Myanmar Yanant

  • Home
  • Myanmar Yanant

Myanmar Yanant Myanmar Traditional Textile, Natural Dyeing and Handwoven Cloths, Handmade cotton bags, Accessories, Scarf & Shawl

Myanmar is a land with rich natural resources such as big forests and mineral ores. The mainstay economy is agricultural production. There is nearly a hundred percent use of natural things and handicrafts still remaining in our country. The developed countries utilize only the hi-tech products and they have almost no utilization of handicrafts and natural products. As for the developing country like ours it is found that there are still utilization of natural products and handicrafts.

🥎🧶SASHIKO နဲ့ BORO BORO ထည် စစ်စစ်ကိုဝတ်ချင်ကြပါသလား၊  ကျမတို့မြန်မာရနံ့ ရဲ့အထည်ကိုဝယ်ယူအသုံးပြု ကြတဲ့ဧည့်သည်တချို့ဟာဆို...
21/02/2026

🥎🧶SASHIKO နဲ့ BORO BORO ထည် စစ်စစ်ကိုဝတ်ချင်ကြပါသလား၊
ကျမတို့မြန်မာရနံ့ ရဲ့အထည်ကိုဝယ်ယူအသုံးပြု ကြတဲ့ဧည့်သည်တချို့ဟာဆို " ဒီချည်ထည်တွေဟာ ကြာလေကောင်းလေ၊စုတ်လေဝတ်ကောင်းလေ" လို့ပြောကြတယ်၊ အဲဒီထဲမှာ စုတ်သွားသည်တိုင် ဝတ်ချင်ကြသူများအတွက်တော့ special serviceတွေ ပေးထားပါတယ်။
ပြင်သစ် တဦးကိုချုပ်‌ပေးရတဲ့ အင်ကျီ ( သဘာဝဆေးဆိုး လက်ငင်ချည် လက်ရက်ထည်) ဟာ ဝတ်ရင်းဝတ်ရင်းနဲ့ စုတ်ပြဲသွားလို့ ၊လွှတ်ပစ်ရမှာလဲနှမြှော၊ဝတ်လို့ကလဲကောင်းသေး၊ဖာထေးပေးပါလို့ ပြောလာတဲ့ အင်ကျီ ပါ။တကယ် ကို boro boro အစစ်ပါ။
ဆွတ်ဇာလန်သူကလဲ ဒီ bဝro boro အင်ကျီ ကိုတွေ့ပြီး အဲဒီအစ ကို ကိုက်ထိုးဝယ်သွားတယ်။ စုတ်ပြဲသွားတဲ့အခါသူလဲအဲလို ဖါ‌ထေး ဝတ်မယ်ပေါ့၊
နောက်တဦးရှိပါသေးတယ် လွန်ခဲတဲ့ 10နှစ်လောက်က လက်ငင်ချည်အထူနဲ့ရက်ထားတဲ့ အဖြူရောင် ဘောင်းဘီရှည်ကို ဂျပန် ဧည့်တစ်ဦးက ဝယ် ဝတ်ရာမှာ ဟောင်းပေမဲ့စွန့်မပစ်နိုင်လို့ ၃ ကြိမ်တောင်ဖါထေးပေးလိုက်ရတယ်၊ နောက်ဆုံးအကြိမ်ဖါခိုင်းတဲ့အခါ၊ အသစ်ဘဲဝယ်သွားပါလို့ ဆိုတော့ သူ့ဘောင်းဘီအဟောင်း အား လာဝယ်တဲ့သူတွေကိုပြဘို့ ထားခဲ့တယ်။
အဲဒီဘောင်းဘီ ချည်သားဟာ ဘယ်လောက်တောင်ဝတ်ပြီးလျှော်လဲမသိ၊ ချည်ကြမ်းလို့မထင်ရအောင် နူးညံ ဖြူဖွေးသွားတာဘဲ။ အဲလိုဖြစ်လေ ဝတ်ကောင်းလေဘဲမို့လွှင့်မပြစ်ချင်ကြဘူး။
ဂျပန်မှာ ရှေးအခါက ဆင်းရဲလို့အထည်ကောင်းမဝတ်နိုင်သူတွေဟာစုတ်ပြဲတဲ့နေရာတွေမှာ ဖါထေးပြီးဝတ်ကြရတယ်။ အဲဒီ အဖါရာ ဗလပွ နဲ့ အင်ကျီ ကို ဂျပန် လို
" boro boro "လို့ခေါ်တယ်။
🧶အဲဒီအစုတ်တွေကို စပ်ချုပ်တဲ့အခါမှာ ပိုပြီးခိုင်ခန့်အောင် အစပိုင်းတွေကို ထပ်ကာ စပ်ခါနဲ့ အင်ကျီတွေကိုချုပ်ရတယ်၊ချုပ်ရိုးကြောင်းက မညီမညာ၊ အပ်ချည်အရောင်တွေကလဲ မလိုက်ဖက်ဘဲပြူးနေတာကိုတွေ့ရတယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာ အပ်ချုပ်ကျွမ်းကျင်သူတွေမဟုတ်တဲ့အပြင် ‌ရှိတဲ့အပ်ချည်တွေကိုသာသုံးရတဲ့အတွက်ဖြစ်တယ်။
အဲဒီလိုချုပ်တာကို" Sashiko "လို့ ဂျပန်လိုခေါ်တယ်။
ဒီဘက်ခေတ်မှာတော့ sashiko နဲ့ boro boro အထည်တွေဟာခေတ်စားလာကြလို့ တမင်ကို boro boro အထည်တွေလုပ်လာကြတယ်။
🧥👗 ကဲ.. boro boro အထည်စစ်စစ်ကို ဝတ်လိုရင် ~ မြန်မာရနံ့ ရဲ့လက်ရက်ချည်ထည် ကို ဝယ် ဝတ်ပြီးသကာလ boro boro( အထည်ကစုတ်သွားခြင်း ) ဖြစ်သွားရင် အထူးဝန်ဆောင်မှု့အနေနှင့် Sashiko ချုပ်နည်းဖြင့်ပြုပြင်ဖါ‌ထေးခြင်းလုပ်ပေးပါမည် ဖြစ်ကြောင်း။

မြန်မာရနံ့ ရိုးရာ  လက်ရက်ကန်းလုပ်ငန်း နှင့် သဘာဝဆေးဆိုးခြင်း၊ Myanmar Yanant Treditlonal Handweaving  and Natural dye.  ...
02/02/2026

မြန်မာရနံ့ ရိုးရာ လက်ရက်ကန်းလုပ်ငန်း နှင့် သဘာဝဆေးဆိုးခြင်း၊ Myanmar Yanant Treditlonal
Handweaving and Natural dye.
​ ပြည်တွင်း မြန်မာဝါကြီးမျိုးအား လက်ဖြင့်ငင်ထားသော လက်ငင်ချည် များ။
မဲရွက် အပြာရောင်နှင့်ဗန်ဒါ သဘဝဆိုး​ဆေးအရောင် တို့နှင့် ပဏာရနေသော မြန်မာရနံ့ ရဲ့ရက်ကန်းသမီးပျိုလေး ။
These hand yarns are spun from Myanmar cotton and dyed with Indigo , India almond. She ( the weaver) looks very beautiful.

🧤မြန်မာရနံ့ ရဲ့လက်ငင်ချည် ဖြူပြောင်မှာ ချည်တုံးထည့် အဆင် ပုဝါနှင့် အမြင်တင့်တယ်နေသော လာအို့နိုင်ငံ တော်ဝင် မျိုးနွယ် မင်...
16/01/2026

🧤မြန်မာရနံ့ ရဲ့လက်ငင်ချည် ဖြူပြောင်မှာ ချည်တုံး
ထည့် အဆင် ပုဝါနှင့် အမြင်တင့်တယ်နေသော
လာအို့နိုင်ငံ တော်ဝင် မျိုးနွယ် မင်းသား တပါးအား
တွေ့ရစဥ်။ ( present by Nussara san in Chiang Mai )

Myanmar Textile Collective ရဲ့" Stronger Together 2025"  ကိုဒီဇင်ဘာ ၁၉,၂၀,၂၁ ရက်နေ့များမှာ  #ချင်းမိုင် COMMUNE CNX  မြန...
12/12/2025

Myanmar Textile Collective ရဲ့
" Stronger Together 2025" ကို
ဒီဇင်ဘာ ၁၉,၂၀,၂၁ ရက်နေ့များမှာ #ချင်းမိုင် COMMUNE CNX မြန်မာစားသောက်ဆိုင်မှာ စျေးရောင်းပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
၁၉ ရက် သောကြာနေ့ ညနေ ၆:၃၀မှ ၈:၀၀ ထိ မှာတော့ အဖွဲ့ဝင်များရဲ့ မတူ ဆန်းပြားသောအဝတ်အထည်များနှင့် ဖက်ရှင်ရှိုးပွဲကိုလဲကြည့်ရှု့ခံစား ရဦးမှာ ဖြစ် ပါတယ်။
၂၀,၂၁ ရက် စနေ , တနဂ်နွေ အားလပ်ရက်မှာ မြန်မာရိုးရာ လက်ရက်ချည်ထည်များကို တစိမ့်စိမ့်ကြည့်ရှု့ရင်
မြန်မာ့ရိုးရာအစားအသောက်များကို စားကြဘို့
ကိုကြွရောက်ဘို့ ဖိတ်ခေါ်ပါတယ်။
[ ရိုးရာအထည်မျာကို မဝယ်ယူသော်လည်း၊ အခွင့်ရေးရခိုက် လာရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။]

27/11/2025

မြန်မာရနံ့၏ သဘာဝဆေးဆိုးလက်ငင်ချည်ထည်များ

Address


Opening Hours

Tuesday 09:00 - 16:00
Wednesday 10:00 - 16:00
Thursday 09:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 09:00 - 16:00

Alerts

Be the first to know and let us send you an email when Myanmar Yanant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Clothing Store?

Share