25/06/2024
သူငယ်ချင်းရေ........
နာကျင်ချိန်မှာ မငိုညည်းပါနဲ့။
ရန်သူတွေ ဝမ်းသာကြလိမ့်မယ်။
အမှောင်ဆုံးအချိန်မှာ မကြောက်ပါနဲ့။
ကြယ်ပွင့်ကလေးတွေ သူ့အလိုလို
ကြွေကျလာလိမ့်မယ်။
ရှုံးနိမ့်ချိန်မှာ အားမလျော့လိုက်ပါနဲ့။
တစ်ချိန်ပြန်ပြီး အနိုင်ယူဖို့
အားမွေးရဦးမယ်လေ။
ဒုက္ခရောက်ချိန်မှာ စွန့်ခွာ
သွားသူတွေကို မမေ့ပါနဲ့။
အောင်မြင်ချိန်မှာ ပြုံးပြ
နှုတ်ဆက်ရဦးမယ်လေ။
လိုအပ်ချိန်မှာ လွယ်လွယ်ပေးတဲ့
ကတိတွေကို အားမကိုးလိုက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ်သာလျှင် အားကိုး
ထူမတ် ကယ်တင်နိုင်တယ်ဆိုတာ
မေ့လိုက်မှာစိုးတယ်လေ။
Crd #လွန်းထားထား (ဆေးတက္ကသိုလ်)
ပုံကတော့ အပို ထည့်ပေးတာပါ 😊