ဇာတ်ကားကောင်းလေးတွေညွှန်းပေးမယ်

  • Home
  • Myanmar
  • Hmawbi
  • ဇာတ်ကားကောင်းလေးတွေညွှန်းပေးမယ်

ဇာတ်ကားကောင်းလေးတွေညွှန်းပေးမယ် drama lover

05/06/2026

ကဲ...သူရိုက်ကွင်းအားနေတုန်း ကိုရီးယားကို သွားတွေ့၊ ကော်ဖီdateလေး ဘာလေးပေါ့☕
Just kidding😁

ဒီတခါတော့ မဆိုးပါဘူး ကိုယ်လည်းထုတ်ခိုင်းချင်တာ ထုတ်ခိုင်း သူလည်း ထွက်ချင်တာ ထွက်လာတာပဲ တော်သေးတယ် လှတပတလေးမို့...

မင်းသားပုံကိုအတိအကျ မသုံးထားပါဘူးနော်
(Right of Publicity)မူပိုင်ခွင့်တွေရှိတာကြောင့်မို့ပါ


05/06/2026

Aiက တစ်ကွက်ပြလိုက်ပြီ👇
ကိုယ့်ပုံနဲ့ ဗြောင်ဝူဆော့ပုံလေး ပေးပြီး lovely runner ထဲက အဝါရောင်ထီးနဲ့ ဇာတ်ဝင်ခန်းလေးကို ရိုမန့်တစ်ဆန်ဆန်လေး ထုတ်ခိုင်းတာ ထွက်လာတာလည်း ကြည့်ကြပါဦး....

သားအဖဇုန်ထဲ ထည့်လိုက်တယ်ဟယ်!

03/06/2026

✨ Model vs Wang Churan ✨

သူလေးကိုတော့ Chinese drama fanတွေ သိကြမယ်ထင်ပါတယ် ကိုယ်ကတော့ Royal
Feastဇာတ်ကားမှ စသိတာ...ရှေးခေတ်ဝတ်စုံနဲ့တောင် မှိန်မသွားဘူး

အခု မော်ဒယ်တွေနဲ့ ယှဉ်ပြထားတဲ့ ဗီဒီယိုလေးကြည့်ပြီး သူ့ရဲ့ Healthy & Curvy Body အချိုးအစားကို တော်တော်လေး သဘောကျမိတယ်

ဝတ်စုံတိုင်းကလည်း သူဝတ်လိုက်မှ ပိုထင်းသွားသလိုပဲ ကြည့်ကြည့်လိုက်ဦးနော်👇🎬



02/06/2026

🍜မုန့်ဟင်းခါး🍜

ဒီနေ့ရာသီဥတုနဲ့ မုန့်ဟင်းခါးချက်ထားတာနဲ့ လိုက်နေရောပဲ



Sound credit - ဆရာကြီးလယ်တွင်းသားစောချစ်

Waikiki ရဲ့ Fan တွေ "Sol" လေးကို မှတ်မိကြသေးလား? 👶✨လူပျိုသိုးကြီးတွေကြားထဲ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသ...
01/06/2026

Waikiki ရဲ့ Fan တွေ "Sol" လေးကို မှတ်မိကြသေးလား? 👶✨

လူပျိုသိုးကြီးတွေကြားထဲ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အသည်းယားစရာ ကောင်းခဲ့တဲ့ Baby Sol လေး 💖
ဇာတ်လမ်းတွဲထဲမှာ လမ်းတောင် မလျှောက်တတ်သေးတဲ့ အဲဒီကလေးလေးက အခုဆိုရင် အချိန်တွေ ကုန်လွန်သွားခဲ့ပြီး အသက် (၈) နှစ်အရွယ် မူလတန်းကျောင်းသူလေး ဖြစ်နေပါပြီ 🌸🎒

Solလေးရဲ့ နာမည်က Han Yeo-reum ဖြစ်ပြီးလက်ရှိမှာတော့ ကလေးအသုံးအဆောင် brand တွေအတွက် ကလေးမော်ဒယ်အဖြစ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်

Waikiki ကြည့်တုန်းက ရယ်မောခဲ့ရတာ solလေးကြောင့်လည်း ပါတယ်နော် ခုထိ ချစ်ရာကောင်းတုန်းပဲ🥰

ပါလာပြန်ပြီ...ဒီကြော်ငြာကြီးပေါ်လာတိုင်း ဇာတ်ရှိန်ပျက်😒
31/05/2026

ပါလာပြန်ပြီ...ဒီကြော်ငြာကြီးပေါ်လာတိုင်း ဇာတ်ရှိန်ပျက်😒



"သေနတ်အစား ဓားကိုကိုင်ပြီး စစ်တပ်ကို သိမ်းပိုက်မယ့် 'The Legend of Kitchen Soldier' (သို့မဟုတ်) ကိုရီးယားဇာတ်ညွှန်းလောကရ...
31/05/2026

"သေနတ်အစား ဓားကိုကိုင်ပြီး စစ်တပ်ကို သိမ်းပိုက်မယ့် 'The Legend of Kitchen Soldier' (သို့မဟုတ်) ကိုရီးယားဇာတ်ညွှန်းလောကရဲ့ တီထွင်ဖန်တီးမှုအသစ်"

ကိုရီးယားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲလောကကို ကမ္ဘာက အသိအမှတ်ပြုနေရတဲ့ အဓိကအကြောင်းရင်းများထဲမှ တစ်ခုကတော့ ဇာတ်ညွှန်းရေးဆရာတွေရဲ့ ထူးထူးဆန်းဆန်းနဲ့ အကန့်အသတ်မရှိတဲ့ တွေးခေါ်ဖန်တီးမှုစွမ်းရည်ကြောင့်ပဲ ဖြစ်ပါတယ်...
အခုထွက်ရှိလာတဲ့ The Legend of Kitchen Soldier ဇာတ်လမ်းတွဲဟာ ဆိုရင်လည်း အဲ့ဒီအချက်ကို အကောင်းဆုံး သက်သေပြလိုက်တဲ့ ပြယုဂ်တစ်ခုပါပဲ

ယခင်က စစ်တပ်ကားဆိုရင် တိုက်ခိုက်ရေး၊ စစ်ဗျူဟာ ဒါမှမဟုတ် စစ်မြေပြင်က အချစ်ဇာတ်လမ်းလောက်ပဲ ပြေးမြင်တတ်ကြပေမယ့် အခုကားမှာတော့ ကိုရီးယားဇာတ်ညွှန်းဆရာတွေက စစ်တပ်နောက်ခံကိုမှ လူငယ်တွေအကြိုက် Anime စတိုင် ဂိမ်းမစ်ရှင်စနစ် နဲ့ အချက်အပြုတ်အတတ်ပညာ တို့ကို အကွက်စေ့စေ့ ဆက်စပ်ပေးထားပါတယ်
စစ်သားအသစ်လေးတစ်ယောက်က သေနတ်ကိုင်ပြီး ရန်သူကို တိုက်ခိုက်မယ့်အစား၊ ဟင်းချက်ဓားကို ကိုင်ပြီး စစ်တပ်ရဲ့ ထမင်းစားဆောင်ကြီးကို သိမ်းပိုက်ဖို့ ကြိုးစားရတဲ့အိုင်ဒီယာဟာ တကယ်ကို ဆန်းသစ်ပါတယ်
အထူးသဖြင့် ဟင်းချက်စရာ ပစ္စည်းတွေကို ကြည့်လိုက်ရုံနဲ့ ဂိမ်းထဲကလို Level တွေ၊ အချက်အလက်တွေ မြင်နေရတဲ့ 'Chef's Eyes' စွမ်းရည်မျိုး၊ မစ်ရှင်အောင်ရင် အဆင့်တက်သွားတဲ့ စနစ်မျိုးတွေကို စစ်တပ်ရဲ့ လက်တွေ့ဘဝထဲ ထည့်သွင်းဇာတ်အိမ်တည်ဆောက်ထားတာဟာ ကြည့်ရှုသူတွေကို တစ်ပိုင်းပြီးတစ်ပိုင်း မရိုးရအောင် ဆွဲဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်

စစ်တပ်ထဲမှာ သာမန်အားဖြင့် သတိမထားမိတတ်တဲ့ နောက်ကွယ်က "ထမင်းချက်စစ်သား" ကာရိုက်တာကို ဂိမ်းထဲက လူစွမ်းကောင်းတစ်ယောက်လို ဇာတ်အိမ်မြှင့်တင်ပေးလိုက်တဲ့ စာရေးဆရာရဲ့ စိတ်ကူးက တကယ့်ကို ချီးကျူးဖို့ကောင်းလှပါတယ်
ဟာသ comedy series မို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေပါတယ် တကယ်လို့ စိတ်ညစ်စရာတွေကို ခဏမေ့ပြီး ရယ်မောချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်မှာ သေချာပါတယ်။




30/05/2026

✨Model vs Song Hye Kyo✨

ငယ်ကအချစ် နှစ်တစ်ရာမမေ့သာ ဆိုသလို ကလေးဘဝကတည်းက ဒီနေ့အထိ ချစ်ခဲ့ရတဲ့ တို့‌တွေရဲ့ K-Drama Queen မမ Kyo

Kyo ရဲ့ ဖက်ရှင်တွေကို ကြည့်လိုက်ရင် ဘယ်ပွဲမဆို အမြဲရိုးရိုးရှင်းရှင်းလေးတွေပဲ ဝတ်တတ်တာ တွေ့ရပါလိမ့်မယ်...ဒါပေမဲ့ ဒီတစ်ခါ ဗီဒီယို Edit ရင်းနဲ့ ဝတ်စုံတွေထက် မျက်လုံးကို အဆွဲဆောင်နိုင်ဆုံး ဖြစ်နေတာကတော့ သူမရဲ့ လည်ဆွဲလေးတွေပါပဲ

✨ပြင်သစ် တော်ဝင်ရတနာ အမှတ်တံဆိပ် Chaumet ရဲ့ အလှဆုံး Global Ambassador ကြီးမို့ ဗီဒီယိုထဲ kyo ဆင်မြန်းထားသမျှ Chaumet ကပါပဲနော်

ပုံမှန်ဆို လက်ဝတ်လက်စား စိတ်မဝင်စားတဲ့ ကိုယ်တောင်မှ ဒီဇိုင်းလေးတွေကို သေချာကြည့်ပြီး သဘောကျမိတယ်
Kyoနဲ့ ဘယ်design က အလိုက်ဆုံးလဲဆိုတာ
ကြည့်ကြည်လိုက်ဦးနော်👇❤️


Salmokji ကြည့်ပြီးသွားကြပြီလားmmsub ရရချင်းကြည့်လိုက်တာ ပြောရရင်တော့ ကြည့်ဖူးနေကျ သရဲကားတွေလိုပါပဲ အစအဖွင့်မှာ မိသားစု သ...
29/05/2026

Salmokji ကြည့်ပြီးသွားကြပြီလား
mmsub ရရချင်းကြည့်လိုက်တာ ပြောရရင်တော့ ကြည့်ဖူးနေကျ သရဲကားတွေလိုပါပဲ အစအဖွင့်မှာ မိသားစု သူငယ်ချင်းအဖွဲ့ သို့မဟုတ် သမီးရည်းစားအတွဲတွေ သရဲခြောက်တဲ့နေရာဆီရောက်လာပြီး သရဲဖမ်းစားတာခံရ အဲ့လိုဇာတ်ကွက်တွေ သရဲကားလိုလို အဖွင့်မှာတွေ့ရတယ်နော် ကျန်တဲ့အပိုင်းမှာကတော့ သရဲခြောက်တာ ကြမ်းနေရောပဲ နောက်ခံအသံဖန်တီးမှု အလင်းအမှောင်တွေကလည်း စိတ်ခြောက်စရာကောင်းတယ် သရဲကားကို သရဲခြောက်တာကြမ်းမှ ကြိုက်တယ်ဆိုသူတွေအတွက်တော့ ကြည့်ကောင်းတယ်ပြောရမှာပဲ နောက်ဆုံးအပိုင်းဇာတ်သိမ်းကတော့ ဖယောင်းတိုင်မငြိမ်းစေနဲ့ဆိုတဲ့ထိုင်းကားနဲ့တူတယ် စိတ်ကူးယဉ် အိမ်မက်ကမ္ဘာ ထဲမှာ လွတ်မြောက်သွားသလိုလိုနဲ့ တကယ်တမ်းတော့ ဘယ်မှမလွတ်ဘဲ ဝိညာဉ်တွေရဲ့ ဖမ်းစားမှုကို ခံလိုက်ရတဲ့ bad endingပေါ့...
ဘာမှတော့မထူးခြားနေပါဘူး အရမ်းကောင်းတဲ့ထဲလည်းမပါဘူး Salmokji ရေကန်ကြီးရဲ့ ရေနစ်သရဲကောလာဟလတွေ တကယ်လည်းနေရာက အမှန်တကယ်ရှိပြီး ရုံတင်စဉ်အတွင်း ကြည့်ရှုသူတွေရဲ့ viral trendတွေ Kim hye Yoon လို နာမည်ကြီးသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စတာတွေက ဇာတ်ကားကို ပိုပြီးhit ဖြစ်သွားတယ်လို့ပဲ ထင်မိပါတယ်

လောလောဆယ် ကြည့်ချင်နေတဲ့ကားဆို ဒီကားပဲ
ခုထိရုံမချရသေးတော့ ကြည့်မရသေးဘူး...
Kim hye yoonတို့အောင်မြင်ချက်💐


28/05/2026

✨ Model vs Bailu ✨

ရယ်လိုက်ရင် ချစ်စရာကောင်းပြီး သရုပ်ဆောင်ပိုင်းမှာလည်း တကယ်ကောင်းတဲ့ မမbailu❤️
Till the end of the moon ကြည့်ပြီးကတည်းက
Bailu ရဲ့ fan ဖြစ်သွားတာပဲ

ဖက်ရှင်ဘက်မှာလည်း ဘာဝတ်ဝတ်လိုက်ဖက်ပြီး
ဖက်ရှင်ကျလွန်းတယ် ကြည့်ကြည့်လိုက်နော်👇


Address

Sukhumvit Road
Hmawbi

Website

Alerts

Be the first to know and let us send you an email when ဇာတ်ကားကောင်းလေးတွေညွှန်းပေးမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share