NDRAY

NDRAY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NDRAY, Mandalay.

စိတ်ရဲ့အမှောင်ဘက်ခြမ်း (Dark Psychology)ကျွန်တော်တို့ဟာ လူသားဆန်တဲ့ အပြုအမူတွေ၊ စိတ်ခံစားချက်တွေကို ရင်းနှီးပြီးသား ဖြစ်...
14/07/2025

စိတ်ရဲ့အမှောင်ဘက်ခြမ်း (Dark Psychology)

ကျွန်တော်တို့ဟာ လူသားဆန်တဲ့ အပြုအမူတွေ၊ စိတ်ခံစားချက်တွေကို ရင်းနှီးပြီးသား ဖြစ်မှာပါ။

ဒါပေမဲ့ အလင်းနဲ့အမှောင် ဒွန်တွဲနေသလို လူ့စိတ်မှာလည်း ချစ်ခြင်း၊ ကြင်နာခြင်း၊ စာနာထောက်ထားမှုစတဲ့ အပြုသဘောဆောင်တဲ့ အပိုင်းတွေရှိသလို ရက်စက်ကြမ်းကြုတ်ခြင်း၊ လှည့်စားခြင်း ကိုယ်ကျိုးရှာခြင်း စတဲ့ အနုတ် လက္ခဏာဆောင်တဲ့ အမှောင်ဘက်ခြမ်းလည်း ရှိပါတယ်။

အဲဒါကိုပဲ "Dark Psychology" လို့ ခေါ်ဝေါ်ကြပါတယ်။
Dark Psychology ဆိုတာဟာ လူတွေကို ထိန်းချုပ်ဖို့၊ လွှမ်းမိုးဖို့၊ လှည့်စားဖို့နဲ့ ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် အသုံးချဖို့ ရည်ရွယ်တဲ့ အတွေး အမြင်တွေနဲ့ အပြုအမူတွေကို လေ့လာတဲ့ ဘာသာရပ်တစ်ခုပါ။

ဒီနယ်ပယ်မှာ အထူးခြားဆုံးလို့ ဆိုနိုင်တဲ့ အရာတစ်ခုကတော့ "The Dark Triad" လို့ ခေါ်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လက္ခဏာသုံးခုပဲဖြစ်ပါတယ်။
ဒီလက္ခဏာသုံးခုကတော့
Narcissism (ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးလွန်းခြင်း)

ဒီလို လူမျိုးတွေဟာ သူတို့ကိုယ်သူတို့ အလွန်အမင်းအထင်ကြီး တတ်ကြပါတယ်။

သူတို့ရဲ့ ပုံပန်းသဏ္ဌာန်၊ ဉာဏ်ရည်ဉာဏ်သွေး၊ ဒါမှမဟုတ် အောင်မြင်မှုတွေကို အခြားသူတွေထက်သာလွန်တယ်လို့ ထင်တတ်ကြပြီး အာရုံစိုက်ခံရဖို့ အမြဲတမ်း လိုလားနေတတ်ပါတယ်။

သူတို့ဟာ ကိုယ်ကျိုးအတွက်ဆိုရင် တခြားသူတွေရဲ့ခံစားချက်ကို လျစ်လျူရှုတတ်ကြပြီး
ကိုယ့်အတွက်ပဲကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူမျိးဖြစ်ပါတယ်။

Machiavellianism (မကာဗယ်လီဝါဒ)

ဒီဝါဒကို လက်ကိုင်ထားတဲ့သူတွေကတော့ ပန်းတိုင်ကိုရောက်ဖို့ ဘယ်နည်းလမ်းကိုမဆို သုံးဖို့ဝန်မလေးပါဘူး။
သူတို့ဟာ အလွန်အကောက်ကြံတတ်ပြီး တခြားလူတွေကို လှည့်စားခြင်း၊ လိမ်ညာခြင်းတွေနဲ့ ကိုယ့်ရဲ့အလိုဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားကြပါတယ်။
လူမှုဆက်ဆံရေးတွေကို အာဏာရယူဖို့နဲ့ ထိန်းချုပ်ဖို့အတွက် အသုံးချလေ့ရှိပြီး သစ္စာတရားနဲ့
ကိုယ်ကျင့် တရားကို အလေးမထားတတ်ကြပါဘူး။

၃. Psychopathy (စိတ်ရောဂါ)

ဒီလို လူတွေမှာ စာနာစိတ် လုံးဝမရှိသလောက် နည်းပါတယ်။
သူတို့ဟာ တခြားသူတွေရဲ့ ခံစားချက်ကို နားမလည်နိုင်သလို ဂရုလည်းမစိုက်တတ်ကြပါဘူး။ အန္တရာယ်ရှိတဲ့အပြုအမူတွေကို လုပ်ဆောင်ဖို့ ဝန်မလေးဘဲ ရုတ်တရက် ဒေါသထွက်တာ၊ ဥပဒေကို ချိုးဖောက်တာမျိုးတွေ လုပ်တတ်ပါတယ်။
သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရတဲ့ စိတ်လည်း မရှိကြပါဘူး။

ဒီ "Dark Triad" သုံးခုအပြင် Dark Psychology မှာ လူတွေကို ထိန်းချုပ်ဖို့နဲ့ လွှမ်းမိုးဖို့ သုံးတဲ့ နည်းလမ်းတွေလည်း များစွာရှိပါတယ်။
အဲဒီထဲက အချို့ကို ဖော်ပြရမယ်ဆိုရင်

Gaslighting (ထင်ယောင်ထင်မှားဖြစ်ခြင်း)

တခြားသူတစ်ယောက်ရဲ့ အမှန်တရားအပေါ်မှာ သံသယဝင်အောင် ဖန်တီးပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်တဲ့ နည်းလမ်းပါ။
မှတ်ဉာဏ်တွေ၊ ဖြစ်ရပ်တွေကို လိမ်ညာခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့တွက်ခြင်းတွေ ပါဝင်ပါတယ်။

Emotional Blackmail (စိတ်ခံစားမှုနဲ့ ခြိမ်းခြောက်ခြင်း)

တခြားသူရဲ့အားနည်းချက်တွေ၊ ကြောက်ရွံ့မှုတွေကို အသုံးချပြီး ကိုယ့်ရဲ့အလိုကိုလိုက်လျောအောင် ဖိအားပေးတဲ့ နည်းလမ်းပါ။ မလုပ်ပေးရင် ဘာဖြစ်မယ် ဘာလုပ်မယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက်တတ်ပါတယ်။

Manipulation (ခြယ်လှယ်ခြင်း)

တခြားသူတစ်ယောက်ရဲ့ စိတ်ကိုနည်းလမ်းအမျိုးမျိုးနဲ့ လှည့်စားပြီး ကိုယ်လိုချင်တာကို ရယူတဲ့ လုပ်ရပ်ပါ။
ချော့မြှူခြင်း၊ လိမ်ညာခြင်း၊ အပြစ်ရှိသလို ခံစားရအောင်လုပ်ခြင်း တွေပါဝင်ပါတယ်။

* Deception (လှည့်စားခြင်း)

အမှန်တရားကို ဖုံးကွယ်ပြီး မှားယွင်းတဲ့ အချက် အလက်တွေ ပေးခြင်းအားဖြင့် တခြားသူကို လမ်းမှားရောက်အောင် သွေးဆောင်တဲ့ နည်းလမ်းပါ။

Exploitation (အမြတ်ထုတ်ခြင်း)

တခြားသူတစ်ယောက်ရဲ့ အားနည်းချက်၊ ယုံကြည်မှု၊ ဒါမှမဟုတ် အကူအညီလိုနေတဲ့ အခြေအနေတွေကို အသုံးချပြီး ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် ရယူတာပါ။

Dark Psychology ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကတော့ အများအားဖြင့် အာဏာရယူဖို့၊ ထိန်းချုပ်ဖို့၊ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့နဲ့ တခြားသူတွေအပေါ်မှာ အသာစီးရဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုအပြုအမူတွေဟာ ပုဂ္ဂိုလ်ရေးဆက်ဆံရေးတွေမှာ တင်မကဘဲ လုပ်ငန်းခွင်၊နိုင်ငံရေးနဲ့ လူမှု‌ရေးနယ်ပယ်တွေမှာပါ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဒါဆို ဒီလို Dark Psychology ရဲ့ လွှမ်းမိုးမှုကနေ ကျွန်တော်တို့ ဘယ်လို ကာကွယ်နိုင်မလဲ?

ဒီအကြောင်းတွေကို နောက်ပိုစ့်တွေမှာ ဆက်တင်ပေးပါ့မယ်။




• how to read more • စာဖတ်တာကြိုက်တဲ့သူတွေက အရင်ကထက် ပိုဖတ်အောင် ၊ စာဖတ်ပျင်းတဲ့သူတွေကလဲ စာဖတ်တဲ့ အလေ့အကျင့်လေးရအောင် ti...
21/07/2021

• how to read more •

စာဖတ်တာကြိုက်တဲ့သူတွေက အရင်ကထက် ပိုဖတ်အောင် ၊ စာဖတ်ပျင်းတဲ့သူတွေကလဲ စာဖတ်တဲ့ အလေ့အကျင့်လေးရအောင် tips လေးတွေ ပြောထားပါတယ် 🚂

☕️ read in the morning / evening

အားတဲ့အချိန်မှာဘဲ ဖတ်မယ့်အစား မနက်အိပ်ရာနိုးချိန်နဲ့ ညအိပ်ရာဝင်ခါနီးတွေမှာ ဖုန်းသုံးမယ့်အစား စာဖတ်ပါ။ မနက်အိပ်ရာနိုးနိုးချင်း ဖတ်ရင် ဦးနှောက်ကလဲ absorb တဲ့အား ပိုကောင်းလို့ မှတ်ဥာဏ်ထဲလဲ ပိုမှတ်မိပါတယ် ♡︎

☕️ read when you’re waiting around

အပြင်သွားလို့ တစ်ယောက်ယောက်ကို စောင့်နေတဲ့ အချိန်ဘဲဖြစ်ဖြစ်၊ ဘတ်စ်ကားစောင့်နေတဲ့ အချိန်ဘဲ ဖြစ်ဖြစ်။ အဲ့လိုအချိန်တွေလဲ စာဖတ်ပါ ♡︎

☕️ set a page goal

ဒီနေ့ ၃၀ မျက်နှာပြီးအောင် ဖတ်မယ်ဆိုပြီး goal ထားပါ။ တကယ်လို့ ကိုယ်က ဒီနေ့မကုန်ခင် ကိုယ့်goalက ပြည့်သွားတယ်ဆိုရင်လဲ နောက်ထပ် goal အသစ်ထားပြီး ဖတ်ပါ။ ဒီလိုဆို work accomplish ဖြစ်လို့ ကိုယ့်ကိုယ်လဲ ဂုဏ်ယူပြီး ထပ်ဖတ်ဖို့ motivation လဲ ရနိုင်ပါတယ် ♡︎

☕️ take care of your interest

ကိုယ်စိတ်မဝင်စားတဲ့၊မကြိုက်တဲ့ စာအုပ်တွေဆို မဖတ်ပါနဲ့။ ကြာရင် ညည်းငွေ့ပြီး စာဖတ်ရတာတောင် ပျင်းလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ စာအုပ်တွေကိုသာ ဖတ်ပါ ♡︎

☕️ schedule your reading time

တစ်ရက်အတွက် ဘယ်ချိန်တွေမှာ စာဖတ်ပြီး ဘယ်လောက်ကြာအောင် ဖတ်မယ်ဆိုပြီး အချိန်သက်သက်ထားပါ။ ဒါဆို စာဖတ်ဖို့ စိတ်ကလဲ အလိုလို motivate နေပြီး ပိုပြီးလဲ စာဖတ်ဖြစ်မယ် ထင်ပါတယ် ♡︎

☕️ track !

reading log လေးထားပါ။ author / book title / rating ဆိုပြီး ပေါ့ပေါ့ပါးပါးလေး စာအုပ်ထဲ မှတ်ထားရင်ကို ရပါတယ်။ ဒီလို reading log လေးထားတာဟာ တစ်လနဲ့ တစ်လရဲ့ စာဖတ်မှုအားကိုလဲ compare နိုင်ပါတယ်။

☕️ follow bookstagrams

နောက်တစ်ခုကတော့ instagram / YouTube / tumblr က bookblrs/ bookstagrams တွေကို follow ထားမယ်ဆို သူတို့ရဲ့ စာဖတ်နေတဲ့ပုံလှလှလေးတွေ ကြည့်ပြီး ကိုယ်လဲ motivation ရလာပါလိမ့်မယ် ♡︎

☕️ have a bookstagram

ကိုယ်တိုင်လဲ bookstagram လေးတစ်ခုထားမယ်ဆို ပုံလှလှလေးတွေ ရိုက်ပြီး စာဖတ်ဖို့ ပျင်းလာရင်တောင် ကိုယ်ဖတ်ထားတဲ့စာအုပ်တွေကြည့်ပြီး စာပြန်ဖတ်ဖို့ အားပြန်ရလာမယ်လို့ ထင်ပါတယ် ♡︎

read how to build a bookstagram here :

https://www.facebook.com/111776380179057/posts/539223314101026/?d=n

☕️ always have a book with you

နောက်ဆုံးtipလေးကတော့ ဘယ်သွားသွား စာအုပ်လေးတစ်အုပ် ထည့်သွားပါ။ အချိန်ရရင် ရသလို ဖတ်ပါ ♡︎

☕️ have fun

ဒီတစ်အုပ်ဖတ်လို့ ဘာကြီးပြန်ရရမယ်ဆိုပြီး expectations တွေ မထားပါနဲ့။
just have fun with your readings !

လူတစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက်
ဒီ tips တွေက အကုန်လုံးနဲ့ work out ဖြစ်ချင်မှ ဖြစ်မှာပါ 🔖👩‍🏫📚

thank you for reading 💳🏬☕️
Crd #
Note ထဲစုမိထားတာလေး
စာဖတ်ရင်း ဒီကာလရဲ့စိတ်အမောတွေ
ဖြေဖျောက်နိုင်ကြပါစေနော် 🖤🤍.....
M.D.

Address

Mandalay
2000

Website

Alerts

Be the first to know and let us send you an email when NDRAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share