Don Protasio Clothing

Don Protasio Clothing Don Protasio clothing designs. Showroom by appointment. Clothing designed and created in Phnom Penh, Cambodia by Don Protasio. Formerly based in Siem Reap.

27/05/2026
14/05/2026
04/02/2026
15/01/2026
27/12/2025



10/12/2025
10/12/2025

Défilé de mode - Fashion Show at IFB

🇲🇲 ဖက်ရှင်သည် အဝတ်အစားဆိုသည်ထက် ပိုသည်။ ဖက်ရှင်သည် အ‌ရောင်အလင်း၊ အထည်အသားနှင့် လှုပ်ရှားမှုတို့၏ ဘာသာစကားတစ်ခုဖြစ်သည်။ ယင်းဘာသာစကားကို စိတ်ကူးပုံဖော်ထားသည့်အတိုင်း အသက်သွင်းမည့် Défilé de mode (ဖက်ရှင်ပွဲ) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ စနေနေ့၌ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) ဥယျာဉ်ဝင်းထဲတွင် ခမ်းခမ်းနားနားကျင်းပသွားမည် ဖြစ်ပါသည်။

BIODERMA နှင့် ပူးပေါင်း ကျင်းပသွားမည့် ညနေခင်းသည် ဖက်ရှင်လျှောက်လှမ်းခြင်း တစ်ခုတည်းသာမက ဆန်းသစ်တီထွင်မှု၊ အနုပညာမြောက်မှုနှင့် ဖက်ရှင်ချစ်သူများ တစ်နေရာတည်း၌ ဆုံတွေ့နိုင်မှုတို့ကို စုစည်းပေးမည့် အခိုက်အတန့်တစ်ရပ်လည်း ဖြစ်မည် ဖြစ်ပါသည်။

-------------------------------

Défilé de mode - Fashion Show at IFB

📅 ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ စနေနေ့
🕙 ညနေ ၅း၃၀ နာရီတွင် ဝင်းတံခါးများ ဖွင့်ပါမည်။
📍 ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) ၏ ပင်မဥယျာဉ်
🎟 ဝင်ခွင့်လက်မှတ်တစ်စောင်လျှင် ၂၅,၀၀၀ ကျပ်

✅ ကြိုတင်လက်မှတ်များကို ပြင်သစ်ယဉ်ကျေးမှုဌာန၏ ဧည့်ကြိုဌာန၌ ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ လက်မှတ် ဝယ်ယူလိုပါက +95 9 40659 6611 သို့ ဆက်သွယ်၍ ဖြစ်စေ၊ [email protected] သို့ အီးမေးပေးပို့၍ ဖြစ်စေ၊ ဝယ်ယူနိုင်ပါသည်။

🍷 လက်မှတ်တစ်စောင်အတွက် ဝိုင်နှစ်ခွက် အခမဲ့

⚠️ လက်မှတ်အရေအတွက် အကန့်အသတ် ရှိသည် ဖြစ်၍ တက်ရောက်လိုပါက အမြန်ဝယ်ယူထားရန် တိုက်တွန်းအပ်ပါသည်။

-------------------------------

ဖက်ရှင်ညနေခင်းအစီအစဉ်၌ ဖက်ရှင်ဒီဇိုင်းနယ်ပယ်တွင် ထင်ရှားသော ပြည်တွင်းပြည်ပမှ ပညာရှင်သုံးဦး၊ တက်သစ်စ ဒီဇိုင်းပညာရှင် ငါးဦး၏ လက်တွေ့အသုံးချနိုင်မှု (Functional) နှင့် ခံ့ညားလှပမှု (Chic) တို့ ပေါင်းစပ်ထားသော ဆွဲဆောင်မှုရှိလှသည့် ဖက်ရှင်ဒီဇိုင်းတင်ဆက်မှုပေါင်း လေးဆယ်ကျော် ပါဝင်မည် ဖြစ်ပြီး ဖက်ရှင်လျှောက်လှမ်းခြင်းအပြင် တိုက်ရိုက် တေးဂီတဖျော်ဖြေမှု၊ အကတင်ဆက်မှုများဖြင့် စီးမျောနိုင်မည့် အစီအစဉ်များကိုလည်း ပရိတ်သတ်များ နှစ်ခြိုက်စွာ ခံစားနိုင်မည်ဖြစ်ပါသည်။

📌 ဖက်ရှင်လျှောက်လှမ်းမည့် ဒီဇိုင်းများ
▪️ Functional Chic - ကျား၊ မ,မရွေး နေ့စဉ်ဝတ်ဆင်နိုင်သော အဝတ်အစားများကို လက်တွေ့ကျမှု၊ ခံ့ညားမှုတို့ဖြင့် ဟန်ချက်ညီစွာ ဒီဇိုင်းထုတ်ထားသော ဖက်ရှင်လျှောက်လှမ်းမှုများ

📌 ပြည်တွင်းမှ တက်သစ်စ ဒီဇိုင်နာမောင်မယ်များ
▪️ A Win (M_ONT)၊ Myat Noe Khit (BE EXQUISITE)၊ Lovely Barua၊ Khin Yadanar Ko နှင့် Kennes
▪️ ၎င်းတို့ ငါးဦးသည် ပြင်သစ်-ဂျာမန်ယဉ်ကျေးမှုရန်ပုံငွေအောက်၌ Goethe-Institut Myanmar နှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့သော Fashion Training Programme ဆင်း သင်တန်းသူ၊ သင်တန်းသားများ ဖြစ်ကြပါသည်။ Fashion Training Programme ကို ၂၀၂၃၊ အောက်တိုဘာမှ ၂၀၂၄၊ မေလအထိ ပထမအသုတ်၊ ၂၀၂၄၊ ဩဂုတ်လမှ ဒီဇင်ဘာအထိ ဒုတိယအသုတ် ဖွင့်လှစ်ပေးခဲ့ပြီး ထူးချွန် သင်တန်းသားသင်တန်းသူ ရှစ်ဦး မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ယင်းတို့အနက် မဝင်းဝင်းမြတ် (A Win) သည် ပြင်သစ်-ဂျာမန်ယဉ်ကျေးမှုရန်ပုံငွေက ချီးမြှင့်သော ထောက်ပံ့ဆုကိုပါ ရရှိခဲ့ပါသည်။

📌 ပြည်တွင်းပြည်ပမှ ထင်ရှားသော ပညာရှင်များ
▪️ SHARTRA (မြန်မာ) - ရိုးရာနှင့် ခေတ်သစ်ကို ရောစပ်ဖန်တီးထားသည့် လက်ရာများဖြင့် လူသိများပြီး ဆန်းသစ်တီထွင်မှုများဖြင့် မြန်မာ့ဖက်ရှင်လောကကို အဆင့်မြှင့်တင်ပေးခဲ့သူများအနက် တစ်ဦးအပါအဝင် ဖြစ်ပါသည်။
▪️ Don Protasio (ကမ္ဘောဒီးယား) - အရှေ့တောင်အာရှ ဖက်ရှင်လောကတွင် ရှေ့တန်းတစ်နေရာမှ ပါဝင်နေသူတစ်ဦး ဖြစ်ပြီး အမျိုးသားဝတ်စုံများကို ရဲရဲဝံ့ဝံ့ ဖန်တီးရာတွင် ကျော်ကြားသည့် ဒီဇိုင်နာတစ်ဦး ဖြစ်ပါသည်။ ဖနောင်ပင်ဒီဇိုင်နာများအပတ်စဉ်ကို စတင်ခဲ့သူလည်း ဖြစ်ပါသည်။
▪️ Thihan Kyaw - TYTENIUM (မြန်မာ) - TYTENIUM ၏ ဖန်တီးမှုဒါရိုက်တာအဖြစ် မြန်မာ့အမွေအနှစ်များကို ဂုဏ်ယူစွာ ထိန်းသိမ်းရင်း ခေတ်သစ်လှပမှုပုံစံတစ်ရပ်‌အဖြစ် ပြောင်းလဲဖန်တီးပေးနေသူ ဖြစ်ပြီး အတိတ်သမိုင်းနှင့် ဆန်းသစ်တီထွင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ပေးသည့် ဒီဇိုင်းများ ဖန်တီးပေးနေသူ ဖြစ်ပါသည်။

📌 အကတင်ဆက်မည့် အနုပညာအဖွဲ့များ
▪️ FYC၊ Artis-Hood၊ NFYB နှင့် DWM Dance Academy

📌 တိုက်ရိုက်တေးဂီတ ဖျော်ဖြေမှုများ
▪️ GUNN၊ Amera Hpone နှင့် Myanmar Contemporary Ensemble

✅ ရှင်သန်နေသော ပုံပြင်တစ်ပုဒ် ဖြစ်လာမည့် Défilé de mode (ဖက်ရှင်ပွဲ)ကို မျက်ဝါးထင်ထင် ကြည့်ရှုခံစားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

-------------------------------

‼ သတိပြုရန် ။ ။ ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်း ယာဉ်ရပ်နားရန် နေရာ မရှိပါ။

********************

********************

🇬🇧 Défilé de mode - Fashion Show at IFB

Fashion is more than fabric; it is a language of silhouettes, textures, and movement. On Saturday 13 December 2025, the Institut français de Birmanie (IFB) is presenting Défilé de mode, a fashion show that brings this language vividly to life.

Held in collaboration with BIODERMA, the evening transcends the runway, offering not just a showcase of style but a cultural gathering where creativity and community meet.

-------------------------------

Défilé de mode - Fashion Show at IFB

📅Saturday 13 December 2025
🕙Doors open at 5:30 PM
📍At Main Garden of Institut français de Birmanie (IFB)
🎟 Entry: 25,000 MMK per ticket

✅ Tickets are now available at the IFB Reception.

🎟 To purchase, please call +95 9 40659 6611 or email [email protected]

🍷 Includes two complimentary glasses of wine

⚠️ Limited tickets

-------------------------------

This distinguished evening will honour fashion as a universal language expressed through silhouettes, textures, and movement. The programme will feature a curated presentation of designers, brands, and collections, including five emerging Myanmar talents trained under the Franco-German funded Fashion Training Programme, alongside established local and international figures. In addition to the runway showcase, the evening will be further enriched by live music and dance performances, offering a vibrant cultural experience where creativity and community converge.

📌Theme
▪️ Functional Chic - Ready-to-wear unisex outfits designed to balance practicality with elegance.

📌Local Talents
▪️ A Win (M_ONT), Myat Noe Khit (BE EXQUISITE), Lovely Barua, Khin Yadanar Ko, and Kennes
▪️ They are the proud graduates of the Fashion Training Programme, a joint initiative of the Goethe-Institut Myanmar and the Institut français de Birmanie under the Franco-German Cultural Fund. Conducted in two phases, October 2023 to May 2024 and August to December 2024, the programme nurtured eight promising young talents. Among them, Win Win Myat (A Win) distinguished herself, earning the opportunity to receive a grant from the Franco-German Cultural Fund.

📌 Established Designers and Brand:
▪️ SHARTRA (Myanmar): Renowned for blending tradition with modernity, SHARTRA has elevated Myanmar’s fashion scene through innovative collections and acclaimed achievements.
▪️ Don Protasio (Cambodia): A leading figure in Southeast Asia’s fashion industry, Protasio is celebrated for bold, luxurious menswear and his pioneering role in Phnom Penh Designers Week.
▪️ Thihan Kyaw - TYTENIUM (Myanmar): As Creative Director of TYTENIUM, Thihan Kyaw honours Myanmar’s heritage while shaping it into contemporary elegance, crafting designs that balance memory with innovation.

📌Dance performances
▪️ FYC, Artis-Hood, NFYB, and DWM Dance Academy

📌Live music
▪️ GUNN, Amera Hpone, and Myanmar Contemporary Ensemble

✅ Join us at Défilé de mode, where fashion becomes a living story.

-------------------------------

‼ No parking space available on the premises of the Institut français de Birmanie (IFB).

25/11/2025

Address

Street 240
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Don Protasio Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share