Pyi Kyaw longyi ပြည်ကျော် လုံချည်

Pyi Kyaw longyi ပြည်ကျော် လုံချည် ၁၉၈၆ခုနှစ်ကတည်းက နာမ်မည်ကောင်းနှင့်
ရိုးသားစွာ ရပ်တည်ခဲ့တဲ့ လုပ်ငန်းလေးပါ
ယုံကြည်စွာလက်တွဲလိုက်ပါရှင့

မစ္ဆရိယ သည် ဝန်တိုစိတ်ရှိခြင်း ဖြစ်သည်။ မစ္ဆရိယ ၅-မျိုးရှိပြီး ယင်းတို့မှာ -၁။ အာဝါသမစ္ဆရိယ (မိမိနေရာ၌ ဝန်တိုမှု)၂။ ကုလမ...
05/11/2024

မစ္ဆရိယ သည် ဝန်တိုစိတ်ရှိခြင်း ဖြစ်သည်။
မစ္ဆရိယ ၅-မျိုးရှိပြီး ယင်းတို့မှာ -

၁။ အာဝါသမစ္ဆရိယ (မိမိနေရာ၌ ဝန်တိုမှု)
၂။ ကုလမစ္ဆရိယ (မိမိ အမျိုးအပေါ် ဝန်တိုမှု)
၃။ လာဘမစ္ဆရိယ (ပစ္စည်းလာဘ်လာဘကို ဝန်တိုမှု)
၄။ ဝဏ္ဍမစ္ဆရိယ (ကိုယ့်အဆင်း ဂုဏ်သတင်း ၂လုံး၌
ဝန်တိုမှု)
၅။ ဓမ္မမစ္ဆရိယ (မိမိတတ်သိသော တရား၊ အတတ်ပညာ
ကိုဝန်တိုမှု) တို့ ဖြစ်သည်။

ပြီးပြည့်စုံသော ဘဝ ရောက်ချင်ရင် မစ္ဆရိယစိတ်တွေ ကင်းအောင် ကျင့်ကြံနေထိုင်ရမယ်။ မစ္ဆရိယစိတ် ကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ဘဝမှာ အောက်တန်းကျတဲ့
အမျိုးတွေ ဆင်းရဲတဲ့ အမျိုးတွေမှာ ဖြစ်တယ်တဲ့...။
ဆိုပါစို့...လူ့ဘဝရောက်လာပြီဆိုရင် မွေးကတည်းက
တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ်၊ သို့မဟုတ် နေစရာမရှိတဲ့မိသားစုထဲ သွားမွေးတယ်...။ မစ္ဆရိယ နည်းပြီး
ဒါနကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်က မွေးကတည်းက တိုက်အိမ်မှာသွားမွေးတယ်၊ သူဌေးအိမ်မှာသွားမွေးတယ်...

ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ ငါနောင်ဘဝ
ကျရင် တဲစုတ်ထဲ သွားမွေးမလား ?
သူဌေးအိမ်သွား မွေးမလား?
သူဌေးအိမ် မွေးချင်ရင် ကုသိုလ်ကောင်းမှု
တော့လုပ်ရမှာပဲ ၊ကိုယ့်စိတ်ထဲမှာဖြစ်တဲ့မစ္ဆရိယကို , တော်လှန်ဖို့အရေးကြီးတယ်...။ မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကို လွှမ်းမိုးထားနိုင်တဲ့
အနေအထားမျိုး ရှိတယ်ပေါ့...။ မစ္ဆရိယကင်းတဲ့
ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ အဆင်ပြေတဲ့ နေရာမျိုးကိုရောက်တယ်တဲ့...။ မစ္ဆရိယတွေ ကင်းလို့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာချမ်းသာတဲ့အမျိုး၊ မြင့်မြတ်တဲ့အမျိုး၊မိသားစုထဲမှာ မတောင့်မတ
မကြောင့်မကြ စားရတဲ့ အမျိုးထဲမှာ
လာပြီးတော့ လူဖြစ်တယ်တဲ့...။ လူဖြစ်ပြီးတော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးရောက်တယ်တဲ့...။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

19/10/2024

🙏🙏🙏စစ်ကိုင်းမြစကြာကျောင်း🙏🙏🙏
🙏🙏🙏သံဃာအပါး ၅၄၄ပါး🙏🙏🙏

ခမည်းတော်ကြီး ၆၇နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်
နေ့ဆွမ်း ဆွမ်းကပ် ပုံရိပ်လေးတွေကို

မုဒိတာပွားများဖို့ အမှတ်တရ တင်ပါရစေရှင့်🙏🙏🙏

ကိုယ်တိုင် တိုက်တွန်း ချီးမွှန်းစိတ်တူမို့
ပီတိတူတူစားပြီး

ကုသိုလ် ထပ်တူရကြပါစေလို့ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်🙏🙏🙏

19/10/2024

🙏🙏🙏စစ်ကိုင်းမြစကြာကျောင်း🙏🙏🙏
🙏🙏🙏သံဃာအပါး ၅၄၄ပါး🙏🙏🙏
ခမည်းတော်ကြီး ၆၇နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်
အာရုံ၊နေ့ဆွမ်း၊ညနေဖျော်ရည်ကပ် ကုသိုလ်မှတ်တမ်းမှ
ညနေဖျော်ရည်ကပ် ပုံရိပ်လေးတွေကို
မုဒိတာပွားများဖို့ အမှတ်တရ တင်ပါရစေရှင့်🙏🙏🙏
ကုသိုလ် ထပ်တူရကြပါစေ🙏🙏🙏

၂/၁၀၀ချည်၂/၈၀ချည်၁/၄၀ချည်၁/၄၀+၁/၂၀ချည်ကိုယ်လိုချင်တဲ့ ပစ္စည်း အမျိုးအစားကိုအော်ဒါတင်လို့ ရပါတယ်ရှင့်   #လုံချည်လက်ကား #ပ...
18/10/2024

၂/၁၀၀ချည်
၂/၈၀ချည်
၁/၄၀ချည်
၁/၄၀+၁/၂၀ချည်
ကိုယ်လိုချင်တဲ့ ပစ္စည်း အမျိုးအစားကို
အော်ဒါတင်လို့ ရပါတယ်ရှင့်


#လုံချည်လက်ကား
#ပုဆိုးလက်ကား

05/10/2024

Convention Center MDY မှာ
ကျင်းပတဲ့
သီတင်းကျွတ် ဈေးရောင်းပွဲတော်မှာ
ပြည်ကျော်ဆိုင်ရဲ့ အခင်းအကျင်းလေးပါ
မနက်ဖြန် တရက် ကျန်ပါသေးတယ်နော်
ဒီနေ့ လာပေးတဲ့ ချစ်ကာကာတို့ကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰
#ပြည်ကျော်လုံချည်
#ပုဆိုး
#လုံချည်
#အမရပူရမြို့

မန္တလေး Convention Centerမှာ ကျင်းပမယ့်မနက်ဖြန် ဈေးရောင်းပွဲတော်မှာ ပြည်ကျော်လုံချည်လေးတွေလည်း  ရောင်းချမှာမို့ လာရောက်က...
04/10/2024

မန္တလေး Convention Centerမှာ ကျင်းပမယ့်
မနက်ဖြန် ဈေးရောင်းပွဲတော်မှာ ပြည်ကျော်လုံချည်
လေးတွေလည်း ရောင်းချမှာမို့ လာရောက်ကြည့်ရှူ့
အားပေးလို့ ရပါတယ်ရှင့်🥰

သားသားမီးမီးတို့ကို လိုက့်ပိုရင်း မေမေ၊ဖေဖေတို့
Shopping ပတ်လို့ရပါပြီနော်😍

https://www.facebook.com/share/r/dhxxinCUSHAbKJNC/?mibextid=oFDknk

တီးခံရလို့ငိုရင်လည်း အသံမထွက်နဲ့ အခုပါးစပ်ပိတ်ဆိုပြီးထပ်တီး🥴https://www.facebook.com/share/p/NN5ySuFvE8Bo3Equ/?mibextid=...
02/10/2024

တီးခံရလို့ငိုရင်လည်း အသံမထွက်နဲ့
အခုပါးစပ်ပိတ်ဆိုပြီးထပ်တီး🥴

https://www.facebook.com/share/p/NN5ySuFvE8Bo3Equ/?mibextid=xfxF2i

ကျနော်တို့ သိခဲ့တဲ့ ပဲရန့် *တီး*
တ ပဲရန့် ထဲ ပဲရန့်တင်း နေသော အခုခေတ်ကြီး မတိုင်မီကာလကပေါ့။
ပဲရန့် *တီး* လို့ ခေါ်တဲ့ ကလေးထိန်းနည်းသိမ်းနည်း ရှိခဲ့တယ်။ ကျနော်တို့သုံးဆယ်တန်းတွေ ကောင်းကောင်းမီလိုက်တဲ့ နည်းပေါ့။
*မတက်ချင်ဘူးလား။ နင်က ကျောင်းမတက်ချင်ရအောင် ဘာကောင်လဲ* ပြောပီးတာနဲ့
နီးရာ တုတ် ဆွဲပီး *တီး* တဲ့ နည်းပေါ့။အဲ့ဒါ ကျနော်တို့ခေတ်ရဲ့ ပဲရန့် *တီး*ပဲဗျ။
ကဲ
ကိုယ်ကြုံခဲ့ရတဲ့ ပဲရန့် *တီး* တွေကို မန့်သွားပီး အခုရေးထားတဲ့ တီးနည်းတီးပေါက်အရ ဘယ်နှစ်မှတ်များ ရကြသလဲဆိုတာလဲ လင်းသွားပါဦး။
အမှတ် ၂၀ ပေးထားပေမယ့် အမှတ် ၁၀၀ ကျော်ဖို့ များပါတယ်။

၁။သနပ်ခါး မလိမ်းချင်ရင်လဲ *တီး*
၂။စာအုပ် မေ့၊ပျောက်ခဲ့ရင်လဲ *တီး*
၃။ဘာစာသင်ခဲ့လဲ မေးမရရင်လဲ *တီး*
၄။အဆင့်ကျရင်လဲ *တီး*
၅။ဆရာမက အိမ်လာပီး *တော့်သား စာမလုပ်ဘူးနော်* ဆိုရင်လဲ အမေးအမြန်းမရှိ *တီး*
၆။မုန့်ဖိုး ပေးတဲ့ ပိုက်ဆံ လမ်းကျကျန်ရစ်လို့ မစားလဲမစားရ၊ ဝမ်းလဲနည်းနေပါတယ်ဆို ရင်ဖွင့်လိုက်တာ၊ အ့မှာလဲ *တီး*
၇။ သူငယ်ချင်းနဲ့ ရန်ဖြစ်လို့ ခံလာရပါတယ်ဆို
အိမ်မှာ ရန်ဖြစ်တဲ့ အကြောင်း မေး မေးပီး *တီး*
၈။မုန့်ဖိုး တရာကနေ နှစ်ရာ တောင်းမိလို့ နစ်ရာလဲမရတဲ့အပြင် *တီး*
၉။ လွယ်အိမ် ဟောင်းနေပီ လွယ်ချင်တော့ဘူး ဆိုလို့ *တီး*
၁၀။ မြူစွမ်လေးသောက်7လို့ ဖျားချင်ယောင်ဆောင်တာ မသောက်ရတဲ့အပြင် စိတ်ပူအောင်လုပ်လို့ ဆိုပီး *တီး*
၁၁။အမေ မသိအောင် ခြင်းသွားခတ်လို့ ဆိုပီး *တီး*
၁၂။ အဘွားရဲ့ ကြေး ပန်းအိုးကြီး ထုခွဲရောင်းစားလို့ *တီး*
၁၃။ ဝတ္ထု ခိုးဖတ်လို့ *တီး*
၁၄။ သူငယ်ချင်းဆီက မုန့်တောင်းစားလို့ *တီး*
၁၅။ သူများအိမ် မှာ အိမ်ရှင်က မုန့်စားမှာလားလို့မေးတာ စားမှာစားမှာ ဆိုပီး အငမ်းမရ ဖြေမိလို့ *တီး*
၁၆။ကမျင်းကြောအထလွန်ပီး ဘောင်းဘီပြဲလို့ *တီး*
၁၇။သူငယ်ချင်းက အိမ်လာဆော့၊သူ့ကြောင့် ပန်းအိုးကွဲ၊ သူငယ်ချင်းလဲပြန်ရော *တီး*
၁၈။သူ့အချိန်သူ ထမင်း မစားလို့ *တီး*
၁၉။သူ့အချိန်နဲ့သူ စာမကြည့်လို့ *တီး*
၂၀။ အိမ်စာ မလုပ်လို့ ကျောင်းက တီး အိမ်ပြန်ရောက်လာတော့ အမေကပါ ထပ် *တီး*
#ပဲရန့်*တီး*

01/10/2024

🙏စစ်ကိုင်းမဟာစကြာကျောင်း🙏
🙏🙏🙏သံဃာအပါး၃၀၅ပါး🙏🙏🙏
Octoberရဲ့ ပထမဆုံး ဖျော်ရည်ကပ်
ကုသိုလ်လေး🙏🙏🙏
လှူချင်တိုင်းလှူမကုန်ပါစေသတည်း
လှူပြီးနောက်ခါ ပူပန်မှုများစွာ
စိတ်ဆင်းရဲမှုများစွာ မဖြစ်ရပါစေသတည်း
ကြည်ဖြူစွာမပေးခဲ့သော်
ဆံခြည်တမျှင်ကိုမျှ မယူငင်နိုင်ပါစေသတည်း
မဖျက်ဆီး နိုင်ပါစေသတည်း
မဂ်ဖိုလ်နိဗ္ဗာန်၏ အားကြီးသော
အထောက်ပံကောင်းကြီး
ဖြစ်ရပါစေသတည်း🙏🙏🙏

29/09/2024

🙏🙏🙏မြစကြာတောရ🙏🙏🙏
🙏🙏🙏သံဃာအပါး၁၅၀🙏🙏🙏
လစဥ်ဖျော်ရည်ကပ် ကုသိုလ်လေးပါ
ပင်မှည့်ဖျော်ရည်လေးကပ် ဖြစ်ပါတယ်
သံဃာတော်တွေ ဆာလောင်ခြင်းကင်းဝေးပြီး
ရှာဖွေစားသောက်ရခြင်း ဒုက္ခတွေ ကင်းဝေးကြပါစေ🙏
သာသနာတော်ကြီး အကျိုးကို သယ်ပိုး
ထမ်းဆောင်နိုင်ပြီး
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ🙏🙏🙏

🧵🧵၂/၈၀ချည်သားအင်းမ ကြူအမိတ် ပုဆိုး🧵🧵တကွင်းဈေး>>> ၂၂၀၀၀လက်ကားဈေးသီးသန့်ရှိပါတယ်ရှင့်သီတင်းကျွတ် ဂါရဝ ပြုဖို့ အတွက်လူကြီး ...
27/09/2024

🧵🧵၂/၈၀ချည်သားအင်းမ ကြူအမိတ် ပုဆိုး🧵🧵
တကွင်းဈေး>>> ၂၂၀၀၀
လက်ကားဈေးသီးသန့်ရှိပါတယ်ရှင့်

သီတင်းကျွတ် ဂါရဝ ပြုဖို့ အတွက်
လူကြီး လူငယ် ကြိုက်နှစ်သက်တဲ့
ကြူပုဆိုးလေးကိုရွေးချယ်လိုက်ပါနော်

ကိုယ်တိုက်ထုတ်လုပ် ရောင်းချတာမို့
အနာအစာ အသားအနားပိုင်း
အာမခံရောင်းချပေးနိုင်တာမို့
ပြန်ရောင်းမယ့် customersများကိုလည်း
လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

ှင့်ပစ္စည်းရောက်ငွေချေရပါတယ်ရှင့်
#ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည်
#ပင်ရင်းလက်ကား
#ပုဆိုးလက်ကားဖြန့်ချီရေး
#အမရပူရမြို့
09781000054
09781000053
09448054688
#ကြူပုဆိုး
#အင်းမပုဆိုး
#ပြည်ကျော်လုံချည်
#ကြူမိတ်ပါပုဆိုး

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )"ဗုဒ္ဓနေ့" လို့ခေါ်တဲ့ "ကဆုန်လပြည့်နေ့ " လေးမှာ မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာပြီး✨📿ကုသိုလ်...
22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )

"ဗုဒ္ဓနေ့" လို့ခေါ်တဲ့ "ကဆုန်လပြည့်နေ့ " လေးမှာ မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာပြီး✨

📿ကုသိုလ်တရားတွေ ဆတက်ထမ်းပိုး ပွားများနိုင်ကြပါစေလို့ Pyi Kyaw Longyi မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓအခါတော်နေ့

Address

အမရပူရမြို့​ဘောလုံးကွင်း​တောင်​ဘက်/လပ/၉၈ အလယ်​ပန်းတိမ်​ရပ်​၊ အမရပူရမြို့ မန္တလေး
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00

Telephone

+959781000054

Website

Alerts

Be the first to know and let us send you an email when Pyi Kyaw longyi ပြည်ကျော် လုံချည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyi Kyaw longyi ပြည်ကျော် လုံချည်:

Shortcuts

Share