PanCherry - ပန်းချယ်ရီ Online Shop

PanCherry - ပန်းချယ်ရီ Online Shop ပန်းချယ်ရီကလေးအဝတ်အစား နှင့် အသုံး?

04/03/2026

“မ” ရက်မှာ ခရီးထွက်နေရင်းနဲ့ စုံရက် ရောက်သွားရင် ရောက်တဲ့နေရာမှာ "မ” ကားက ရပ်ထားရမလား ရှေ့ ဆက်သွားရမလား … လမ်းပျောက်ကုန်တော့မှာပဲ။
ခရီးထွက်မယ့်သူတွေ မေးမြန်းပြီး သွားကြဦးနော် …🤣😂

🌅🙏 မင်္ဂလာနံနက်ခင်းပါရှင် 🙏🌅ခုနှစ်ရက်သားသမီးအပေါင်းသောကဟူသမျှ ကင်းဝေးကြပါစေ။ယနေ့သည် ကြာသာပတေးနေ့ ဖြစ်ပါသောကြောင့်ကြာသာပတ...
26/02/2026

🌅🙏 မင်္ဂလာနံနက်ခင်းပါရှင် 🙏🌅

ခုနှစ်ရက်သားသမီးအပေါင်း
သောကဟူသမျှ ကင်းဝေးကြပါစေ။

ယနေ့သည် ကြာသာပတေးနေ့ ဖြစ်ပါသောကြောင့်
ကြာသာပတေးသားသမီးအပေါင်း
ကျန်းမာချမ်းသာ၍ အသက်ရှည် အနာကင်းကာ
ပြည့်စုံခြင်းဖြင့် သာသနာပြုနိုင်ကြပါစေ။

ကြာသာပတေးဂြိုလ်မင်းကြီးသည်လည်း
အစစအရာရာ အဆင်ပြေချော့မွေ့စေ၍
ကြာသာပတေးသားသမီးများ၏
ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝအောင်
စောင့်ရှောက်နိုင်ပါစေသတည်း။

၃၁ ဘုံကျင်လည်ကုန်သော
နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းနှင့်
ခုနှစ်နေ့ ရှစ်နာမ်သားသမီးများအားလုံး
နှလုံးစိတ်ဝမ်းချမ်းမြေ့ကာ
သတင်းကောင်းများ ကြားရသော နေ့လေးဖြစ်ပါစေ။

ဥစ္စာစီးပွား တိုးတက်ကြပါစေ။
အသက်ရှူတိုင်း ငွေဝင်ပါစေ။

ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ပြီး
ပြည်သူပြည်သားများအားလုံး
တနိုင်ငံလုံး အေးချမ်းသာယာကြပါစေရှင်။

🙏🙏🙏

26/02/2026

🌊🎶 သင်္ကြန်အတွက် ဆောင်းဘောက် အကြီးရော အသေးရောGlobal Energy တွင် ဝယ်ယူလို့ရပါပြီ.....🎶🌊

☺️📣သူလေးကလည်း ကြော်ငြာပေးချင်တယ် တဲ့ 📣☺️

(သူ့အသံက နားထောင်ကောင်းသေး 😅အမေထက်သာတော့သာတယ်လေ 😮‍💨😮‍💨🌻🌻🌻)

ဝယ်ကြပါဦး 😄😄

#င်္သကြန်

🌞🔥 နွေအတွက် လိုတာတွေ Promotion ရတုန်း ဝယ်ထားကြရအောင်နော်! 🔥🌞နွေရာသီ လာပြီဆိုတော့အိမ်သုံးပစ္စည်းတွေ၊ လိုအပ်မယ့်ပစ္စည်းတွေ...
26/02/2026

🌞🔥 နွေအတွက် လိုတာတွေ Promotion ရတုန်း ဝယ်ထားကြရအောင်နော်! 🔥🌞

နွေရာသီ လာပြီဆိုတော့
အိမ်သုံးပစ္စည်းတွေ၊ လိုအပ်မယ့်ပစ္စည်းတွေ
စျေးမတက်ခင်… Promotion ရတုန်း
ကြိုတင် ဝယ်ထားဖို့ အချိန်ကောင်းပါနော် ✨

ပစ္စည်းရှားပြီး စျေးမြင့်လာတတ်တဲ့ ခေတ်မှာ
Discount ရတုန်း ဝယ်ထားတာက
အကျိုးအမြတ်ပါပဲ 💰🌿

လိုတာတွေ စစ်ကြည့်ပြီး
Promotion မကုန်ခင်
လာရောက်အားပေးနိုင်ပါတယ်ရှင် 🤍

📍 လက်လီ / လက်ကား ရရှိ
📦 Stock ရှိတုန်း မြန်မြန်လေး လာယူထားကြနော်


#ဝယ်ထားမှအဆင်ပြေ
ှိတုန်း

19/02/2026

🌊🎶 Karaoke 🎤 ဆောင်းဘောက်နဲ့ Trip လေး ထွက်ဖြစ်ခဲ့တယ် 🎶🌊

ပိတ်ရက်လေးမှာ
သူငယ်ချင်း မိသားစုတွေ စုမိကြပြီး
ဇလပ်ထော် Resort သွားလည်ကြတယ် 🌿

Karaoke ဆောင်းဘောက်လေးလည်း သယ်သွားကြတယ်🎵

သယ်ရတာလည်း လွယ်ကူ
ကလေးတွေလည်း ပျော် 😄
လူကြီးတွေလည်း နားရ 🕊️
Trip တစ်ခုပဲ ဖြစ်ဖြစ်
ပျော်ရွှင်မှုကို ပိုမြှင့်ပေးနိုင်တဲ့ ပစ္စည်းလေးပါရှင်။



သင်္ကြန် ပိတ်ရက်ရှည်တွေ လာတော့မယ်🌊💦

• သင်္ကြန်မှာ ဟဲမလား
• တစ်နေရာရာ Trip သွားမလား
• မိသားစုနဲ့ စုကာ ကကြမလား
• သီချင်းနားထောင်မလား

အသံထွက် အရမ်းကောင်းပြီး စျေးသင့်တဲ့
KOREOK ဆောင်းဘောက်
ဆိုက်အကြီးရော ဆိုက်အသေးရော
Global Energy မှာ Instock ရနေပီနော် 🎶🔥



🔹 ဆိုက်သေးလေးက – သယ်ရလွယ်၊ အရမ်းအဆင်ပြေတဲ့ ပုံစံလေး
🔹 ဆိုက်ကြီးက – အသံထွက်ရှယ်! Party Mode အတွက် အကောင်းဆုံး 💃🕺

ပစ္စည်းရှားပြီး စျေးကြီးနေတဲ့ ခေတ်မှာ
ဒါလေးတွေက အတန်ဆုံးနဲ့ ရမယ်နော် ✨

💰 စျေးနှုန်း
▪️ ဆိုက်အသေး – ၃ သိန်းကျော်
▪️ ဆိုက်အကြီး – ၅ သိန်းကျော်

အကုန်မြန်ပါတယ်နော် ⏳

ဝယ်ယူလိုပါက —

📍 ရန်ကုန်ဆိုင်
အမှတ်(၁၃၆)၊ လသာလမ်း(အနော်ရထာနှင့် ဗန္ဓုလလမ်းကြား UAB Bank အနီး)၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

📍 ပဲခူးဆိုင်
အမှတ်(၃၅၁)၊ အုန်းပင်တန်းလမ်းမ မောင်ကျင်တီ Electronics (ကြယ်ပျံဆန်ပွဲရုံရှေ့ )၊ ပဲခူးမြို့။

နှစ်ဆိုင်လုံးမှာ Instock ရရှိနိုင်ပါတယ်ရှင် 🤍

Trip တစ်ခုလုံးကို ပျော်ရွှင်စေမယ့်
Sound Partner ကောင်းကောင်းတစ်လုံး
မဖြစ်မနေ လိုတယ်နော် 🎶

အလုပ်ရှာနေသူများ အတွက်
19/02/2026

အလုပ်ရှာနေသူများ အတွက်

🔔 Job Vacancy Announcement 🔔

Global Energy Electronics တွင် လုပ်ငန်းတိုးချဲ့မှုအတွက် 🌟 Sales & Marketing Executive 🌟အဖြစ် လုပ်ကိုင်နိုင်မည့် လူငယ်/လူရွယ်များကို ဖိတ်ခေါ်အပ်ပါသည်။

📌 Position : Sales & Marketing Executive

🌟 လုပ်ငန်းအမျိုးအစား
Solar, Battery, Inverter နှင့် လျှပ်စစ်ပစ္စည်း ဖြန့်ဖြူးရောင်းချခြင်းနှင့် Marketing ဆိုင်ရာ လုပ်ငန်းများ

🌟 Job Description
❇️ Product များကို သိရှိနားလည်ပြီး Customer များအား အဆင်ပြေအောင် စေတနာထားပြီး ရောင်းချခြင်း
❇️ Walk-in Customer, Phone Call, Online Inquiry (page, Messenger) များကို ဖြေကြားခြင်း
❇️ Customer လိုအပ်ချက်များအပေါ် မူတည်၍ သင့်တော်သော Product များကို အကြံပေးခြင်း
❇️ Sales Target များ ပြည့်မီအောင် ကြိုးစားဆောင်ရွက်ခြင်း
❇️ Social Media Marketing Activities များတွင် ပါဝင်ကူညီခြင်း

🌟 Job Requirements
❇️ အလုပ်တာဝန်ကို တန်ဖိုးထားပြီး တာဝန်ခံစွာ လုပ်ကိုင်နိုင်သူ
❇️ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး ချမှတ်ထားသော SOP ကိုအတိအကျ လုပ်ဆောင်နိုင်သူ၊ အလုပ်ကြိုးစားလိုစိတ်၊ သင်ယူချင်စိတ်၊ အောင်မြင်လိုစိတ် ဆန္ဒပြင်းပြစွာရှိသူ
❇️ Computer, Facebook, Messenger အပါအဝင် Social Media ကို နားလည်တတ်ကျွမ်းသူ
❇️ Customer နှင့် ဆက်ဆံရေးကောင်းမွန်ပြီး စကားပြောချိုသာသူ
❇️ Experience မရှိသူများလည်း ကြိုးစားသင်ယူလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်

အကျိုးခံစားခွင့်များ
❇️ Salary + Sale Bonus
❇️ Sales & Product Training ပေးမည်
❇️ Uniform ပေးမည်
❇️ Yearly Performance Bonus & Promotion
❇️ လုပ်ငန်းတိုးတက်မှုအပေါ် မူတည်၍ Career Growth အခွင့်အလမ်းရှိသည်

🌟 (1 Post) - လသာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
🌟 (1 Post) - အုန်းပင်တန်းလမ်းမ၊ ပဲခူးမြို့။

အလုပ်လျှောက်ထားလိုပါက CV
https://forms.gle/9LRi24ugTYf1PCTH7

CV Form တိုက်ရိုက်ပေးပို့လိုပါက
🌟 Global Energy Electronics Viber: 097 8308 1155
တို့မှာ လျှောက်လွှာတင်နိုင်ပါတယ်။

,

18/02/2026

🌟 Global Energy လျှပ်စစ်ပစ္စည်းဆိုင်ကို
လသာလမ်း အပေါ်ဘလောက်က်တွင်
ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည် 🎉

မိတ်ဆွေများအားလုံးကို လေးစားစွာ
အသိပေးအပ်ပါသည် 📣

ဆိုင်အသစ်တွင် —

🔆 ဆိုလာ အင်ဗာတာ ပစ္စည်းများ
🔆 ဆိုလာစနစ် တပ်ဆင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ
🔆 အိမ်သုံး လျှပ်စစ်ပစ္စည်းများ

ကို လက်လီ / လက်ကား စနစ်ဖြင့်
စျေးနှုန်းသင့်တင့်စွာ ရရှိနိုင်ပါသည်။

အရည်အသွေးကောင်းမွန်မှု၊
ယုံကြည်စိတ်ချရမှုနှင့်
ဝန်ဆောင်မှုကောင်းမွန်မှုကို ဦးစားပေး၍
ဖောက်သည်တော်များအား စိတ်ကျေနပ်မှုအပြည့်အဝဖြင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည် 🌿

နေရာသစ်တွင်လည်း
အမြဲအားပေးကြပါရန်
လေးစားစွာ ဖိတ်ခေါ်အပ်ပါသည် 🤍

📍 ဆိုင်လိပ်စာ – အမှတ်136 လသာလမ်း၊ အလယ်ဘလောက်၊ လသာမြို့နယ်၊
📞 ဆက်သွယ်ရန် – 09420491155

အားလုံး ကျန်းမာချမ်းသာကြပါစေ။
လုပ်ငန်းများလည်း တိုးတက်အောင်မြင်ကြပါစေ။

ကျေးဇူးတင်ပါသည် 🙏✨

14/02/2026

ဘဝရှိနေသရွေ့
ရပ်လို့မရတဲ့ ခြေလှမ်းတွေကို
ဆက်လှမ်းနေရဦးမှာပဲ။

မမှားအောင် သတိထားပြီး
လှမ်းရတဲ့ ခြေလှမ်း၊
မလွယ်ပေမယ့်လည်း ကြိုးစားပြီး
လှမ်းရတဲ့ ခြေလှမ်းတွေကို
ကိုယ်ရဲ့ ယုံကြည်ချက်အဖြစ် ချိတ်ထားပြီး
ဘဝခရီးကို ဆက်လက် လှမ်းကြရဦးမယ်။ 🕊️

Fighting Global Energy 🌻

🌿 စိတ်ကို Minimalistic နဲ့ ထိန်းသိမ်းနေထိုင်ခြင်း 🕊️ကျွန်မရဲ့စိတ်ကိုလည်းMinimalistic ဖြစ်အောင်သတိလေးထားပြီး ကျင့်သုံးနေထ...
11/02/2026

🌿 စိတ်ကို Minimalistic နဲ့ ထိန်းသိမ်းနေထိုင်ခြင်း 🕊️

ကျွန်မရဲ့စိတ်ကိုလည်း
Minimalistic ဖြစ်အောင်
သတိလေးထားပြီး ကျင့်သုံးနေထိုင်ဖို့
ကြိုးစားလာပါတယ်။

ကိုယ့်စိတ်ထဲမှာ
မလိုအပ်တဲ့အရာတွေ မထည့်တော့ဘူး။

အပိုအတွေးတွေ…
အပိုအပြောတွေ…
အပိုအလုပ်တွေ…

လွှတ်ချသင့်တဲ့အခါ
မတွန့်ဆုတ်ဘဲ လွှတ်ချလိုက်ပါတယ် 🌱



စိတ်ထဲမှာ
ရှုပ်ထွေးစေတဲ့ အတွေး
လေးလံစေတဲ့ စကား
ပင်ပန်းစေတဲ့ လုပ်ရပ်တွေကို
တစ်ခုချင်း ရှင်းလင်းပစ်နိုင်လာတဲ့အခါ…

ကျွန်မရဲ့စိတ်က
အမှိုက်ကင်းမဲ့ဇုန်
ဒရာမာကင်းမဲ့ဇုန် လေး ဖြစ်လာတယ် 🕊️

တိတ်တိတ်လေး…
ရှင်းရှင်းလင်းလင်း…



ကိုယ့်အနားမှာလည်း
ကိုယ့်ကို တကယ်ချစ်ခင်တန်ဖိုးထားပြီး
ကောင်းကျိုးကို လိုလားတဲ့
မိတ်ဆွေသူငယ်ချင်းကောင်းလေးတွေကို
တန်ဖိုးထားစွာ နေရာပေးထားပါတယ် 🤍

အပြန်အလှန် နွေးထွေးနိုင်တဲ့ လူတွေကိုသာ
နီးစပ်ထားချင်တယ်။

ကိုယ့်အပေါ် မလိုလားသူ
ကွယ်ရာမှာ အတင်းပြောတတ်သူ
အပြစ်ရှာဖွေတတ်သူမျိုးတွေကိုတော့…

အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုလိုပဲ
ဘဝထဲကနေ
အပြီးတိုင် ရှင်းလင်းဖယ်ထုတ်ထားလိုက်ပါတယ်။

ဒါဟာ အမုန်းမဟုတ်ဘူး။
ကိုယ့်စိတ်ကို ကာကွယ်ခြင်းပါ 🌿



စိတ်ထဲက အရှုပ်တွေ လျော့လာတဲ့အခါ
စိတ်နှလုံးအိမ်လေးက
ရိုးရှင်းပြီး ကြည်လင်သန့်စင်လာတယ်။

အိမ်လေးကို သန့်ရှင်းလှပနေအောင် ထားသလို
စိတ်နှလုံးကိုလည်း
ကြည်လင်နေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။

စိတ်ရှင်းလာတဲ့အခါ
ဆုံးဖြတ်ချက်တွေ ရှင်းလာတယ်။
ဆက်ဆံရေးတွေ ရှင်းလာတယ်။
ဘဝလမ်းကြောင်းလည်း ရှင်းလာတယ်။



✨ Minimalistic ဆိုတာ
ပစ္စည်းနည်းခြင်းတင်မကဘူး။

မလိုအပ်တဲ့အရာတွေကို
သတိရှိရှိ ရွေးချယ်လျှော့ချနိုင်ခြင်းပါ။

🌿 စိတ်ရှင်းရင် ဘဝရှင်းပါတယ်။
🕊️ ကိုယ့်စိတ်ကို ကိုယ်ကာကွယ်ပေးတာက
ကိုယ့်ဘဝကို ကိုယ်ချစ်တာပါပဲ။

crd လွန်းထားထား

Relationship တစ်ခုထဲမှာတစ်ယောက်က စိတ်နဲ့ ပြောတတ်တယ် 🤍တစ်ယောက်က ဥာဏ်နဲ့ ပြန်ဖြေတတ်တယ် 🧠နှစ်ယောက်လုံး မှားတာ မဟုတ်ဘူး။ဒါပေ...
10/02/2026

Relationship တစ်ခုထဲမှာ
တစ်ယောက်က စိတ်နဲ့ ပြောတတ်တယ် 🤍
တစ်ယောက်က ဥာဏ်နဲ့ ပြန်ဖြေတတ်တယ် 🧠

နှစ်ယောက်လုံး မှားတာ မဟုတ်ဘူး။
ဒါပေမယ့် language မတူဘူး။

🌧️ Emotional Support မရတဲ့ ခံစားချက်

တစ်ခါတစ်လေ
ဖြေရှင်းချက် မလိုပါဘူး။

“မင်းမမှားဘူး”
“နားလည်တယ်”
“ငါနဲ့တူတူရှိတယ်”

ဆိုတဲ့ စကားလေးတစ်ကြိမ်ပဲ လိုပါတယ် 🤍

ဒါပေမယ့် သူကတော့ —
Problem ကို ဖြေရှင်းပေးချင်တယ်။
နောက်တစ်ခါ မဖြစ်အောင် လမ်းညွှန်ပေးချင်တယ်။

“Problem ကို solve လုပ်ရမယ်”

ဆိုပြီး Logic နဲ့ပဲ ပြန်ပြောတတ်တယ်။

အဲဒီအခါ
မိန်းမဘက်က “ငါ့ကို မနားလည်ဘူး” လို့ ခံစားလာတတ်တယ် 🥀

ယောကျာ်းဘက်ကတော့ “ငါ ဖြေရှင်းပေးနေတာပဲ” လို့ ထင်နေတတ်တယ်။

သူအမြင်မှာ
အဲဒါက care ဖြစ်တယ်။

Logic ကို အခြေခံပြီး စဉ်းစားတတ်တဲ့ လူတချို့အတွက်
စိတ်အခြေအနေတွေဟာ “ပြဿနာ” လို့ မြင်နိုင်တယ်။

သူတို့အတွက်
Support ဆိုတာ = Solution ပေးခြင်း
Care ဆိုတာ = Problem မဖြစ်အောင် လမ်းညွှန်ခြင်း

သူတို့ မချစ်တာ မဟုတ်ဘူး။
သူတို့ ချစ်ပုံစံက Emotional မဟုတ်တာပဲ။

💔 Relationship ထဲမှာ ဖြစ်တတ်တဲ့ Distance

တစ်ယောက်က နားလည်မှု လိုချင်တယ်။
တစ်ယောက်က အကြံဉာဏ် ပေးချင်တယ်။

တစ်ယောက်က ဖက်ထားချင်တယ် 🤍
တစ်ယောက်က “မငိုနဲ့၊ strong ဖြစ်” လို့ ပြောတယ်။

ကြာလာရင် —
မိန်းမဘက်က မပြောတော့ဘူး။
ယောကျာ်းဘက်က “ဘာမှ မဖြစ်တော့ဘူး” လို့ ထင်တယ်။

တကယ်တော့…
စကားမပြောတော့တာဟာ အေးမြခြင်း မဟုတ်ဘူး။
အတွင်းစိတ် ပိတ်သွားတာပါ။

ငါ လိုချင်တာ မရနိုင်ဘူးဆိုတာ သိလာတဲ့အခါ
မျှော်လင့်ချက်ကို လျှော့လိုက်ရင်ပဲ
စိတ်သက်သာလာတယ်။

ဒါပေမယ့်
မျှော်လင့်ချက် လျှော့လိုက်တာနဲ့
စိတ်ဝေးသွားတတ်တယ် 🌫️

🧠 သူ့ဘက်ကလည်း မှားတာ မဟုတ်ဘူး

Logic-oriented ဖြစ်တဲ့သူအတွက်
Support ဆိုတာ = Solution
Care ဆိုတာ = Problem မဖြစ်အောင် ပြင်ပေးခြင်း

သူ မချစ်တာ မဟုတ်ဘူး။
သူ ချစ်ပုံစံက ကိုယ်လို မဟုတ်တာပဲ။

🌿 ဒီလို Relationship ကို ဘယ်လို ကြည့်ရမလဲ

1️⃣ သူမပေးနိုင်တာကို သိဖို့ လိုတယ်
သူ emotional language မသိဘူးလား?
ဒါမှမဟုတ် မလေ့ကျင့်ထားဘူးလား?

2️⃣ ကိုယ့်လိုအပ်ချက်ကို တိတိကျကျ ပြောဖို့ လိုတယ်
“အကြံမလိုပါဘူး၊ နားထောင်ပေးရင်ပဲ ရပါတယ်”
လို့ တိုက်ရိုက် ပြောတတ်ဖို့ လိုပါတယ်။

3️⃣ သူ့ချစ်ပုံစံကိုလည်း မြင်ဖို့ လိုတယ်
သူ တာဝန်ယူတတ်တာလား?
ငွေကြေးပိုင်း စိတ်ပူတတ်တာလား?
အလုပ်လုပ်ပြီး မိသားစုအတွက် ကြိုးစားနေတာလား?

တချို့ယောကျာ်းတွေက
စကားနဲ့ မပြောတတ်ဘူး။
လုပ်ရပ်နဲ့ ပြတတ်တယ်။



🌙 အရေးကြီးဆုံးအချက်

Relationship ဆိုတာ
“ဘယ်သူမှန်” ဆိုတာထက်
“ဘယ်လို နားလည်ပေးနိုင်မလဲ” ဆိုတာပါ။

Emotional Support မရတာဟာ
ချစ်မရှိတာ မဟုတ်နိုင်ဘူး။
ဒါပေမယ့် ကြာလာရင်
စိတ်ဝေးစေတတ်တာတော့ အမှန်ပါ။



🌙 Reflection

Emotional Support မရတာဟာ
အချစ်မရှိတာ မဖြစ်နိုင်ပါဘူး။

တစ်ခါတစ်လေ
သူ မပြောနိုင်တဲ့ စကားတွေကို
ကိုယ် မနားထောင်တတ်သလို

ကိုယ် လိုချင်တဲ့ ဖက်ထားမှုကို
သူ မသိတတ်နိုင်ပါဘူး။

ဒါပေမယ့်
နားမလည်ဘူးဆိုတဲ့ ခံစားချက်က
လူနှစ်ယောက်ကို အဝေးသို့ ဆွဲခေါ်သွားနိုင်တယ်။

Relationship တစ်ခုမှာ
Logic နဲ့ Emotion ကို ဆန့်ကျင်ဘက် မထင်ဘဲ
တစ်ခုကို တစ်ခု ဖြည့်စွက်နိုင်ရင်
အဲဒါမှ Balanced ဖြစ်နိုင်ပါတယ် 🕊️

09/02/2026

ညီမနှစ်ယောက် ချစ်ခင်စေဖို့ — မိဘရဲ့ အခန်းကဏ္ဍ

သမီးကြီးနဲ့ သမီးငယ်
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြစေချင်တယ်။
မနာလို မဖြစ်စေချင်ဘူး။
အနာဂတ်မှာလည်း တစ်ယောက်ကို တစ်ယောက် အားကိုးနိုင်တဲ့ ညီမနှစ်ယောက် ဖြစ်စေချင်တယ်။

"ဆုံးမ” တဲ့ နေရာမှာ
မိဘက အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ
တဖြည်းဖြည်း နားလည်လာမိတယ် 🌱

Parenting ကို စာအုပ်အတိုင်း အပြည့်အစုံ နားလည်သူမဟုတ်ပေမယ့်
တစ်နည်းမဟုတ်တစ်နည်း စမ်းကြည့်ရင်း
အဆင်ပြေတဲ့ နည်းလေးတွေကို သူတို့အတွက် ရှာတွေ့လာခဲ့တယ်။

🌷 အကြီးကို “အရေးပါသူ” အဖြစ် ခံစားစေခြင်း

အကြီးလေးက အငယ်လေးကို စိတ်ကျေနပ်စွာ လုပ်ပေးစေချင်ရင်
အငယ်လေးက —
“အကြီးလုပ်ပေးမှ ကြိုက်တယ်”
“အမကြီးကို အားကိုးတယ်”
ဆိုတဲ့ စကားလေးတွေကို ပြောပေးတယ်။

သွားတိုက်ပေးခိုင်းတာမျိုး၊
မုန့်ဝယ်ခိုင်းတာမျိုး၊
အကျီလဲပေးခိုင်းတာမျိုး —
အလုပ်အသေးအဖွဲလေးတွေကိုပဲ အကြီးကို လုပ်ခိုင်းပေးတယ်။

ပြီးတော့ အငယ်လေးကိုပါ ပြောပြတယ် —
“အမကြီးက သမီးကို အရမ်းချစ်တယ်နော်”
“အမကြီးနဲ့တူတူ ဆော့ပေးတယ်”
“မုန့်ကျွေးတယ်၊ အကျီလဲပေးတယ်၊ သွားတိုက်ပေးတယ်” ဆိုပြီး…

အဲဒီလို စကားလေးတွေက
အကြီးလေးရဲ့ နှလုံးသားထဲမှာ
“ငါဟာ အရေးပါတဲ့ သူတစ်ယောက်” ဆိုတဲ့ အမြစ်ကို စိုက်ပေးသလို ဖြစ်တယ် 🌿

👶 အပယ်ခံ ခံစားချက် မဝင်စေဖို့

အိမ်ထဲကို ရင်သွေးအသစ်လေး ရောက်လာတဲ့အခါ
အကြီးလေးတွေရဲ့ စိတ်ထဲမှာ
“ငါ့နေရာကို လုသွားပြီလား” ဆိုတဲ့ စိုးရိမ်မှုလေးတွေ ရှိတတ်တယ်။

အဲဒီ အပယ်ခံ ခံစားချက် မဝင်စေဖို့
အကောင်းဆုံးနည်းကတော့ —
ညီလေး၊ ညီမလေးကို ပြုစုစောင့်ရှောက်တဲ့ နေရာမှာ
သူတို့ကိုပါ ပါဝင်ခွင့်ပေးခြင်းပါပဲ။

ကူညီခွင့်ပေးတဲ့အခါ
သူတို့ဟာ အပြိုင်မဟုတ်တော့ဘူး။
“စောင့်ရှောက်ရမယ့်သူ” ဖြစ်လာတယ် 🤍

🌟 အလုပ်အသေးလေးတွေ ရဲ့ အဓိပ္ပါယ်

လိုအပ်သလောက် အလုပ်အသေးလေးတွေ ခိုင်းပေးတာဟာ —

🌟 “ငါဟာ အရေးပါသူတစ်ယောက်ပဲ” ဆိုတဲ့ ခံစားချက်ကို ပေးတယ်။
🌟 ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်။
🌟 မနာလိုစိတ်အစား သံယောဇဉ်ကို မွေးဖွားစေတယ်။
🌟 မိသားစုအတွင်း ပိုနွေးထွေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်။

ညီမနှစ်ယောက် ချစ်ခင်တတ်လာဖို့ဆိုတာ
နေ့တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ဘူး။
မိဘရဲ့ စကားလေးတွေ၊ အပြုအမူလေးတွေ၊
သေးငယ်တဲ့ လုပ်ဆောင်ချက်လေးတွေ စုပေါင်းပြီး
တဖြည်းဖြည်း ပေါက်ဖွားလာတဲ့ သစ်ပင်လေးတစ်ပင်လိုပါပဲ 🌳

မိဘတစ်ယောက်အနေနဲ့
အပြည့်အဝ ပြီးပြည့်စုံဖို့ မလိုပါဘူး။
ချစ်တဲ့ စိတ်နဲ့ သတိထား ကြိုးစားနေဖို့ပဲ လိုပါတယ် 🕊️🌷

Address

No. 816, Hmor Kan Road
Bago

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959954481155

Alerts

Be the first to know and let us send you an email when PanCherry - ပန်းချယ်ရီ Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PanCherry - ပန်းချယ်ရီ Online Shop:

Shortcuts

Share