ပုဂံအွန်လိုင်းမီဒီယာ

ပုဂံအွန်လိုင်းမီဒီယာ မြန်မာတွေအားလုံးရဲ့ ပုဂံ

ပုဂံ ရှုခင်းတကွက်
24/11/2016

ပုဂံ ရှုခင်းတကွက်

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ။9.11.2016ရခိုင်ပြည်နယ်၊ေ...
09/11/2016

မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား
ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ။

9.11.2016

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည် စခန်းအတွင်း နေထိုင်သူများအနက် အချို့သောသူများသည် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများအား ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက် စစ်ဆေးရှာဖွေရာ နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၁
နာရီတွင် စခန်းနေ ဖေမာမောက်(ဘ) အာဇီရာမောက်နှင့် ရှော်ရှီတာမောက်(ဘ) ကာဆီ တို့ ၂ ဦးအား ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

(မြ၀တီ)

ပိုက်​ဆံခိုးသည်​ဟု စွပ်​စွဲကာ ၆တန်း​ကျောင်​သားအား မတရား ရိုက်​နှက်​မှုဖြစ်​ပွား========================================စ...
07/11/2016

ပိုက်​ဆံခိုးသည်​ဟု စွပ်​စွဲကာ ၆တန်း​ကျောင်​သားအား မတရား ရိုက်​နှက်
မှုဖြစ်​ပွား
========================================
စစ်​ကိုင်းတိုင်း ကန်​ဘလူ မြို့နယ်​ ၀က်​တိုး​မြောက်​​ကျေးရွာအုပ်​စု ​​ညောင်​​ပေါင်​ရင်း​ကျေးရွာ​နေ (ဘ) ဦး​မောင်​ချို (မိ) ​ဒေါ်ညွန့်​ပို တို့၏သား ​မောင်​​ဝေမျိုး ဦး (၆) တန်း​ကျောင်းသားသည်​။

ကန့်​ဘလူမြို့နယ်​ ကာဘိုး စံပြ​ကျေးရွာရှိ အင်​အားမြှင့်​ ​ဘော်​ဒါရှိ ဆရာ
တစ်​ယောက်​မှ 2.11.2016 ​နေ ည အချိန်​မှ ပိုက်​ဆံခိုးသည်​ ဆိုကာ မျက်​နှာအား လက်​သီးဖြင့်​ ၃ချက်​ ထိုးနှက်​ သံပိုက်​ဖြင့်​ ​ခြေသလုံးတို့အား ရိုက်ပီး
က​လေးရဲ့ မိဘများထံ ဖုန်းဆက်​ပီ ပိုက်​ဆံခိုး​ကြောင်း လာ​ခေါ်ကြပါရန်
ဖုန်းဖြင့်​ ဆက်​သွယ်​ သဖြင့်​ 3.11.2016 နေနံနက်​မှာ မိဘများသွား​ခေါ်ပီ
အပြန်​မှာ ​ကျောင်းသားဖြစ်​သူ ​မောင်​​ဝေမျိုးဦးမှ ဖြစ်​​ကြောင်းအကုန်​​ပြောပြ
သည်​မှာ

" သားကို ပိုက်​ဆံခိုးတယ်​​ပြောပီးလက်​သီးနဲ့ထိုး ပိုက်​နဲ့၊ရိုက်ပြီး​တော့ ငါတို့ က
ရိုက်​တယ်​​ပြောရင်​ ဇီးကုန်း ရဲစခန်​ကို ဖမ်းခိုင်းမယ်​ မင်းတို့မိဘ​တွေ​ပြောရင် မင်းတို့ကို သတ်​မှာလို့ ခြိမ်း​ခြောက်​သဖြင့်​ က​လေးမှာ ​ကြောက်​ရွံ့စွာ​ရှိ​နေသည်​ ယ​နေ့ က​လေးမှာ လက်​သီးနှင့်​ ထိုးထားသည့်​ဒဏ်​ရာ ​ကြောင့်​ မျက်​စိ
မဖွင့်နိုင်တော့ပါ။

လူမဆန်​စွာ ရိုက်​နှက်​​သော အင်​အားမြှင့်​​ဘော်​ဒါ အ​နေဖြင့်​ 7.112016
နေ့မနက်​ဖန်​မှာ လာ​ရောက်​ပြီး တာဝန်​ယူမှု တာဝန်​ခံမှု မရှိလျှင်​ ​ကျောင်းသား
မိဘများ အ​နေဖြင့်​ အမှုဖြင့်​ ဖွင့်​ သွားမည်​ဟု ကျွန်​​တော်​ထံသို့ ဆက်​သွယ်
အ​ကြောင်းကြားအကူညီ ​တောင်းထားပါဖြင့်​ကျွန်​​တော်​ထဲမှ သူငယ်​ချင်းများ
အ​နေဖြင့်​ က​လေး သူငယ်​ များ မတရား ရိုက်​နှက်​ခြင်းမှ ကင်း​ဝေး​စေရန်
ဝိုင်းဝန်းကူညီ ​ပေးကြပါရန်​။

မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ ရွှေမှုံရတီ
06/11/2016

မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ ရွှေမှုံရတီ

05/11/2016
မော်လမြိုင်မြို့ ရခိုင်ကုန်းဈေးရှေ့နား ကားနဲ့ဆိုင်ကယ်တိုက် 5.11.20164.11.2016 : နံနက် 9:15 AM အချိန်ခန့် မော်လမြိုင်မြိ...
05/11/2016

မော်လမြိုင်မြို့ ရခိုင်ကုန်းဈေးရှေ့နား ကားနဲ့ဆိုင်ကယ်တိုက်

5.11.2016

4.11.2016 : နံနက် 9:15 AM အချိန်ခန့် မော်လမြိုင်မြို့
မော်လမြိုင် - မုဒုံသွားလမ်းမကြီးပေါ် ရခိုင်ကုန်းဈေးရှေ့
ကားနဲ့ ဆိုင်ကယ်တိုက်မှု့ ဖြစ်ပွားခဲ့။ ဆိုင်ကယ်က အတည့် မောင်းလာပြီး ကားက အကွေ့မှာ တိုက်မိတာ လို့ ပတ်ဝန်းကျင် သက်သေတွေက ပြောပါတယ်။ ဆိုင်ကယ်သမား ဦးခေါင်းကွဲ ဒဏ်ရာရ။
မြန်မာနိုင်ငံလူမှု့ကယ်ဆယ်ရေး မော်လမြိုင် Rescue အဖွဲ့မှ ဒဏ်ရာရ လူနာအား အရေးပေါ် ပြုစုကုသမှု့များ ဆောင်ရွက်ပေးပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မှီ ပို့ဆောင် ပေးခဲ့ပါသည်။

Zin Moe (ဟန်ကို)

04/11/2016

လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်နေစဉ်အတွင်းလျှပ်စစ်မီးများဖြတ်တောက်ထား
မည်။

5.11.2016

ကချင်ပြည်နယ်၊မိုးကောင်းမြို့လျှပ်စစ်ဓာတ်အားလိုင်းခွဲရုံတွင် မိုးကောင်း၊ဖားကန့်(၆၆ KV)ဓာတ်အားပို့လွှတ်ရန် Switch Bay တည်ဆောက်နေပါသည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း (၅.၁၁.၂၀၁၆)ရက်နေ့နံနက်(၈)နာရီမှ
နေ့လည်(၁၂)နာရီအထိလျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။

သတင်း
မိုးကျော်သူ
မြို့နယ်လျှပ်စစ်မှူး(ချီဖွေ)

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ်တစ်လုံးမီးလောင်၊ လူတစ်ဦးသေဆုံး4.11.2016ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ခိုင်ကမ်းအားကစားရ...
04/11/2016

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ်တစ်လုံးမီးလောင်၊ လူတစ်ဦးသေဆုံး

4.11.2016

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ခိုင်ကမ်းအားကစားရုံအောက် ရှိ ကေထေဘိုရပ်တွင် နိုဝင်ဘာ ၄ ရက် နံနက် ၀၅း၄၅ ချိန်ခန့် က နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လျှပ်စစ်ပေါင်းအိုးအပူလွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်ပွားကာ (၂၅×၂၀)ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(နှစ်ထပ်) နေအိမ်အပေါ်ထပ်အားလုံး မီးလောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုကြောင့် အပေါ်ထပ်တွင် အိပ်ပျော်နေသော အဘဦးဇာအဲရ်၏သား အိမ်ပိုင်ရှင်ဦးကျုံးအုပ် အသက်မှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်4.11.2016မောင်တောမြို့နယ်နူရုလ္လ...
04/11/2016

မောင်တောရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူမှာ
ဒုတပ်ကြပ် အဆင့်ရှိသူများဖြစ်

4.11.2016

မောင်တောမြို့နယ်နူရုလ္လာ ရဲကင်းစခန်းတိုက်ခိုက်ခံရ၍ သေဆုံးသွားသူနှင့်
ဒဏ်ရာ ရရှိသူတို့မှာ ဒုတပ်ကြပ်အဆင့်ရှိသူများ ဖြစ်ကြသည်ဟု သိရသည်။
မောင်တောခရိုင် ပြန်/ဆက်က ပေးပို့သော MOI သတင်းအရ သေဆုံးသူမှာ ရဲဒုတပ်ကြပ် မင်းမင်းစိုး ဖြစ်ပြီး ယာဘက် နံဘေးတွင် သေနတ် ဒဏ်ရာ ၂
ချက်၊ ယာဘက်လက်တွင် ၁ ချက်၊ ယာဘက်လက်ဖျန်ရိုး ၂ ချက်၊ ဝဲနံဘေးတွင် ၁ ချက် သေနတ် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာ ရရှိပြီး ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသူမှာ ရဲတပ်ကြပ် မျိုးဇော်ကို ဖြစ်သည်။
သူ့တွင် ရရှိသော သေနတ် ဒဏ်ရာမှာ ဝဲဘက်နံဘေးကို ပေါက်ထွက်ကာ ဝမ်းဗိုက်ထိမှန်ပြီး ညာဘက်ကို ပေါက်ထွက်သွားခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိ
ပြီး မောင်တောမြို့ပြည်သူ့ ဆေးရုံးကြီးသို့ ည ၉ နာရီ ၂၀ မိနစ်တွင် အရေးပေါ်ခွဲစိတ် ကုသမူ ခံယူနေကြောင်း သိရှိရသည်။

နိုဝင်ဘာလ ညနေ ၅း၄၅ မိနစ်တွင် အမည်မသိ ဘင်္ဂါလီငါးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့် စခန်းရှေ့တွင် ရပ်ကာ သေနတ်တိုဖြင့် ၁၀ချက်၁၅ ချက်နီးပါးပစ်ခတ်ခဲ့ရာမှ ယခုလို ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ဖြစ်သည်။

သတင်း - Narinjara

(ဓာတ်ပုံ- မောင်တောပြန်ဆက်)

ဝဋ်ဆိုတာလည်တတ်တယ်လို့ဆိုလိုက်တဲ့ နန်းသီရိမောင်3.11.2016မော်ဒယ်နန်းသိရိမောင်က သူမ့ကိုအပုတ်ခတ်ပြီး စော်ကားနေတဲ့ အမျိုးသမီး...
03/11/2016

ဝဋ်ဆိုတာလည်တတ်တယ်လို့ဆိုလိုက်တဲ့ နန်းသီရိမောင်

3.11.2016

မော်ဒယ်နန်းသိရိမောင်က သူမ့ကိုအပုတ်ခတ်ပြီး စော်ကားနေတဲ့ အမျိုးသမီးကို သတိပေးတဲ့အနေနဲ့ အခုလိုတုန့်ပြန့်ပြောဆိုလိုက်ပါတယ်။
“ မင်္ဂလာပါရှင့် ချစ်ပရိသတ်ကြီးရေ။ နန်းနန်းကို စိတ်ပူပြီး သတင်းမေးကြတဲ့အတွက် နှုတ်ဆက်လာကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ တစ်ယောက်ခြင်းဆီတိုင်းကို ပြန်မပြောပေးနိုင်တဲ့အတွက် နန်းနန်းကို ခွင့်လွတ်နားလည်ပေးပါရှင့်။ အာ့လောက် နန်းနန်းကို ချစ်ကြမှန်း ခုမှသေချာသိလိုက်ရတယ်လို့။ နန်းနန်းကိုမိုက်ရိုင်းတဲ့ အမအတွက်လဲ လက်ဆောင် စကားပုံလေးတွေ လက်ဆောင်ပါးချင်ပါတယ်။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေတဲ့။ သူများဘဝကို အပုတ်ချချင်ရင် နောက်ဘဝတောင် မကူးအောင် ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာ။ အမဘဝကို ပြန်သတ်ခဲ့တာ အရမ်းရိုင်းဆိုင်းတဲ့ နှုတ်သီးရယ် တခုခုဆို အကြီး အငယ်မရှောင် ရိုင်းဆိုင်းဖို့အရင် လုပ်တတ်တာ လက်ပါချင်တာ လူကြီးမိဘကို မရိုသေတာ ယောက်က္ခမကို ပြန်အော် ပြန်ဆဲပြီး အစေခံလို ခိုင်းခဲ့တာတွေ အာ့တွေ ပြင်ပေါ့။ အကျင့်ဆိုတာ ပြင်လို့ရပါတယ်။ ဒီအရွယ်ကြီးထိလဲရောက်နေပြီလေ။ တရားရသင့်နေပါပြီ။ ပြီးတော့ ကွာရှင်းစာချုပ်ထဲမှာ အပိုင်းမှာ ရေးထားတာလေးတွေ သေချာပြန်ဖတ်ကြည့်ပါအုံးနော်။ ရှင်ဆက်ပြီး တစုံတခု နှောင့်ယှက်ခဲ့ရင် ရှင့်ကို ထောင်ထဲပို့လို့ရတယ်ဆိုတာ တရားစွဲရင်တောင် တရားရေးမှာ ကုန်ကျသမျှ ရှင့်ဘက်ကပဲခံရမယ်ဆိုတာ။ ကျွန်မကိုစော်ကားတာ ၂ခါရှိပြီနော်။ နောက်တခါထပ်စော်ကားရင် တရားရုံးမှာ တွေ့ကြတာပေါ့။ ကျွန်မ အထောက်အထားတွေ အကုန်ယူထားတယ်။ ကျွန်မ တိုင်ချက်ဖွင့်ဖို့
အသင့်ပဲ။ နောက်တခု ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုတာ ရှေ့တမျိုး
ကွယ်ရာတမျိုးမရဘူးရှင့်။ အပြုံးထဲမှာလဲ ကောက်ကျစ်ပြုံးတွေနဲ့ လူတွေကို
မနှုတ်ဆက်မိစေနဲ့ပေါ့။ ကြာရင် အဖော်မဲ့မှာ စိုးလို့ပါ။ အခုလို ကျွန်မ့ကို
အရင်ကထက် အရမ်းကျော်ကြား လူချစ်များအောင် လုပ်ပေးတဲ့အတွက်
ကျေးဇူးပါရှင့်။
ကျွန်မပရိသတ်တွေက ငတုံးတွေ မဟုတ်ဘူးရှင့် ။ ကျွန်မကို ဘယ်လောက်ချစ်
ကြတယ်ဆိုတာ သိလား။ စိတ်ကောင်းလေး ထားပေါ့ရှင့် ”

ဘုန်းဟိန်းသွေး ( MOMOLAY )

ပျော်ဘွယ်-နတ်မောက်လမ်းတွင် ခရမ်းချဉ်သီးတင်ယာဉ် တိမ်းမှောက်2.11.2016မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအနီ...
02/11/2016

ပျော်ဘွယ်-နတ်မောက်လမ်းတွင် ခရမ်းချဉ်သီးတင်ယာဉ် တိမ်းမှောက်

2.11.2016

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နဘူးကွဲကျေးရွာအနီး ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၅ နာရီခွဲခန့်က နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ် ၃၈/၁နှင့် ၃၈/၂ကြားတွင် ခရမ်းချဉ်သီး တင်မော်တော်ယာဉ်တစ်စီး
တိမ်းမှောက်ခဲ့ကြောင်း ယင်းမြို့နယ်ရှိ စိုင်းကောင်းနယ်မြေရဲစခန်းမှ သတင်း
ရရှိသည်။
အဆိုပါယာဉ်မှာ ညောင်ရွှေမြို့မှ တောင်တွင်းကြီးမြို့သို့ မောင်းနှင်လာခြင်းဖြစ်
ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဦးဝင်းမြင့်ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ယာဉ်(ပ) ၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - ပေါ်ဦး

Adresse

Paris

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ပုဂံအွန်လိုင်းမီဒီယာ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager

Type