09/09/2022
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ် "တော်သလင်းလပြည့်နေ့ "
🙏ဂရုဓမ္မ အခါတော်နေ့🙏
၉ . ၉ . ၂၀၂၂ (သောကြာနေ့)
🌹🌹🌹🌹🌹🌹🌹
🔸မြန်မာတို့၏ဆယ့်နှစ်လရာသီတွင် “တော်သလင်းလပြည့်နေ့”သည် “ဂရုဓမ္မအခါတော်နေ့”ဟု ထင်ရှားသောနေ့ဖြစ်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် “ဂရုဓမ္မ” ဇာတ်တော်ကို ဟောကြားခြင်းအားအကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များသတ်မှတ်ကြသည်။
🔸“ဂရုဓမ္မ”၏ အဓိပ္ပာယ်မှာ “ငါးပါးသီလ စောင့်ထိန်းခြင်း”ဟု ရရှိ၏။ ဂရုပြု၍ လေးစားစောင့်ထိန်းအပ်သည့်တရားတော် “ငါးပါးသီလ” ကို ဆိုလိုခြင်းဖြစ်ပါသည်။
🔸သို့ဖြစ်ပါ၍ ဤနေ့ရက်အချိန်အခါတွင် “ငါးပါးသီလကိုစောင့်ထိန်းခြင်း”ဖြင့် ဂရုဓမ္မအမြင်ပွင့်လန်း၊ သီလအစွမ်းကြောင့် မြန်မာပြည်သူပြည်သားအားလုံး ကပ်သုံးပါးဘေးမှကျော်လွှားနိုင်ကြပါစေကြောင်း မှုံနံ့သာ ”မိသားစု မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ရပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏