26/06/2023
Myst Perfume Gucci Bloom
Price - 24000/-(30ml)
Gucci Bloom ကို ဆွတ်လိုက်ရင်
အိမ်ရှေ့က စံပယ်ရုံကနေ ညဖက် စံပယ်ပန်းတွေခူးရတဲ့အခိုက်အတန့်ပဲ ။ Fresh ဖြစ်နေတဲ့ စံပယ်ပန်း အနံ့စစ်စစ်လေး ။ high class ဖြစ်တယ်လို့ တန်းသိစေတဲ့အနံ့မျိုး ။
နောက်ပိုင်းလဲရောက်ရော နှင်းပန်းခိုင်ရဲ့ powdery ဖြစ်တဲ့အနံ့လေးပါရောလာတာ ။
Myst ကလဲ Original အနံ့နှင့် ၉၇ % ကိုတူတာ ။ Dry down ဖြစ်ပြီး ကျန်ခဲ့တဲ့ အနံ့ကလဲ တစ်ထပ်တည်းပဲ ။ ယှဉ်ဆွတ်ကြည့်တာ inspired မှန်း လုံးဝမသိသာဘူး ။ အနံ့စွဲတာလဲတစ်ထပ်တည်းပဲ တော်တော်စွဲတယ်။ Gucci ကို ကုန်မှာစိုးလို့ ခြွေတာခဲ့ရသမျှ Myst ကထွက်ပြီဆိုတာနှင့် အနံ့တစ်ထပ်တည်းတူပါစေ ဆုတောင်းပြီးပြေးဝယ်ခဲ့တာ ၊ အဲ့လောက်ကြိုက်တာပါဆို ။
တစ်ချို့ကျ အီတယ်ဆိုပြီး သိပ်မကြိုက်ကြပေမယ့် စွဲနေမယ့်အနံ့က အရမ်းကို တည်ငြိမ်ပြီး unique ဖြစ်တယ် ။ floral scent စစ်စစ်ပဲ ။ blazer coat ပေါ်ဆွတ်ရတဲ့ အနံ့မျိုးလေး။
Gucci bloom ကို မေ့စိတ်ထဲဂုဏ်သရေရှိ မိန်းမပျိုလို့မြင်တယ် ။ နူးညံ့သိမ်မွေ့ပေမယ့် မာန်လေးလဲ ရှိနေတာမျိုးပေါ့ ။