SHIN THANT japan direct online shop

SHIN THANT japan direct online shop Cloth

နွေစည်းစိမ်လေးတွေ...
07/05/2026

နွေစည်းစိမ်လေးတွေ...

Japanမှာထုတ်တဲ့ မြန်မာ့စားသောက်ကုန်လေးတွေ SMKရဲ့ Productsလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်..ရနိုင်မယ့်productsလေးတွေကတေ...
01/10/2025

Japanမှာထုတ်တဲ့ မြန်မာ့စားသောက်ကုန်လေးတွေ

SMKရဲ့ Productsလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်..
ရနိုင်မယ့်productsလေးတွေကတော့
1. ပုစွန်ငါးပိထောင်း ¥1300
2.မရမ်းသီးငါးပိထောင်း ¥1200
3.စပါးလင်ငါးပိထောင်း ¥1200
4.ဒညင်းသီးဆားရည်စိမ် ¥850

Mandalayစားသောက်ကုန်လေးတွေ ဒီမှာရပီနော်..ပုဇွန်ခြောက်ကြော် အချို/အစပ်ပုဇွန် ငပိကြော် ပုဇွန်ခြောက်ငါးလေးဘာချောင်ကြော်၄မျိ...
23/09/2025

Mandalayစားသောက်ကုန်လေးတွေ ဒီမှာရပီနော်..
ပုဇွန်ခြောက်ကြော် အချို/အစပ်
ပုဇွန် ငပိကြော်
ပုဇွန်ခြောက်ငါးလေးဘာချောင်ကြော်
၄မျိုး...အရသာကကျွပ်ရွမွ...စားပီးတာနဲ့ကြိုက်မှာသေချာတဲ့အရသာ..,မင်မင်ကတော့ခရီးသွားရင်လည်းသယ်သွားတာ...🤭

ဝက်အူချောင်းတွေ ြပန်ရပီနော် တစ်ထုပ်၉၀၀¥
20/09/2025

ဝက်အူချောင်းတွေ ြပန်ရပီနော် တစ်ထုပ်၉၀၀¥

ထိုင်းဆန် မြန်မာဆိုင်..Instock nowတစ်အိတ်၄၀၀၀¥✨ အထူးဈေးနှုန်း ✨🌸  🚴🚴အိမ်အရောက် (ပို့ခအပြီး): ၅ ကီလို ၄ အိတ် (စုစုပေါင်း ...
21/07/2025

ထိုင်းဆန်
မြန်မာဆိုင်..
Instock now

တစ်အိတ်၄၀၀၀¥

✨ အထူးဈေးနှုန်း ✨
🌸

🚴🚴အိမ်အရောက် (ပို့ခအပြီး): ၅ ကီလို ၄ အိတ် (စုစုပေါင်း 20kg) ကို ¥16000+ပို့ခ 780¥ )
(သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေနဲ့ စုမှာရင် အရမ်းတန်တယ်နော်!)🚴🚴

ဖိုးထောင်လက်ဖက်800¥instock now #
21/07/2025

ဖိုးထောင်လက်ဖက်800¥
instock now #

ရသာမှနိYum Yum ၅ထုပ်တစ်ပါကင်၄၀၀¥ပါရှင့်..Instock now #
21/07/2025

ရသာမှနိYum Yum ၅ထုပ်တစ်ပါကင်၄၀၀¥ပါရှင့်..
Instock now #

ကွတ်တီယိုကြိုက်တဲ့ ကာကာတို့အတွက် အရမ်းစားလို့ကောင်းတဲ့ ကွတ်တီယိုဆော့လေးပါ ဘာအရသာမှထပ်ထည့်စရာမလိုဘူး ထိုင်:ဆိုင်မှာစားတဲ့...
21/07/2025

ကွတ်တီယိုကြိုက်တဲ့ ကာကာတို့အတွက် အရမ်းစားလို့ကောင်းတဲ့ ကွတ်တီယိုဆော့လေးပါ ဘာအရသာမှထပ်ထည့်စရာမလိုဘူး ထိုင်:ဆိုင်မှာစားတဲ့အရသာအတိုင်:ကို ရစေပါတယ်ရှင့်🥰
750¥

စပန့်ဝမ်းဆက် ခင်မေသန့် နှင့် မြန်မာနိုင်ငံ ''စပန့်တပ်ဖွဲ့'' အကြောင်း တစ်စေ့တစ်စောင်း။ဒီမှာဗျာ... ကျွန်တော်တို့ ကမ္ဘာကြီး...
27/06/2025

စပန့်ဝမ်းဆက် ခင်မေသန့် နှင့် မြန်မာနိုင်ငံ ''စပန့်တပ်ဖွဲ့'' အကြောင်း တစ်စေ့တစ်စောင်း။

ဒီမှာဗျာ... ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရှင်းပြလို့မရတဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေ အများကြီး ရှိတယ်။ Area 51 တို့၊ ဘာမြူဒါတြိဂံတို့လိုပေါ့။ အဲ့ဒီထဲမှာမှ ရန်ကုန်မြို့နဲ့ မြန်မာပြည်နယ်အနှံ့က မြို့ကြီးမြို့ငယ် ကျေးလက်မကျန် ရှင်းမပြနိုင်တဲ့ ဖြစ်ရပ်တစ်ခု ရှိသေးတယ်။ အဲ့ဒါကတော့ နေရာတကာမှာ အရောင်စုံ ဒီဇိုင်းစုံနဲ့ လေတိုက်ရင် လွင့်မြောသွားမတတ် ပေါ့ပါးလွန်းနေတဲ့ "စပန့်ဝမ်းဆက် တပ်ဖွဲ့" ပဲ ဖြစ်ပါတယ်။

သူတို့ကို ဘယ်နေရာမှာ အတွေ့ရဆုံးလဲလို့ မမေးနဲ့။ ဘယ်နေရာမှာ မတွေ့ရတာလဲလို့ပဲ မေးရမှာ။ နေရာတိုင်မှာရှိနေလို့...အော...

မနက်ခင်း ဈေးဝယ်ထွက်တဲ့အချိန်ကနေ ညနေခင်း City Mart မှာ ဈေးတွန်းလှည်းတွန်းနေတဲ့ အချိန်အထိ၊ ပန်းခြံထဲမှာ လမ်းလျှောက်နေတာကနေ Shopping Mall အလယ်ခေါင်မှာ ရုပ်ရှင်တက်ကြည့်ဖို့ စောင့်နေတဲ့ အချိန်အထိ သူတို့ရဲ့ တရားဝင် ယူနီဖောင်းက စပန့်ဝမ်းဆက်ပဲ။

အောက်ကတော့ ခြေညှပ်ဖိနပ်ပေါ့။ တခါတလေတော့လည်း ကြက်တူရွေးတံဆိပ် အစိမ်းရောင်လေး ဖြစ်ချင်ဖြစ်မယ်၊ တခါတလေတော့လည်း ပန်းပွင့်လေးတွေပါတဲ့ Adidas ကော်ပီလေး ဖြစ်ချင်ဖြစ်မယ်။Cross စီးချင်စီးထားမယ် ဒါပေမဲ့ ဘယ်တော့မှ ဒေါက်မြင့်ဖိနပ်တို့၊ ရှူးဖိနပ်တို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က "လွတ်မြောက်ခြင်း" ပဲလေ။ ဖိနပ်ကအစ လွတ်လပ်နေရမယ်။

ဂျင်းဘောင်းဘီဆိုတာ သူတို့အတွက်ကတော့ လွတ်လပ်မှုကို ချည်နှောင်ထားတဲ့ သံခြေချင်းလိုပဲ။ ချွေးထွက်၊ ပူအိုက်၊ ကုန်းကုန်းကွကွနဲ့။ စကတ်ဆိုတာကျတော့လည်း လေတိုက်ရင် လှန်မှာစိုးရိမ်ရသေးတယ်။ သူတို့က အဲ့ဒီလို လောကီအပူတွေ၊ စိုးရိမ်ပူပန်မှုတွေကို အကုန်ထားခဲ့ပြီ။ သူတို့ရဲ့ ဘဝက စပန့်ဝမ်းဆက်လိုပဲ ပေါ့ပေါ့ပါးပါးပဲ။

မယုံမရှိနဲ့၊ သူတို့ ချွေးထွက်တယ်လို့ ထင်လား။ မထွက်ဘူး။ စပန့်သားက အပူဒဏ်၊ အမုန်းတရား၊ social pressure အကုန်လုံးကို စုပ်ယူသွားတာ။ သူတို့ လမ်းလျှောက်တဲ့ပုံစံကိုပဲ ကြည့်လေ။ ကားယားကားယားနဲ့။ အဲ့ဒါ မောက်မာတာ မဟုတ်ဘူး။ "ငါ့ခန္ဓာကိုယ်ကို ဘယ်အဝတ်အစားကမှ လာမချုပ်ချယ်စေရဘူး" ဆိုတဲ့ လွတ်လပ်ရေး ကြေညာစာတမ်းကို ခြေလှမ်းတိုင်းနဲ့ သက်သေပြနေတာ။ အော....

သူတို့ရဲ့ ဗီရိုကိုသာ ဖွင့်ကြည့်လိုက်ခွင့်ရရင် ဘာတွေ့မယ်ထင်လဲ။ ညာဘက်မှာ စပန့်ဝမ်းဆက် အတို၊ ဘယ်ဘက်မှာ စပန့်ဝမ်းဆက် အရှည်၊ အလယ်မှာတော့ အရေးကြီးပွဲတက်ဝတ် စပန့်ဝမ်းဆက် (နည်းနည်းတော့ ပိုတောက်ပြောင်တာပေါ့ )။ အရောင်တွေကတော့ သက်တန့် ရှုံးလောက်တယ်။ အစိမ်း၊ အပြာ၊ အနီ၊ အဝါ၊ ပန်းဆီ၊ ခရမ်း၊ နောက်ပြီး ဘာအရောင်မှန်းမသိတဲ့ ကနုတ်ပန်းတွေ၊ ဇီးကွက်ရုပ်တွေ၊ ကြောင်ရုပ်တွေ၊ ဒူးရင်းသီးပုံတွေနဲ့။ သူတို့အတွက်ကတော့ မနက်အိပ်ရာထတိုင်း ဘာဝတ်ရမလဲ ခေါင်းစားစရာမလိုဘူး။ ဒီနေ့ စိတ်ခံစားချက်က ဘာအရောင်လဲ ဆိုတာပဲ ရွေးလိုက်ရုံပဲ။ စိတ်ညစ်နေလား၊ အနက်ပြောင် ဝမ်းဆက်ဝတ်မယ်။ ပျော်နေလား၊ နေကြာပန်းတွေနဲ့ ဝမ်းဆက်ကို ဆွဲပလိုက်မယ်...ဝွန်း....

သူတို့ရဲ့ အကြီးမားဆုံး စွမ်းဆောင်ရည်က ဘာလဲသိလား။ စားသောက်တဲ့နေရာမှာ အဲ့ဒီအစွမ်းက ပေါ်လာတာ။ ကျွန်တော်တို့လို ဂျင်းဘောင်းဘီကျပ်ကျပ်နဲ့လူတွေက ဘူဖေးသွားစားရင် ဗိုက်ကို မနည်းချပ်ထားရတယ်။ အသက်ကို မနည်းအောင့်ထားရတယ်။ အလှူအိမ် မဂ်လာအိမ် သူတို့ကတော့ အေးဆေးပဲ။ မာလာရှမ်းကော အဝစားမလား၊ ရတယ်။ ဒူးရင်းသီး သုံးလုံးလောက် စားမလား၊ ပြဿနာမရှိဘူး။ စပန့်က အရာအားလုံးကို ခွင့်လွှတ်တယ်။ စပန့်က "အေးဆေးပဲ ညီမလေး၊ ဆက်သာစား၊ ဒီအစ်ကိုကြီး ရှိတယ်" လို့ အမြဲတမ်း တိုးတိုးလေး ပြောနေသလိုပဲ။ အဲ့ဒီတော့ ဗိုက်ပူမှာ မကြောက်ဘူး။ စားပြီးရင်လည်း အဲ့ဒီကားယားကားယား ပုံစံလေးနဲ့ပဲ ပြန်သွားရော။....အော...

တခါတလေ စဉ်းစားမိတယ်။ သူတို့အချင်းချင်း တွေ့ရင် ဘာစကားမှပြောစရာမလိုဘဲ နားလည်မှုတွေ ရနေလားပဲ။ City Mart ထဲမှာ စပန့်ဝမ်းဆက်ဝတ်ထားတဲ့ တစ်ယောက်နဲ့ နောက်တစ်ယောက် ဈေးဝယ်လှည်းကိုယ်စီနဲ့ မျက်နှာချင်းဆိုင် ဖြတ်သွားတဲ့အခါမျိုးမှာပေါ့... မျက်လုံးချင်းဆုံပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်ရုံနဲ့ "ငါတို့က စပန့်ညီအစ်မတွေ" ဆိုတဲ့ အသိတရားက လေထုထဲမှာ ပျံ့လွင့်သွားသလိုမျိုး။ "ဘယ်ဆိုင်က စပန့်လေးလဲ ညီမ" လို့ မျက်လုံးနဲ့ မေးခွန်းထုတ်၊ "Marketplace က အသစ်ဝင်တာ အစ်မ" လို့ မျက်ခုံးပင့်ပြီး အဖြေပေးလိုက်တဲ့ တယ်လီပသီအဆက်အသွယ်တွေ သူတို့မှာ ရှိချင်ရှိနေမှာ။

ဒါက စပန်ဝမ်းဆက် ခင်မေသန့် တို့ရဲ့ အကွက်တွေ...

ဒါကြောင့် နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့... သင်ဟာ မနက်အိပ်ရာထတိုင်း ဘာဝတ်ရမလဲ မစဉ်းစားဘဲ ဗီရိုထဲက စပန့်တစ်စုံကိုပဲ အလိုအလျောက် ဆွဲယူမိနေပြီလား? သင်ဟာ စားသောက်ပြီးချိန်မှာ စပန့်လေးနဲ့ ဗိုက်ခေါက်ကို စိတ်ပူစရာမလိုတဲ့ လွတ်လပ်မှုကို နှစ်သက်နေပြီလား? သင်၏ ခြေထောက်ဟာ ခြေညှပ်ဖိနပ်ကလွဲပြီး တခြားဖိနပ်တွေကို ဆန့်ကျင်နေပြီလား?

ထိုသို့ဆိုလျှင်... ဂုဏ်ယူပါသည်။ သင်ဟာ '' မြန်မာနိုင်ငံ စပန့်တပ်ဖွဲ့" ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နှင့်နေပါပြီ။ သင့်ဗီရိုကိုသာ ဖွင့်ကြည့်လိုက်ပါ။ သင့်သူငယ်ချင်း ဗီရိုတွေကို ကြုံရင် ဖွင့်ကြည့်ပါ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုလည်း သိလာပါလိမ့်မည်။

လဝက အန်တီတွေလည်း စပန့်
ကျောင်းကဆရာမတွေလည်း စပန့်
ထွေအုပ်က အမကြီးတွေလည်း စပန့်
အထည်ချုပ်က ညီမလေးတွေလည်း စပန့်
ရပ်ကွက်ထဲက CCTV တွေလည်း ၁၂လရာသီ စပန့်

လိုက်ဆိုကြည့်.......

စပန့်..စပန့်...စပန့်.......စပန့်........စပန့်......စပန့်.....စပန့်.......ဟမ့်

ဒါကြောင့် နောက်တစ်ခါ လမ်းပေါ်မှာ၊ ဆိုင်ထဲမှာ စပန့်ဝမ်းဆက်နဲ့ ကောင်မလေးတစ်ယောက်ကို သူ့ရဲ့ ထာဝရလက်တွဲဖော် ခြေညှပ်ဖိနပ်လေးနဲ့ ကားယားကားယား လျှောက်သွားတာတွေ့ရင် အထင်မသေးလိုက်ပါနဲ့။
သူက ကျွန်တော်တို့လို ပူလောင်တဲ့ လောကကြီးထဲမှာ နေပူဒဏ်၊ ဖက်ရှင်ဒဏ်၊ လောကဓံ အကုန်လုံးကို အံတုပြီး "ပေါ့ပါးခြင်း" ဆိုတဲ့ လောက နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတဲ့ စပန့်လောက ယောဂီတစ်ယောက် ဖြစ်နိုင်တယ်။ သူ့ကို ကြည့်ပြီးသာ အားကျလိုက်ပါ။
ကျွန်တော်တို့ခမျာမှာသာ ချွေးတစ်လုံးလုံးနဲ့ ကျပ်တည်းနေတဲ့ လောကကြီးထဲမှာ ဆက်ပြီး ရုန်းကန်​ရေတာ။

သူတို့ကတော့ စပန့်နဲ့ဆို ဘယ်သွားသွား Paradise ပဲ။
ခွီနေရတာတော့ မဟုတ်ဘူး၊ တကယ်ကို အားကျနေရတာပါ။

အိမ်တိုင်းမှာ စပန့်....ဆိုင်တိုင်းမှာ စပန့်...
Online မှာ စပန့်...ဘော်ဒါချင်းရောင်းတာ စပန့်....
ဟောင်းပေး... သစ်ယူ ...လကုန်ပေး... အကြွေးမှတ်...
အားလုံး အတွက် စပန့်....

"မြန်မာမာနိုင်ငံ စပန့်တပ်ဖွဲ့'' ကို ဂုဏ်ပြလျှက်...

အားလုံးအတွက်...စပန့်...ဟမ့်..ဟမ့်....
Credit

မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ 🙏
16/04/2025

မင်္ဂလာရှိသော မြန်မာနှစ်သစ်ဖြစ်ပါစေ 🙏

住所

Bunkyo-ku, Tokyo

電話番号

09965098144

ウェブサイト

アラート

SHIN THANT japan direct online shopがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する