Hippo

Hippo Baby Goods/ Kids Goods

🎉 နှစ်သစ်အထူး 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 🎉🙏 ပျော်ရွှင်စရာ နှစ်သစ်အချိန်ခါသာမည မှာ Hippo ရဲ့ ဖေဖေမေမေများ တွက် 🙏🧡 Hippo Diaper Special 𝗣𝗿𝗼...
20/04/2026

🎉 နှစ်သစ်အထူး 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 🎉

🙏 ပျော်ရွှင်စရာ နှစ်သစ်အချိန်ခါသာမည မှာ
Hippo ရဲ့ ဖေဖေမေမေများ တွက် 🙏
🧡 Hippo Diaper Special 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ကြီးနဲ့ ကြိုဆိုလိုက်ပါတယ်နော် .. 🧡

📦 Packaging Error အနည်းငယ်နှင့်
⏳ Nearly Expired လက်ကျန်များကို
👉 30% Discount ဖြင့် အထူးရောင်းချပေးမှာဖြစ်ပါတယ် 👈

ရရှိနိုင်သော Diaper Size များ 👇
1. NB
2. Tape Medium
3. Tape Large
4. Pant Medium
5. Pant Large
6. Pant XL
7. Pant XXL
8. Pant ###L

📌 Order တင်ရန် —
အောက်ပါအချက်အလက်များဖြင့် Page Messenger မှတစ်ဆင့် အမြန်ဆုံး Order တင်နိုင်ပါတယ် .
🧡 Diaper Size
🧡 Quantity (အရေအတွက်)
🧡 Address & Phone Number

⚠️ Notice
🚫 Stock အကန့်အသတ်ရှိသောကြောင့်
First Come, First Served အစီအစဉ်ဖြင့်သာ Order များကို လက်ခံပေးမည်ဖြစ်ပါသည်ရှင်..

တကယ်တော့... ဘေဘီလေးတွေရဲ့ နုနယ်တဲ့အသားအရေဟာ အဝတ်အစားထက် Diaper နဲ့ ပိုပြီး ထိတွေ့နေရတာပါ။  ဒါကြောင့်လည်း မေမေတို့ကြိုက်က...
20/04/2026

တကယ်တော့... ဘေဘီလေးတွေရဲ့ နုနယ်တဲ့အသားအရေဟာ အဝတ်အစားထက် Diaper နဲ့ ပိုပြီး ထိတွေ့နေရတာပါ။

ဒါကြောင့်လည်း မေမေတို့ကြိုက်ကြတဲ့ Hippo Diaper လေးက ပုံမှန်ဒိုက်ပါတွေထက် နူးညံ့ပေါ့ပါးပြီး စုပ်ယူမှု မြန်ဆန်ရုံတင်မကဘဲ ချွေးအောင်းတာမျိုး လုံးဝမရှိအောင် ကုန်ကြမ်းတစ်ခုချင်းစီကို ဘေဘီလေးတို့နဲ့ Skin-Friendly ဖြစ်ဖို့ပဲ အဓိကထား ထုတ်လုပ်ပေးထားတာပါ။

ခုပေါက် ခု‌ခြောက်တဲ့အပြင် Cutting လည်းပြည့်တော့ အသားပွန်းတာ၊ အသားလောင်တာ၊ နီရဲပြီး အဖုအပိမ့်ထွက်တာမျိုးတွေကို စိတ်ပူစရာမလိုပါဘူး။

နုနယ်တဲ့အသားအရေလေးတွေ Diaper Rash ရန်ကနေ ကာကွယ်ပေးဖို့ International Quality နဲ့ Hippo ရှိနေပြီနော်။

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

Happy Myanmar New Year! အတာရေစင်ဖျန်းလို့ အေးချမ်းကြပါစေ... ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့ တွင်ကူးပ...
17/04/2026

Happy Myanmar New Year! အတာရေစင်ဖျန်းလို့ အေးချမ်းကြပါစေ...

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်း (၁) ရက်နေ့ တွင်ကူးပြောင်းသွားသော နှစ်သစ်အချိန် အခါသမယမှ စ၍ တစ်နှစ်တာကာလပတ်လုံး (၇)ရက် သားသမီးများအားလုံး ဘေးဘယာ ဝေးကွာကာ ကိုယ်စိတ်နှလုံး ကျန်းမာစွာဖြင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေကြောင်း Hippo မှဆုမွန်ကောင်း တောင်းအပ်ပါသည်။

လိပ်မယ်၊ တိပ်နဲ့ကပ်မယ်၊ စွန့်ပစ်မယ် ..  ဒိုက်ပါစွန့်ပစ်နည်းက ဒီလောက်တောင် လွယ်ပြီး သန့်ရှင်းတာလား ?   ၁။ ဘေးနှစ်ဖက်ကို ဖ...
10/04/2026

လိပ်မယ်၊ တိပ်နဲ့ကပ်မယ်၊ စွန့်ပစ်မယ် ..

ဒိုက်ပါစွန့်ပစ်နည်းက ဒီလောက်တောင် လွယ်ပြီး သန့်ရှင်းတာလား ?

၁။ ဘေးနှစ်ဖက်ကို ဖြဲမယ်။
၂။ လိပ်မယ်။
၃။ စွန့်ပစ် tape လေးကို ဆွဲထုတ်ပြီး ကပ်မယ်။
၄။ အဖုံးပါတဲ့ အမှိုက်ပုံးထဲ စွန့်ပစ်မယ်။

အမှိုက်ဆိုတာ ပစ်တတ်ရင် အမြတ်" ဆိုသလိုပဲ ဘေဘီဒိုက်ပါလေးကို ပရမ်းပတာ မဟုတ်ဘဲ
Hippo Pant Diaper မှာပါတဲ့ စွန့်ပစ် Tape လေးသုံးပြီး သန့်ရှင်းသပ်ရပ်စွာ စွန့်ပစ်တဲ့ အလေ့အကျင့်ကောင်းလေး လုပ်ကြမယ်နော်။

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

"နူးညံ့မယ်၊ ခြောက်သွေ့မယ်၊ ပေါ့ပါးမယ်"  ဘေဘီလေးတွေ ဝတ်ထားမှန်းတောင် မသိရလောက်အောင် 1.2 mm ပဲ ရှိတဲ့ အလွန်ပါးလွှာတဲ့ အထိအ...
03/04/2026

"နူးညံ့မယ်၊ ခြောက်သွေ့မယ်၊ ပေါ့ပါးမယ်"

ဘေဘီလေးတွေ ဝတ်ထားမှန်းတောင် မသိရလောက်အောင် 1.2 mm ပဲ ရှိတဲ့ အလွန်ပါးလွှာတဲ့ အထိအတွေ့ဟာ မေမေတို့ ရှာဖွေနေတဲ့ Hippo Diaper ရဲ့ ထူးခြားချက်ပါပဲ။

ပါးလွှာရုံတင်လားဆိုတော့ မဟုတ်ပါဘူး...
နူးညံ့ပေါ့ပါးတဲ့ ခါးမျှော့ကြိုးလေးတွေက ဝတ်ထားမှန်းတောင် မသိသာစေရဘူး။
အခုပေါက် ချက်ချင်းခြောက်တာမို့ လှုပ်ရှားမှုတွေ ဘယ်လောက်များများ ယိုစိမ့်မှာ ပူစရာမလို။
Cutting လည်းပြည့် size လည်းပြည့်ပြီး လေဝင်လေထွက်ကောင်းလို့ Diaper Rush တွေအတွက် စိတ်ချရ။

အရာရာတိုင်းမှာ အကောင်းဆုံးကိုမှ ပေးချင်တာ မေမေတိုင်းရဲ့ ဆန္ဒကို Hippo က ဖြည့်ဆည်းပေးဖို့ အမြဲအသင့်ပါပဲနော်..။

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

ကလေးတွေ Diaper Rash ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက Cutting မပြည့်တဲ့ Pant ဒိုက်ပါတွေနဲ့ Size မကိုက်ညီတာကို ဝတ်ပေးမိလို့ပါပဲ။...
27/03/2026

ကလေးတွေ Diaper Rash ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက Cutting မပြည့်တဲ့ Pant ဒိုက်ပါတွေနဲ့ Size မကိုက်ညီတာကို ဝတ်ပေးမိလို့ပါပဲ။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီတဲ့ Size ကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်နော်။

နူးညံ့တဲ့ ခါးမျှော့ ကြိုးလေးတွေပါလို့ ဝတ်ထားရတာ သက်တောင့်သက်သာဖြစ်စေတယ်။
Cutting လည်းပြည့် size လည်းပြည့်မို့ လှုပ်ရှားမှုဘယ်လောက်များများ Diaper Rash မဖြစ်စေဘူး။
ပွန်းတာ တင်းကြပ်တာမျိုး မဖြစ်စေဘူး။
ယိုစိမ့်မှုမရှိဘဲ ခုပေါက် ခုခြောက်သေးတယ်။

Hippo Pant Diaper က ဒီလိုအချက်တွေနဲ့ ကိုက်ညီနေတဲ့အပြင် International Quality ကုန်ကြမ်းကောင်းတွေကိုပဲ သုံးထားလို့ ဝတ်ဆင်လိုက်တိုင်းမှာ နူးညံ့ပေါ့ပါးပြီး ဇိမ်ကျစေဦးမှာပါ။

ဘေဘီလေးရဲ့ ကိုယ်အလေးချိန် (ပေါင်) အလိုက် အလွယ်တကူ ရွေးချယ်နိုင်ပါသေးတယ်။
M Size (13.2 - 24.2 lb)
L Size (19.8 - 30.8 lb)
XL Size (26.4 - 39.6 lb)
2XL Size (35.2 - 57.2 lb)
3XL Size (44 lb အထက်)

မေမေရော ဘေဘီလေးရော သင့်တော်တဲ့ Diaper အမျိုးအစားကို ရွေးပြီး နေ့ရက်တိုင်းမှာ Diaper Rash ကင်းဝေးပြီး ပျော်ရွှင်နိုင်ပါစေနော်…

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

Newborns လေးတွေကို ပြုစုရတာ ပိုလွယ်ကူသွားစေမယ့် လျှို့ဝှက်ချက် (၅) ချက်   ၁။ ၄၅ မိနစ် ကျော်တာနဲ့ ပြန်သိပ်ပေးဖို့ ပြင်ဆင်...
24/03/2026

Newborns လေးတွေကို ပြုစုရတာ ပိုလွယ်ကူသွားစေမယ့် လျှို့ဝှက်ချက် (၅) ချက်

၁။ ၄၅ မိနစ် ကျော်တာနဲ့ ပြန်သိပ်ပေးဖို့ ပြင်ဆင်ပါ
(အချိန်အကြာကြီး နိုးနေရင် ကလေးက ပင်ပန်းပြီး ဂျီကျတတ်ပါတယ်)

၂။ နို့တိုက်ပြီးတိုင်း ၁၀ မိနစ်လောက် မတ်မတ်ထားပေးပါ။
(အစာကြေလွယ်စေပြီး လေပွတာ သက်သာပါတယ်)

၃။ ဒိုက်ပါမလဲခင် ခြေထောက်လေးတွေကို စက်ဘီးစီးသလို ညင်သာစွာ လှုပ်ရှားပေးပါ။
(ဗိုက်ထဲက လေတွေကို ထွက်စေပါတယ်။)

၄။ တိတ်ဆိတ်နေတာထက် ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ ဖွင့်ထားပေးပါ။
(Sleep Music လေးတွေက သူတို့ကို ပိုအိပ်ပျော်စေပါတယ်)

၅။ အိပ်ရင်း လူးလွန့်တာ၊ ညည်းတာတွေ့ရင် ချက်ချင်းမချီဘဲ စက္ကန့်ပိုင်းလောက် စောင့်ကြည့်ပေးပါ။
(နိုးတာမဟုတ်ဘဲ အိပ်မက်မက်နေတာ ဖြစ်နိုင်လို့ပါ)

ဒီအချက်လေးတွေက မေမေတို့ရဲ့ မိခင်ဘဝခရီးလမ်းအစကို ပိုပြီး အဆင်ပြေချောမွေ့စေမယ်လို့ မျှော်လင့်ပါတယ်။

ရင်သွေးလေးနဲ့အတူ ပျော်ရွှင်စရာ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေရှင်...

အမျိုးသမီးတွေဆိုတာ တစ်ခါတလေ ပန်းလေးတစ်ပွင့်လို လှပနူးညံ့ပြီး တစ်ခါတလေ အံ့ဩစရာကောင်းတဲ့ စွမ်းအားသတ္တိတွေနဲ့ အခက်အခဲတွေမျိ...
08/03/2026

အမျိုးသမီးတွေဆိုတာ တစ်ခါတလေ ပန်းလေးတစ်ပွင့်လို လှပနူးညံ့ပြီး တစ်ခါတလေ အံ့ဩစရာကောင်းတဲ့ စွမ်းအားသတ္တိတွေနဲ့ အခက်အခဲတွေမျိုးစုံကို ရင်ဆိုင်နိုင်တဲ့သူတွေပါ။

ဒီနေ့ ကျရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ Hippo Diaper ကနေ အမျိုးသမီးတိုင်းရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုပြီး အခက်အခဲတိုင်း ကျော်လွန်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

ဒိုက်ပါလဲရတော့မယ်ဆိုရင် Hippo Pant Diaper က ဒီလိုလေး ပြောပြတတ်ပါတယ်..  Hippo Pant Diaper မှာက ဆီးပြည့်၊ မပြည့်ကို အလွယ်တ...
04/03/2026

ဒိုက်ပါလဲရတော့မယ်ဆိုရင် Hippo Pant Diaper က ဒီလိုလေး ပြောပြတတ်ပါတယ်..

Hippo Pant Diaper မှာက ဆီးပြည့်၊ မပြည့်ကို အလွယ်တကူ သိရှိနိုင်တဲ့ Wet Indicator လေး ပါဝင်တာကြောင့် အဝါရောင်လိုင်းလေးကနေ အစိမ်းရောင်ဖန့်ဖန့်ဘက်ကို ပြောင်းသွားတာနဲ့ ဒိုက်ပါလဲဖို့ အချက်ပြနေပြီလို့ မေမေတို့ မှတ်ယူလို့ရပါတယ်။

နောက်ပြီး လဲပြီးသွားတဲ့အခါမှာလည်း အနောက်မှာပါတဲ့ စွန့်ပစ်တိပ်လေးကို အသုံးပြုပြီး အလွယ်တကူ လိပ်ပြီး ပစ်လိုက်ရုံပဲမို့ သန့်ရှင်းသပ်ရပ်မှုအတွက်လည်း စိတ်ချရတာပေါ့။

စိတ်ချရတယ်၊ သန့်ရှင်းတယ်၊ အဆင်ပြေတယ်...Hippo Pant Diaper နဲ့သာဆိုရင်ပေါ့...။

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

မီးဖွားပြီးခါစ ကာလဟာ မေမေတို့အတွက် အနားယူမှု အလိုအပ်ဆုံးအချိန်ပါ။ ဒါကြောင့် ဒီအချက်လေးတွေကို မေမေတင်မက မိသားစုဝင်တွေကပါ ...
26/02/2026

မီးဖွားပြီးခါစ ကာလဟာ မေမေတို့အတွက် အနားယူမှု အလိုအပ်ဆုံးအချိန်ပါ။
ဒါကြောင့် ဒီအချက်လေးတွေကို မေမေတင်မက မိသားစုဝင်တွေကပါ ဂရုစိုက်ပေးပါဦးနော်...။

၁။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ပြီး အာဟာရရှိတဲ့ အစားအစာများကို စားသုံးပါ။
၂။ ခွဲစိတ်ဒဏ်ရာ ဒါမှမဟုတ် မွေးလမ်းကြောင်း ဒဏ်ရာတွေကို ပိုးမဝင်ဘဲ အနာကျက်နှုန်း မြန်စေဖို့ သန့်ရှင်းမှုကို ဂရုစိုက်ပါ။
၃။ ကလေးချီတဲ့အခါ ဒါမှမဟုတ် နို့တိုက်တဲ့အခါ ခါးနဲ့ ကျောရိုး မနာအောင် အနေအထားမှန်ပါစေ။
၄။ မွေးဖွားပြီး ၄၅ ရက်အတွင်းမှာ ကောင်းစွာအနားယူပါ။ လေးလံတာတွေအပြင် အားစိုက်ရတဲ့ အလုပ်မှန်သမျှကို ခဏနားထားပါ။

ယောကျာ်းဖြစ်သူနဲ့ မိသားစုဝင်တွေရဲ့ ဂရုစိုက်မှုတွေကလည်း မေ‌မေ့အတွက် အားအရှိဆုံး ဆေးတစ်ခွက်ပဲမို့ အိမ်အလုပ်တွေနဲ့ ကလေးထိန်းတာကို မိသားစုဝင်တွေက အလိုက်တသိ ဝိုင်းကူပေးဖို့ မမေ့ပါနဲ့ဦးနော်။

မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းလက္ခဏာတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ ဒါလေးတွေ လုပ်ကြည့်ရအောင်...။  ပျို့အန်ခြ...
19/02/2026

မေမေတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းလက္ခဏာတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ ဒါလေးတွေ လုပ်ကြည့်ရအောင်...။

ပျို့အန်ခြင်းအတွက် :
ချင်း (ဂျင်း)နဲ့ သကြားလုံး ငုံပေးပါ၊ အစာကို နည်းနည်းချင်းစီ ခွဲစားပါ။
အနံ့ပြင်းတာရှောင်ပါ၊ ဗီတာမင် B6 ပါတဲ့ အစာကို စားပါ။

ရင်သားနာခြင်းအတွက် :
တင်းကျပ်တဲ့ အဝတ်အစားတွေ ရှောင်ပြီး သက်သောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ဆင်ပါ။
အသားအေးပြီး ချည်သားစစ်စစ် အတွင်းခံကို ရွေးချယ်ပါ။

နုံးချိခြင်းအတွက် :
အာဟာရပြည့်အောင်စားပြီး တစ်နေ့ကို (၈ နာရီ) ပြည့်အောင်အိပ်ပါ။
နေ့ခင်းဘက်မှာ (၁၅ မိနစ်) တစ်ရေးအိပ်ပါ။

ဆီးခဏခဏသွားခြင်းအတွက် :
နေ့ဘက်မှာ ရေများများသောက်ပါ၊ ညဘက်မှာ ရေလျှော့သောက်ပါ။

ခေါင်းကိုက်ခြင်းအတွက် :
လေကောင်းလေသန့်ရအောင် နေပါ၊ ရေဓာတ်ပြည့်ဝပါစေ။ ရေနွေးနွေးဖြင့် ရေချိုးပါ။

စိတ်အပြောင်းအလဲအတွက် :
ဝါသနာပါရာ လုပ်ပါ။ သီချင်းနားထောင်ပြီး စိတ်ကို အပန်းဖြေပါ။
ချစ်ခင်ရသူများနှင့် စကားပြောပါ။

ဒီလိုအပြောင်းအလဲတွေ ဖြစ်နေတာဟာ မေမေ့ဗိုက်ထဲမှာ ရင်သွေးလေး ကျန်းကျန်းမာမာ ကြီးထွားနေပြီဆိုတဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ပင်ပန်းပေမယ့် စိတ်ကိုပျော်ပျော်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါဦးနော်။ မေမေတို့အားလုံး ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်ပါစေ။

🧡 အခုပေါက် အခုခြောက်တဲ့ Hippo Diaper 💜

ဖေဖော်ဝါရီ ၁၃ ရက် - မြန်မာနိုင်ငံ ကလေးများနေ့ဒီနေ့လို ထူးမြတ်တဲ့နေ့လေးမှစ၍ ကလေးငယ်တိုင်း ပိုင်ဆိုင်သင့်တဲ့ အခွင့်အရေးမျာ...
13/02/2026

ဖေဖော်ဝါရီ ၁၃ ရက် - မြန်မာနိုင်ငံ ကလေးများနေ့

ဒီနေ့လို ထူးမြတ်တဲ့နေ့လေးမှစ၍ ကလေးငယ်တိုင်း ပိုင်ဆိုင်သင့်တဲ့ အခွင့်အရေးများ ပြည့်ဝစွာရရှိကာ ဗဟုသုတ အလင်းရောင်များဖြင့် မိမိတို့ဘဝကို ခမ်းနားစွာ ထုဆစ်နိုင်ကြပါစေ။

ဘေးအန္တရာယ်ကင်းရှင်းပြီး ဉာဏ်ပညာထက်မြက်စွာဖြင့် မိမိတို့ လိုလားတောင့်တနေတဲ့ အနာဂတ် ပန်းတိုင်များဆီသို့ အဟန့်အတားမရှိ လျှောက်လှမ်းနိုင်ပါစေကြောင်း Hippo Alpha မှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေရှင်...။

Address

Dawbon

Alerts

Be the first to know and let us send you an email when Hippo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hippo:

Share