Potato Tomboy Accessories and Clothing

Potato Tomboy Accessories and Clothing binder အမျိုးမျိုး၊ Boxer နှင့် တခြားဆက်စပ် ပစ္စည်းများကို ဝယ်ယူနိုင်ပါတယ်

ပစ္စည်း​တွေအကုန် instock ရှိတယ်​နော် testro ထိုး​ဆေးအ​ကြောင်းစုံစမ်းချင်ရင်​တော့ cb လာ​ပေးပါ အကုန်ရှင်းပြ​ပေးလို့ရတယ် မင...
03/05/2023

ပစ္စည်း​တွေအကုန် instock ရှိတယ်​နော် testro ထိုး​ဆေးအ​ကြောင်းစုံစမ်းချင်ရင်​တော့ cb လာ​ပေးပါ အကုန်ရှင်းပြ​ပေးလို့ရတယ်
မင်မင်တို့ active မဖြစ်တာကလည်း တစ်ဖက်မှာ အလုပ်ကလေး​တွေလည်းလုပ်​နေရ​သေးလို့ပါ ပစ္စည်းအ​ကြောင်းဘာညာ အကုန်သိချင်ရင် အချိန်မ​ရွေးဖုန်းဆက်​​မေးလို့ရတယ်
မင်မင်တို့က ကာကာ​တွေအတွက်​တော့ အချိန်ကရှိပြီးသားပါ​နော် အားမနာတမ်း​မေးလို့ရတယ်

အာနိသင်သိသာတဲ့ထိုး​ဆေးမျိုး လိုချင်​နေတဲ့ ညိုကီ​တွေအတွက် ထိုး​ဆေးရပါပြီ😎မင်မင်တို့ ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက " KS  Test...
17/01/2023

အာနိသင်သိသာတဲ့ထိုး​ဆေးမျိုး လိုချင်​နေတဲ့ ညိုကီ​တွေအတွက် ထိုး​ဆေးရပါပြီ😎

မင်မင်တို့ ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက " KS Testro " စပ်​ဆေးထိုး​ဆေး​လေးပါ။

ဒီ​ဆေး​လေးမ​ရောင်းခင် သိထားသင့်တာ​လေး​တွေကြို​ပြောပါရ​စေ။ စပ်​ဆေးဆိုတာ testro ထိုး​ဆေးတချို့ကို အာနိသင်ပို​ကောင်း​အောင် နားလည်တပ်ကျွမ်းသူ​တွေက အချိုးကျပြန်​ရောစပ်ထားတာဖြစ်တဲ့အတွက် အဆင်​ပြေမှဝယ်ယူအား​ပေးပါ။ စပ်​ဆေးဖြစ်တဲ့အတွက် အာနိသင်က သာမန်ထိုး​နေကျ testro ​ဆေး​တွေထက် အနည်းငယ်ပြင်းတဲ့အတွက် ​ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဒါ​ကြောင့် မိမိစိတ်ဆန္ဒအ​လျောက် အဆင်​ပြေတယ်ဆိုမှသာဝယ်ယူအား​ပေးပါ။ ​စျေးကွက်ထဲမှာလည်း ဒီ​ဆေးကိုလက်​တွေ့ထိုး​နေကြလို့ ညီအစ်ကို​တွေ အဆင်​ပြေတယ်ဆိုလို့ မင်မင်တို့က တင်​ရောင်း​ပေးတာပါ။

❤ သတိပြုမယ့်အချက်​တွေက​တော့ -
🔴 KS စပ်​ဆေးက တစ်လကို တစ်လုံးပဲထိုးလို့ရပါမယ်။🔴 အသက် ၁၈ နှစ်မပြည့်​သေးသူများ မထိုးသင့်ပါ။
🔴 ​ကျောက်ကပ်မ​ကောင်းသူ ၊ နှလုံး​နဲ့ပက်သက်တဲ့ရောဂါရှိသူ​တွေ ၊ ​သွေးမတိတ်​ရောဂါရှိသူ​တွေနဲ့ တခြားနာတာရှည်​ရောဂါတစ်ခုခုရှိသူ​များ ၊ testro ထိုး​ဆေး​တွေနဲ့ ဓါတ်မတည့်မှုရှိသူများ (လုံးဝ) မထိုးသင့်ပါ။

⚠️ T ​ဆေး​တွေမှာ​ကောင်းကျိုးလည်းရှိသလို ​ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။

📌 ဒီ​ဆေးထိုးရင်ရမယ့်​ ကောင်းကျိုးအာနိသင်​လေး​တွေက​တော့....
✅ အသံသြလာမယ်
✅ လည်စိထွက်လာမယ် (လူတိုင်းမဟုတ်)
✅ ကြွက်သား​တွေအရင်ထက်ထွားလာမယ်
✅ အရပ်အနည်းငယ်ရှည်မယ်
✅ ပုခုံး /လက်ပြင် / ရင်အုပ်တွေ ကျယ်လာမယ်
✅ Bodyက အရင်ထက် ပိုထွားလာမယ်
( gym ဆော့ရင်ပိုကောင်းတာပေါ့ )
✅ မျက်နှာကျတွေ ပြောင်းလာမယ်
✅ Cl****is ရှည်လာမယ်
✅ ခန္ဓာကိုယ်ကအ​မွှေး​တွေအရမ်းသန်လာမယ်။
မျိုးရိုးလိုက်ပြီးအမွှေးပါးသူပါးမယ်။

📌ဆိုးကျိုးတွေကတော့ -
✅ အသားကပုံမှန်အသားထက်ညစ်လာမယ်
✅ ဝတ်ခြံအနည်းငယ်ထွက်မယ်။ အချို့ကမျက်နှာ ၊ အချို့ကကိုယ်တွေမှာပေါက်တတ်ပါတယ်။
✅ ချွေးနံ့သာမန်ထက်ပြင်းလာမယ်
✅ ပုံမှန်ထက်စိတ်တိုလွယ်မယ်
✅ Tဆေးထိုးနေချိန် ရာသီလာတာရပ်သွားမယ်။ ပြန်လာချင်ရင်တော့ Tဆေးထိုးတာရပ်လိုက်ရုံပါပဲနော်။

📌 ဒီ​ဆေးထိုးမယ်ဆိုရင် ဆေးလိပ်သောက်တတ်သူများလျော့သောက်ပေးပါ။ လုံး၀မသောက်ရင်ပိုကောင်းပါတယ်။
📌 ဆေးထိုးပြီးရင် တစ်နေ့ ရေသန့် ၁ လီတာ ၃ ဗူးလောက်သောက်ပေးသင့်တယ်နော်။ ​ရေ​သောက်နည်းလို့မရပါဘူး။
ဒါ​တွေကိုလိုက်နာပြီး ​ဆေးကိုစနစ်တကျနဲ့ ထိုးမယ်ဆိုရင် ​ပြောင်းလဲလာမှာ သေချာပါတယ်။

❤ ​ဆေးတစ်လုံး ၁ လစာကို - ၂၅၀၀၀ ကျပ်ပါ
❤ ၃ လုံးမှာယူရင် ၁ လုံးလက်​ဆောင်​ပေးပါတယ်။
❤ pre-order ဖြစ်တဲ့အတွက် ၁၀ ရက်​တော့အနည်းဆုံး​စောင့်ရပါမယ်။ ၁ ပတ်တစ်ခါ order ပိတ်ပါမယ်။ ​ငွေကြိုလွှဲရပါမယ်ဗျ။

​❇ ချောက်မြို့အတွင်းဆို အိမ်အ​ရောက် delivery ပို့​ပေးပါတယ်။ deli ခ​ကို​တော့ ခရီးအနီးအ​ဝေးအလိုက်ပေးရပါမယ်။ ​
❇ နယ်မှ မှာယူသူများ ကားဂိတ်အ​ရောက်ပို့​ပေးပါတယ်။

✅ ​ချောက်မြို့အတွင်းက ​ညီအစ်ကိုများ ​ဆေးမှာပြီး ဆေးထိုးဖို့ အခက်အခဲရှိလို့ မထိုးတတ်ဘူးဆိုရင် admin deli လာပို့တဲ့အချိန်ထိုး​ပေးပါမယ်။ မှာယူပြီး ပစ္စည်းရလို့ admin အိမ်မှာ လာယူရင်း တစ်ခါထဲထိုးသွားချင်တယ်ဆိုလည်းရပါတယ်။ ​ဆေးထိုးအပ်ဖိုး​တော့​ပေးရပါမယ်။ ကိုယ့်ဘာသာ ​ဆေးထိုးအပ်ယူလာရင်​တော့ ​ဆေးထိုးခပေးစရာမလိုပါဘူးခင်ဗျာ။




ိုး​ဆေး



မင်မင်တို့ update မတင်တာကြာပြီမို့ တင်ပါရ​စေ။ ဒီတစ်ခါ​တော့ မင်မင်တို့က ထိုင်းက tomboy ​လေးတစ်​ယောက်အ​ကြောင်း ​ပြောပြ​ပေး...
07/01/2023

မင်မင်တို့ update မတင်တာကြာပြီမို့ တင်ပါရ​စေ။ ဒီတစ်ခါ​တော့ မင်မင်တို့က ထိုင်းက tomboy ​လေးတစ်​ယောက်အ​ကြောင်း ​ပြောပြ​ပေးမယ်။ သူက​တော့ တခြားလူ မဟုတ်ပါဘူး ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်​တွေမှာ YES OR NO ဇာတ်ကား ၁ နဲ့ ၂ ရိုက်ကူးပြီး မြန်မာပြည်က le***an မ​လေး​တွေရဲ့အသည်း​တွေ အပိုင်သိမ်းနိုင်ခဲ့တဲ့ Suppanad Jittaleela ​ခေါ် Tina ရဲ့အ​ကြောင်း​လေးကို မသိ​သေးသူ​တွေလည်း သိရ​အောင် ​ဖော်ပြ​ပေးလိုက်ပါတယ်။

နာမည်အရင်း - Suppanad Jittaleela
တခြားနာမည် - Tina
​မွေး​နေ့ - ၁၂ . ၂ . ၁၉၉၁ ( အသက် ၃၁ နှစ် )
အရပ် - ၁၇၀ cm
ကိုယ်အ​လေးချိန် - ၅၆ kg
ဘွဲ့ - Communication Arts ( Rangsit University on December 13, 2015 )
အလုပ် - သရုပ်​​ဆောင် အဆို​တော် ​မော်ဒယ်လ် DJ

page - https://www.facebook.com/TinaSuppanard?mibextid=ZbWKwL

instagram - https://instagram.com/tinasuppanad?igshid=YmMyMTA2M2Y=

Tina က ၂၀၁၀ ခုနှစ်မှာ yes or no ( 1 ) ကိုရိုက်ပြီး လူသိများလာခဲ့ပါတယ်။ yes or no 1 က​တော့ le***an အချစ်ဇာတ်ကား​လေးဖြစ်ပြီး မြန်မာနိုင်ငံက LGBT အသိုင်းအဝိုင်းမှာလည်း ​တော်​တော်​လေး လူကြိုက်များခဲ့ပါတယ်။ facebook မှာတင်ထားတာရှိလို့ ရှာကြည့်လို့ရပါတယ်။ အဆင်​ပြေရင် မင်မင်တို့ PAGE မှာ ကိုယ်တိုင်ဘာသာပြန် စာတန်းထိုးပြီး တင်​ပေးပါဦးမယ်။
Tina ရဲ့မိဘ နှစ်ပါးက​တော့ ၂၀၁၆ ခုနှစ်မှာ အိမ်မီး​လောက်ရာက​နေတဆင့် မိဘနှစ်ပါးလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
Tina ကမြန်မာပြည်ကိုလည်း မကြာခဏအလည်လာခဲ့ဖူးပါတယ်။

မင်မင်တို့ page က​စျေးလည်း​ရောင်းသလို ဒါမျိုးအ​ကြောင်းအရာ​လေး​တွေလည်း အဆင်​ပြေရင်​ပြေသလို တင်​ပေးမှာမို့ page ​လေးကို follow လုပ်ပြီး share ​ပေးဖို့ မ​မေ့ပါနဲ့နော်။







ပစ္စည်းအ​ကြောင်းအ​သေးစိတ်သိချင်ရင် အားမနာဘဲ ဖုန်းဆက်​မေးလို့ရပါတယ် miss call ​ပေးလိုက်ရင်လည်း ပြန်​ခေါ်​ပေးပါ့မယ် messen...
27/12/2022

ပစ္စည်းအ​ကြောင်းအ​သေးစိတ်သိချင်ရင် အားမနာဘဲ ဖုန်းဆက်​မေးလို့ရပါတယ် miss call ​ပေးလိုက်ရင်လည်း ပြန်​ခေါ်​ပေးပါ့မယ် messenger မှာ ဖုန်းနံပါတ်ချန်ထားရင်လည်း ပြန်ဆက်​ပေးပါ့မယ်​နော် page admin နှစ်​ယောက်က တစ်ခါတစ်​လေ မအားရင် messenger မှာ စာပြန်ဖို့ ကြာ​နေတတ်လို့ပါ ဖုန်းဆက်မယ်ဆို အချိန်မ​ရွေး ဒီဖုန်းနံပါတ်​လေး​တွေကို ဖုန်းဆက်​မေးနိုင်ပါတယ် ဝယ်ဝယ်မဝယ်ဝယ် သိချင်တာအကုန်​မေးလို့ရပါတယ်
#ကိုဇင်ကြီး
09 968 100 504
09 674 855 554
နယ်ဘက်မို့ mytel ဖုန်း​လေးက လိုင်းပိုမိတတ်ပါတယ်ဗျ...

မင်မင်တို့ဆိုင်က မ​ကွေးတိုင်း​ #ချောက်မြို့ ကပါ​နော်...page ရဲ့ထိပ်က cover photo မှာလည်း​ရေးထား​ပေးပါတယ်ဗျ✅အိမ်အ​ရောက်​င...
08/12/2022

မင်မင်တို့ဆိုင်က မ​ကွေးတိုင်း​ #ချောက်မြို့ ကပါ​နော်...
page ရဲ့ထိပ်က cover photo မှာလည်း​ရေးထား​ပေးပါတယ်ဗျ

✅အိမ်အ​ရောက်​ငွေ​ချေစနစ်က ​ချောက်မြို့ကလွဲရင် ကျန်တဲ့မြို့နယ်​တွေ မရ​သေးပါဘူးဗျ
​ချောက်မြို့အတွင်းဆို အိမ်လာယူလည်းရပါတယ်

✳ကျန်မြို့နယ်များ မှာယူမယ်ဆိုရင် ​ငွေ​ကြိုလွှဲရပါမယ် ​ငွေလွှဲဝင်တာနဲ့ ကားဂိတ်ကဖြစ်​စေ စာတိုက်ကဖြစ်​စေ အဆင်​ပြေတာနဲ့ပို့​ပေးပါတယ်

✅ပစ္စည်းမှာရင် ​စောင့်စရာမလို​အောင် မင်မင်တို့ဘက်မှာ ပစ္စည်း​တွေ အသင့်ရှိပြီးသားပါ ဒီ​နေ့မှာရင် ​ချောက်မြို့တွင်းဆို ​နေ့ချင်းပို့​ပေးပါတယ်
နယ်သမား​တွေဆိုလည်း မနက်​ငွေ​ရောက်ရင် ​နေ့လည်ဆို ကားဂိတ်​ဘောက်ချာပို့ရင်ပို့ မပို့ရင် Admin ကိုယ်တိုင်ဖုန်းဆက်ပြီး ဘယ်ကားနဲ့ပို့လိုက်တယ် ဘယ်​အချိန်ဆိုပစ္စည်းထုတ်လို့ရပါပြီဆိုပြီး ဖုန်းဆက်​ပြော​ပေးတာပါ ဝယ်ဖူးသူ​တွေဆို သိပါတယ်

​နောက်တစ်ခုက deli ခကိစ္စပါ
​ချောက်မြို့အတွင်းဆိုလည်း deli ခအများကြီးမယူထားပါဘူး ခရီးအနီးအ​ဝေး​ပေါ် မူတည်ပြီး ၁၀၀၀ နဲ့ ၁၅၀၀ ဝန်းကျင်​လောက်ပဲယူပါတယ်

နယ်သမား​တွေ ကားဂိတ်/စာတိုက် ပို့ခကိုလည်း ၁၀၀၀ ကျပ်သာယူပါတယ် ဒါကလည်း ဘယ် onlineshop ကမှာမှာ ​ပေးရတာပါပဲ ရန်ကုန်ကပဲမှာမှာ တခြားမြို့ကပဲမှာမှာ ကားဂိတ်/စာတိုက်ပို့ခ သီးသန့်​ပေးရပါတယ် မင်မင်တို့ ရန်ကုန်က ပစ္စည်းမှာရင် တစ်ခုမှာမှာ နှစ်ခုမှာမှာ ပို့ခက အနည်းဆုံး ၂၀၀၀ နဲ့ ၂၅၀၀ ကြားရှိပါတယ်
​ပြောချင်တာက ပို့ခ​စျေးကြီးတယ်ထင်မှာစိုးလို့ပါ ခု​ခေတ် ၁၀၀၀ ဆိုတာက တကယ်တမ်းတွက်ကြည့်ရင် အသားမဲတာနဲ့မတန်ပါဘူး 🙃 ( စထှာ...)

တန်ဆာခကလည်း ပစ္စည်းဝိတ်မများရင် အများကြီးမ​ပေးရပါဘူး ကားဂိတ်ကပို့ရင် တန်ဆာခက ပစ္စည်းသွားထုတ်မှ ရှင်းရမှာပါ

ကားဂိတ်နဲ့အလှမ်း​ဝေးတယ် သွားထုတ်လို့ အဆင်မ​ပြေဘူးဆိုရင် စာတိုက်ကပို့​ပေးပါတယ်
စာတိုက်ကဆိုရင် အိမ်အ​ရောက်ပို့ပါ ဒါ​ပေမဲ့ တန်ဆာခကို​တော့ ကြိုရှင်းရပါတယ် သူလည်း တန်ဆာခ အများကြီး မကျပါဘူး ရင်စီးတစ်ခုပို့ရင် ၈၀၀ ကျပ်က​နေ ၁၀၀၀ ကျပ်ကြားရှိပါတယ်

မင်မင်တို့က ယုံကြည်မှုနဲ့အလုပ်လုပ်ပါတယ် မင်မင်တို့ page မှာလည်း Admin မျက်နှာကြီးတင်ထားသလို ဖုန်းဆက်ပြီးအချိန်မ​ရွေး သိချင်တာ​မေးလို့ပါတယ် ဒါ​ကြောင့် လိမ်မှာညာမှာကို​တော့ စိတ်မပူပါနဲ့... ယုံကြည်လို့ရပါတယ်...

ပစ္စည်း​လေး​တွေအ​ကြောင်း link ​လေးထဲဝင်ကြည့်ပေးပါဗျ
https://www.facebook.com/100085313577505/posts/124947963692322/?mibextid=Nif5oz





#ရင်စီး



  ဒီ​နေ့ နိုဝင်ဘာလ ၂၀ ရက်​နေ့ဟာဆိုရင် TDoR ( တီ​ဒေါ ) လို့​ခေါ်တဲ့ Transgender Day of Remembrance ​ဆန့်ကျင်ဘက်လိင်ကဲ့သို...
20/11/2022



ဒီ​နေ့ နိုဝင်ဘာလ ၂၀ ရက်​နေ့ဟာဆိုရင် TDoR ( တီ​ဒေါ ) လို့​ခေါ်တဲ့ Transgender Day of Remembrance ​ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်​ပြောဆို​နေထိုင်သူများအတွက် ​​အောက်​မေ့သတိရဖွယ်နေ့​လေးဖြစ်ပါတယ်။

TDoR ​နေ့​လေးဖြစ်​ပေါ်လာပုံက​တော့ ၁၉၉၈ ခုနှစ် နိုင်ဝင်ဘာလ ၂၀ ရက်​နေ့မှာဆိုရင် အာဖရိကန် - အ​မေရိကန်လူမျိုး အမျိုးသားက​နေ အမျိုးသမီးကဲ့သို့ ဝတ်ဆင်​နေထိုင်သူ Rita Hester ဟာဆိုရင် လိင်တူချစ်သူ မုန်းတီးသူတစ်​ယောက်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီ​နေ့ကို အစွဲပြုပြီး ကမ္ဘာတစ်ဝှမ်းလုံးက trangender အဖွဲ့အစည်း​တွေကဦး​ဆောင်ပြီး ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်​နေ့ကစလို့ တစ်မ္ဘာလုံးမှာရှိကြတဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖိနှိပ်ချုပ်ခြယ် ညှင်းပန်းနှိပ်စက်ခံရပြီး ခွဲခြားဆက်ဆံခံရကာ မတရားအနိုင်ကျင့်ခံရလို့ ​သေဆုံးသွားကြတဲ့ Transgender ​တွေအတွက်​အောက်​မေ့သတိရတဲ့အ​နေနဲ့ ဆု​တောင်း​ပေးကြတဲ့ပွဲအဖြစ် TDoR ကိုကျင်းပခဲ့ကြတာဖြစ်ပါတယ်။






Admin တို့ဆီမှာ instock ရှိ​နေတဲ့ soul fair half binder အ​ကြောင်း​လေးရှင်းပြချင်ပါတယ်... fair ဆိုတဲ့နာမည်နဲ့လိုက်ဖက်​အော...
16/11/2022

Admin တို့ဆီမှာ instock ရှိ​နေတဲ့ soul fair half binder အ​ကြောင်း​လေးရှင်းပြချင်ပါတယ်...

fair ဆိုတဲ့နာမည်နဲ့လိုက်ဖက်​အောင် tomboy ​ညီအစ်ကိုတွေအတွက် သင့်​တော်တဲ့​စျေးနဲ့ quality ​​ကောင်းလေးဝတ်နိုင်​အောင် ဖန်တီးထားတယ်လို့​ပြောလို့ရပါတယ်..
မင်မင်တို့ ငယ်ငယ်က ပြည်တွင်းထုတ် brand ​တွေသိပ်မရှိ​တော့ နိုင်ငံခြားဖြစ်​တွေကို တစ်ထည်ကို မြန်မာ​ငွေ ၃၀၀၀၀ ​လောက်ထိ​ပေးဝယ်ပြီး ဝတ်ခဲ့ရတာပါ binder တစ်ထည်ဝယ်ဖို့ကို မစားရက်မ​သောက်ရက်နဲ့ ပိုက်ဆံစုရတာအ​မော.. အခုလိုပြည်တွင်းဖြစ် brand ​တွေရှိလာတာ ခု​ခေတ်ညီ​လေး​တွေအတွက် တကယ်ကံ​ကောင်းပါတယ်..

Admin တို့ရဲ့မ​ကွေးတိုင်း ​ချောက်မြို့ကဆိုင်​လေးမှာ တစ်ထည်ကို ၅၅၀၀ ​ရောင်းပါတယ် ၅၅၀၀ ဆိုတဲ့​စျေးက ခု​ခေတ်မှာဆို ဖုန်း​ဘေ data ဖိုး​တောင် မ​လောက်​တော့တဲ့အ​ခြေ​နေမှာ ဒီ​စျေးနဲ့ဒီလို quality မျိုး​လေးရတာကိုက ဝတ်​​ပျော်​နေပါပြီ..

Soul fair half binder ​​တွေကို ချည်သားတစ်မျိုးထဲနဲ့သာ ချုပ်လုပ်ထားပါတယ်.. အဲ့လိုချုပ်လုပ်ထားတဲ့အတွက်...
🟩 binderက ချည်သားအပါး​လေးမို့ ပူအိုက်မှာစိတ်မပူရဘူး ​ပေါ့​ပေါ့ပါးပါးရှိတယ်..
🟩 အသက်ရှူရတာ သက်​တောင့်သက်သာရှိ​စေတယ်
🟩 အရမ်းမထူလို့ ​လေဝင်​လေထွက်​ကောင်းတယ် ​ချည်သားဆို​တော့ ချွေးစုတ်အား​ကောင်းတာ​ပေါ့...
🟩 ချည်သားတစ်မျိုးထဲနဲ့သာ ချုပ်လုပ်ထား​ပေမယ့် ရင်ဘတ်ကို ၁၀၀%ပြားချပ်မှု အပြည့်အဝ​ပေးနိုင်တယ်..
🟩 ​လျော်ပြီးလှမ်းထားရင်လည်း ချည်သား​လေးမို့ အ​ခြောက်မြန်တယ်ဗျာ..
🟩 မီးပူတိုက်ပြီးလည်း ဝတ်လို့ရတယ်​နော် မီးအား​တော့အရမ်းမပြင်း​စေနဲ့​ပေါ့​နော်...

size - M , L , XL
တစ်ထည် ၅၅၀၀ ကျပ်









16/11/2022

မင်မင်တို့ page က​ရောင်းတဲ့ပစ္စည်း​တွေကိုကြည့်ချင်ရင် page ထဲဝင်လိုက်တာနဲ့ အ​ပေါ်ဆုံးက featured ဆိုတဲ့​နေရာမှာ pin ​📌ထောက်ထားတဲ့ post ​လေး​တွေကို ဝင်ကြည့်လို့ရပါတယ်... ပစ္စည်းအားလုံး instock ရှိ​နေ​သေးလို့ လာအား​ပေးလို့ရပါတယ်​နော်


်စီး

​​လော​လောဆယ် ဒီအမျိုးအစား ၄ မျိုးရှိပါတယ် ပစ္စည်းအခုမှာ အခုရပါတယ်
( မ​ကွေးတိုင်း ) ချောက်မြို့အတွင်းဆိုရင် အိမ်အ​ရောက်​ငွေ​ချေစနစ်ပါ...
ကျန်မြို့များ​ငွေလွှဲဝင်တာနဲ့ ပစ္စည်းပို့​ပေးပါတယ်
#ကားဂိတ် ( သို့မဟုတ် )
#စာတိုက် က​နေတဆင့် မြို့နယ်အလိုက် အဆင်​ပြေမယ့်စနစ်နဲ့ပို့​ပေးပါတယ်
အ​သေးစိတ်သိရှိလိုပါက
📲 09 674 855 554
📲 09 968 100 504 ကိုဆက်သွယ်​မေးမြန်းလို့ရပါတယ်...



ဒီ​နေ့မှာ​တော့ Adminက သြ​စ​တြေးလျ​လူမျိုး မော်ဒယ်၊ DJ ၊ အ​ပျော်တမ်းလက်​ဝှေ့သမား ၊ အသံသရုပ်​ဆောင်၊ ရုပ်ရှင်သရုပ်​ဆောင်၊ အ...
15/11/2022

ဒီ​နေ့မှာ​တော့ Adminက သြ​စ​တြေးလျ​လူမျိုး မော်ဒယ်၊ DJ ၊ အ​ပျော်တမ်းလက်​ဝှေ့သမား ၊ အသံသရုပ်​ဆောင်၊ ရုပ်ရှင်သရုပ်​ဆောင်၊ အစီအစဥ်တင်ဆက်သူ နှင့် MTV VJတစ်ဦးဖြစ်တဲ့ ဘက်စုံ​တော်တဲ့ Ruby Rose Langenheim အ​ကြောင်း​လေးကို​ပြောပြချင်ပါတယ်။

Rubyကို ၁၉၈၆ ခုနှစ်၊ မတ်လ ၂၀ ရက်​နေ့မှာ သြစ​တြေးလျနိုင်ငံ Melbourneမြို့မှာ ​မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာ​တော့ အသက် ၃၆ နှစ်အရွယ်ရှိ​နေပါပြီ။ Rubyရဲ့ ​မေ​မေ Katia Langenheim က​တော့ single mother တစ်​ယောက်ဖြစ်ပြီး​တော့ Ruby ကို​မွေးဖွားချိန်မှာ အသက် ၂၀ အရွယ်သာရှိပါ​သေးတယ်။
Rubyအဖိုးရဲ့ အ​ဖေဖြစ်သူက​တော့ နာမည်ကြီးသရုပ်​ဆောင် Ellen Bang ဖြစ်ပါတယ်။ ဒါ့အပြင် သြစ​တြေးလျနိုင်ငံသားလက်​ဝှေ့အ​ကျော်အ​မော်လည်းဖြစ်၊ Battle of Gallipoli တိုက်ပွဲမှာ ​နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့ သြစ​တြေးလျစစ်သားတစ်ဦးလည်းဖြစ်ခဲ့ဖူးတဲ့ Alec Campbell ရဲ့​မွေးစားသမီးလည်းဖြစ်ပါတယ်။

သူမဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက le***an တစ်​ယောက်ဖြစ်တယ်ဆိုတာကို coming out လုပ်ခဲ့သူပါ။ သူ့ရဲ့ မတူကွဲပြားတဲ့ လိင်စိတ်ခံယူချက်​ကြောင့် ရွယ်တူ​ယောက်ျား​လေး​တွေရဲ့စကားနဲ့သာမက ကိုယ်ထိလက်​​ရောက် အနိုင်ကျင့်တာမျိုး​တွေပါခံခဲ့ရပါတယ်။ ဒါ့အပြင် ​ဆွေမျိုး​တွေရဲ့ အနိုင်ကျင့်​စော်ကားတာကိုပါ ခံခဲ့ရပါ​သေးတယ်။

ဒါ​တွေ​ကြောင့်ပဲ Ruby ဟာကိုယ့်ကိုယ်ကို သက်​သေဖို့စဥ်းစားပြီး အသက် ၁၂ နှစ်အရွယ်မှာပဲ ကိုယ့်ကိုယ်ကို သက်​သေဖို့ကြိုးစားခဲ့ပါတယ်။ သူမဘဝတစ်​လျောက်လုံး စိတ်ကျန်းမာ​ရေးဆိုင်ရာ ပြသာနာ​တွေနဲ့ရုန်းကန်​နေခဲ့ရပြီး​တော့ မိမိကိုယ်ကိုယ်သက်​သေဖို့ အကြိမ်​ပေါင်းများစွာကြိုးစားခဲ့ရုံတင်မကပါဘူး စိတ်ဖိစီးမှု​တွေများလွန်းတာ​ကြောင့် စိတ်ကျ​ရောဂါကိုပါ ခံစားခဲ့ရပါတယ်။ ဒါ​ပေမယ့် သူ့ကိုယ်သူ လက်မလွှတ်ခဲ့တဲ့အတွက် ဒီ​နေ့မှာ​တော့ Ruby Rose ဆိုတဲ့နာမည်နဲ့ ရပ်တည်​နေနိုင်ပါပြီ။

သူမက ငယ်စဥ်ကသူ့ကိုယ်သူ ​ယောက်ျား​လေးတစ်​ယောက်အဖြစ်ခံယူထားပြီး အမျိုးသမီးဘဝက​နေ အမျိုးသားဘဝကို ​ပြောင်းလဲဖို့ ​ငွေစုခဲ့ပါ​သေးတယ်။ ဒါ​ပေမဲ့ ​နောက်ပိုင်းမှာ​တော့ လိင်​ပြောင်းလဲမှုခွဲစိတ်မှုကို မလုပ်ခဲ့ဘဲ က​လေး​လေးတစ်​ယောက်​တော့ လိုချင်တယ်လို့ အင်တာဗျူး​တွေမှာ​​ဖြေခဲ့ပါတယ်။ Ruby ဟာ သူ့ကိုယ်သူ gender fluid ( ကျားဖြစ်​စေ မဖြစ်​စေ ကျား/မနှစ်မျိုးလုံးအဖြစ် ဖြစ်​စေခံယူထားသူ ) ဖြစ်တယ်လို့ဝန်ခံထားပါ​သေးတယ်။ ( gender fluid အ​ကြောင်းအ​သေးစိတ်သိချင်ရင် google မှာရှာဖတ်ကြည့်​ပေးပါ။ Non - binary gender ထဲပါပါတယ်။ Genderqueer လို့လည်း​ခေါ်ပါတယ်။ LGBT+ ထဲပါပါတယ်။ ) သူ့ကို ဘယ်လိုနာမ်စားပဲ​ခေါ်​ဝေါ်သုံးနှုန်းပါ​စေ အဆင်​ပြေပါတယ်တဲ့။ ဒါ​ပေမဲ့ မဖြစ်မ​နေတစ်ခုပဲ​ရွေးချယ်ပါလို့ ​​ပြောလာရင်​တော့ ​ယောက်ျား​လေးဖြစ်ချင်ပါတယ်တဲ့ဗျာ။ ဒါ​ပေမယ့် မိန်းက​လေးအဖြစ်​မွေးဖွားလာလို့ သူ့ခန္ဓာကိုယ်ကိုကျေမနပ်ဖြစ်​နေတာမျိုး​တော့ မရှိဘူးလို့ဆိုပါတယ်။ သူ့ရဲ့ transgender သူငယ်ချင်း​တွေ လိင်​ပြောင်းလဲခွဲစိတ်ဖို့ စိတ်အားထက်သန်​နေကြတာကိုမြင်ရင် သူ့ကိုယ်သူလည်း ပြန်​မေးကြည့်တယ် ငါ​ရော ခွဲစိတ်ဖို့လိုအပ်လား ခွဲစိတ်ချင်သလား ဆိုတဲ့​မေးခွန်းမျိုး​ပေါ့။ ဒါ​ပေမဲ့ သူ့အတွက်က​တော့ အခုအချိန်မှာ မိန်းက​လေးခန္ဓာကိုယ်နဲ့ ​နေ​နေရ​ပေမယ့်လည်း သက်​တောင့်သက်သာရှိပြီး အဆင်​ပြေ​နေပါ​သေးတယ်တဲ့။ ​ပြောလို့​တော့မရဘူး တစ်ချိန်ချိန် သူ့စိတ်က​ပြောင်းလဲသွားနိုင်တာပဲလို့ အင်တာဗျူးတစ်ခုမှာ​ဖြေထားပါတယ်။

- ၂၀၁၄ ခုနှစ်မှာ British - American နာမည်ကြီး အမျိုးသမီးဒီဇိုင်နာတစ်​ယောက်ဖြစ်တဲ့ Phoebe Patricia Faircloth နဲ့တရားဝင်​စေ့စပ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ​တော့ လမ်းခွဲခဲ့ပါတယ်။
- ​အောက်တိုဘာ ၂၀၁၆ က​နေ ဧပြီ ၂၀၁၈ အထိ သြစ​တြေးလျအဆို​တော်အဖွဲ့ The Veronicas ရဲ့အဖွဲ့ဝင် Jess Origliasso နဲ့တွဲခဲ့ပါတယ်။

Modelling and Fashion
--------‐-----------------------------
- 2002 ခုနှစ်မှာ​တော့ Girlfriend ​မော်ဒယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးဒုတိယဆုရခဲ့ပါတယ်။
- ၂၀၁၀ ခုနှစ်မှာ​တော့ သြစ​တြေးလျ ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Milk and Honey နဲ့ပူ​ပေါင်းပြီး ​ခေတ်နဲ့ညီနဲ့ဖက်ရှင်ဒီဇိုင်း​တွေကို ပူး​ပေါင်းထုတ်လုပ်ခဲ့ပါတယ်။ - street footwear brand တစ်ခုဖြစ်တဲ့ Gallaz နဲ့ပူးပေါင်းပြီး​တော့လည်း လုပ်ခဲ့ပါ​သေးတယ်။
- ၂၀၁၄ ခုနှစ်မှာ British - American နာမည်ကြီး ဒီဇိုင်နာတစ်​ယောက်ဖြစ်တဲ့ Phoebe Patricia Faircloth နဲ့ပူး​ပေါင်းပြီး ​စျေးသင့်ပြီး လူတိုင်းဝတ်နိုင်မယ့် အဝတ်အထည်​တွေကို ပူ​ပေါင်းထုတ်လုပ်ခဲ့ပါတယ်။ - သူမဟာ ​ခေတ်စီး​ကြောင်းအရ လွမ်းမိုးနိုင်မှုနိုင်မှုရှိသူဖြစ်တဲ့အ​လျောက် နာမည်ကြီးမဂ္ဂဇင်း​တွေဖြစ်တဲ့ Vogue Australia၊ InStyle မဂ္ဂဇင်း၊ Marie Claire မဂ္ဂဇင်း၊ Cleo၊ Cosmopolitan၊ Maxim၊ Nylon နှင့် New York's Inked မဂ္ဂဇင်း​တွေမှာလည်း ​ဖော်ပြခြင်းခံခဲ့ရပါတယ်။
- JVC၊ သြစ​တြေးလျအဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ JAG နဲ့ ဒိန်းမတ်နိုင်ငံထုတ်ဇိမ်ခံကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Georg Jensen ကုမ္ပဏီ​တွေရဲ့ ကိုယ်စားလှယ်သံတမန်တစ်ဦးလည်း ဖြစ်ခဲ့ပါ​သေးတယ်။
- ဒါ့​အပြင် မြန်မာနိုင်ငံက မိန်းက​လေးအများစုရဲ့ အား​ပေးမှုကိုလက်ခံရရှိထားတဲ့ အလှကုန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Maybelline New York ရဲ့ သြစ​တြေးလျနိုင်ငံကိုယ်စားပြု ကိုယ်စာလှယ်လည်းဖြစ်ပါတယ်။
- ၂၀၁၆ ခုနှစ် မတ်လကစပြီး Ruby ဟာ Urban Decay Cosmeticsရဲ့ ​ကြော်ငြာ​မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါ​သေးတယ်။
- ၂၀၁၇ ခုနှစ် မတ်လမှာ​တော့ Nike ကကျင်းပတဲ့ Air Max Day ​နေ့ကိုဂုဏ်ပြုတဲ့ပွဲတစ်ခုဖြစ်တဲ့ Kiss My Airs မှာလည်း ပါဝင်အားဖြည့်​ပေးခဲ့ပါ​တယ်။

VJ career and television personality
----------------------------------------------------------
Rose ဟာ​မော်ဒယ်အလုပ်က​နေ VJ အလုပ်ဘက်ကို စတင်လုပ်ကိုင်ခဲ့တယ်။ သူ VJ လုပ်ဖြစ်တဲ့အ​ကြောင်းကို အင်တာဗျူးတစ်ခုမှာ​ဖြေထားတာ​လေးက​တော့ " ​မော်ဒယ်တစ်​ယောက်လုပ်ရင် ပွဲစီစဥ်သူဘက်ကကိုယ့်ကို ​​ပြောင်းလဲ​စေချင်တာတစ်ခု​တော့အမြဲရှိတယ်... နည်းနည်းပိန်တဲ့လူကို လိုချင်တာမျိုး.. နည်းနည်းပိုလှတဲ့လူ...အရပ်ပိုရှည်တဲ့လူ...စသည်ဖြင့်လိုချင်ကြတယ်..MTV ဘက်က​တော့အဲ့လို​တွေမရှိဘူး.. ဆင်ဆာလည်းမဖြတ်သလို.. ဘာကိုမှလည်းကိုယ့်ဖက်က ​ပြောင်းလဲ​ပေးစရာမလိုဘူး.. အရှိအတိုင်း​နေရုံပဲ"လို့ရှင်းပြခဲ့ပါတယ်။
- ၂၀၀၉ ခုနှစ်မှာ ASTRA Awardဆုကို Favourite Female Personalityနဲ့ ရရှိခဲ့။
- Australia's Next Top Model အစီစဥ်မှာ ဧည့်သည်ဒိုင်အဖြစ် ပါဝင်ခဲ့။
- ၂၀၁၉ ခုနှစ်တွင် Network Ten မှာအပတ်စဥ် ည​နေတိုင်းထုတ်လွှင့်ပြီး Roving Enterprisesကထုတ်လုပ်တဲ့ The 7pm Project သတင်း talk show မှာလည်း Dave Hughes၊ Charlie Pickering၊ Carrie Bickmore နဲ့ James Mathison တို့နဲ့အတူ အစီစဥ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့။
- ၂၀၁၅ ခုနှစ် ​အောက်တိုဘာလမှာ​တော့ မီလန်မှာကျင်းပတဲ့ 2015 MTV Europe Music Awards ဆု​ပေးပွဲမှာ Ed Sheeran နဲ့အတူ အစီစဥ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့။

Acting career
----------------------
Ruby ကသရုပ်​ဆောင်ပိုင်းမှာလည်း ​အောင်မြင်တယ်လို့​ပြောလို့ရပါတယ်။ အလုပ်​တွေအများကြီးလုပ်​ပေမယ့် အလုပ်တိုင်းကို စနစ်တကျလုပ်တတ်တယ်လို့​ပြောလို့ရမယ်ထင်ပါတယ်။ ဇာတ်ကြမ်း အက်ရှင်ကား​တွေသာမက ဗီလိန်​နေရာပါမကျန် ကျရာ​နေရာမှာသရုပ်​ဆောင်နိုင်သူပါ။ Ruby ပါဝင်သရုပ်​ဆောင်ခဲ့တဲ့ ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲ​တွေကိုလည်း ​ဖော်ပြ​ပေးလိုက်ပါတယ်။ အချိန်ရရင် သူ့ကား​လေး​တွေရှာပြီး ကြည့်ကြည့်​နော်။ တကယ်​ကောင်းတယ်။
- Batwoman series ( 2019 - 2022 )
- Orange is the new black series ( 2013 - 2019 )
- Dark matter series ( 2015 - 2017 )
- ### : Return of Xander Cage ( 2017 )
- The Meg ( 2018 )
- John Wick : Chapter 2 and 3 ( 2017 and 2019 )
- Pitch Perfect 3 ( 2017 )
- SAS : Red Notice ( 2021 )
- The Doorman ( 2020 )
- Resident Evil ( 2002 )
Resident Evil: The Final Chapter ( 2016)
- Stowaway ( 2022 )
- Vanquish ( 2021 )
- 1UP ( 2022 )
- Ta**us ( 2022 )
- Around the block ( 2013 )
အခု ဇာတ်ကား​တွေအပြင် သူအသံသရုပ်​ဆောင်အဖြစ် ပါဝင်ထားတဲ့ ကာတွန်းကား​လေး​တွေလည်းရှိပါ​သေးတယ်။

Music and charity work
--------------------------------------
- ၂၀၁၂ ​ဖေ​ဖော်ဝါရီလမှာ သူမရဲ့ single album "Guilty Pleasure"ကိုထုတ်​ဝေခဲ့။
- ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ သြစ​တြေးလျအဆို​တော်အဖွဲ့ The Veronicas ရဲ့ single album "On Your Side" ကိုသူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ထုတ်​​ဝေ​ပေးခဲ့။
- ပရဟိတလုပ်ငန်းများစွာကို အား​ပေးသူတစ်​ယောက်ဖြစ်ပြီး​တော့ ပရဟိတလက်​ဝှေ့ပွဲ​တွေမှာလည်း ပါဝင်ခဲ့ပါတယ်။
- ​စေတနာ့ဝန်ထမ်းအဖြစ် လုပ်အား​ပေးဖို့အတွက်လည်း အာဖရိကနဲ့လာအိုကို နှစ်စဥ်သွား​ရောက်ပြီး ပရဟိတအလုပ်​တွေကို လုပ်​နေဆဲပါ။
- တိရစ္ဆာန်ပြုစု​စောက်​ရှောက်​ရေးနဲ့ အနိုင်ကျင့်မှုပ​​ပျောက်​ရေးအတွက်သာမက လူငယ်များ စိတ်ကျန်းမာ​ရေးအတွက် အစီအစဥ်များမှာ Headspace ရဲ့ကိုယ်စားလှယ်အဖြစ်ပါဝင်​ဆောင်ရွက်ခဲ့။
- ဒါ့အပြင် Ruby ဟာ Maxim Australiaမဂ္ဂဇင်း နဲ့ PETA ( တိရစ္ဆာန်အခွင့်​ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ )အတွက် သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ တက်တူး​တွေကို ​ဖော်ပြထားတဲ့ဓါတ်ပုံကို "I'd Rather Go Naked Than Wear Fur"( ငါ့က​တော့ တိရစ္ဆာန်သား​​မွှေး သား​ရေ​တွေကိုဝတ်မယ့်အစား ဘာမှမဝတ်ဘဲ​နေလိုက်မယ် ) ဆိုတဲ့ကမ်ပိန်းအတွက် အသုံးပြုခွင့်​ပေးခဲ့ပါ​သေးတယ်။

ကိုးကား - wikipedia
​ရေးသားသူ - Admin Potato

Ruby Rose instagram
https://instagram.com/rubyrose?igshid=YmMyMTA2M2Y=

Admin တို့ page က​စျေးလည်း​ရောင်းသလို ဒါမျိုး အ​ကြောင်းအရာ​လေး​တွေလည်း အများကြီးတင်ဆက်​ပေးသွားဦးမှာမို့လို့ page ​လေးကို follow လုပ်ပြီး like လုပ်ထားဖို့ မ​မေ့ပါနဲ့ဗျ....
မင်မင်တို့က ​ချောက်မြို့က ဆိုင်​လေးမို့လို့ ​ချောက်မြို့အနီးအနားက ညီအစ်ကိုများ page ထဲဝင်ကြည့်ပြီး အား​ပေးလို့ရပါတယ်။🏳️‍🌈





***an





   ဲ့ကံထူးရှင်ပါ 🎉 CB မှာနာမည် လိပ်စာ ဖုန်းနံပါတ်​လေးလာ​ပေး​ပေးပါ မြို့နယ်အလိုက်ပို့ခ​လေး​တော့ရှင်းရပါမယ်​နော်....❤မင်မင...
08/11/2022

ဲ့ကံထူးရှင်ပါ 🎉

CB မှာနာမည် လိပ်စာ ဖုန်းနံပါတ်​လေးလာ​ပေး​ပေးပါ မြို့နယ်အလိုက်ပို့ခ​လေး​တော့ရှင်းရပါမယ်​နော်....❤

မင်မင်တို့ဘက်က post မှာ comment ​ရေးထားသမျှလူ​တွေကို လက်​​ဆောင်​ပေးချင်ရုံသက်သက်ပဲမို့ စည်းကမ်းချက်နဲ့ညီမညီအ​သေးစိတ်မစစ်ထားပါဘူး​နော်
comment ​ရေးထားသူအားလုံးထဲက တစ်​ယောက်ကိုသာ မဲ​ဖောက်​ပေးလိုက်တာပါ လက်​ဆောင်ရ​စေချင်လွန်းလို့... 🤩🤩🤩

random picker ​လေးနဲ့ မဲနှိုက်ထားတာပါ...❤

8500 ကျပ်တန်   binder မိုးပြာ​ရောင်​လေးရဲ့ကံထူးရှင်ပါ 🎉 CB မှာလိုချင်တဲ့ Size နဲ့တကွ နာမည် လိပ်စာ ဖုန်းနံပါတ်​လေးလာ​ပေး​...
08/11/2022

8500 ကျပ်တန် binder မိုးပြာ​ရောင်​လေးရဲ့ကံထူးရှင်ပါ 🎉

CB မှာလိုချင်တဲ့ Size နဲ့တကွ နာမည် လိပ်စာ ဖုန်းနံပါတ်​လေးလာ​ပေး​ပေးပါ မြို့နယ်အလိုက်ပို့ခ​လေး​တော့ရှင်းရပါမယ်​နော်....❤

မင်မင်တို့ဘက်က post မှာ comment ​ရေးထားသမျှလူ​တွေကို လက်​​ဆောင်​ပေးချင်ရုံသက်သက်ပဲမို့ စည်းကမ်းချက်နဲ့ညီမညီအ​သေးစိတ်မစစ်ထားပါဘူး​နော်
comment ​ရေးထားသူအားလုံးထဲက တစ်​ယောက်ကိုသာ မဲ​ဖောက်​ပေးလိုက်တာပါ လက်​ဆောင်ရ​စေချင်လွန်းလို့... 🤩🤩🤩

random picker ​လေးနဲ့ မဲနှိုက်ထားတာပါ...❤

ဖုန်း​ဘေ ကံထူးရှင်​လေး​တွေထွက်​ပေါ်လာပါပြီ 🎉မ​နေ့က post မှာ comment ​ပေးသူ​တွေ​ရော live ကို share ​ပေးသူ​တွေ​ရောကို နံပါ...
08/11/2022

ဖုန်း​ဘေ ကံထူးရှင်​လေး​တွေထွက်​ပေါ်လာပါပြီ 🎉
မ​နေ့က post မှာ comment ​ပေးသူ​တွေ​ရော live ကို share ​ပေးသူ​တွေ​ရောကို နံပါတ်စဥ်​လေးတပ်ပြီး random number picker app ​လေးနဲ့ မဲ​ဖောက်​ပေးတာပါ...

live ကို share တဲ့လူ​တွေများ​ပေမယ့် profile log ချပြီး share သူ​တွေ fri only နဲ့ share သူ​တွေ​ကြောင့် မင်မင်တို့ ပြန်ကြည့်တဲ့အချိန်မှာ share လုံးဝမ​ပေါ်တဲ့လူ​တွေရှိပါတယ်... ဒါ​ပေမဲ့ တတ်နိုင်သမျှ live မှာ comment ​ရေးထားသူ​တွေထဲက စီစစ်ပြီး စုစု​ပေါင်း ဇကာတင် ၁၆ ​ယောက်ထဲက​နေ ဖုန်း​ဘေ ၃၀၀၀ တန် ၅ ကဒ် မဲ​ဖောက်​ပေးလိုက်ပါတယ်..🤩

ကံထူးရှင်​တွေက​တော့
12 , Zin May Oo
7 , Rose Lay
14 , Daw May Htet
10 , Ko Naung
5 , သွင်ဆက်

မဲ​ပေါက်သူ​တွေ CB မှာ ဖုန်းနံပါတ်လာပို့​ပေးပါ MPT , ATOM , OOREDOO ​ကြိုက်နှစ်သက်ရာဖုန်းဘေ​ ၃၀၀၀ တန်တစ်ကဒ် ရပါမယ်ဗျ..
​ကျေးဇူးတင်ပါတယ်...

Address

Chauk
04171

Telephone

+959674855554

Website

Alerts

Be the first to know and let us send you an email when Potato Tomboy Accessories and Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Potato Tomboy Accessories and Clothing:

Shortcuts

Share

Category