အင်းလေးမီဒီယာ

အင်းလေးမီဒီယာ Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de အင်းလေးမီဒီယာ, Boutique, Paris.

ဒီနေ့...အင်းလေးကန်ရေပြင် ပေါ်ကစိတ်ဝင်စားစရာ ရေပေါ်အမှိုက်ပုံကြီးတွေအား...ပြင်သစ်နိုင်ငံ ရုပ်သံ တခုမှအထူးစိတ်ဝင်စားစွာရိုက်က...
21/02/2017

ဒီနေ့...အင်းလေးကန်ရေပြင် ပေါ်ကစိတ်ဝင်
စားစရာ ရေပေါ်အမှိုက်ပုံကြီးတွေအား...
ပြင်သစ်နိုင်ငံ ရုပ်သံ တခုမှအထူးစိတ်ဝင်စားစွာ
ရိုက်ကူးရေးလုပ်နေပါတယ်။
ကျေးရွာအများ ရေသယံဇာတပျက်စီးပြီး
အညစ်အကြေးစွန့်ပစ်မှု မှအစ နိမ့်ကျနေမှုများ
အားတွေ့ရှိရိုက်ကူးမှတ်တမ်းတင်နေ ကြပါတယ်။
မြန်မာနိုင်ငံအရပ်ရပ်နှင့်အင်းလေးဒေသအား
အများဆုံးလာရောက် လည်ပါတ်ကြသော ကမ္ဘာ
လှည့်ခရီးသွားများတွင် ပြင်သစ်လူမျိုးအများဆုံး
ဖြစ်ကြပါတယ်။
အင်းလေးဒေသလူထုအခြေပြု အမှိုက်စနစ်
တကျ စွန့်ပစ်တတ်လာအောင် စည်းရုံးပညာပေး
လုပ်နိုင်ဖို့ ဂျပန်နိုင်ငံလုပ် ပလပ်စတစ်အမှိုက်မီး
ရှိုစက် အသေး(၄)လုံးဝယ်ယူ တပ်ဆင်ပေးဖို့
ရှမ်းပြည်နယ်အစိုးရထံ တင်ပြပါသော်လဲ...စိတ်
ဝင်စားခြင်းမရှိပါကြောင်း.....

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်းလေး ဖောင်တော်ဦး ဘုရားဖူး မြင်ကွင်း။
13/02/2017

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်းလေး ဖောင်တော်ဦး ဘုရားဖူး မြင်ကွင်း။

အင်လေးကန်အတွင်း ရှားပါး ဒေါင်းလန်းခြေထောက်ငှက်မျိုးစိတ် White-headed Stilt ရှာဖွေတွေ့ရှိ(ညောင်ရွှေ၊ ဇန်န၀ါရီ ၂)ရှမ်းပြည်န...
02/01/2017

အင်လေးကန်အတွင်း ရှားပါး ဒေါင်းလန်းခြေထောက်ငှက်မျိုးစိတ် White-headed Stilt ရှာဖွေတွေ့ရှိ
(ညောင်ရွှေ၊ ဇန်န၀ါရီ ၂)
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်း၌ ရေပျော်ငှက်မျိုးစိတ်သစ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက်မျိုးစိတ် White-headed Stilt သစ်ကို တွေ့ရှိမှတ်တမ်းတင်ခဲ့နိုင်ကြောင်း အင်းလေးကန် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော တာဝန်ခံတစ်ဦးထံမှ သိရ သည်။
အဆိုပါငှက်မျိုးစိတ်မှာ ကမ်းခြေစောင့်ငှက်(Shore Bird) အမျိုးအစားဝင်ဖြစ်ပြီး ဒီရေတော၊ ကုန်းတွင်းရေချို ရွှံ့နွံအိုင်များနှင့် ပင်လယ်ကမ်းခြေတို့တွင် အများဆုံးကျက်စားလေ့ရှိသည့် ငှက်မျိုးစိတ်ဖြစ်သည်။ ကမ္ဘာပေါ် တွင် ထိုငှက်မျိုးစိတ်ပေါင်း ၁၂မျိုးရှိပြီး အာရှဒေသ၌ မျိုးစိတ်သုံးမျိုးသာလျှင် တွေ့ရှိရကြောင်း၊ သြစတေးလျ၊ အာရှငှက်မျိုးစိတ်ဖြစ်ပြီး အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၊ ဂျာဗားကျွန်းနှင့် ဘော်နီယိုတို့တွင် ပျော်ပါး ကျက်စားနေထိုင်လေ့ရှိသည့် မျိုးစိတ်ဖြစ်သည်။
ဂျပန်၊ အိန္ဒိယ၊ ဘရူနိုင်းနိုင်ငံတို့တွင် လှည့်လည်ကျက်စားလေ့ရှိသော်လည်း အဆိုပါတိုင်းပြည်များတွင် သားပေါက်မျိုးပွားလေ့မရှိဘဲ ဆောင်းကာလအတွင်း ဆောင်းခိုငှက်သဏ္ဍန်အဖြစ် အခြားဒေသများသို့ ပြောင်းရွှေ့ကျက်စား သားပေါက်မျိုးပွားသော ငှက်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ
ငှက်ကြည့်စင်အနီး ရေပျော်ငှက် မျိုးစိတ်ဖြစ်သည့် ဒေသအခေါ် ဒေါင်းလန်းခြေထောက်ငှက်မျိုးစိတ်တွင် ပါဝင်သည့် အဆိုပါ White-headed Stilt ငှက်နှစ်ကောင်ကို စတင်တွေ့ရှိခဲ့ရကြောင်း၊ ထိုငှက်မျိုးစိတ်မှာ အင်းလေးဒေသတွင်သာမက မြန်မာနိုင်ငံ၏ မှတ်တမ်းသစ်ဝင် ငှက်မျိုးစိတ်တစ်ခုဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ငှက်ကျွမ်းကျင်ပညာရှင်များ ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

ရှမ်းနှစ်သစ်ကူးနေ့ လကွယ်နေ့တွင် ရှမ်းတိုင်းရင်းသားများ ပဒေသာပင် စုပေါင်းလှည့်လည်၂၀၁၆ ခုနှစ် ရှမ်းပြည်နယ်၏ မြို့တော် တောင...
29/11/2016

ရှမ်းနှစ်သစ်ကူးနေ့ လကွယ်နေ့တွင် ရှမ်းတိုင်းရင်းသားများ ပဒေသာပင်
စုပေါင်းလှည့်လည်

၂၀၁၆ ခုနှစ် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၌ ရှမ်းနှစ်သစ်ကူးနေ့ ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တန်ဆောင်မုန်း လကွယ်နေ့တွင် ရှမ်းတိုင်းရင်းသားများ ပဒေသာပင် စုပေါင်းလှည့်လည်ခဲ့ကြရာ အထူး စည်ကားခဲ့ကြောင်း သိရသည်။

Credit~ စည်သာဟိန်း(တောင်ကြီး ) ,Photo FB Image

ရှမ်းနှစ်၂၁၁၁ ခုနှစ် နှစ်သစ်ကူးပွဲတော်နှင့် ရိုးရာ မီးပုံးပျံလွှတ်တင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၁ ရက်အထိ ခြေ...
27/11/2016

ရှမ်းနှစ်၂၁၁၁ ခုနှစ် နှစ်သစ်ကူးပွဲတော်နှင့် ရိုးရာ မီးပုံးပျံလွှတ်တင်ပွဲကို နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၁ ရက်အထိ ခြောက်ရက်တိုင် တောင်ကြီး
မြို့ အဝေယာမီးပုံးပျံကွင်း တွင် ကျင်းပလျက်ရှိသည်။

ရှမ်းနှစ်သစ်ကူးပွဲတော်အား ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် ရိုးရာကောက်သစ်စားပွဲ အထိမ်းအမှတ်အဖြင့် နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်ဟု ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ ဦးစိုင်းဇော်ဇော်ကပြော
သည်။

ယခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျင်းပရန် စီစဉ်ခဲ့ပြီး နယ်မြေဒေသအခြေအနေများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပခြင်းဖြစ်သည်ဟု ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

တောင်ကြီးမြို့ အဝေယာ မီးပုံးပျံကွင်းတွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် နေ့လွှတ် မီးပုံးပျံ ၁၄၁ လုံး၊ ညမီးကြီး အမျိုးအစားပြိုင်ပွဲဝင် မီးပုံးပျံ ၂၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၉ လုံး ၊ ပြိုင်ပွဲဝင် မီးပုံးပျံ စုစုပေါင်း ၁၇၉ လုံး လွှတ်တင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု
အဖွဲ့များ ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ- ဂျွန်ချစ်ငြိမ်း

လက်နက်ကိုင်တပ်ဖွဲ့ များမှ လက်​တည့်​စမ်း ပစ်​သတ်​သွားတဲ့ကိုစိုင်း​နေထွန်း ရုပ်​အ​လောင်းကို ဒီ​နေ့ ​နေ့လည်​ ၁၁၀၀နာရီ ​...
23/11/2016

လက်နက်ကိုင်တပ်ဖွဲ့ များမှ လက်​တည့်​စမ်း ပစ်​သတ်​သွားတဲ့
ကိုစိုင်း​နေထွန်း ရုပ်​အ​လောင်းကို ဒီ​နေ့ ​နေ့လည်​ ၁၁၀၀နာရီ ​ကျောက်​မဲ
သုသာန်​ မှာ မီးသဂြိုဟ်​ မှာ ဖြစ်​ပါတယ်​...
ကိုစိုင်း​နေထွန်းဟာ ရိုးသားတဲ့ ရှမ်းတိုင်းရင်း သား တစ်​ဦးပါ သ​ဘော​ကောင်းပီး လူချစ်​ လူခင်​​ပေါတဲ့ သူတစ်​​ယောက်​ပါဗျာ...
ကားသမားဘ၀ သမာအာဇီဝနည်းနဲ့ မိသားစုကို ရှာ​ဖွေ​ကျွေး​မွေး​နေရင်း မထင်​မှတ်​ တဲ့ ကံကြမ္မာ​ဆိုးနဲ့ကြုံပြီး ပစ်​သတ်​ခံခဲ့ရတာပါ...
သူ​သေဆုံးချိန်​မှာ သူချစ်​တဲ့ ဇနီးနဲ့ သား​လေး ၂​ယောက်​ကို
ထားသွားခဲ့ပါတယ်​...

Cambodia နိုင်ငံတွင် မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရေသဘင်ပွဲတော်(မြစ်စောင့်နတ်ပူဇော်ပွဲ) အတွင်း ပွဲတော်ဆင်နွှဲသူများရဲ့ မဆင်မ...
15/11/2016

Cambodia နိုင်ငံတွင် မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရေသဘင်ပွဲတော်(မြစ်စောင့်နတ်ပူဇော်ပွဲ) အတွင်း ပွဲတော်ဆင်နွှဲသူများရဲ့ မဆင်မခြင် အမှိုက်စွန့်ပြစ်မှုများကြောင့် နိုင်ငံဂုဏ်သိက္ခာကျဆင်းခဲ့ရ

Credit to Simon Htoo Thant

"မြင်အောင်ကြည့်ပါ။"*********************စကားပြော ကြမ်းသူဟာလည်းသိမ်မွေ့တဲ့ နှလုံးသားရှိနိုင်တယ်၊စကားပြော နူးညံ့သူဟာလည်းရက...
08/11/2016

"မြင်အောင်ကြည့်ပါ။"
*********************
စကားပြော ကြမ်းသူဟာလည်း
သိမ်မွေ့တဲ့ နှလုံးသားရှိနိုင်တယ်၊

စကားပြော နူးညံ့သူဟာလည်း
ရက်စက်တဲ့ နှလုံးသားရှိနိုင်တယ်။

အထင်ဆိုတာ
အမြင်နဲ့ ဆုံးဖြတ်ရတာ မဟုတ်ဘူး။

အသိဥာဏ်နဲ့ ဆုံးဖြတ်ရတာ။

တစ်ခါတစ်လေ
တစ်ဖက်လူရဲ့ ဆက်ဆံမှု
အနေအထားကို မကြည့်ဘဲ
ဘာကြောင့်ဆိုတဲ့
အတွင်းစိတ်ကို
မြင်အောင်ကြည့်ပါ။

ဒါမှ

အမြင်နဲ့ အထင် မလွဲမှာ။

Credit PPA

သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ဈေးမီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းအားလုံး မီးလောင်ဆုံးရှုံး7.11.2016ရှမ်းပြည်နယ် (...
07/11/2016

သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် ဈေးမီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းအားလုံး မီးလောင်ဆုံးရှုံး

7.11.2016

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် နိုဝင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်က နမ့်လန်ကျေးရွာရှိ စည်ပင်သာယာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နမ့်လန်ကျေးရွာ စည်ပင်သာယာဈေးရှိ ဈေးဆိုင်ခန်းအားလုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်က ဈေးလည်းပိတ်ပြီးပြီ။ ဈေးတံခါးတွေလည်း အကုန်လုံးသော့ခတ်ပြီးပြီ။ ဈေးအလယ်လောက်ကနေ စလောင်တာပေါ့။ မီးလောင်မှုကို
ငြှိမ်းသတ်ဖို့ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နောင်မွန်ကနေ မီးသတ်ကားတွေလာပြီး ငြှိမ်းသတ်ကြပါတယ်။ ဈေးဆိုင်ခန်းတွေ တစ်ဈေးလုံးလည်း အကုန်လုံး လောင်သွားပါတယ်။ ဘေးအိမ်တွေကိုတော့ မီးမကူးပါဘူး” ဟု ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က ပြောကြားသည်။

“ဈေးရဲ့ လေးဖက်လေးတန်က မီးလောင်ကျွမ်းနေတဲ့အရာတွေကို ဘူဒိုဇာနဲ့အထဲက တွန်းပို့နေတယ်။ ဘေးပတ်ဝန်းကျင်ကို မီးမကူးနိုင်အောင်လို့။ ညနေ ၆ နာရီခွဲလောက်ကနေ မီးစလောင်တာ။ ည ၈ နာရီခွဲထိကို မီးတောက်တွေက တဟုန်းဟုန်းတက်နေတုန်း။ ၉ နာရီခွဲလောက်ရောက်မှ မီးတောက်ကြီးက
ကျသွားတယ်။ စိတ်ချရတဲ့ အနေအထား ဖြစ်သွားတယ်။ ဈေးအလယ်မှာတော့
လောင်နေတုန်းပဲ။ ဘေးပတ်ဝန်းကျင်အိမ်တွေကို မလောင်နိုင်တော့ပါဘူး။
အိမ်တွေကတော့ တစ်အိမ်မှ မီးမကူးပါဘူး။ တခြားမြို့က မီးသတ်ကားတွေ
ရောက်လာမှပဲ မီးကိုနိုင်သွားတာ။ ဆိုင်ခန်းပေါင်းက ၃၀၀ ကျော်ရှိပါတယ်။
မီးစလောင်တာက ဈေးအလယ်ကောင်ကနေ စပြီးလောင်တာပါ” ဟု
နမ့်လန်ကျေးရွာမှ စိုင်းဆမ်လင်းက ဆိုသည်။

နမ့်လန်ကျေးရွာသည် ရပ်ကွက် (၁၁) ရပ်ကွက်နှင့် အိမ်ခြေပေါင်း ၄၀၀၀ ကျော်ရှိပြီး ယခုမီးလောင်ကျွမ်းသွားသော နမ့်လန်ဈေးသည် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။

Writer: ထွန်းနေလှိုင် (နောင်ပိန်)

မြန်ပြည်တလွှား စကိတ်စီးသူများ7.11.2016Golden Skate Odyssey ကို နိုဝင်ဘာ ၇ ရက် ဒီနေ့ တနင်္လာနေ့မှာ စမယ်လို့ redbull.com ကတဆင...
07/11/2016

မြန်ပြည်တလွှား စကိတ်စီးသူများ

7.11.2016

Golden Skate Odyssey ကို နိုဝင်ဘာ ၇ ရက် ဒီနေ့ တနင်္လာနေ့မှာ စမယ်လို့ redbull.com ကတဆင့် သိရပါတယ်။ စကိတ်သမားတွေ ဖြစ်တဲ့ Chris Haslam, Max Garson, Patrick Rogalski, George Poole နဲ့ Matt Débauché တို့ဟာ ရန်ကုန်ရဲ့ စကိတ်ဘုတ်ယဉ်ကျေးမှုကို အားပေးပျိုးထောင်သူ ဗြိတိသျှစကိတ်သမား Ali Drummond နဲ့ ပေါင်းပြီး ၃ ပတ်ကြာ မြန်မာပြည်ပတ်ပြီး စကိတ်ဘုတ်စီးကြပါလိမ့်မယ်။ redbull.com က ဓာတ်ပုံဆရာ Kev Metallier ကို လွှတ်ပြီး ဓာတ်ပုံရိုက်ခိုင်းထားပါတယ်။ အခုဖော်ပြထားတဲ့ ဓာတ်ပုံတွေက အမြည်းဖြစ်ပါတယ်။ သူတို့ စကိတ်စီးတဲ့ဓာတ်ပုံတွေနောက်
လိုက်ချင်ရင် ဆိုရှယ်မီဒီယာမှာ SkateMyanmar လို့ရိုက်ပြီး ရှာနိုင်ပါမယ်။

သံလျှင် သဘာဝတရားရိပ်သာကို ရောက်တုန်းက တွေ့မြင်ခဲ့ရတဲ့ပုံလေးတွေကို အံ့သြမှု၊ဝမ်းသာမှုတွေနဲ့ တွေ့လိုက်ရပါတယ် ။ကျနော်က ဖိုး၊ဖ...
06/11/2016

သံလျှင် သဘာဝတရားရိပ်သာကို ရောက်တုန်းက တွေ့မြင်ခဲ့ရတဲ့ပုံလေးတွေကို အံ့သြမှု၊ဝမ်းသာမှုတွေနဲ့ တွေ့လိုက်ရပါတယ် ။
ကျနော်က ဖိုး၊ဖွားတို့ရဲ့လိုအပ်ချက်တွေ ၊ အိပ်ဆောင်တွေရဲ့အခြေအနေ နဲ့ သန်ရှင်းရေး၊ကျန်းမာရေးတို့ကို လိုအပ်တာတွေ လှူဒါန်းရန် စာရင်းပြုစုနေတဲ့အချိန်ပါ ။
အဲဒီအချိန်မှာ Austriliaကလာတဲ့အမျိုးသမီးလေးက weel-chairတွန်းလာတယ် ။
အဆောင်ထဲက အဖိုးကိုခုံပေါ်ကိုမနိုင့်တနိုင်တင်နေတာတွေ့လို့ ကျနော်လည်းဝင်ကူမိပါတယ်။
အဲဒီအချိန်လေးမှာ Germanyက အမျိုးသားရောက်လာပြီး အဖိုးကို ရေချိုး သန့်ရှင်းရေးလုပ်ကြပါလေရော ။အမှန်အတိုင်းပြောရရင် ။။။။
ကျနော် ရှက်သွားတယ်ဗျာ ။
ကိုယ့်လူမျိုးကို ကျနော်တို့က မစောင့်ရှောက်နိုင်ကြဘူး ။ရေခြား၊မြေခြား နိုင်ငံရပ်ခြားက လာပြီး မရွံမရှာနဲ့ ပြုစုတယ်၊၊ရေချိုးပေးနေကြတယ် ။
နိုင်ငံခြားသားက အဲ့ ၂ယောက်ဘဲထင်နေတာ ။မဟုတ်ဘူးဗျ ။တစ်ရက်ကို အယောက် ၅၀လာပါတယ်တဲ့ ။
တစ်ယောက်ပြီးသွားရင် ၊နောက်တစ်ဆောင်ကိုကူးတယ် ။မကျန်းမာ၊မလှုပ်ရှားနိုင်တဲ့ အဖိုးကြီးတွေ၊အဖွားကြီးတွေကို ပြုစုဖို့လုပ်ကြပြန်တယ် ။
ဘယ်လောက်တောင် အခေါက်ပေါင်းများစွာ ရောက်နေလဲမသိဘူး ။ဖိုး၊ဖွားတို့ရဲ့ နံမည်ကအစ သိနေကြပြီ ။မလေးစားဘဲ မနေနိုင်ဘူးဗျာ ။
ပြီးတော့ သတိထားမိတာတစ်ခုရှိသေးတယ် ။
နိုင်ငံခြားသားဝတ်ထားတဲ့အင်္ကျီပေါ်မှာ အမေစုပုံနဲ့ NLDတဆိပ်ဘဲလေ ။
သူတို့ရဲ့ ပရဟိတစိတ်ကို လေးစားလွန်းလို့ ဒီစာလေးကို ရေးလိုက်တာပါ ။
ကိုကိုလွင်(ရန်ကင်းOnlineပရဟိတအသင်း)

06/11/2016

Adresse

Paris

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque အင်းလေးမီဒီယာ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager

Type