PHYU - ဖြူ

PHYU - ဖြူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYU - ဖြူ, Clothing (Brand), Ranchi.

06/09/2024
05/09/2024

ခဏခဏ
လဲရာက ပြန်ပြန်ထခဲ့ပါတယ်။
အဲ့ဒီအရာကို
ကျွန်တော်ရမယ်ထင်ပြီး
ယခုထိ မရခဲ့ပါဘူး။

- အောင်ချိမ့် -

05/09/2024

အမြဲတမ်း တစ်ယောက်တည်း လို့
ခံစားရတဲ့ အချိန်‌တွေက
တစ်နေ့တာမှာ ၂၄ နာရီ ရှိတယ်

04/09/2024

ကျွန်မ လူတစ်ယောက်အပေါ်မှာ
အများကြီး မျှော်လင့်မိခဲ့တယ်

မျှော်လင့်မိခဲ့တာတွေ
ဘာတစ်ခုမှရမလာတဲ့အထိဘဲ

ကျွန်မ မျှော်လင့်မိ ကြိုးစားမိခဲ့တဲ့
အချိန်တွေက လုံလောက်မှုမရှိခဲ့လို့များလား ?

10 years

အလွမ်းတွေ ဥဩဆွဲလိုက်တော့ငါ့တစ်ကိုယ်လုံး ရထားတွဲကြီး ဖြစ်သွားတယ်...ဘယ်ဘူတာမှာ ရပ်နားရမှာလဲလမ်းမတွေပေါ်လျှောက်လျှောက်သွားရ...
19/11/2023

အလွမ်းတွေ ဥဩဆွဲလိုက်တော့
ငါ့တစ်ကိုယ်လုံး ရထားတွဲကြီး ဖြစ်သွားတယ်...

ဘယ်ဘူတာမှာ ရပ်နားရမှာလဲ
လမ်းမတွေပေါ်လျှောက်လျှောက်သွားရင်း
ငါ့နာမည်ခေါ်သံ ကြားမလားလို့ နားစွင့်နေမိရဲ့။

#မင်းခိုက်စိုးစန်

ဘဏ်ကိစ္စသတင်းကြားလို့ကိုယ်လည်းအပြေးအလွှားငွေသွားထုတ်...ဘယ်လိုမှထုတ်လို့မရလို့ဘဏ်မန်နေဂျာနဲ့သွားတွေ့တာ....ဘဏ်မန်နေဂျာက သေ...
18/11/2023

ဘဏ်ကိစ္စသတင်းကြားလို့
ကိုယ်လည်းအပြေးအလွှားငွေသွားထုတ်...
ဘယ်လိုမှထုတ်လို့မရလို့
ဘဏ်မန်နေဂျာနဲ့သွားတွေ့တာ....
ဘဏ်မန်နေဂျာက
သေသေချာချာရှင်းပြလိုက်မှ
အဆင်ပြေသွားတယ်....
အပ်ထားတာမရှိရင်
ထုတ်လို့မရဘူး အမတဲ့ 😒😒🤣🤣

Crd

သူတို့ လုပ်သလို ပြန်လုပ်တော့ ကိုယ်က မကောင်းဘူး ဖြစ်သွားရောဘ၀ နေနည်းကအင်မတန် ရိုးရှင်းပါတယ်။ကိုယ်မကြိုက်တဲ့ ပုံစံနဲ့ သူမျ...
14/11/2023

သူတို့ လုပ်သလို ပြန်လုပ်တော့
ကိုယ်က မကောင်းဘူး ဖြစ်သွားရော

ဘ၀ နေနည်းက
အင်မတန် ရိုးရှင်းပါတယ်။

ကိုယ်မကြိုက်တဲ့ ပုံစံနဲ့
သူများကို မဆက်ဆံမိဖို့ပါပဲ။ ။

09/11/2023

ကြောက်တတ်တဲ့ ဦးနှောက်မှာ
အိမ်မက်တွေမရှင်သန်နိုင်ဘူး ... *****************************************
#တကယ်ကိုမရှင်သန်တာဗျ...

ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့တားစီးထားတဲ့အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။

လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိကအားနည်းချက်ကလည်း သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့်ခံစားချက်ထက် ရှုံးနိမ့်ပြီးကြုံတွေ့ရမယ့် နာကျင်ခြင်းခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။

ဆိုရိုးစကားတစ်ခွန်းရှိတယ်။ "လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့်ဘယ်သူမှမသေချင်ကြဘူး'' တဲ့။

အဲဒီလိုပါပဲ လူအများစုကချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။

ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ရှိကြောင်းကို သတိထားမိတယ်။ ကျွန်တော်စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ်လဲကျခဲ့ဖူးတယ်။

ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့ သူမရှိသလို တစ်ခါမှ ငွေကြေးမဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျွန်တော်မတွေ့ဖူးသေးဘူး။

ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျွန်တော်တို့ရဲ့စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။

07/11/2023

ရှင်တို့ လူယဉ်ကျေးလေးတစ်ယောက်လောက်
ပိုင်ဆိုင်ဖူးကြလား ရှင့် ???

ဝင်သမျှ မေးသမျှ
sms တွေကို
"ဟုတ်ကဲ့ဗျ
အလုပ်မှာပါဗျ
ထမင်းစားပြီးပါပြီဗျ"

အံမယ် လူ‌ယဉ်ကျေးလေးနော်

မိန်းမိန်း က
sms မှာ အဆင်ပြေကြရဲ့လား ဆိုတော့

"မစားနဲ့ကွာ" ဆိုဘဲ

🤭🤭🤭🤭

PHYU - ဖြူ

ကြီးကြီးမားမားဆုံးရှုံးမှုကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာတစ်ယောက်ယောက်ကို ဆုံးရှုံးသွားတာလောက်ကငါ့အတွက် နာကျင်မှုဖြစ်မနေတ...
06/11/2023

ကြီးကြီးမားမားဆုံးရှုံးမှုကို ကြုံခဲ့ရပြီးနောက်ပိုင်းမှာ
တစ်ယောက်ယောက်ကို ဆုံးရှုံးသွားတာလောက်က
ငါ့အတွက် နာကျင်မှုဖြစ်မနေတော့ဘူး။

ဘယ်သူ့ကိုမှ အတင်းဆွဲထားတာမရှိသလို
ဘယ်သူ့ကိုမှလဲ တွယ်ကပ်နေမှာမဟုတ်ဘူး။
ဝင်လာချင်ရင် ဝင်လာနိုင်ပါတယ်။
ထွက်သွားချင်ရင်လဲ ဖြစ်ပါတယ်...။

တစ်ယောက်ယောက်ဆိုတာတွေကို
ဘဝမှာ အသည်းအသန်
လိုက်ရှာဖြစ်နေမှာတော့ မဟုတ်ဘူး....။

ဒါ ရင့်ကျက်မှုမဟုတ်ဘဲ နေသားကျသွားမှုပါ။
ဘာပဲကြုံလာကြုံလာ
တစ်ယောက်ထဲပဲရင်ဆိုင်ရမှာဆိုတဲ့အသိမှာ
ငါ....နေသားကျသွားခြင်းပါ...။

- ltm -

Crd

Address

Ranchi
11221

Telephone

+959421102017

Website

Alerts

Be the first to know and let us send you an email when PHYU - ဖြူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PHYU - ဖြူ:

Share