Hmwe July- မွှေးဂျူလိုင်

Hmwe July- မွှေးဂျူလိုင် Let’s be more beautiful together safe for all

27/08/2022

ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
ဖတ်ကြည့်နော်…

လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။

ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။

ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။

သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။

မနိုင်တဲ့ဝန်ကို ထမ်းတယ်။

မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။

လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။

ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။

အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။

သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…

ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။

အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။

လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။

သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။

ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။

"အားနာရင် ခါးပါတယ်"တဲ့။

ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။

ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။

ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။

AB 15ပေါ့ပေါ့ပါးပါး ကြိုက်သူတွေအတွက် အင်ဒိုစစ်စစ်ရင်46အမြင့်လိုင်းလက်တို ဘီတို ဘောင်းဘီလဲပွပွလေးချုပ်ပေးထားပါတယ်ရှင့် တံ...
02/10/2021

AB 15

ပေါ့ပေါ့ပါးပါး ကြိုက်သူတွေအတွက်

အင်ဒိုစစ်စစ်

ရင်46အမြင့်လိုင်း

လက်တို ဘီတို ဘောင်းဘီလဲပွပွလေးချုပ်ပေးထားပါတယ်ရှင့်

တံဆိပ်/ပါကင်/cutting/အဆင်/ပိတ်သားအားလုံးရှယ် ပါနော်
9500

AB 14အသားကောင်းလေး ကြိုက်သူတွေအတွက် အင်ဒိုစစ်စစ်ရင်44အမြင့်လိုင်းပါလက်တို ဘီရှည် ဘောင်းဘီလဲပွပွလေးချုပ်ပေးထားပါတယ်ရှင့် ...
01/10/2021

AB 14

အသားကောင်းလေး ကြိုက်သူတွေအတွက်

အင်ဒိုစစ်စစ်

ရင်44အမြင့်လိုင်းပါ

လက်တို ဘီရှည်

ဘောင်းဘီလဲပွပွလေးချုပ်ပေးထားပါတယ်ရှင့်

တံဆိပ် , ပါကင်, cutting,အဆင်,ပိတ်သားအားလုံးရှယ် ပါနော်

11000

သီဟိုဠ်စေ့ကြိုက်သူများအတွက် သီဟိုဠ်စေ့ကို မရိုးအောင်စားသုံးနိုင်ဖို့သီရိကျက်သရေ က စီစဉ်ထားပါတယ်ရှင် 😉သီဟိုဠ်စေ့ကိုဒီအတို...
30/09/2021

သီဟိုဠ်စေ့ကြိုက်သူများအတွက် သီဟိုဠ်စေ့ကို မရိုးအောင်စားသုံးနိုင်ဖို့သီရိကျက်သရေ က စီစဉ်ထားပါတယ်ရှင် 😉
သီဟိုဠ်စေ့ကိုဒီအတိုင်းလေးပဲစားမလား😊
ဘာညာ သာရကာနဲ့တွဲမြည်းမလား🥃🍷🍹
အထူးဟင်းလျာ ၊ထောပတ်ထမင်း/ဒံပေါက် /စမိုင်/မုန့်မျိုးစုံတို့ထဲထည့်မလား🍲🥘🥙
စိတ်ကြိုက်စားနိုင်အောင်စီစဉ်ပေးထားပါတယ်။
နောက်တစ်မျိုးကတော့ စိတ်ရှည်လက်ရှည် ကြော်ထားတဲ့ ငရုတ်ကောင်းရနံ့လေးနဲ့ ရွှေအိုရောင် သီဟိုဠ်စေ့ကြော်လေးပါ🥠
သူလေးကိုလည်းထမင်းဖြူလေးနဲ့ပဲစားမလား 🍚
ကော်ဖီ ရေနွေး ဘာညာသာရကာလေးတွေနဲ့တွဲမလား ဂွတ်ထ ဂွတ်ထ ပါ🍚🥂🍻🍹☕
ကဲ ဒီလိုမှမဟုတ် ဆီရှောင်သမားလေးတွေက ဒီတိုင်းလည်းမစားဘူး အကြော်လည်းမစားချင်ဘူးဆိုလည်း☺️ ရပါတယ်
စိတ်ရှည်လက်ရှည် ကင်ပေးထားပါတယ်
အဲ့ဒီမှာမှ ဈေးနှုန်းလေးတွေအတွက်ရွေးချယ်စရာအမျိုးမျိုးရှိပါသေးတယ်။
အခြမ်းရှယ်၊အလုံးရှယ်၊အကြော်၊အကင် ၊ဘူး၊အထုပ် ကြိုက်တာသာရွေးပါတော့ 😘
အိမ်ထောင်ဖက်ခေါင်းခေါက်ရွေးလို့ရချင်မှရမယ် သီရိကျက်သရေ ရဲ့ သီဟိုဠ်စေ့တွေကိုတော့ စိတ်တိုင်းကျသာရွေးပါတော့ရှင်🤩🤩🤩
ဈေးနှုန်းလေးတွေကတော့
သီဟိုဠ်စေ့ကင်ထုပ်-၁၂၀၀ ကျပ်
သီဟိုဠ်စေ့ကြော်ထုပ်-၁၅၀၀ ကျပ်
သီဟိုဠ်စေ့ကင်ဘူး-၃၀၀၀ ကျပ်
သီဟိုဠ်စေ့ကြော်ဘူး-၃၈၀၀ကျပ်
သီဟိုစေ့အခြမ်းရှယ်ဘူးရှည်ကြီး-၅၈၀၀ ကျပ်
သီဟိုဠ်စေ့အလုံးရှယ်ဘူးရှည်ကြီး-၇၈၀၀ ကျပ်
သီဟိုဠ်စေ့ရဲ့ကောင်းကျိုးတွေကတော့အံ့မခန်းပါပဲ။
ဖတ်ရှုလေ့လာကြပါဦးရှင်။
သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။
သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး
သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူးများ
သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –

(၁) နှလုံးရောဂါကာကွယ်ပေးခြင်း
သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓါတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော(LDL cholesterol)တွေကိုလျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။
(၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း
သီဟိုဠ်စေ့တွေမှာ အရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကသွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားကောင်းစေ၊ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။ အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီးသွေးတွင်းသကြားဓါတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။

(၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း
သကြားဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက်ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်း အမျိုးအစား ၂ ဆီးချိုေရာဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။
(၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း
သီဟိုဠ်စေ့မှာပါဝင်တဲ့anacardic acids၊ cardanols နဲ့ cardols တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။
(၅) သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးခြင်း
သီဟိုဠ်စေ့မှာ သံဓါတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓါတ်ကြွယ်ဝပြီးသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ကော့ပါးဓါတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊သွေးအားနည်းရောဂါတွေဖြစ်စေတတ်ပါတယ်။
(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း
အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓါတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။
(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
သီဟိုဠ်စေ့တွေမှာ ခန္ဓါကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓါတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပါတယ်။ သံဓါတ်ချို့တဲ့ရင်မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီးရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။
(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း
သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင်ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။
(၉) ကိုယ်ခံအားကောင်းစေခြင်း
ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓါတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓါတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓါကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။
(၁၀) အဆီပါဝင်မှု
သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓါတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။
သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုး
ကျောက်ကပ်ကျောက်တည်ခြင်း –သီဟိုဠ်စေ့မှာ ခန္ဓါကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့oxalate saltsတွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင်ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့်ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။
ကဲ ကြိုက်ရင်တော့ သီရိကျက်သရေ ရဲ့သန့်ရှင်းလတ်ဆတ်အာဟာရပြည့်တဲ့ သီဟိုဠ်စေ့လေးတွေကိုအားပေးကြပါဦးရှင်။
များများဝယ်သူလေးတွေအတွက် လက်ဆောင်လေးတွေလည်းပါမှာနော်လို့။

AB 11ပေါင် 140လောက်ထိရတဲ့bkk crop top overလေးတွပါ လုံချည်/စကပ်/ဘောင်းဘီကြိုက်တာနဲ့တွဲဝတ်လို့ရပါတယ်နော် အရမ်းလှစျေးလေးကလည...
30/09/2021

AB 11

ပေါင် 140လောက်ထိရတဲ့

bkk crop top overလေးတွပါ

လုံချည်/စကပ်/ဘောင်းဘီကြိုက်တာနဲ့တွဲဝတ်လို့ရပါတယ်နော်

အရမ်းလှစျေးလေးကလည်းတန်

အသားလေးကလည်းရှယ်ကောင်း 6000

AB 13အင်ဒိုဒါးကြီးစစ်စစ် ကိုင်းဆွဲ ဒါးကြီး သုံးကိုက်တစ်ထွာကျော် ဝမ်းစက်12500အသားကချည်သားအိဖတ်နေတာပါပဲနော် ဓားဝမ်းဆက်တွေတ...
30/09/2021

AB 13

အင်ဒိုဒါးကြီးစစ်စစ်

ကိုင်းဆွဲ ဒါးကြီး

သုံးကိုက်တစ်ထွာကျော် ဝမ်းစက်
12500

အသားကချည်သားအိဖတ်နေတာပါပဲနော်

ဓားဝမ်းဆက်တွေတစ်သောင်းခွဲကျော်နေတာ

ဒါလေးကတော့အရမ်းတန်ပါတယ်နေပါပီနော်

AB 12ချုပ်ရိုး ချုပ်သား အကောင်းကြိုက်သူများအတွက် ဟောင်းနွမ်းမသွားပဲအမုန်းဝတ်ရမယ့် bkkချည်သားစစ်စစ် အိတ်ကပ်နှစ်ဖက်လေးနဲ့ ...
30/09/2021

AB 12

ချုပ်ရိုး ချုပ်သား အကောင်းကြိုက်သူများအတွက်

ဟောင်းနွမ်းမသွားပဲအမုန်းဝတ်ရမယ့်

bkkချည်သားစစ်စစ်

အိတ်ကပ်နှစ်ဖက်လေးနဲ့

over ရင်48
11000

D 775ဂျနီဖာ ပိုးပရင့်လုံချည်2ကိုက် + အကျီတစ်ကိုက်တစ်ထွာတစ်ထပ်ခံစရာ(လုံးဝ)လုံးဝမလိုပါအသားအိအိလေး(ဝတ်ရတာမပူဘူးနော်)ဝမ်းဆက်...
31/01/2021

D 775

ဂျနီဖာ ပိုးပရင့်

လုံချည်2ကိုက် + အကျီတစ်ကိုက်တစ်ထွာ

တစ်ထပ်ခံစရာ(လုံးဝ)လုံးဝမလိုပါ

အသားအိအိလေး(ဝတ်ရတာမပူဘူးနော်)

ဝမ်းဆက် 10000

လက်က္ကားစျေးရှိပါတယ်ရှင်

အရည်အသွေး 100%အာမခံပါသည်

D 776ဂျနီဖာ ပိုးပရင့်လုံချည် 2ကိုက် + အကျီတစ်ကိုက်တစ်ထွာတစ်ထပ်ခံစရာ(လုံးဝ)လုံးဝမလိုပါ အသားအိအိလေး(ဝတ်ရတာမပူဘူးနော်)ဝမ်းဆ...
31/01/2021

D 776

ဂျနီဖာ ပိုးပရင့်

လုံချည် 2ကိုက် + အကျီတစ်ကိုက်တစ်ထွာ

တစ်ထပ်ခံစရာ(လုံးဝ)လုံးဝမလိုပါ

အသားအိအိလေး(ဝတ်ရတာမပူဘူးနော်)

ဝမ်းဆက် -10000

အရည်အသွေး 100%အာမခံပါသည်

လက္ကားစျေးရှိပါတယ်ရှင်

D 777(Couple)မလေး ပိုး                                 HZကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်       18000
31/01/2021

D 777

(Couple)
မလေး ပိုး
HZကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်

18000

D 778(Couple)Digital ပိုး print                   hz/ကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်       17500                            ...
31/01/2021

D 778

(Couple)

Digital ပိုး print

hz/ကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်

17500

မှတ်ချက်>>ပုဆိုးအဆင်ကွဲလွဲမှု့ရှိနိုင်ပါသည်

D 779(Couple)Digital ပိုး print                   hz/ကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်       17500                            ...
31/01/2021

D 779

(Couple)

Digital ပိုး print

hz/ကြောင်ခြစ်သား+ပုဆိုးဝမ်းဆက်

17500

မှတ်ချက်>>ပုဆိုးအဆင်ကွဲလွဲမှု့ရှိနိုင်ပါသည်

Address

Ranchi

Opening Hours

Monday 00:00 - 00:00
Tuesday 00:00 - 00:00
Wednesday 00:00 - 00:00
Thursday 00:00 - 00:00
Friday 00:00 - 00:00
Saturday 00:00 - 00:00
Sunday 09:00 - 18:00

Telephone

+959988123080

Website

Alerts

Be the first to know and let us send you an email when Hmwe July- မွှေးဂျူလိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hmwe July- မွှေးဂျူလိုင်:

Shortcuts

Share