Burmese Velvet Escape

Call Directions

Burmese Velvet Escape A little corner where food meets travel & beautiful memories.

24/09/2026

မဲ့ကဘောင်ရွာလေးကို သွားရာ လမ်းမှာတွေ့ခဲ့ရတဲ့ စမ်းချောင်းလေးနဲ့ ကော်ဖီဆိုင်လေးပါ☺️

17/09/2026

ချင်းမိုင်မြို့က တန်ခိုးကြီး Wat Phra That Doi Suthep စေတီ

၁၄ ရာစု လန္နာဘုရင်ခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ ယခုစေတီတော်ကြီးဟာ အခုဆို နှစ်ပေါင်း ၇၀၀ ကျော် သက်တမ်းရှိနေပါပြီ

ဒါ့အပြင် အမြင့်ပေ ၃၂၀၀ ကျော်မှာ တည်ထားတဲ့အတွက် ချင်းမိုင်မြို့အလှကိုလဲ အပေါ်စီးက ကြည့်ရှူခံစားနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာလှည့်ခရီးသွားများပါ လာရောက်လေ့လာကြတဲ့ စေတီတော်ကြီးလဲ ဖြစ်ပါတယ်ရှင့်

နာမည်ကျော် နဂါးလှေကားကနေ တဆင့် ရင်ပြင်တော်ပေါ် တက်ရောက်လို့ ရသလို ဓါတ်လှေကားနဲ့ကား အတက်အဆင်းပြုလုပ်နိုင်ပါတယ်

အင်မတန်သပ္ပါယ်ပြီး ကြည်ညိုဖွယ်စေတီတော်ကြီးမို့ ချင်းမိုင်ကို အလည်ရောက်ဖြစ်ခဲ့ရင် သွားရောက်ဖူးမျှော်ဖို့ နိဗ္ဗာန်ဆော်ပါရစေရှင့်

11/09/2026

ချင်းမိုင်မြို့က Michelin Guide စာရင်းဝင် ထိုင်းမြောက်ပိုင်းဒေသ လက်ရာ ထမင်းဟင်းတွေ ဖွယ်ဖွယ်ရာရာ နဲ့ အရသာ ကောင်းကောင်းလေး မြည်းစမ်းနိုင်မယ့် ဆိုင်လေးကို အလည်ရောက်ဖြစ်ခဲ့ပါတယ်

Huen Muan Jai ဆိုတဲ့ ဒီဆိုင်လေးမှာ မြောက်ပိုင်းလက်ရာစစ်စစ်ဟင်းလျာများကို စုံစုံလင်လင် ရရှိနိုင်ပြီး အရသာလဲ အင်မတန်ထူးခြားကောင်းမွန်လို့ ချင်းမိုင်ကို ရောက်ဖြစ်ခဲ့ရင် သွားရောက်မြည်းစမ်းသင့်ပါတယ်ရှင့်

10/09/2026

Hmong Doi Pui Village ( Chiang Mai)

04/09/2026

ဒီနေ့ မင်မင် Central Rama 9 မှာရှိတဲ့ ဂျပန်ဆိုင်လေး တစ်ဆိုင် သွားစားဖြစ်ပါတယ်ရှင့်

စားကောင်းလို့ တစ်ခေါက်လောက် ရောက်ရင် စားကြည့်သင့်တယ်နော်

ဆိုင်နာမည်လေးကတော့ Honaji Ramen ပါရှင့်

Address

Insein

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09421011938

Website

Alerts

Be the first to know and let us send you an email when Burmese Velvet Escape posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share