My Day Vintage Shop

My Day Vintage Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Day Vintage Shop, Clothing Store, Mingalar Street . No ( 14 ), Insein.

ဝေးပုံဝေးနည်း နှစ်မျိုးရှိတယ်စကားများပြီး ဝေးတာနဲ့စကားနည်းပြီး ဝေးတာပြန်အဆင်ပြေဖို့ အခွင့်အရေးအနည်းဆုံးကတော့ဒုတိယတစ်ခုပဲ...
25/09/2024

ဝေးပုံဝေးနည်း နှစ်မျိုးရှိတယ်
စကားများပြီး ဝေးတာနဲ့
စကားနည်းပြီး ဝေးတာ

ပြန်အဆင်ပြေဖို့ အခွင့်အရေးအနည်းဆုံးကတော့
ဒုတိယတစ်ခုပဲ။

စကားနည်းမသွားစေနဲ့
တစ်နည်းပြောရရင် သွေးအေးမသွားစေနဲ့ပေါ့။

ဘာမဟုတ်တာလေးနဲ့  ဒီလောက်ဖြစ်ဖို့ မလိုဘူးဆိုတာမျိုး ကြားရဖူးတယ်မလား ..တကယ်တော့လေ ဘာမဟုတ်တဲ့ ကိစ္စမျိုးနဲ့တော့ ဘယ်သူမှ ပုံ...
10/07/2024

ဘာမဟုတ်တာလေးနဲ့ ဒီလောက်ဖြစ်ဖို့ မလိုဘူး
ဆိုတာမျိုး ကြားရဖူးတယ်မလား ..

တကယ်တော့လေ ဘာမဟုတ်တဲ့ ကိစ္စမျိုးနဲ့တော့
ဘယ်သူမှ ပုံကြီးချဲ့ပြီး မခံစားဘူး ။
ပင်ပန်းရလွန်းလို့ … ။

နေ့စဉ်နဲ့အမျှ သည်းခံခဲ့ရတာတွေ …
ပြောစရာ အများကြီးနဲ့ တိတ်ဆိတ်ထားရတာတွေ
သံသယတွေ နှင့် မြိုသိပ်ထားတာတွေအများကြီးကို
ဘာမဟုတ်တဲ့ ကိစ္စလေးက ငိုချင်ရဲ့ လက်တို့ သွားလုပ်မိလို့ပဲ ။

အဲဒီ ကိစ္စသေးသေးလေးနဲ့ရောပြီး အနှစ်နှစ်အလလ မြိုသိပ်ထားတာတွေက အန်ထွက်လာကြတာ ။
သေးသေးလေးတောင် သည်းမခံနိုင်တော့တဲ့
သူတွေမှာ … ကြီးကြီးမားမား နာလည်ပေးထားတာတွေ
ရှိနေလို့ ၊ ဘာမဟုတ်တာလေးနဲ့ ပေါက်ကွဲရတယ်ဆိုတာ အတော်များများကို သည်းခံထားရလို့ပါ ။

ဘာမဟုတ်တဲ့ကိစ္စနဲ့ ပြဿနာဖြစ်ရတယ်
စကားများရတယ် ဆိုတာ မရှိဘူး …
ရှိရင်လည်း နှစ်ဖက်လုံးက သဘောထားသေးပြီး
ပညာရည်မပြည့်ဝကြလို့ပဲ ။
အများစုကလေ တိတ်တဆိတ်ကြိတ်ကုနေတဲ့ ဒဏ်ရာတွေဟာ အနာမကျက်ခင်မှာပဲ သွားဆွမိလို့ ဖြစ်ကြတာ ။

ဘာမဟုတ်တာလေးနဲ့ ဆိုတဲ့ စကားမျိုး
အလွယ်မပြောမိစေနဲ့ … ။
တော်ရုံဆို အပြင်ထုတ်မပြတတ်တဲ့ တစ်ဖက်လူရဲ့
ဒဏ်ရာတွေကိုလည်း စာနာပေးတတ်ရမှာပေါ့ ။


29/06/2024

ကွေ့ဝင်စရာ တွေရှိရင်တောင်
တန်းတန်းမတ်မတ်
ရောက်လာပေးတာဟာ သစ္စာပဲ
ရွေးချယ်စရာတွေ များနေရင်တောင်
တစ်စိုက်မက်မက်
စောင့်နေပေးတာလည်း သစ္စာပဲ။
သစ္စာထားနိုင်ဖို့ဟာ မလွယ်ဘူးဆိုရင်
သစ္စာစောင့်သိနိုင်သူကို
ရဖို့ဟာ ပိုခက်ပါတယ်။
ဒါ့ကြောင့် အဖိုးတန်လေးတွေရထားရင် တန်ဖိုးထား။

Sn

ကံကောင်းတဲ့မိန်းကလေးဆိုတာ ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူးရုပ်ချောတဲ့သူကို ရည်းစားတော်ရတာမျိုးလည်း မဟုတ်ဘ...
26/06/2024

ကံကောင်းတဲ့မိန်းကလေးဆိုတာ
ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူး
ရုပ်ချောတဲ့သူကို ရည်းစားတော်ရတာမျိုးလည်း မဟုတ်ဘူး

ကိုယ့်ဘေးမှာရှိတဲ့ လူတစ်ယောက်က
ကိုယ်ဘယ်လိုအချိန်မှာ ဘာကိုလိုအပ်နေတယ်ဆိုတာ
အလိုက်သတိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့လူမျိုး ဖြစ်နေတာကိုမှ ကံကောင်းတယ်လို့ခေါ်တယ်

ကိုယ့်ဘေးကလူက ဘယ်လောက်ပဲ ပိုက်ဆံရှိပါစေ
ဘယ်လောက် ရုပ်ချောပါစေ
ဘယ်လောက် အမှားမလုပ်ပဲ မှန်ကန်နေပါစေ
ကိုယ့်အတွက် အသုံးမဝင်ဘူးမှန်း သိလာတဲ့အခါ
အရာရာက အလကားပဲ

ကြင်နာရကောင်းမှန်းမသိ ဂရုစိုက်ရကောင်းမှန်းမသိ
ကိုယ်တိုင်လည်း မချစ်ပြတတ်
ဘဝမှာ အနာကျင်ရဆုံးဆိုတာတွေဟာကိုယ်နဲ့အထိုက်တန်တယ်ဆုံးလို့ နေသားကျ‌‌ေနစေတယ်

တကယ့်ကောင်းတဲ့လူဆိုတာ ကိုယ့်ချစ်သူကို
အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်တဲ့
အားငယ်နေချိန်ဆို အားပေးပြီး ကြင်နာတတ်တဲ့ သူမျိုးကို ခေါ်တယ်

အလုပ်တွေ မအားမလပ်နိုင်အောင် ကြိုးစားနေရလို့ဆိုရင်တော့ တမျိုးပေါ့

ဒါတောင် ချစ်တတ် ကြင်နာတတ်တဲ့ သူက အားတဲ့အချိန်မှာ သတိတရနဲ့ ဘာလုပ်နေတယ် ဘယ်သွားနေတယ်ကအစ မေးစရာမလိုအောင် ပြောပြချင်စိတ် ရှိပြီးသား

မိန်းမတစ်ယောက်ရဲ့ ဝဋ်ကြွေးအကြီးဆုံး
အချိန်ဆိုတာ ကိုယ့်ကို မချစ်တတ် မကြင်နာတတ်
ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ရဲ့ ဘေးမှာ ရှင်သန်နေထိုင်ရခြင်းပဲ

မင်းတို့မိန်းမတွေ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတယ်လို့ ထင်ချင်ထင်လိမ့်မယ်

ဒါပေမယ့် Relationship ရှိတဲ့ မိန်းမချင်းအတူတူ
သူများ ဂရုစိုက်ခံ ကြင်နာယုယခံနေရတာမြင်ရင်
ဥပေက္ခာပြုခံရတဲ့မိန်းမတွေ ဘယ်လောက် ဝမ်းနည်းရလဲဆိုတာ ခံစားဖူးတဲ့သူတိုင်း သိတယ်

နာကျင်ကြေမွနေတဲ့ နှလုံးသားအစုံကို ကုသနိုင်ဖို့နွေးထွေးကြင်နာမှု့ တစ်ခုပဲလိုတယ်

မလိုအပ်ဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခု
အရေးမပါဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခုက
တဖက်သားအတွက် မရှိမဖြစ် လိုအပ်နေတတ်တယ်ဆိုတာသိပါ

ဗူးလေးကိုက လူးချင်စရာလေးနော် 😍😍😍ကျား / မ မရွေး လူတယောက်ရဲ့ တနေ့တာမှာအရေးကြီးဆုံးလိုအပ်တာလေး ✨✨✨အခုလိုပူတဲ့အချိန်ဆို အသား...
21/05/2024

ဗူးလေးကိုက လူးချင်စရာလေးနော် 😍😍😍

ကျား / မ မရွေး လူတယောက်ရဲ့ တနေ့တာမှာအရေးကြီးဆုံးလိုအပ်တာလေး ✨✨✨

အခုလိုပူတဲ့အချိန်ဆို အသားအရေတွက်အရမ်းပျက်စီးထိခိုက်လွယ်လွန်းလို့ တနေ့ ၂ကြိမ်အသာလေးလူးပြီးကာကွယ်ပေးဖြစ်တယ် 🧏‍♀️🧏‍♀️🧏‍♀️

တနေ့တခြားအသက်ကြီးလာလို့ အိုလာရတာတမျိုး ဒီနေရောင်ခြည်ဒဏ်ရဲ့ဆိုးကျိုးတွေကြောင့် မိဘမွေးလိုက်တဲ့အတိုင်းမဟုတ်တော့ပဲ တင်းတိပ် / မှဲ့ခြောက်တွေနဲ့ အရေးအကြောင်းတွေထွက်လာတာတွေက နေ့စဉ်နဲ့အမျှ အိပ်ယာထတာနဲ့ နေကာမလူးဘူးဆိုရင် တွေးကြည့်ယုံနဲ့တကယ်ကြောက်စရာကြီး 🫨🫨🫨

အသားရေလေးကောင်းနေရင် ဘလိုနေနေလဲလှသလို စိတ်ချမ်းသာမှုလဲရတယ် 😍🤩

ဒီ LQ Sunscreen ရဲ့အားသာချက်ကတော့ အေးအေးလေးနဲ့စေးကပ်မှုမရှိ လုံးဝ sensitive အသားရေကအစအသုံးပြုလို့ရတယ် 💯 %

အခြား Sunscreen တွေလိုပြာမှာကြောက်လို့ လုံလောက်တဲ့ပမာဏမလူးရတာ အဖတ်အလိပ်တွေထွက်လို့ စိတ်ရူပ်ရတာတွေမရှိ တကယ့်သုံးဖူးသူတိုင်း ဒါမှဒါဖြစ်သွားစေသောလေး တကယ်အရမ်းကောင်းသော Highly Recommended LQ Sunscreen 🤩🤩🤩


်လီလက်ကား

ဒီလိုပူပြင်းတဲ့နွေရာသီမှာ ပူအိုက်ရတဲ့ကြား ထူထူပိတ်ပိတ် Heavy ဖြစ်တဲ့ Foundation လူးမဲ့အစား ပေါ့ပေါ့ပါးပါးနဲ့ ပါးပါးကြည်က...
11/04/2024

ဒီလိုပူပြင်းတဲ့နွေရာသီမှာ ပူအိုက်ရတဲ့ကြား ထူထူပိတ်ပိတ် Heavy ဖြစ်တဲ့ Foundation လူးမဲ့အစား ပေါ့ပေါ့ပါးပါးနဲ့ ပါးပါးကြည်ကြည်လှတဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ LQ ရဲ့ Hydrating Foundation ကိုရွေး ✨💫🌟💯

ဆွဲရလွယ်ကူတယ် ပေါ့ပါးတယ် အချိန်ကြာလေ မိတ်ကပ်တက်ပြီး ပိုလှတယ် အသားအရေကောင်းသလိုမျိုးကို လှစေတယ် အဝါဖောက်ထုတ်ထားလို့ မြန်မာလူမျိုးအသားအရေတွေတွက်အရမ်းဆင်ပြေတယ် ပြာတာ ကွက်တာမရှိ 💁‍♀️💁‍♀️💁‍♀️💫✨🌟

ကြိုဝယ် ကြိုစုထားချင်တဲ့ ချစ်သော customers တွေအတွက် Foundation sample ဒီတစ်သုတ် ဝင်ထားတဲ့ Lot ကို 6900 kyats နဲ့ရောင်းပေးထားတယ် သတိနော် 👏👏👏

နောက် Lot ဝင်တာနဲ့ စျေး A little တက်ဖို့ရှိတယ်နော် ☺️✨💫🌟


်လီလက်ကား

🍂April  ကိုလွမ်းတယ်🍂April မှာ အမှတ်တရများစွာ စတင်ခဲ့တယ်🍂April လရဲ့ စတင်ခြင်းက ကိုယ့်ဘဝကို မိဘရင်ခွင်ကထွက်p ဘဝသစ်တစ်ခု တည...
10/04/2024

🍂April ကိုလွမ်းတယ်

🍂April မှာ အမှတ်တရများစွာ စတင်ခဲ့တယ်

🍂April လရဲ့ စတင်ခြင်းက ကိုယ့်ဘဝကို မိဘရင်ခွင်ကထွက်p ဘဝသစ်တစ်ခု တည်ထောင်ရ‌တဲ့ထိကို ပြောင်းလဲစေခဲ့တယ်

🍂ပုံဟောင်းလေးတစ်ပုံက အမှတ်တရများစွာစီ ခေါ်ဆောင်နိုင်ခဲ့သလို

🍂ဒဏ်ရာ အနာတရများစွာကိုလည်း တူးဆွနိုင်ခဲ့တယ်

🍂လွတ်လပ်ခွင့် ရခဲ့ခြင်းရဲ့ အစကိုလွမ်းတယ်

🍂ဟိုတုန်းက ဆံပင်ရှည်ကြီးကိုလည်း လွမ်းတယ်

🍂ပိန်ပိန်ပါးပါး နဲ့ ရုပ်မချောတဲ့ ကောင်မလေးကို အားလုံးထဲကနေ ဂျီးများတဲ့ကောင်မလေးဆိုp ကွဲထွက်pမြင်ခဲ့တဲ့ သူ့အကြည့်တွေကိုလည်း လွမ်းတယ်

🍂သွေးမတော် သားမစပ် ညီအမသုံးယောက်ရဲ့ ရယ်မော ပျော်ရွှင်မှု့တွေအပြည့်နဲ့ အိပ်ခန်းငယ်လေးကိုလည်း လွမ်းတယ်

🍂အိမ်မှာအကြီးဆုံးဖြစ်တဲ့ ကိုယ့်ကို အငယ်ဆုံးလေး တယောက်လို ဂရုစိုက်ကြင်နာမှု့ပေးခဲ့တဲ့ ကိုယ့်အမ နှစ်ယောက်ကိုလည်း လွမ်းတယ်

🍂အမှတ်တရများစွာနဲ့အတူ ဒဏ်ရာများစွာကိုတွဲpသိမ်းထားတတ်တဲ့ တချိန်က ကိုယ့်ကိုယ်ကိုလည်းလွမ်းတယ်

🍂April က April ရောက်တိုင်း ကိုယ့်ကို လွမ်းစေတယ်😔

✍️ 10.4.2024✍️

Alice လို နေ့စဉ် မိတ်ကပ်လူးရတဲ့ သူတွေအတွက်မျက်နှာပေါ်တင်ရင် heavy ကြီးဖြစ်ပြီး မိတ်ကပ်သား ပြာတာ ကွက်တာမျိုး ဖြစ်လို့မရဘူ...
09/04/2024

Alice လို နေ့စဉ် မိတ်ကပ်လူးရတဲ့ သူတွေအတွက်မျက်နှာပေါ်တင်ရင် heavy ကြီးဖြစ်ပြီး မိတ်ကပ်သား ပြာတာ ကွက်တာမျိုး ဖြစ်လို့မရဘူး ❌❌❌

လူငယ်မို့လားမသိဘူး မျက်နှာပေါ် On တော့ on ထားတယ် သူများအမြင်ကျသဘာဝအလှလေး ရိုးရိုးလေးလှချင်တယ်
✅✅✅

နောက်တစ်ခုအရေးကြီးဆုံးက ကိုယ့်မျက်နှာနဲ့တစ်သားထဲကျချင်တယ် အမာရွတ်လေးတွေလဲဖုံးချင်တယ် ပြာတာကွက်တာဆိုအရမ်းမုန်း အချိန်ကြာလေ မိတ်ကပ်သားတက်လေ လှလေ ဖြစ်ချင်တယ်✅✅✅

အဲ့ဒါဆို ဆွဲရလဲလွယ်ကူတယ် Hydrating foundation ဖြစ်လို့ မျက်နှာပေါ်တင်ရင်လဲအေးအေးလေး အနံ့လေးကလဲသင်းသင်းလေး ကိုယ့်အသားရည်နဲ့တစ်ထပ်ထဲကျ ပြာတာကွက်တာမျိုးကလဲမရှိ အချိန်ကြာလာတာနဲ့ မိတ်ကပ်သားတက်ပြီး Glow / Glass ဖြစ်ချင်သူများ ခေါင်းမစားနဲ့ Life Queen Foundation သုံးကြည့် 💯💯💯 တမ်းတမ်းစွဲဖြစ်သွားမှာ မလွဲမသေပဲ❤️❤️❤️

အဆီပြန်တက်သူများကတော့ အပေါ်က 2way (or)loose powder လေးပုတ်လိုက်နော် (LQ ကအရမ်း Glow လို့😍)

No .1 = အသားဖြူ
No . 2= အသားလတ် (သို့) အသားညို


်လီလက်ကား

Life Queen Brand တည်ထောင်ခြင်းရဲ့အစ ဒီရွှေချောင်းလေးတွေကလို့ပြောလို့ရတယ် 🌟✨💫ကျွန်မအတွက်တော့ တကယ့်ကျေးဇူးရှင်ပဲ ဘာလို့ဆို...
09/04/2024

Life Queen Brand တည်ထောင်ခြင်းရဲ့အစ ဒီရွှေချောင်းလေးတွေကလို့ပြောလို့ရတယ် 🌟✨💫

ကျွန်မအတွက်တော့ တကယ့်ကျေးဇူးရှင်ပဲ ဘာလို့ဆို သူ့တို့ကြောင့် ဒီနေ့ဒီချိန်ထိ customers တွေရဲ့ ယုံကြည်မှု အားပေးမှုတွေကို တရှိန်ထိုးသိမ်းပိုက်နိုင်ခဲ့တာ 🙆‍♀️🤩

ကျွန်မ မကြော်ညာဖြစ်တာ ၂နှစ်ရှိခဲ့ပြီ မှန်တာပြော အချစ်တွေအများကြီးထပ်သိမ်းပိုက်နိုင်ရပါစေရဲ့ ပစ္စည်း Quality ကြောင့်ဒီနေ့ထိ customers တွေရဲ့ အားပေးမှု မလျော့သွားခဲ့ဘူး 💯💫

ရောက်တာနဲ့ တန်းကုန်လို့ ပစ္စည်းတောင်အမြဲပြတ် သူ့ရဲ့အားသာချက်က 💁‍♀️💁‍♀️💁‍♀️

ဘယ် Matte lipstick မှာမှမရတဲ့ နှုတ်ခမ်းပေါ်တင်ရင် အေးမြတယ် ပေါ့ပါးတယ် နှုတ်ခမ်းသားနဲ့ တစ်ထပ်ထဲကျတယ် အရောင်ထွက်မှန်ပြီးတအားလှတယ် နေ့တိုင်းဆိုးရင်တောင် တဗူး ၆လလောက်အသာလေးခံတယ် 🤩

Surprise လာအသိပေးတာပါ AK Limited Series တွေပြန်ဝင်ထားပြီနော် ✨💫🌟

ပစ္စည်းဝင်တုန်းရောင်စုံသာပြေးဝယ်လိုက်တော့ အသုံးခံပြီး ညိုညိုဖြူဖြူ လူတိုင်းနဲ့အရမ်းလှသော colors တွေ 💄 💄 💄


်လီလက်ကား

ပစ္စည်းပြန်ဝင်တာ မျှော်ရလွန်းလို့ သစ်ကုလားအုတ်ဖြစ်နေပါပြီ 🤨အနံ့ကအစရူးခါနေအောင်မွှေးပါသောပဲ ဒီရာသီတွက်အလိုအပ်ဆုံးပဲ နေရော...
08/04/2024

ပစ္စည်းပြန်ဝင်တာ မျှော်ရလွန်းလို့ သစ်ကုလားအုတ်ဖြစ်နေပါပြီ 🤨

အနံ့ကအစရူးခါနေအောင်မွှေးပါသောပဲ ဒီရာသီတွက်အလိုအပ်ဆုံးပဲ နေရောင်ခြည်ဒဏ်လဲအပြည့်အဝကာကွယ်ပေးတယ် ☀️☀️☀️

Watery Texture မို့ ဒီလိုပူပြင်းလှတဲ့နွေမှာ လူးလိုက်ရင်အေးမြပြီး စေးကပ် ချွဲပစ်မှုမရှိ စျေးကွက်ထဲက နေကာတွေမှာလုံးဝမရှိတဲ့အားသာချက်က ရေနဲ့ထိထိ ချွေးနဲ့ထိ waterproof 💦 ထုတ်ပေးထားတော့ rating ပေးရမယ်ဆို 10 / 10 ပဲ ရှယ်မိုက် ✨✨✨

Tone up ပါလို့ချက်ခြင်းလူး ချက်ခြင်းအသားတဆင့်ဖြူဝင်းသွားပြီ ပုံမှန်လူးပေးမယ်ဆို အသားရေကိုအစိုဓာတ်ပေးပြီးဖြူဝင်းစေတဲ့ Vit C, E, B3&Gluta ပါလို့သူ့တမျိုးထဲနဲ့ပွဲသိမ်းပဲ 🤩✨🌟


်လီလက်ကား
#ပစ္စည်းဝင်ရင်စျေးအလစ်တဲတက်ဖို့ရှိ 🤞🤞🤞

နေတအားပူလို့ မနက်မျက်လုံး ၂လုံးပွင့်တာနဲ့ တန်းလူးရသော မပျင်းရဲဘူး အချိန်မဆွဲရဲဘူး☀️☀️☀️Sunscreen များစွာထဲမှာမှ လူကြိုက်...
07/04/2024

နေတအားပူလို့ မနက်မျက်လုံး ၂လုံးပွင့်တာနဲ့ တန်းလူးရသော မပျင်းရဲဘူး အချိန်မဆွဲရဲဘူး☀️☀️☀️

Sunscreen များစွာထဲမှာမှ လူကြိုက်အများဆုံးနဲ့ Sensitive အသားအရေကအစအသုံးပြုလို့ရတဲ့ စေးကပ်ချွဲပြစ်မှုမရှိ အေးအေးလေးမျက်နှာလေးကို ကြည်ပြောင် Glow အရမ်းသုံးကောင်းသော LQ Sunscreen 🌟💫💯


်လီလက်ကား

တကယ်လှချင်ရင် ဒီ (4) မျိုးပဲလိုတယ် 🤩🤩🤩Steps အများကြီးမလို အချိန်ကုန်သက်သာ ပြင်ရလွယ်ကူပြီး သဘာဝအတိုင်း ပါးပါးကြည်ကြည် Glo...
26/03/2024

တကယ်လှချင်ရင် ဒီ (4) မျိုးပဲလိုတယ် 🤩🤩🤩

Steps အများကြီးမလို အချိန်ကုန်သက်သာ ပြင်ရလွယ်ကူပြီး သဘာဝအတိုင်း ပါးပါးကြည်ကြည် Glow look လေးရစေပြီး မိန်းကလေးတိုင်းရဲ့ အလှတရားကို ဖော်ဆောင်ပေးမဲ့ Life Queen


်လီလက်ကား

Address

Mingalar Street . No ( 14 )
Insein
YANGON

Website

Alerts

Be the first to know and let us send you an email when My Day Vintage Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category