Bo Ma Vision မျက်မှန်ဆိုင်

Bo Ma Vision မျက်မှန်ဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bo Ma Vision မျက်မှန်ဆိုင်, Sunglasses & Eyewear Store, Katha.

၊🕴️ Hight ပါဝါ မှန်.. 1800 တပ်‌ သော 🧑🏻‍🏫Customer တစ်ဦးအားမှန်အပါးပါဝါ 1800 ပြောင်းပေးခြင်း
18/02/2025

၊🕴️ Hight ပါဝါ မှန်.. 1800 တပ်‌ သော 🧑🏻‍🏫Customer တစ်ဦးအားမှန်အပါးပါဝါ 1800 ပြောင်းပေးခြင်း

မျက်မှန်ထည့် ဘူး လှလှလေးတွေ အားပေးလို့ရပါတယ်ရှင့် 🕶🕶🕶🕶BoMaVision မျက်မှန်ဆိုင် ကသာမြို့ မြို့မစျေး
27/03/2024

မျက်မှန်ထည့် ဘူး လှလှလေးတွေ အားပေးလို့ရပါတယ်ရှင့် 🕶🕶🕶🕶
BoMaVision မျက်မှန်ဆိုင် ကသာမြို့ မြို့မစျေး

မျက်ကပ်မှန်😍😍 အရောင်စုံ ပုံစံအစုံ ဒီဇိုင်းစုံ  ရောက်ပါပြီရှင့်...  ...ဘိုမဗွီးရှင်း မျက်မှန်ဆိုင် 🕶🕶👓👓မြို့မစျေး ကသာမြို...
27/03/2024

မျက်ကပ်မှန်😍😍 အရောင်စုံ ပုံစံအစုံ ဒီဇိုင်းစုံ ရောက်ပါပြီရှင့်... ...
ဘိုမဗွီးရှင်း မျက်မှန်ဆိုင် 🕶🕶
👓👓မြို့မစျေး ကသာမြို့

Bo Ma Vision မျက်မှန်ဆိုင်  မျက်မှန်အမျိုးစားအစုံကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပါပြီ..😍😍
08/02/2024

Bo Ma Vision မျက်မှန်ဆိုင် မျက်မှန်အမျိုးစားအစုံကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပါပြီ..😍😍

BO MA VISION.. မျက်မှန်ဆိုင်မှအမျိုးသမီး အရောင်းဝန်ထမ်း  (၂) ဦးအလိုရှိသည်....ဆိုင်သို့လာရောက်လျောက်ထားနိုင်ပါသည်....
28/08/2023

BO MA VISION.. မျက်မှန်ဆိုင်မှ
အမျိုးသမီး အရောင်းဝန်ထမ်း (၂) ဦးအလိုရှိသည်....
ဆိုင်သို့လာရောက်လျောက်ထားနိုင်ပါသည်....

31/07/2023

1.8.2023....ဝါဆိုလပြည့်.. 🌕
နေ့ထူးနေ့မြတ်တွင်
ဆိုင်တစ်ရက် ပိတ်ပါမည် ခင်ဗျာ...🙏🙏🙏

ကိုယ့်မျက်လုံးကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ❓❓🧐ခေတ်ရေစီးကြောင်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတိုင်းလိုလို ဖုန်းအသုံးပြုလာက...
04/06/2023

ကိုယ့်မျက်လုံးကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ❓❓🧐

ခေတ်ရေစီးကြောင်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတိုင်းလိုလို ဖုန်းအသုံးပြုလာကြပါတယ်။ ဒါကြောင့် ငယ်ငယ်လေးနဲ့ ခံစားရတဲ့မျက်စိဝေဒနာ‌တွေထဲမှာ Digital Eye Strain လို့ခေါ်တဲ့ ကွန်ပျူတာ ဖုန်းတွေကနေ ထွက်လာတဲ့ရောင်ခြည်တွေ တိုက်ရိုက်ကြည့်ရှုမှုကြောင့်လူငယ်ပိုင်းတွေမှာ

🛑မျက်လုံးညောင်းခြင်း
🛑မျက်လုံးကိုက်ခြင်း
🛑မျက်လုံးနီခြင်း (Red Eyes) နှင့်
🛑မျက်လုံးခြောက်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုရောဂါတွေမခံစားရအောင် ကြိုတင်ကာကွယ်လို့ရလား❓

အဲ့ဒါကတော့ စာကြည့်မျက်မှန်၊ ဖုန်းနှင့် ကွန်ပျူတာကြည့်မျက်မှန်တို့ တပ်ပေးခြင်းပါ 🤓

ဒီလိုမျက်မှန်တွေတပ်ပေးခြင်းအားဖြင့်ပိုမိုသက်တောင့်သက်သာဖြစ်စေတဲ့အပြင် မျက်စိကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေကိုလည်းလျော့ကျစေမှာပါ

😊တချို့လက္ခဏာတွေက ပုံမှန်ဖြစ်တာမျိုးဆိုရင် အချိန်ခဏတာအတွင်းသက်သာနိုင်ပေမဲ့ အချိန်ကြာပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာနဲ့သေချာစမ်းစစ်သင့်ပါတယ်....

 #ဘိုမဗွီးရှင်းမျက်မှန်ဆိုင်မှ...👓ပါဝါ ၊ နေကာ မျက်မှန် အမျိုးစားစုံလင်စွာ ဝယ်ယူအားပေးနိုင်ပါတယ် ဗျ😘
20/05/2023

#ဘိုမဗွီးရှင်းမျက်မှန်ဆိုင်မှ...
👓ပါဝါ ၊ နေကာ မျက်မှန် အမျိုးစားစုံလင်စွာ ဝယ်ယူအားပေးနိုင်ပါတယ် ဗျ😘

Titanium ကိုင်းအလှလေး...👓👓
17/02/2023

Titanium ကိုင်းအလှလေး...👓👓

ဆီးချိုရောဂါဆိုတာ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်နောက်ဆက်တွဲပြဿနာတစ်ခုအနေနဲ့ မ...
16/02/2023

ဆီးချိုရောဂါဆိုတာ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်

နောက်ဆက်တွဲပြဿနာတစ်ခုအနေနဲ့ မျက်စိအမြင်အာရုံကို ကွယ်စေတာကြောင့် မပေါ့ဆသင့်ပါဘူး

ဒါဆို . . . 😳 “ဆီးချိုရှိတာနဲ့ မျက်စိကွယ်တော့မှာလား?”

အဲ့လောက်ထိလည်းစိုးရိမ်စရာမလိုပေမယ့် အဆိုးဆုံးအခြေအနေမှာတော့ မျက်စိကွယ်သွားနိုင်ပါတယ်

ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓာတ်များလာတဲ့အခါ 👁️ မျက်လုံးရဲ့မြင်လွှာသွေးကြောလေးတွေကို ပိတ်သွားတတ်ပြီး အချိန်ကြာတော့ သွေးကြောလေးတွေ​ရောင်ရမ်းလာသလို တဖြည်းဖြည်း အမြင်အာရုံကိုထိခိုက်စေပါတယ်

ဒီအခါ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ❔

⚠️အမြင် မကြည်မလင်ဖြစ်မယ်

⚠️မြင်ကွင်းထဲမှာ အစက်အပျောက်လေးတွေပါနေမယ်

⚠️ပုံရိပ်နှစ်ထပ်တွေဖြစ်နေမယ်

⚠️အရောင်တွေကွဲကွဲပြားပြားမမြင်ရတော့ဘူး

⚠️မျက်လုံးအောင့်မယ်

⚠️ခေါင်းကိုက်မယ်

⚠️မျက်ရည်ကျမယ့် လက္ခဏာတွေ ခံစားရနိုင်ပါတယ်

⚠️အဆိုးဆုံးကတော့ ရေတိမ်၊အတွင်းတိမ်၊အပြင်တိမ်စွဲတာနဲ့ အမြင်အာရုံလုံးဝကွယ်ပျောက်သွားတာတို့ ဖြစ်ပါတယ် 😔

မျက်စိကွယ်သွားရင်တော့ ကုသဖို့အချိန်မမှီတော့ပါဘူး၊ စောစောသိလေ ကုသမှုအဆင်ပြေလေပါပဲ⏳✨

ဒါဆို ဆီးချိုကြောင့်မျက်စိကွယ်တာကို ဘယ်လိုကာကွယ်နိုင်လဲ❔

ဆီးချိုရောဂါကို သက်သာအောင်လုပ်တာဟာ မျက်စိကွယ်ခြင်းကနေကာကွယ်တာနဲ့တူတူပါပဲ

ဒီတော့ သွေးတွင်းသကြားဓာတ်လျော့ကျအောင်

✅ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားတာ

✅ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်တာ

✅ဆီးချိုဆေးတွေကို ကျွမ်းကျင်ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးတာ

✅သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးတာ

✅အင်ဆူလင်ကို ညွှန်ကြားချက်အတိုင်းသုံးစွဲတာ

✅ဆေးလိပ်ဖြတ်တာတွေကတစ်ဆင့် ကာကွယ်နိုင်ပါတယ်

ဒီလိုဂရုစိုက်နေတဲ့ကြားက 👁အမြင်အာရုံ ပြဿနာတစ်ခုခုခံစားရတယ်ဆိုရင်တော့ 🏥ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကုသမှု ခံယူသင့်ပါတယ်🧑‍⚕️

ဒါကြောင့် ဆီးချိုရောဂါရှိရင် 👁မျက်စိပြဿနာပေါ်လာတာနဲ့ မပေါ့ဆသင့်ဘဲ ဂရုပြုနေထိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်ကြစေဖို့အတွက် Sharing လုပ်ပေးလိုက်ရပါတယ်…❤️


crd

👁️‍🗨️မျက်စိအားကောင်းအောင်ဘာတွေစားကြမလဲလူတစ်ယောက်အတွက် အမြင်အာရုံဟာ အရေးကြီး အဖိုးတန်လှပါတယ်✨ဒီလိုအဖိုးတန်တဲ့ 👁မျက်စိလေး ...
16/02/2023

👁️‍🗨️မျက်စိအားကောင်းအောင်ဘာတွေစားကြမလဲ

လူတစ်ယောက်အတွက် အမြင်အာရုံဟာ အရေးကြီး အဖိုးတန်လှပါတယ်✨

ဒီလိုအဖိုးတန်တဲ့ 👁မျက်စိလေး အားနည်းတာ ၊မကြည်လင်တာ၊ အာရုံကြောအားနည်းတာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် မျက်စိကို အားဖြည့်ပေးဖို့လိုပါတယ် 💁🏻‍♀️❤️

မျက်စိကို 🟠Vitamin C 🟡Vitamin A 🟢Vitamin E 🔩သံဓာတ် နဲ့ ♎Omega 3 တို့က အဓိက အားဖြည့်ပေးပါတယ်

ဒါတွေကို ဆေးတွေသောက်သုံးပြီးမဟုတ်ဘဲ နေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေ ဘယ်ကရနိုင်လဲဆိုတော့…

👉🏻 မုန်လာဥနီ 🥕

မျက်စိကျန်းမာရေးလို့ပြောလိုက်တာနဲ့ 🥕မုန်လာဥနီဆိုတာ မပါမဖြစ်ပါပဲ
🟡Vitamin A နဲ့ 🟢Vitamin E ကြွယ်ဝစွာပါဝင်တာကြောင့် မျက်စိကို အားဖြည့်ပေးပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်၊ 🍠ကန်စွန်းဥမှာလည်း မုလာဥနီနဲ့ ဆင်တူတဲ့ဓာတ်တွေပါဝင်ပါတယ် 💙

👉🏻ဗီတာမင်စီ ကြွယ်ဝသော အသီးအနှံများ

သံပရာသီး🍋၊ လိမ္မော်သီး🍊၊ ခရမ်းချဉ်သီး🍅၊ စတော်ဘယ်ရီသီး🍓 စတဲ့ အသီးတွေမှာလည်း ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်ပြီး အသီးအရွက်တွေဖြစ်တဲ့ 🥬ကိုက်လန်၊ 🥦ပန်းဂေါ်ဖီ စတာတွေဟာလည်း မျက်စိအားဖြည့်ဖို့အတွက် အားဖြည်အကူအညီပေးပါတယ် ✨

👉🏻ပဲအမျိုးမျိုး

ကုလားပဲ၊ ပဲနီလေး၊ မြေပဲ စတဲ့ပဲအမျိုးမျိုးမှာ omega 3 နဲ့ Vitamin E ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံတင်သာမက ခန္ဓာကိုယ်ကိုပါအားဖြည့်ပေးပါတယ်🫘✨

👉🏻ငါးအမျိုးမျိုး

ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်း စတဲ့ 🐠ငါးတွေက အမြင်အာရုံအားဖြည့်ပေးတဲ့ Omega 3 များစွာပါဝင်ပါတယ်၊ မျက်စိကိုအားကောင်းစေပြီး အာရုံကြောကိုအားဖြည့်ပေးပါတယ်🥰

👉🏻အစေ့အဆံများ

နေကြာစေ့🌻၊ ဖရုံစေ့ 🫘 လို အစေ့အဆံတွေမှာ Omega 3 နဲ့ Vitamin E ပါဝင်တာကြောင့် မျက်စိအားကောင်းစေတဲ့အပြင် အသားအရေကိုပါစိုပြေလှပစေပါတယ်

ဒီလိုမျက်စိကိုအားကောင်းစေတဲ့ အစားအစာလေးတွေကို တစ်နေ့တာမှာ ပါဝင်အောင် စားသုံးပြီး 👁မျက်စိလေးကို သေချာဂရုစိုက်နိုင်စေဖို့အတွက် ဒီအကြောင်းအရာလေးကို မျှဝေပေးလိုက်ရပါတယ်..

Address

Katha

Website

Alerts

Be the first to know and let us send you an email when Bo Ma Vision မျက်မှန်ဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share