San Su’s Touch

San Su’s Touch San Su personal vlog 💕

တိမ်ပင်လယ်ကို မိုးရာသီသွားရတာပိုကြိုက်တယ်၊ တိမ်ပိုများတယ်လည်း တကယ်ကမိုးရွာတဲ့အချိိန်ဘဲအခန်းခတွေသက်သာတာလည်း ဒီအချိန်ဘဲ🤧ခု...
02/06/2026

တိမ်ပင်လယ်ကို မိုးရာသီသွားရတာပိုကြိုက်တယ်၊

တိမ်ပိုများတယ်လည်း တကယ်ကမိုးရွာတဲ့အချိိန်ဘဲ

အခန်းခတွေသက်သာတာလည်း ဒီအချိန်ဘဲ🤧

ခုလေ တိမ်ပက်လယ်က နေရာတိုင်းနီးပါးကို upgrade လုပ်ထားတာ အရင်ကထပ်ပိုလှတယ်

ဆန်းဆုတို့က ညနေဘက်သွားတာ လေအေးအေးလေးနဲ့ အရမ်းမိုက်ပါတယ်ရှင် 💋

Cafe တွေလိုကို သေချာလုပ်ထားတာ 🙄🫶

လူသိပ်မများဘဲ အေးဆေးအနားယူချင်တာမျိုးဆို ခုချ်န်သွားနော်

တိမ်မြင်ရဖို့လည်းများတယ် ( ညနေဘက်သွားတာတောင်တိမ်တက်လာပါတယ် ) ❤️

ပုံတွေအများကြီးထဲက ဒါလေးတွေဘဲတင်လိုက်ပါတယ်😆❤️

ညအိပ်ထပ်သွားချင်တယ်ကျမတော့ အခန်းခက ၁၅၀၀ တဲ့ ခုချ်နိ

သူ့ခရီးသွားချိန်ဆို ၂၅၀၀-၃၀၀၀ ပြေးမလွတ်ဘူး🥹

သွားဖြစ်တယ်ဆို vlog လေးရိုက်ခဲ့ပေးမယ်နော် ခုတော့ကျမပုံလေးတွေအရင်ကြည့်😛

#တိမ်ပင်လယ်

30/05/2026

မွန်ထောင်းသီးတွေ Robinson မှာ ချရောင်းနေပြီနော် ❤️

217 ဘဲကျတယ် ၂ လုံးဝယ်လာခဲ့တယ် 99 bht ထဲက

79 bht တန်တွေက ၁-၂ ရက်နေမှစားရမယ်ဆိုလို့လေ 😆

ဒူးရင်းသီးကြိုက်ပေမဲ့ စျေးမကြိုက်လို့စောင့်နေရတာ ဒီအချ်န်ကို🥲

တန်နေပြီနော်ခု ဝယ်လို့ကောင်းပြီဟီးဟီး

#ဒူးရင်းသီး

Luxury vibes အပြည့်ခံစားချင်တဲ့ girls တွေအတွက် 💕📍ASA TEA BAR & EATERYHotel ထဲမှာဖွင့်ထားတာမလို့ အပြင်ကကြည့်ရင် cafe လို့...
28/05/2026

Luxury vibes အပြည့်ခံစားချင်တဲ့ girls တွေအတွက် 💕

📍ASA TEA BAR & EATERY

Hotel ထဲမှာဖွင့်ထားတာမလို့ အပြင်ကကြည့်ရင် cafe လို့တောင် မထင်ရဘူးနော် 🥹

ဒါပေမယ့် အထဲရောက်သွားတာနဲ့ atmosphere က modern ဆန်ပြီး classy ဖြစ်နေတာ…
အစားအသောက်တွေကလည်း art piece လေးတွေလို feel ရတယ် 💋

ပြီးတော့ honestly…
Google Map ထဲကပုံတွေထက် အပြင်မှာပိုလှတယ် 😭✨

Price ကတော့ location နဲ့ vibe အရဆို reasonable ပါပဲ
ဒါပေမယ့် budget save typeတော့ မဟုတ်ဘူးနော် ဟီး 🥲

⏰ 8 AM — 10 PM

ပုံတွေလည်းအများကြီးတင်ပေးထားတယ်နော် 💕
Pose မပေးတတ်တဲ့ girlies တွေအတွက် idea ရအောင်လို့ ဟီးဟီး

အမှန်တော့ ဆန်းဆုလည်း ပထမဆုံးသွားဖူးတာရယ်
ဘာဝတ်သွားရမလဲ… pose ဘယ်လိုပေးရမလဲဆိုပြီး အစကတော်တော်တိုင်ပတ်နေတာ 🙁💭

ဒါပေမယ့် cafe vibe က ပုံရိုက်ချင်စိတ်ကို automatically ဖြစ်လာစေတာမျိုး 🫶

သွားဖူးတဲ့သူတွေရှိရင် review လေးတွေ share ပေးခဲ့ဦးနော် 💕

မထင်မှတ်ဘဲ ရောက်သွားတဲ့ cafe လေး ☕️🖤တကယ်သွားမယ့်နေရာက ပိတ်ထားလို့Sunday Morning cafe ကို ရောက်သွားတာ… but honestly? wort...
26/05/2026

မထင်မှတ်ဘဲ ရောက်သွားတဲ့ cafe လေး ☕️🖤

တကယ်သွားမယ့်နေရာက ပိတ်ထားလို့
Sunday Morning cafe ကို ရောက်သွားတာ… but honestly? worth it 🥹✨

ဆိုင်ရဲ့ vibe က modern ဆန်ပြီးတော့ကွာ lighting ကလည်း ပုံရိုက်လို့ တကယ်လှ

အပေါ်ထပ်နဲ့ အောက်ထပ်မှာ

အောက်ထပ်က photo spot တွေက အရမ်းမိုက်တယ်

ဆန်းဆုသောက်တာ milk drink တမျိုး — နာမည်မေ့သွားပေမဲ့ 😭
55 baht ပဲကျတယ် ဒါမဲ့လေ အရသာက surprisingly good!

မေမေသောက်တဲ့ iced coffee ကလည်း 60 baht ပဲ ☕️
တခြား cafe တွေဆို 70/80 လောက်ပေးရတာနဲ့ယှဉ်ရင် totally okay price 👀

Decoration တွေက clean & modern vibes လေး

busy bees energy လေးရနေတယ် 😆🐝

ပုံရိုက်ဝါသနာပါတဲ့ ဆန်းဆုကတော့ ဆိုင်တခုလုံး ပုံပတ်ရိုက်ပြီး ပြန်လာခဲ့လိုက်ပါတယ်နော် heee

📍Sunday Morning Cafe

Coffee သောက်ရင်း ပန်းချီလေးပါဆွဲပြီး romance date လေး ဖန်တီးလို့ရတဲ့မယ်ပဘက်က cafe လေးပါရှင် ❤️ချစ်သူနဲ့ အမှတ်တရစာလေးတွေပ...
23/05/2026

Coffee သောက်ရင်း ပန်းချီလေးပါဆွဲပြီး romance date လေး ဖန်တီးလို့ရတဲ့

မယ်ပဘက်က cafe လေးပါရှင် ❤️

ချစ်သူနဲ့ အမှတ်တရစာလေးတွေပါ ကပ်လို့ရသေး🫶

အိမ်က မေမေတွေနဲ့လည်း သွားသင့်သောနေရာလေးပါရှင်

10:00 am - 8:00 pm ထိဖွင့်ပါတယ်တဲ့ ✅

စိတ်အေးလက်အေး အနားယူပြီး ပုံအတွင်းအပြင်ရိုက်လို့ရတယ်နော် 🥲

ဆန်းဆုကတော့တောါတော်ပျော်တယ် green tea လေးသောက်လိုက် ပုံလေးရိုက်လိုက်နဲ့လေ

ဆန်းဆုနဲ့အတူသွားတဲ့သူတွေကတော့မပျော်ဘူးတဲ့ ( ဖင်မထိုင်ရအောင်ရိုက်ခိုင်းလို့ 🤣)

Location လေးချပေးထားပါမယ်ရှင်💕

မဲဆောက်ကဘဲ ပုံရိုက်လို့ကောင်းပြီး အစားအသောက်လည်းကောင်းပါတယ်ရှင် 🫶 စျေးကတော့ ဆိုင်အနေအထားနဲ့ဆို အဆင်ပြေတယ်လို့ပြောလို့ရပါ...
21/05/2026

မဲဆောက်ကဘဲ ပုံရိုက်လို့ကောင်းပြီး အစားအသောက်လည်းကောင်းပါတယ်ရှင် 🫶

စျေးကတော့ ဆိုင်အနေအထားနဲ့ဆို အဆင်ပြေတယ်လို့ပြောလို့ရပါတယ်❤️

✅ Mable Restaurant နော် location က 360 အဝိုင်းနားမှာနော်

Map မှာ ရှာကြည့်လည်းရတယ်နော်

Steak စားကြည့်ချင်တယ်အ့ဆိုင်က ဟီးဟီး

ပုံရိုက်ဖို့လောက်ဘဲသွားဖူးသေးတာစိုတာတော့လေ၊ နောက်တခါအကြိုက်စားပြီးမှ

အစားအသောက် review ပေးတော့မယ်နော် 🤧

Decoration ပိုင်း အရမ်းမိုက်ပါတယ်ရှင့် ✅

Mae Sot Youth Conference ကို facilitator တယောက်အနေနဲ့ join ဖြစ်ခဲ့တဲ့ Moments လေးတွေကိုပြန်ပြီး sharing လုပ်ပေးတာပါရှင် ...
20/05/2026

Mae Sot Youth Conference ကို facilitator တယောက်အနေနဲ့ join ဖြစ်ခဲ့တဲ့

Moments လေးတွေကိုပြန်ပြီး sharing လုပ်ပေးတာပါရှင် 🫶

လူငယ်တွေအတွက် ၃ ရက်တာကျင်းပပေးခဲ့တာဖြစ်ပြီး
၃ ရက်လုံး မနက်စာကနေ နေ့လည်စာထိ စီစဉ်ပေးပြီး

တကယ်ကို team work ရော leader ship skills ပါတိုးတက်စေခဲ့တဲ့ conference လို့မြင်မိပါတယ်ရှင် 🫶

Culture exchange လေးတွေလည်းပါပြီး သီချင်းတွေလည်း ဆိုဖြစ်ခဲ့ကြပါတယ်

နောက်တခါဒါမျိုးလေးတွေရှိရင် ဆန်းဆုကြိုတင်ပေးမယ်နော်၊

လူငယါတိုင်း လုပ်ကြည့်သင့်တဲ့ အစီစဉ်လေးတခုလို့မြင်တာကြောင့်ပါ❤️

အလုပ်တွေမအားတဲ့ကြားက ဝင်လုပ်ခဲ့ပြီးတကယ် ကျေနပ်ခဲ့ရလို့ ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်ရှင် 💕

ဦးဆောင်ကျင်းပပေးတဲ့သူတွေကိုလည်း တကယ်ကျေးဇူးတင်မိပါတယ်ရှင် 🫶❤️

ဆန်းဆုမျက်လုံး ကမျက်မှန်တပ်မှရတော့မှာမလို့ သွားလုပ်ဖြစ်ခဲ့တာလေး ကိုင်းရောဘာရော စိတ်တိုင်းကျခဲ့ပါတယ် စိတ်တိုင်းမကျတာတော့စ...
17/05/2026

ဆန်းဆုမျက်လုံး ကမျက်မှန်တပ်မှရတော့မှာမလို့ သွားလုပ်ဖြစ်ခဲ့တာလေး

ကိုင်းရောဘာရော စိတ်တိုင်းကျခဲ့ပါတယ်

စိတ်တိုင်းမကျတာတော့စျေး ၁၅၀၀ တဲ့🥲 ( ရေနဲ့ထမင်းပါ )

Quality ကောင်းတာလေးရွေးခဲ့လိုက်တာ computer နဲ့အလုပ်လုပ်ရတဲ့သူဆိူတော့

ခနနဲ့ဆိုမပြေလို့ပါ၊

ဆိုင်ကမယ်ပဂိတ်ကျော်က ဂ ကွေ့ထိပ်တင်ပါရှင် 🌸

13/05/2026

မဲ့ကဆာဘက်ရောက်ရင် ဒီတောင်ပေါ်ဘုရားလေးကိုလည်း သွားဖြစ်အောင်သွားနော်🫶

ငြိမ်းချမ်းပြီး၊ လေ့ကျင့်ခန်းလည်းလုပ်ဖြစ်တာပေါ့ဟီးဟီး

အပြည့်အစုံကိူ vlog လေးထဲကြည့်ပေးနော်🫶❤️

ကျမရဲ့ outfit ကိုမမြင်ချင်ယောင်ဆောင်ပေးပါ🥲 ( နေပူလို့ရှိတာထုတ်ဆောင်းရတာပါရှမ်)

#မဲ့ကဆာ #တောင်ပေါ်ဘုရား

ဖုတ်ဖရတောင်ပေါ်သွားတဲ့လမ်းက cafe လေး view အရမ်းလှပါတယ် ဒါပေမဲ့ မိုးရွာနေချ်န်ပိုလှတယ်တဲ့ ဆန်းဆုကနေ့ခင်းဘဲအားလို့ နေ့ခင်း...
10/05/2026

ဖုတ်ဖရတောင်ပေါ်သွားတဲ့လမ်းက cafe လေး view အရမ်းလှပါတယ်

ဒါပေမဲ့ မိုးရွာနေချ်န်ပိုလှတယ်တဲ့ ဆန်းဆုကနေ့ခင်းဘဲအားလို့ နေ့ခင်းဘက်သွားရတာ

ညနေစောင်းစိူ ပုံရိုက်ရတာပိုပြေပြီး ပိုလှလောက်မယ်နော် ❤️

ထိုင်းနံမည်နဲ့မလို့ ဆိူင်နံမည်တော့ မသိဘူး ဟီး 🥲

အစားအသောက်နဲ့အအေးဘာညာက စျေးကြီးတယ်လို့ခံစားရတယိ

Soda တခွက် ၇၀ နဲ့ အသီးဖျော်ရည်ဆု် ၁၀၀ ကျော်တယ်

ဒါမဲ့လည်း view နဲ့တင် တန်တယ်လို့ခံစားရတာပေါ့လေ

အပေါ်ထပ်နဲ့အောက်ထပ်ရှိတာသူက 🫶

ဖုတ်ဖရဘက်ရောက်ရင် သွားလည်ဦးနော်မိုက်တယ်🌸

Adresse

Democratic Republic Of The

Téléphone

+66924294913

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque San Su’s Touch publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager