06/02/2024
50 တန် Suzuki ခွေးဘီလူးကို
250 ထိ ဈေးတက်လာအောင်လုပ်ခဲ့တဲ့သူ။
120 တန် insight ကို
500 ကျော်ထိ ဈေးတက်လာအောင်လုပ်ခဲ့တဲ့သူ။
လေးစားလို့ကို မဆုံးဘူး။
လွန်ခဲ့တဲ့သုံးလေးနှစ်ဝန်းကျင်မှာတောင်
သံရည်ကျိုစက်ရောက်တော့မယ့်နံပါတ်က
အခုဆို သိန်း သုံးလေးရာ ခေါ်လို့။
မြစ်ကူးချောင်းဖျား မြောက်ဒဂုံက
ရောင်းမထွက်လို့ ထိုးအပ်နေရတဲ့ ခြံကွက်တွေကို
အခုများ သိန်း 5000 နဲ့ မရဘူးဆိုပဲ။
ကျူးလိုလို၊ ကျော်လိုလို၊ ပါမစ်လိုလို၊ စလစ်လိုလို
လိုသမျှ အကုန်လိုနေတဲ့ တောင်ဒဂုံထဲမှာတောင်
ပေ 20၊ ပေ 60 ကို သိန်း 2000 တဲ့။
2021 မတိုင်ခင်လေးက
ပိုက်ဆံတစ်သောင်းဆို ဆီတိုင်ကီတစ်ဝက်လောက်
အသာလေး ဖြည့်နိုင်ခဲ့ကြပေမယ့်
အခု သုံးသောင်းပေးလိုက်ရင် 10 လီတာနားလေးပဲ။
နယ်ဘက်က သူဌေးတစ်ယောက် ချောင်းသာသွားတာ
ဟိုတယ်ခ မတတ်နိုင်လို့ နေ့ချင်းပြန် ပြန်ပြေးလာရတယ်။
စက်ဘီးနဲ့ လိုက်အော်ရောင်းနေတဲ့ ဒန်ပေါက်အတုတောင်
အရင်က 1000 ၊ အခု 2500 တဲ့။
အမြဲစားနေကျ အကြိုက်ဆုံး ကြေးအိုးတောင်
တစ်ပွဲ 6500 ဆိုလို့ သစ်စိမ်းချိုး ချိုးခဲ့ရတာကြာပြီ။
ဝက်သားတုတ်ထိုးတစ်ချောင်း 200 ဆိုတာ
တုတ်ထိုးသည်ရဲ့ အပါးဆုံးလှီးနိုင်မှုစွမ်းရည်ဖြစ်နေပြီ။
ပဲကြော် ၄ ခုကို 1000 တဲ့။
အမေပြောပြောပြနေခဲ့တဲ့
" ငါတို့ငယ်ငယ်က ပဲကပ်ကြော်နဲ့ငါးပိရည်နဲ့ ဘဝကို
ရုန်းကန်လာခဲ့တာ " ဆိုတဲ့စကားကိုပြန်ကြားရင်
အမေ့ကို ပြောပြချင်တယ်။
အခုခေတ်က ပဲကပ်ကြော်နဲ့ ငါးပိရည်ဆိုတာ
ဝိုင်းခြုံမဆီမှာ လာလာစားနေတဲ့ သူဌေးမတွေရဲ့စားမြိန်စာလို့။
ဆန်ကွဲကို ထမင်းလုပ်စားတာတောင်
နေ့ငတ်မလား၊ ညငတ်မလား မတွေးရဲတဲ့ ဘဝပေါင်းများစွာကို
အသက်ဆက်နိုင်ဖို့ တတ်စွမ်းသမျှ ကြိုးစားကူညီရင်းနဲ့
လွန်ခဲ့သော သုံးနှစ်မတိုင်ခင်က မြန်မာပြည်ကြီးကို
လွမ်းတယ်။
-သီဟ
Credit