့ မနေ့ကဘဲ cake ခွဲ ဆုတောင်းပေးလိုက်တယ်

ရှေ့ဆက်ရမယ့်ဘဝမှာ ပျော်ရွှင်သောဘဝ
သာယာအေးချမ်းသောဘဝလေးပိုင်ဆိုင်နိုင်ပါစေ

Bawipa ih thlasuah mi fanu te si.vivo.aw maw

love you

na sinak vek.ten kan lo duh tuk ❤️❤️❤️

07/29/2026

အော် 📣
ပြောစရာစကားလုံးမတွေ့
ဘယ်သူကဖြစ်ချင်မှာလဲ
ဘာရားပေးထားတဲ့ သမိးကို ကျေကျေနပ်နပ်လက်ခံခဲ့တာ😢😢
#အော်တင်ဇင်

လူမဆန်သော လူသားတခြားသူ post အောက်က မန့်တစခုလေးတွေ့လို့ "အသက်သာကြီးပြီး ဦးနှောက် ပါမလာသူ"  လူတချို့ ရှိကြသေးပါလား ပေါ့ကျမ...
07/28/2026

လူမဆန်သော လူသား

တခြားသူ post အောက်က မန့်တစခုလေးတွေ့လို့ "အသက်သာကြီးပြီး ဦးနှောက် ပါမလာသူ" လူတချို့ ရှိကြသေးပါလား ပေါ့

ကျမ ကို လာပြောတာ မဟုပါဘူး

Autism ကလေးဘဲဖြစ်ဖြစ် Special kid ကလေးရှိသူတိုင်းကို အထင်သေးတဲ့ "အကြည့်" ထူးဆန်းတဲ့ "အကြည့်" မျိုးနဲ့ လုံးဝ မပြုလုပ်သင့်ဘူး

BECAUSE
ပုံမှန်ကလေးတွေက တစ်နေ့ပြီးတနေ့ အစက်ကြီးလာတာနဲ့ အမျှ အတွေးခေါ်တွေပါ ပြောင်းလဲလာတယ်
နေပုံထိုင်ပုံ ပြောင်းလာတယ်
သူတို့လိုချင်တာ/ နာတာ/ဗိုက်ဆာတာ ပါ ပြောလာတတ်ကြတယ်
အဲလိုကြောင့် မိဘတွေက ပိုမပြင်ပန်းတော့ဘူး
ကလေး ပသက် ၅နှစ် ဆိုရင် မိဘ က လုံးဝ relax င်္ပြးနေ လို့ ရတယ်
အလုပ်လုပ်လို့ရတယ်
အပြင်သွားလို့ရတယ်
hangout လ်ု့ရတယ်
emergency 🚨 ဆိုရင်နောင် အသိတွေစီ ကလေး ခဏ ခားခဲ့လို့ စိတ်ချရတယ်

🚨ပြောပြမယ်
Special kid ကလေး က ကြတော့
မတူဘူး
အစစ အရာရာ လုံးဝ မတူဘူး
အသက်သာ ကြီးလာကြတာ အတွေးအခေါ်က နှေးတယ်
သူတို့ထက်မြတ်တဲ့နေရာမှာဘဲ သိပ် ထက်မြတ်ကြတာ
အသက် ၅ နှစ် ရောက်ရင်လည်း အသက်၂နှစ် ကလေးထိန်းသလ်ု ပြုစုကေးသလိုဘဲ ဆက်ဖြစ်နေသေးတာ
hangout မရ
အပြင်သွားရင်လည်း ပေါ့ပေါ့ပါးပါး သွားလို့မရဘူး
emergency 🚨 အရေး ဆိုလည်း ဘယ်သူ့ဆီမှာမှ ထားလို့ စိတ်ချရတာဟုဘူး
သူတို့အတွက် သူတို့ အဆိုးအကောင်း မခွဲခြားတတ်ဘူး
ကလေးတိုင်းတော့မဟုပေမယ့် 100%မှာ 90%လောက်တော့ မိဘ ရဲ့ အမြဲ ဂရုစိုက်မှု လိုအပ်တယ်
သူတ်ု့ ငိုချင်ငိုတယ်/သူတို့ရယ်ချင် ရယ်တယ်

ဒါရေးတာတောငါ ၁၀၀%မှာ ၅%တောင်မပြည့်ဘူး

မိဘရဲ့ ရင်ထဲခံစားချက်ကတော့ ပြောမနေပါနဲ့
ကျားကျားရားရား မိန်းမသား ကျမတောင် မျက်ရည် လွယ်သွားတယ်
အသည်းမာတဲ့ ကျမတောင် သူ့အတွက် အသည်းနုလွန်းတယ်
သည်းခံတတ်လွန်းတဲ့ ကိမတောင် သူနဲ့ပတ်သတ်တဲ့ အကြောင်းဆို စိတ်မထိန်းနိုင်ဘဲ ဆတ်ခနဲ ဖြစ်သွား

အဲကြောင့် ဒါမျိူး ကလေးမရှိတဲ့ သူတွေက အမြဲတမ်း မေတ္တာမပို့နိုင်ရင်တောင် အပြောအဆိုလေး ထိန်းပေးသင့်တယ်

နကိုကတည်းက အားငယ်စိတ် ရှိတဲ့ သူကို စကားနဲ့ နာကြင်အောင် ထပ်မလုပ်သင့်ဘူး
လိုင်းပေါ်မှာပြောတာတွေ မကြားချင် မမြင်ချင်ရင် ကျော်သွားလို့ရတယ်

အောက် ပုံက လူတယောက် တင်တာတွေ့လို့
လူမဆန်သော လူသားအတွက် ပြောပေးတာပါ

#အော်တင်ဇင်

06/03/2026

လိုချင်ရင် ယူသွားပါ

05/13/2026

ဘုရား ဘုရား
အမေက ကိုယ့်ကလေး 2 ယောက်လုံး oven ထဲ ထည့်လိုက်တယ်

သူ့အဖေက အနံ့ထူးခြားလို့ သွားထုတ်လိုက်ပေမယ့် နောက်ကျသွားပြီး

ဘယ်လို လူတွေလဲ

တိတ်ဆိတ်ခြင်းကို ခြံစည်းရိုးခတ်နံရံအကပ်မှာ အပ်ကျသံမကြားစေနဲ့...။လေထဲလွင့်တဲ့ စကားတစ်ခွန်းဟာအုတ်တံတိုင်းမှာ နားရွက်ပေါက်လ...
05/06/2026

တိတ်ဆိတ်ခြင်းကို ခြံစည်းရိုးခတ်
နံရံအကပ်မှာ အပ်ကျသံမကြားစေနဲ့...။
လေထဲလွင့်တဲ့ စကားတစ်ခွန်းဟာ
အုတ်တံတိုင်းမှာ နားရွက်ပေါက်လို့
တစ်ဆင့်စကား၊ တစ်ခါနားနဲ့
မြို့အနှံ့ကို ခရီးနှင်တတ်တယ်...။
ဒါကြောင့်...
နှုတ်ခမ်းနှစ်လွှာကို လုံအောင်ပိတ်
အမှောင်ရိပ်မှာတောင် သတိထားလို့
စကားစစ်ကို ခိုင်ခိုင်စစ်ပါ။

👂ဘယ်လောက်ပဲ တိုးတိုးပြောပြော သတင်းဆိုတာ ပေါက်ကြားတတ်တဲ့ သဘောရှိတာကြောင့် စကားပြောတဲ့အခါ ပတ်ဝန်းကျင်ကို သတိထားဖို့နဲ့ လုံခြုံမှုဟာ ကိုယ့်ရဲ့ နှုတ်စောင့်စည်းမှုအပေါ်မှာပဲ မူတည်တယ်ဆိုတာကို သတိပေးထားတာ ဖြစ်ပါတယ်။

"ဘောင်ကျော်"ပြီး မသင်ပေးနဲ့အဓိက အော်တင်ဇင်ကလေးတွေ တစ်ခုခုသင်ပေးရာမှာ ဘောင်ကျော်ပြီး သင်ပေးလို့မရပါဘူး။ပုံမှန်ကလေးတွေနဲ့ ...
05/06/2026

"ဘောင်ကျော်"ပြီး မသင်ပေးနဲ့

အဓိက အော်တင်ဇင်ကလေးတွေ တစ်ခုခုသင်ပေးရာမှာ ဘောင်ကျော်ပြီး သင်ပေးလို့မရပါဘူး။

ပုံမှန်ကလေးတွေနဲ့ နှိုင်းယှဉ်ပြီး သင်ပေးလို့လည်း မရပါဘူး။

ပုံမှန်ကလေးတွေ လို သင်ပေးလို့လဲမရပါဘူး။

👼ဥပမာ။။။ နင် ဒီအသက်ရွယ်မှာ ဒါတတ်သင့်ပြီ
နင်အသက် ၈နှစ်ရှိပြီ မျက်နှာသစ်၊သွားတိုက် မိမိဘာသာ တတ်ကတတ်ရမယ် ဆိုပြီး ဖိအားပေးပြီး သင်ပေးလို့မရပါဘူး

🌈အော်တင်ဇင်ကလေးတွေဟာ သူတို့နာမည် ရေးဖို့တောင် အတော်လေး သင်ကြားပေးဖို့လိုတယ်

သူတို့နာမည် ခေါ်တာကို သူတို့ပြန်ထူးရမယ်ဆိုတာလည်း တော်တော် သင်ပေးရတယ်

အမှိုက်ပစ်တာ တတ်ဖို့တောင် သင်ပေးဖို့လိုတာ

သူတို့လိုချင်တာ ပြောပြဖို့တောင် ကျွန်မဆိုရင် ခုထိ နည်းလမ်းတွေရှာပြီး သင်ပေးနေတုန်း

🌈ဒါကြောင့် အော်တင်ဇင်ကလေးတွေ သင်ပေးတော့မယ်ဆိုရင် အရာတစ်ခုကို အချိန်ကြာကြီး ပေးပြီးသင်ပေးရပါမယ်

ဖိနပ်ဝတ်ဖို့ သင်ပေးရင် တခြားအရာနဲ့တွဲပြီးမသင်ပေးပါနဲ့

စိတ်ရှည်ရှည်ထားပေးပါ။

🧠 သိထားရမှာက သူတို့က သင်ပေးတာကို လိုက်မလုပ်ချင်တာမဟုတ်ဘူး
လိုက်မလုပ်တတ်တာ၊သင်ပေးတာကို မတာခံတာမဟုဘူး နာခံဖို့မတတ်တာပါ။

ဒါကြောင့် ဘောင်ကျော်ပြီး မသင်ပေးပါနဲ့

သူတို့ တတ်စေချင်တာကို သည်းခံပြီး သင်ပေးဖို့တော့ ဒို့တွေတာဝန်ပါ။

🌈အော်တင်ဇင် ရှိတဲ့ မေမေများဟာ သူတို့ကလေးလေး အသက်ဘယ်လောက်ဘဲကြီးပါစေ
ကလေး ၂နှစ်အောက်(under 2years) ကို ပြုစုနေတဲ့သူတွေလိုပါဘဲ

ဘာမှထွေထွေထူးထူး မလုပ်ရင်လည်း မောတယ်
အိပ်ရေးမဝတဲ့ချိန်များကြီး
သူတို့လေးတွေရှေ့ရေးတွက် စိတ်ပူတာတွေ
မသိစိတ်က မောတာတွေ များကြီးပါ


#အော်တင်ဇင်
#သားသမီးကိုစွန်သင်တတ်တဲ့မိဘဖြစ်ပါစေ

🐥🐥ငိုတိုင်းမချော့ပါနဲ့🐥🐥  🐥မေမေ အများစုက ကိုယ့်ကလေးငိုပြီဆိုရင် မနေတတ်ကြဘူး။ချော့ဖို့ဘဲ အရင်စဉ်းစားကြတယ်။🐥ကလေးတွေဟာ သူ့တ...
05/05/2026

🐥🐥ငိုတိုင်းမချော့ပါနဲ့🐥🐥

🐥မေမေ အများစုက ကိုယ့်ကလေးငိုပြီဆိုရင် မနေတတ်ကြဘူး။ချော့ဖို့ဘဲ အရင်စဉ်းစားကြတယ်။

🐥ကလေးတွေဟာ သူ့တို့ အသက်ရွယ်နဲ့အလျောက် စိတ်ဖိစီးမှုလေးတွေ၊အလိုမကျမှုလေးတွေရှိတယ်
သူတို့ ငိုလိုက်ရင် အဲဒီခံစားချက်လေးတွေ လျှော့ပေါ့သွားတယ်။

🐥အဲကြောင့် တခါတလေ အကြောင်းမဲ့စွာ ငိုလာရင် ဘေးနားလေးမှာ နားထောင်ပေးပါ
ပြီးမှ သူငိုတာရပ်ဖို့ ချော့မော့ပေးတာ၊စိတ်အပြောင်းလဲ လေးတွေလုပ်ပေးရင် သူတို့ နေထိုင်ရတာ ပိုပြီး ပေါ့ပါးလာပါတယ်။

🐥သူတို့ငိုတာနဲ့ မငိုဖို့ ဆူတာ၊အော်တာ၊ရိုက်တာတွေ မပြုလုပ်ဖို့ လိုပါတယ်။

#သားသမီးကိုစွန်သင်တတ်တဲ့မိဘဖြစ်ပါစေ
#သားသမီးကိုချစ်ပြီးသာယာသောမိသားစုဖြစကြပါစေ

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူနိုင်တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ပျမ်းမျှ (Average) သတ်မှတ်ချက်တွေသာ ဖြစ်...
05/03/2026

ကလေးတစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူနိုင်တာကြောင့် ဒီကိန်းဂဏန်းတွေဟာ ပျမ်းမျှ (Average) သတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်။


🐣🐥ပုံသေမှတ်သားရန် မဟုတ်သော အချက်များ
• အပေါင်းအနှုတ် ရှိနိုင်ခြင်း: အပေါ်ကဇယားထက် ၂ ပေါင်ခန့် လျော့နေတာ ဒါမှမဟုတ် ပိုနေတာမျိုးဟာ ပုံမှန်လို့ သတ်မှတ်လို့ ရပါတယ်။ (ဥပမာ - မိန်းကလေး ၆ လ အရွယ်မှာ ၁၄ ပေါင် ကနေ ၁၈ ပေါင် အတွင်း ရှိနေရင် ပုံမှန်ပါပဲ)။
• 🐣🐥မွေးစ ကိုယ်အလေးချိန်: မွေးတုန်းက ပေါင်မပြည့်တဲ့ ကလေး ဒါမှမဟုတ် အရမ်းထွားတဲ့ ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ကြီးထွားမှု မျဉ်းကွေး (Growth Curve) အတိုင်းပဲ တက်သွားတတ်ပါတယ်။
#ကလေး
#ဗဟုသုတ

04/29/2026

#အတော်လေးဒေါသထွက်မိတယ်
အဲဒါကြောင့် ကျောင်းဘဲဖြစ်ဖြစ်၊daycare ဘဲဖြစ်ဖြစ် ထားမယ်ဆိုရင် ကြိုတင်လေ့လာဖို့ လိုအပ်တာ

၃နှစ်ဘဲရှိသေးတဲ့ autism သားလေးကို အမေမအားတဲ့အချိန်မှာ daycare မှာ ထားတာ
သူ့အမေက သားလေးသွားကြိုတဲ့ချိန်မှာ

အဲမှာ အလြပ်လုပ်သူက သားလေးက နေ့လည်မှ ခုချိန်ထိ ဆောင်အောက်လေးမှာ အိပ်နေတာ
ဆိုပြီးပြောကြတာ

Emergency ရောက်ချိန်မှာ သားလေးက အေးခဲနေပါပြီ

တကယ် စိတ်ထိခိုက်ရပါတယ်

Address

Fort Worth, TX

Website

Alerts

Be the first to know and let us send you an email when Certe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Certe:

Shortcuts

Share