𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚

  • Startseite
  • Deutschland
  • Munich
  • 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚

𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 ℬ𝑒𝓈𝓉 ℱ𝒶𝓂𝒾𝓁𝓎 ℳ𝑒𝓂𝑜𝓇𝒾𝑒𝓈

Salzburg သွားခဲ့တဲ့ sightseeing view လေးတွေ ခုမှတင်ရတယ်... ဒီမြို့လေးက Austria ရဲ့ tourism city တစ်ခုဆိုတာကို ပိုခံစားမိ...
16/05/2026

Salzburg သွားခဲ့တဲ့ sightseeing view လေးတွေ ခုမှတင်ရတယ်... ဒီမြို့လေးက Austria ရဲ့ tourism city တစ်ခုဆိုတာကို ပိုခံစားမိခဲ့တယ်… ✨

Mozart ရဲ့ ဘဝစတင်ရာ သူရဲ့အိမ်အငွေ့အသက်တို့ ရှိရာ မြို့လေးဖြစ်သလို… ဂီတနဲ့ သမိုင်းအနံ့အသက်တွေ ပြည့်နေတဲ့ မြို့လေးတစ်မြို့လည်း ဖြစ်တယ်… 🎼

မြို့ရဲ့ အလယ်မှာ ခမ်းနားစွာတည်ရှိနေတဲ့ castle ကြီးက အရမ်းလှသလို… အဆင့်ဆင့်တည်ဆောက်ခဲ့ပုံတွေ၊ စစ်တပ်အသုံးပြုခဲ့တဲ့ သမိုင်းဝင်ပစ္စည်းတွေကို ပြသထားတာတွေကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းတယ်…

သားလေးကတော့ funicular railway စီးပြီး castle top ကိုတက်ရတာကို အရမ်းပျော်နေလေရဲ့... 🚞💛

Castle ပေါ်ကနေ ကြည့်ရတဲ့ Salzburg မြို့ရဲ့ panoramic view ကတော့ တကယ်ကို မျက်စိမလွှဲချင်လောက်အောင် လှနေတာ… 🏰🌿

သမိုင်း၊ ဂီတ၊ scenery နဲ့ အမှတ်တရတွေကို တစ်နေရာတည်းမှာ ခံစားလို့ရတဲ့ Salzburg ကတော့ တကယ်ကို သွားသင့်တဲ့ မြို့လေးတစ်မြို့ပါ… ✨

 #အပိုင်း (၂) ဆက်ပါမယ်နော်…⏩️⏩️ Uni-assist ဆိုတာဘာလဲ ❓ဘယ်လို service ပေးလဲ❓Germany  က ကျောင်း အများစု က uni-assist ကနေ ဖ...
28/02/2026

#အပိုင်း (၂) ဆက်ပါမယ်နော်…

⏩️⏩️ Uni-assist ဆိုတာဘာလဲ ❓ဘယ်လို service ပေးလဲ❓

Germany က ကျောင်း အများစု က uni-assist ကနေ ဖြတ်ရတာများပါတယ်… ကိုယ်တကယ် ကျောင်းရှာတဲ့အချိန် website တွေမှာတွေ့ရမှာပါ…

Uni-assist ကနေ လျှောက်မယ်ဆို လိုအပ်တဲ့ကျောင်းကလိုအပ်တဲ့ စာရွက်စာတမ်း တွေကို ကြိုတင်ပြင်ဆင်ထားပါနော်…

- Degree Certificate
- Grading
- Marks
- Transcript
- Language Assessment စတာတွေကို ကြိုတင်ပြင်ဆင်ထားပါ.

ဒီစာရွက်စာတမ်းတွေက english translation မဟုတ်ရင် notary ပြန်ထားဖို့လိုအပ်ပါတယ်နော်… ဒီစာရွက်စာတမ်းတွေက uni-assist တခုတည်းမှာ လိုအပ်တာမဟုတ်ပဲ ကျောင်းအတွက်ပါလိုအပ်ပါတယ်။

**📌 Uni-Assist ဘာလုပ်သလဲ?**

ဂျာမဏီတက္ကသိုလ်များအတွက် နိုင်ငံခြားကျောင်းသားများရဲ့ education assessment လုပ်ပေးတဲ့ service centre တစ်ခု လို့ပြောရပါမယ်။ International applicants တွေအတွက်ကော ကျောင်းတွေအတွက်ပါ document evaluation ကို လုပ်ပေးနေတဲ့ ကြားခံ service တစ်ခုပေါ့နော်။

🍀 **International student applications အတွက် လိုအပ်တဲ့ အောက်ပါစစ်ဆေးမှုတွေကို လုပ်ဆောင်ပေးပါတယ်။**

- ဂျာမဏီနိုင်ငံ ရှိ ဝင်ခွင့်လိုအပ်သည့် international **school / university certificates** ကို စစ်ပေးတယ်။
- အဲဒီ certificates တွေဟာ **German university entrance qualification** နှင့် ကိုက်ညီလား၊ မကိုက်ညီဘူးလားဆို စစ်ဆေးပေးတယ်။

📊 **Grades conversion**

- နိုင်ငံခြားမှ GPA / grade ကို **ဂျာမဏီ grading system ကို convert** လုပ်ပေးပါတယ်။ ကိုယ့်ဘာသာကိုယ် general အားဖြင့်လည်း ပြောင်းတွက်ကြည့်လို့ရပါတယ်။

📄 **Requirements check**

- Language proof, APS certificates, transcripts, diploma စတာတွေကို **check** လုပ်ပြီး university criteria နဲ့ ကိုက်ညီမရှိမရှိ စစ်ဆေးပေးပါတယ်…

📤 **Approve/ Refusal applications**

- တက္ကသိုလ်များအတွက် လိုအပ်သော documents တွေ တစ်နေရာတည်း စုပြီး စစ်ဆေးပြီးရင်တော့ ကိုက်ညီရင် ကိုက်ညီကြောင်း document ချပေးပါတယ်…. မကိုက်ညီဘူးဆိုရင်လည်း ဘယ်လိုမကိုက်ညီလဲ ဆိုတဲ့ အချက်အလက်တွေနဲ့ reason ပါတဲ့ စာထွက်လာပါတယ်။

ကိုယ်လက်မခံနိုင်တဲ့ refusal မျိုးကိုလည်း ပြန်ပြီး complaint လုပ်လို့ရတယ်ဆိုပေမယ့် အဲလို လုပ်ဖို့အတွက်ဆို ကိုယ့်မှာ ခိုင်မာတဲ့ proof ကို ပြင်ဆင်ထားဖို့လိုပါတယ်။ မဟုတ်ရင် တော့ သူတို့ result ကို ပြန်ပြင်ပေးလေ့မရှိပါဘူး။

💶 **Application fees**

Uni-assist ကနေလျှောက်မယ်ဆို Application Fees ပေးရလား

အဖြေက - Yes ပါ.. ဒါပေမယ့် ဘယ်လိုပေးရလဲဆိုတော့…

- First program/ per university အတွက် ≈ €75 ပေးရပါတယ်။
- ပြီးနောက် another university program တစ်ခုစီအတွက် (same semester) ကို: ≈ €30 ပဲပေးရပါတော့တယ် (ဒါက တစ်နှစ်စာပါပဲနော်… နောက်နှစ်မှ ထပ်လျှောက်မယ်ဆိုလိုကတော့ အစကအတိုင်း €75 ကနေပြန်စပေးရပါမယ်)
- ဒါကြောင့်မလို့ uni-assist အသုံးပြုရတော့မယ် သေချာပြီဆိုရင် uni-assist နဲ့ ပတ်သတ်ပြီး လျှောက်ရတဲ့ကျောင်း တခါတည်း 3/4 ကျောင်း လျှောက်တာ ပိုကောင်းပါတယ်။
- Service Fees ပေးပြီး document evaluation process စလုပ်ပြီဆိုရင်တော့ ကြာချိန် က 4-6 weeks စောင့်ရပါတယ်။

👉‌ ပြီးတော့ သတိထားရမယ့် အချက်က ဒီ fees တွေဟာ non-refundable ဖြစ်ပါတယ်။

🛑 Uni-Assist က အောက်က အချက်တွေကို လုပ်ပေးတာ မဟုတ်ပါဘူးနော်….

🚫 Final admission decision ကို Universities တွေကပဲ decision ပေးပါတယ်။

🚫 Visa, residence permit, blocked account/opening, SOP writing ကို support မလုပ်ပေးပါဘူး။ အဲ့အရာတွေအတွက် ကိုယ်တိုင်ပဲ လုပ်ဆောင်ရပါတယ်။

🚫 University တွေနဲ့ ကိုယ်စား communication ကို မလုပ်ပေးပါဘူး။ ကိုယ်တိုင် communication လုပ်ဆောင်ရပါတယ်။

ကဲ… နောက်ဆုံး success approve letter ရပြီဆိုရင်တော့ ကိုယ်လျှောက်မယ့် ကျောင်းကို ပို့လို့ရပါပြီ.. Caution အနေနဲ့က uni-assist ကထုတ်ပေးထားတဲ့ approve letter/ recommendation letter က deadline ရှိပါတယ်နော်..

IS လည်းရပြီ.. Uni-assist လည်း ရပြီဆိုရင်တော့ ကိုယ်လျှောက်ချင်တဲ့ ကျောင်းကို စိတ်ချလက်ချ လျှောက်ဖို့ step တဝက်လောက်ပြီးပါပြိီ။

နောက်လာမယ့် အပိုင်းတွေမှာ ကျောင်း result ရတဲ့အထိ ဘယ်လိုဆက်လျှောက်ခဲ့လဲဆိုတာ ပြောပြပေးသွားမှာမလို့ ဆက်လက်ဖတ်ရှုပေးကြပါဦးရှင့်…. သိချင်တာလေးတွေရှိရင်လည်း page chat box/ comment မှာမေးထားလို့ရပါတယ်… Viel Glück!

Beste Wünsche 💞
Boo Boo Family

Germany ကို ဘယ်လို ကျောင်းလျှောက်ခဲ့သလဲ❓❓❓ကျောင်းလျှောက်တဲ့ post လေး အရင်တင်ပေးမယ်နော်...လင်းတို့ page လေးကတော့ လင်းတို့...
26/02/2026

Germany ကို ဘယ်လို ကျောင်းလျှောက်ခဲ့သလဲ❓❓❓
ကျောင်းလျှောက်တဲ့ post လေး အရင်တင်ပေးမယ်နော်...

လင်းတို့ page လေးကတော့ လင်းတို့ လင်မယားနှစ်ယောက် ဘယ်လို ကျောင်းရှာ ကျောင်းလျှောက်ခဲ့လဲ ဆိုတဲ့ အတွေ့အကြုံလေးကို share ပေးမှာပါ။ သိချင်တဲ့ information လေးတွေရှိရင်လည်း chat box/ comment လေးမှာလာမေးထားလို့ရပါတယ်။

စာလေးရှည်မှာမလို့ အပိုင်းလေးတွေနဲ့ ခွဲတင်ပေးပါမယ်...

#အပိုင်း (၁) ကျောင်းဘယ်လိုရှာရမလဲ 🧐🧐

Germany အတွက် ပြင်ဆင်ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အပိုင်းလေးတွေ စပါပြီ။ ပထမဆုံး ကျောင်းလျှောက်ဖို့ပြင်ဆင်ကြတော့ အရေးကြီးတဲ့ ပထမဆုံး step အနေနဲ့ IELTS ဖြေဖို့ ကြိုးစားရပါတယ်...

ရင်ခုန်ရဆုံးကတော့ IS ကို band score မှီပါ့မလားလို့ ကြိုးစားလိုက်တာ ကမန်းကတန်းတစ်လအတွင်းလုပ်ပြီး လိုချင်တဲ့ band score ရခဲ့လို့ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒါနဲ့ ကျောင်းရှာဖို့ စတင်လှုပ်ရှားရပါပြီ.... ကျောင်းရှာတဲ့နေရာမှာ အဓိက အချက်လေးတွေ ပြောပြထားပေးမယ်နော်...

✅ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကျောင်း list ကို အဓိက DAAD website ကနေ ရှာပါတယ်... အဲဒီမှာ filter တွေခံလို့ရတယ်နော် (ဥပမာ - Bachelor/ Master, Courses, Subjects, Language, Location ....) စတာတွေကို filter ခံပြီး ရှာလို့ရပါတယ်... Website link လေးကိုလည်း အောက်မှာ ချပေးထားပါတယ်... ဒါကတော့ အဓိက international program တွေပါ။

အဲ့ဒီလိုမျိုးပဲ My German University website ကနေလည်းရှာလို့ရပါတယ်… အဲ့ website က ကျတော့ Germany university တွေရဲ့ ranking တွေကိုပါယှဉ်ပြပေးထားပါတယ်… လေ့လာကြည့်လို့ရပါတယ်…

ဒါပေမယ့် လင်း အနေနဲ့ကတော့ DAAD Website ကတော့ Perfect အဖြစ်ဆုံးလို့မြင်ပါတယ် (My idea ပါ)..

🌐 https://www2.daad.de/deutschland/studienangebote/international-programmes/en/result/

🌐 https://www.mygermanuniversity.com/universities

✅ တစ်ကျောင်း နှစ်ကျောင်း မရွေးပါနဲ့နော်... အနည်းဆုံး ၁၀ ကျောင်းလောက်တော့ ရွေးထားပါ.. ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ criteria နဲ့ ကျောင်းရဲ့ criteria တွေ စစ်ချလိုက်တဲ့အချိန် ကိုယ်ရွေးချယ်ထားတဲ့ ကျောင်းက သိပ်မကျန်တော့ပါဘူးနော်...

✅ ကျောင်းရွေးတဲ့အချိန် လင်း အနေနဲ့ ဘာတွေ အဓိကထားရှာခဲ့လဲဆိုတာ အကြမ်းဖျင်းလေးပြောပြထားမယ်နော်…

လင်း တို့က အဓိက မိသားစုလိုက်ပြောင်းဖို့ရည်ရွယ်တာမလို့ ကျောင်းကို family assistance ရမယ့်ကျောင်း, မြို့ကြီးနဲ့ အဓိက နီးတဲ့ကျောင်းကိုရွေးခဲ့ပါတယ်… အဲ့ဒါကြောင့် အဓိက ကျောင်းကို ဦးစားပေးရွေးချယ်ခဲ့တဲ့အတွက် degree ကို ဦးစားမပေးပဲ Bachelor ကို ပဲတက်ခဲ့ပါတယ်…

လူငယ် လူရွယ် လူလွတ်တွေအနေနဲ့ကတော့ ကိုယ်တက်ချင်တဲ့ကျောင်း ကိုယ့်ရည်မှန်းချက်ကို ဦးစားပေးပြီး major ကိုရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်…

ဒီရောက်မှ ကိုယ်နဲ့မကိုက်တဲ့ major ဖြစ်နေရင် အချိန်ကုန်ပါတယ် နောက် ငွေလည်းကုန်ပါတယ်…

✅ ကိုယ်ရွေးချယ်ထားတဲ့ကျောင်းတွေကို ကိုယ်အဆင်ပြေဆုံးကနေ အစီအစဉ်တကျစီချပြီးရင်တော့ သေချာလေ့လာပါ... ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ requirement တွေ ဘာတွေပြင်ဆင်ဖို့လိုလဲ ဘယ်လို information တွေကို သိချင်လဲဆိုတာ ကျောင်းကို သေချာ တိုက်ရိုက်မေးပါ... စုံစမ်းပါနော်..

✅ ဒီမှာကျောင်းလျှောက်ရင် တိုက်ရိုက်လျှောက်လို့ရတဲ့ ကျောင်းရှိသလို Uni-assist လိုတဲ့ကျောင်းက ပိုများပါတယ်... Uni-assist က ဘာလဲဆိုရင် နိုင်ငံခြား သားကျောင်းသားတွေရဲ့ application တွေကို Germany University တွေရဲ့ ကိုယ်စား document evaluation လုပ်ပြီး ကျောင်းတွေကို pre-approve လုပ်ပေးတဲ့ service တစ်ခုပါ….
ဒါကြောင့် ကျောင်းအများစုက uni-assistနဲ့ ချိတ်ထားကြပါတယ်…

⏩️⏩️ Uni-assist နဲ့ပတ်သတ်ပြီး အသေးစိတ်ကို အပိုင်း (၂) မှာ ဆက်ပေးမယ်နော်
…

25/02/2026

မြူနှင်းဖွေးဖွေး ငှက်သံလေးတွေနားထောင်ရင်း လမ်းလျှောက်

20/02/2026

အားတုန်းလေး စာလေးပြန်ရေးမယ် စိတ်ကူး...
Germany နဲ့ပတ်သတ်တာ ဘာလေးတွေတင်ပေးရင်ကောင်းမလဲ ???🧐

19/01/2026

I found some yummy burmese foods!
Enjoy of my life❣️


မနက်မိုးလင်း အပင်လေးတွေပေါ်က ဆောင်းနှင်းဖွေးဖွေးလေးတွေကို မြင်ရတာလည်း ကြည်နူးစရာ မြင်ကွင်းလေး တစ်ခုပေါ့ ❄️❄️
11/01/2026

မနက်မိုးလင်း အပင်လေးတွေပေါ်က ဆောင်းနှင်းဖွေးဖွေးလေးတွေကို မြင်ရတာလည်း ကြည်နူးစရာ မြင်ကွင်းလေး တစ်ခုပေါ့ ❄️❄️

နှစ်သစ်မှာ နှင်းဖွေးဖွေးလေးနဲ့ ကြိုလိုက်ပါတယ် ❄️⛄Frohes Neues Jahr 2026 🎉🎊
02/01/2026

နှစ်သစ်မှာ နှင်းဖွေးဖွေးလေးနဲ့ ကြိုလိုက်ပါတယ် ❄️⛄

Frohes Neues Jahr 2026 🎉🎊

Adresse

Munich

Telefon

+959255702340

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an 𝑩𝒐𝒐 𝑩𝒐𝒐 𝑭𝒂𝒎𝒊𝒍𝒚’𝒔 𝑫𝒊𝒂𝒓𝒚 senden:

VerknĂźpfungen

Teilen