08/03/2023
Skin Care လိမ်းနည်း။
-
Credit ဒေါက်တာအေးမင်းထူး
(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup
(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask
မှတ်ချက် - (Skin Careများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)
skin care ဥပဒေသအရ မနက်ပိုင်းကို prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ..
တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့
Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။
hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။
finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။
sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။