Nan Yadanar Kyaw Htay online Shopping & Sewing

Nan Yadanar Kyaw Htay online Shopping & Sewing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nan Yadanar Kyaw Htay online Shopping & Sewing, Apparel & Clothing, No, 5, Hpa-an.

31/01/2026
06/09/2022

#ရွှေငွေပေါ်မှာ သက်သက်သာ၊ အဘ ‘မ’ မှာအမှန်သေချာ

လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က တစ်ခုသောမိုးရာသီတွင် ကျွန်ုပ်သည် ရန်ကုန်ကျိုက်ဒေးယျုံ အာနန္ဒာစေတီ၌ နေ့စဉ်လိုလို ပုတီးစိပ်ခဲ့၏။ ထိုအချိန်က ကျွန်ုပ်၏ စိတ်တို့သည် ပြိုတော့မည့်မိုးကဲ့သို့ အမြဲတစေ အုံ့မှိုင်းနေ၏။

ကျွန်ုပ်တို့ မိသားစုနေထိုင်ရာနေအိမ်သည် အကြောင်းကြောင်းဖြင့် ဖယ်ပေးရတော့မည်ဖြစ်၏။ နေစရာအတွက် ခက်ခဲနေသလို ဝမ်းရေးအတွက် လည်း ခက်ခဲနေသောအချိန်ဖြစ်၏။

ကျွန်ုပ်သည်လည်း အလုပ်လက်မဲ့ဖြစ်နေသောကြောင့် အကြံကုန် ဂဠုန်ဆားချက်ဆိုသကဲ့သို့ အနီးအနားရှိ အာနန္ဒာစေတီသို့သာ နေ့စဉ်သွား၍ ပုတီးစိပ်နေမိ၏။

မိုးရွာနေသောတစ်ရက်တွင် ကျွန်ုပ်သည် ပုတီးစိပ်ပြီး ဘုရားမှအိမ်သို့ပြန်ရန် ဘုရားဝန်းအတွင်း မှ ထွက်လာခဲ့၏။ ထိုအချိန်တွင် ဘုရားဝန်းအတွင်းရှိ ကျားမင်းသိုက်အနီး ရေကန်ဘေးကွင်းပြင်တွင် အဘဘိုးမင်းခေါင်ရုပ်တုကိုတွေ့ရ၏။

သစ်ငုတ်တစ်ခုပေါ်တွင်တင်ထားပြီး ကွင်းပြောင်ပြောင် မိုးရေထဲ တွင်ရှိနေသော အဘဘိုးမင်းခေါင်ရုပ်တုသည် ကျွန်ုပ်အား လက်ယက်ခေါ်သကဲ့သို့ ဖြစ်နေ၏။ ထိုရုပ်တုသည် တစ်ဦးဦးစွန့်ပစ်သွားခဲ့ပုံရ၏။ ပလာစတာရုပ်တုဖြစ်ပြီး ခြေချောင်းနေရာတွင် အနည်း ငယ်ပဲ့နေ၏။

ကျွန်ုပ်လည်း ထိုရုပ်တုအား အိမ်သို့ယူဆောင်လာပြီး ပြန်လည်ပြုပြင်ကာ ကိုးကွယ်ထား ခဲ့၏။ ထူးခြားသည်မှာ ထိုရုပ်တုရောက်ရှိပြီး တစ်ပါတ်အကြာတွင် ကျွန်ုပ်တို့ မိသားစု၏ နေစရာ အခက်အခဲသည် ပြေလည်သွားခဲ့၏။ စားဝတ်နေရေးအတွက်လည်း ချောင်လည်လာ၏။

နောင်ကာလတွင် ကျွန်ုပ်သည် ဂမ္ဘီရပညာရပ်များကို လေ့လာလိုက်စားခဲ့ရာ အဘဘိုးမင်းခေါင် ၏ အထောက်အပံ့သည်များစွားရရှိခဲ့၏။ ခက်ခဲသည့်အချိန်များတွင် ဖြေရှင်းရမည့် နည်းလမ်းများ ရခဲ့၏။ ပညာရပ်အတွက်လည်း လမ်းညွှန်မှုကောင်းများရ၏။ ကျွန်ုပ်ကိုယ်တိုင်လည်း အခါအားလျော် စွာ ပုပ္ပါးသို့သွားခဲ့၏။ အဓိဌာန်များဝင်ခဲ့၏။ အဘဘိုးမင်းခေါင်၏ ထွက်ပွဲဖြစ်သော တော်သလင်း လပြည့်ကျော်(၂)ရက်တွင် နှစ်စဉ်လိုလို ပုပ္ပါးသို့ရောက်ဖြစ်ခဲ့၏။

ယခုနှစ်များတွင်မူ ခေတ်အခြေအနေများကြောင့် မရောက်နိုင်ဖြစ်နေ၏။ ထို့ကြောင့် ခေတ်ကောင်းစေရန်နှင့် မြန်မာပြည်သူပြည်သားများ၏ အကြပ်အတည်းအခက်အခဲများ ပြေပျောက် စေရန် ရည်ရွယ်ပြီး အဘဘိုးမင်းခေါင်အား တိုင်တည်ကာ ပုတီးစိပ်အဓိဌာန်ပြုခဲ့၏။

ကျွန်ုပ်၏ အာရုံနိမိတ်တွင် အဘဘိုးမင်းခေါင်သည် ရွှေငွေရတနာများပေါ်တွင် သက်တောင့် သက်သာဖြင့် လဲလျောင်းနေ၏။ ထိုအာရုံနိမိတ်ရသည်နှင့် ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သော ပန်းချီဆရာမြင့်မြတ်သုခထံတွင် ပုံတော်ကိုရေးဆွဲရန် အပ်နှံ၏။ ပုံတော်ရရှိလျှင် အခါကောင်း ရက်ကောင်းကို ရွေးချယ်ကာ ကျွန်ုပ်၏ အညွှန့်နေ့နံသားကို ပုံတော်ကို ချိတ်ဆွဲစေ၏။ ပုံတော်ရှေ့တွင် ရေနွေးကြမ်းကပ်လှူ၏။ ဆွမ်းအချိန်တွင် ဆွမ်းကပ်၏။ ပုတီးစိပ်ရမည့်အချိန်တွင် ပုတီးစိပ်၏။

တစ်ရက်တွင် ကျွန်ုပ်ထံအလည်လာတတ်သော အထက်လမ်းဂိုဏ်းဆရာတစ်ယောက်မှ ထိုပုံတော်ကိုတွေ့မြင်ပြီး ပွားပေးပါရန်ပြောဆို၏။ ကျွန်ုပ်သည် ပွားပေးဖို့ရန်အတွက် အနည်းငယ် တွန့်ဆုတ်ခဲ့၏။ သို့ရာတွင် ထိုအထက်လမ်းဂိုဏ်းဆရာမှ

“ဆရာက မြန်မာပြည်ကလူတွေ အဆင်ပြေစေချင်တာမလား၊ အဲဒီတော့ ကိုယ်တစ်ယောက်ထဲ လုပ်ဆောင်နေတာထက် ဒီပုံတော်ကိုဖြန့်ဝေပေးပြီး အားလုံးအနေနဲ့ လုပ်ဆောင်ကြရင် ပိုမကောင်း ဘူးလားဗျာ၊

ပြီးတော့ ကျွန်တော်တို့ ဂမ္ဘီရပညာမှာ ဘယ်ကိစ္စမဆို အကြိမ်ရေများစွာပြုလုပ်ရင် အစွမ်း ဖြစ်တာပဲ၊ အဲဒီတော့ ဆရာ့အနေနဲ့ ပုံတော်ရှေ့မှာဆုတောင်းနေတာ အကြိမ်တစ်သိန်းပြည့်ဖို့ဆိုရင် အများကြီးကြာအုံးမှာပါ၊

လူတစ်သိန်းက တစ်ခါဆုတောင်းရုံနဲ့ အကြိမ်တစ်သိန်းပြည့်ပါတယ်၊ အဲဒီ တော့ ဘာမှစဉ်းစားမနေပါနဲ့ … အခုလာမယ့် အဘထွက်ပွဲ တော်သလင်းလပြည့်ကျော်(၂)ရက် အတွက် ရည်ရွယ်ပြီး ပုံတော်ကို ဖြန့်ဝေပေးလိုက်ပါဗျာ၊ အဲဒါဆို လူအများအားနဲ့ မြန်မာပြည်ကြီး အမြန် အဆင်ပြေစေမှာပါ”ဟုပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ဤပုံတော်ကို မြန်မာပြည်သူ ပြည်သားများအတွက် ဖြန့်ဝေပေးလိုက်ပါလေသတည်း။

အဘဘိုးမင်းခေါင်ပုံတော်ကို ဓါတ်ပုံဆိုင်တွင် ပုံထုတ်ပြီး မိမိတို့၏မွေးနေ့နံနက် (၉း၄၅)မိနစ် တွင် မိမိ၏ အညွှန့်နေ့သားသမီးတစ်ဦးကို ချိတ်ဆွဲခြင်း စင်တစ်ခုခုပေါ်တွင် ထောင်ထားခြင်းများကို ပြုလုပ်ခိုင်းပါ။

#ပုံတော်တွင် အမြဲတစေ ရေနွေးကြမ်းကပ်လှူပေးခြင်းဖြင့် အိမ်၏အရေးကိစ္စကြီးငယ်သည် အဆင်ပြေစေ၏။

#အကြံအစည်များ ထမြောက်အောင်မြင်လိုလျှင် ကြံရည်ဖန်ရည်ကောင်းစေလိုလျှင် ပုံတော်တွင် ကြံရည်တစ်ခွက်နှင့် ရေနွေးကြမ်းဖန်ရည်တစ်ခွက် ကပ်လှူပေးပါ။

#အမှု၊ အချုပ်၊ ထောင်၊ ဂတ် စသည့်ကိစ္စများအတွက် ပုံတော်ရှေ့တွင် လက်ဖက်အသားချည်း ကပ်လှူဆုတောင်းပေးပါ။

#မိမိလုပ်ကိုင်ဆောင်ရွက်နေသည်များ သေသေချာချာအတိအကျ အဆင်ပြေစေရန် ပုံတော်ရှေ့တွင် အဝတ်ချုပ်သော အပ်တစ်ချောင်းချပြီး ထိုပေါ်တွင် မတ်စေ့တစ်စေ့တင်ကာ ဖယောင်းတိုင်ထွန်း ပေးပါ။

#မိမိလုပ်ကိုင်လိုက်သေ ကိစ္စတစ်ခုခု မှားယွင်းခဲ့သော် ပုံတော်ရှေ့တွင် ချင်းတက်တစ်တက် ချပြီး ထိုချင်းတက်ပေါ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းပေးပါ။

#နေ့ချင်းညချင်းကြီးပွားစေရန် အမြဲတစေ ပုံတော်ရှေ့တွင် ကြေးလင်ပန်းပေါ် ချင်းတက်တစ်တက်တင်ပြီး နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ချင်းတက်ပေါ်ဖယောင်းတိုင်ထွန်းပေးပါ။

#မိမိတို့မွေးနေ့အလိုက် အညွှန့်နေ့သားသမီးများ
တနင်္ဂနွေ - တနင်္လာသားသမီး
တနင်္လာ - အင်္ဂါသားသမီး
အင်္ဂါ - ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူး - ကြာသပတေးသားသမီး
ကြာသပတေး - သောကြာသားသမီး
သောကြာ - စနေသားသမီး
စနေ - တနင်္ဂနွေသားသမီး

#ဟိမဝန်တာ

30/06/2019

ပတ်ထမီ .ချိတ်ထမီ.သုံးလွှာ.လေးလွှာ.အမြန်ချုကွပေဒတယ်နော် ဆက်သွယ်ရန်ဖုန်း 09777719488

ဂျော်ပွင့်လက်ပေါက် Ws 4200/6. Ws 5000
30/08/2018

ဂျော်ပွင့်လက်ပေါက် Ws 4200/6. Ws 5000

နောက်ဇစ်ဘေးကြိုးချည် Ws/4(8800)ws (9300) s.m.l.xl
30/08/2018

နောက်ဇစ်ဘေးကြိုးချည် Ws/4(8800)ws (9300) s.m.l.xl

Address

No, 5
Hpa-an
7777

Telephone

+959777719488

Website

Alerts

Be the first to know and let us send you an email when Nan Yadanar Kyaw Htay online Shopping & Sewing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share