Thrift And Vintage-Kpg

Thrift And Vintage-Kpg zy cho pi quality kaung"

ဈေးသက်"သာနဲ့Quality ကောင်း"(အသားကောင်း")ငွေစုချင်ပီး T-Shirt လေးတွေလိုချင်ရင်လာကြည့်လိုက်ပါ
24/03/2023

ဈေးသက်"သာနဲ့
Quality ကောင်း"(အသားကောင်း")
ငွေစုချင်ပီး T-Shirt လေးတွေလိုချင်ရင်
လာကြည့်လိုက်ပါ

Vintage အထည် နဲ့   ခေတ်စားလာ တဲ့ Fashion  ရေစီးကြောင်း ~~~~~~~~~~~~~~~~~~~~~~~Tshirt အသစ် တထည်  မြန်မာ ငွေ 5ထောင်နဲ့ ကော...
24/03/2023

Vintage အထည် နဲ့ ခေတ်စားလာ တဲ့
Fashion ရေစီးကြောင်း
~~~~~~~~~~~~~~~~~~~~~~~

Tshirt အသစ် တထည် မြန်မာ ငွေ 5ထောင်နဲ့
ကောင်းကောင်းရနေတဲ့ အချိန် မှာ
အရောင် အဆင်း မရှိတော့ တဲ့ အထည်
ဟောင်း တွေ ကို ခက် ခက် ခဲ ခဲ ရှာ ဖွေ ပြီး
ဝတ် နေကြတာ ဘာ ကြောင့် လဲ ??

တချို့ အထည်တွေ ဆို ရင် ပေါက် ပြဲ နေတာ တောင် မရမက ဝယ်ယူ ပြီးဝတ် နေကြတဲ့ လူတွေက ဘယ်သူ တွေ လဲ ??

အဲ့ လူတွေ ထဲ မှာ ကမ္ဘာ ကျော် Cele တွေ
ငွေ ကြေး ဘီ လီ ယျံ နဲ့ ချီ ချမ်း သာတဲ့ သူတွေ လည်းပါနေတယ် ဆိုတာ အံသြ စရာ
တခု ပဲ လား??

ကဲ အဲ့ ဒီတော့ ဘယ်လို မျိုး အထည် ဟောင်းတွေ ကို သူတို့ ရှာ ဖွေ ဝတ် ကြတာ လဲ
ဆိုတဲ့ မေး ခွန်း ကနေ စပြော ကြမယ်ဗျာ

ဆယ် စု နှစ်တွေ ပြောင်းတိုင်း ခေတ် မှီ ပစ္စည်းတွေ အသုံး အဆောင်တွေ က ပြောင်းလဲ တဲ့ နည်းပညာ တွေ ဖြစ်ကုန် ကြတယ်ဆို တာ အား လုံး သိမှာ ပါ
ဥ ပမာ 1990 လောက်က ထုတ် ခဲ့ တဲ့ ကား နဲ့
ယခု ထုတ်တဲ့ ကား က အရမ်း ကွာ ခြားတယ် ဆို တာအားလုံး သိပြီးသား ပါ

ဒါပေမယ့် အဲ့ ဒီ ကား စုတ် တွေ ကို ပြန် လည် ပြုပြင်ပြီး မြတ် နိုး စွာ
သိမ်းဆည်း ကြတယ် ဒါဟာ Vintage စုဆောင်းမှု တခု ပါ

ဒီလို မျိုး စုဆောင်း ကြတာ ဟာ ဒီ ပစ္စည်း က ရှေး ဟောင်း ဖြစ် နေတာ ကို သဘော ကျ တဲ့ အချက် တခု တည်းကြောင့်မဟုတ်ပါ

ခေတ် တွေ ပြောင်းတိုင်း ကျန် ရစ် ခဲ့ တဲ့ နည်းပညာ အဟောင်းတွေ
ဖန် တီး ခဲ့ တဲ့ လူတွေ
ဖြစ် ပေါ် လာတဲ့ သမိုင်းကြောင်းတွေ ကြောင့်
ဒီလို ပစ္စည်းတွေကို စုဆောင်း ကြတာဖြစ် ပါတယ်

( ဒီ လို စုဆောင်းတယ် ဆို တာ လည်း နေ့ စဉ် ပြန်လည် အသုံး ချ ဖို့ မဟုတ်ပါ တန် ဖိုး ထား ပြီး သိမ်း ဆည်းချင်း collection လုပ်ချင်းသာဖြစ်ပါတယ် )

အဝတ် အစား Fashion လော က မှာ လည်း
ကားလော က / ရှေး ဟောင်း ပစ္စည်းစုဆောင်းတဲ့ လော ကတွေ လို Trend တခု ပြောင်း လဲလာပါတယ်

အကျီ တွေ အကြောင်းကနေ စပြောမယ်ဗျာ
1990 ခုနှစ် တွေက အကျီ ထုတ် လုပ် ပုံ နဲ့
ယခု ခေတ် ခေတ် မှီ နည်းစနှစ် တွေ နဲ့ ထုပ် လုပ်တဲ့ ပုံ မတူ ပါဘူး ဒါကို သင်လက်ခံ ရပါမယ်

ပုံမှန် လူတွေ အတွက်တော့
90 s 80s တုန်းကT shirt တွေ ဟာ
ယနေ့ ခေတ် t Shirt တွေ နဲ့ သာမာန် အမြင်အရ ပြောင်းလဲ ချင်း မရှိဘူး လို့ ထင်မိမှာ ပါ

ကွာ ခြားတဲ့ အချက်တွေ ကျတော် ပြောပြမယ်

ယနေ့ ခေတ် မှာ - ကွန် ပြူ တာ တံ ဆိပ် ရိုက်/
ဆေး ရိုက် နည်းအမျိုး မျိုး
Colour ဆေး အမျိုး မျိုး နဲ့ အကျီ တွေ ကို ဆေး ရိုက်ကြပါတယ်

အရင်တုန်း က ဆိုရင် - ကွန် ပြူတာ တံ ဆိပ် ရိုက် နည်းပညာ မရှိသလို ဆေး ရိုက် colour တွေ က လည်း အရောင်စုံ မရပါဘူး

graphic ဒီ ဇိုင်းတွေ က လည်း ခေတ် မှီ တဲ့ ကွန် ပြူ တာ တွေ မသုံး ကြသေးတဲ့ အတွက်
ယနေ့ ခေတ် လို့ Detailကျကျ ဖြစ်မနေပါဘူး

Cartoon Graphic တွေ ကို တံ ဆိပ်ရိုက် မယ်ဆို ရင် လက်ရေး မှု ကို ယူပြီး တံ ဆိပ် ရိုက်ရပါတယ်

ဆေး သား ဆို ရင်လည်း အထူ ကြီးတွေ နဲ့
တံ ဆိပ် ရိုက်ကြပါတယ် WORLD WIDE အဆင့်
ဖြန့် ချီ မှု မှာလည်း ယနေ့ ခေတ် လို့ မြန် ဆန် တဲ့
သယ်ယူပို့ ဆောင်ရေး တွေ မရှိကြတဲ့ အတွက် အထည် အရည် အတွက် အများ ကြီး မထုတ် လုပ် ကြပါ ဘူး

ဒါကြောင့် အရင်တုန်း က T shirt တွေ ဟာ စျေး ကွက် မှာ ရှား ပါး ခဲ့ ကြတယ်

ယနေ့ ခေတ် ရောက်တဲ့ အချိန် မှာ များစွာ သော brand ကုမ္ပဏီ တွေကနေ အမျိုး မျိုး သော Fashion ထုပ်ကုန်တွေ အကျီ တွေ ကို ထုတ် လုပ် ကြ တဲ့ အခါ စျေး ကွက် ဖောင်းပွ မှု တွေ ဖြစ် လာတယ်

( ဥပမာ Shopping centre တခု ကို သွား ရင် အဝတ် အစား ချင်း ပုံ စံ တူ ဝတ် ဆင်တဲ့ လူ များ ကို တွေ့ ကြရမှာ ပါ )

သူထပ် ငါ စျေး နှုန်း တွေ လျော့ ရောင်း စျေး ကွက် ပြိုင်ဆိုင်မှု တွေ ဖြစ် လာတဲ့ အခါ Limited item တွေ ဆီ ကို
သုံး စွဲ သူတွေ က မျက်စိ ကျ လာတယ်
အထူး သဖြင့် Cele တွေ Artist တွေ ဆို ပါတော့

limited Item တွေ ခေတ် စား လာ တဲ့ အခါ မှာ တော့ Limited ဖြစ် လွန်း တဲ့ Vintage အဝတ် အစားတွေ ကို ရှာ ဖွေ ကြတော့ တယ်

Vintage အထည် တထည် ဟာ နှစ် နှစ် ဆယ် သက်တန်း ရှိ ရမယ် ဆို တဲ့ သက် မှတ် ချက် တခု နဲ့ တင် နာမည် ကြီး Brand မဟုတ်ရင် တောင်
Resell စျေး ကွက် မှာ စျေး တွေ ကောင်း လာခဲ့ တယ် ဘယ်လို မျိုး Vitage အထည်တွေ က
ဝယ် လို အား ကောင်း လာလဲ ဆို ရင်

Vintage Music Band Tee တွေ
အဆို တော် တွေ သရုပ်ဆောင်တွေ
ကာတွန်း ဇတ်ကောင် တွေ ရဲ့ Graphic tee တွေ
Vintage Cartoon Tee တွေ
Vintage Racing Car Graphic tee တွေ
Biker Brand တွေ Hand made Vintage အထည် တွေ အပြင် brand အကြီး တွေ ရဲ့
ဟိုးအစက ထုတ် ခဲ့ တဲ့ အထည် တွေ ဟာ Vintage လော က မှာ ခေတ် အစား ဆုံး
ဖြစ် လာတယ် ဒီ အထည် တွေ မှာ အသုံး ပြုတဲ့ Graphic design တွေ ကို အဓိ က ကြည့် ကြတယ် ထုတ် လုပ်တဲ့ brand ထပ် ရိုက်နှိပ် ထား တဲ့
ဆေး သား ရဲ့ လက်ရာ ကို ကြည့် ပြီး ဝယ်ယူကြတယ်

Nike Adidas / Champion. အစရှိသော
brand အကြီးတွေ ရဲ့ 2000 ခု နှစ် မတိုင် ခင်က အထည်တွေ က လည်း vintage စျေး ကွက် မှာ
နေရာ တခု ရထားတယ်

အထူး သဖြင့် မိမိ ငယ်စဉ် က ကြိုက်နှစ် သက်တဲ့
Music Band / Cartoon / Car အစ ရှိသဖြင့် အမျိုး မျိုး သော Graphic design ပါတဲ့
Vintage အထည် များ ကို မိမိ စိတ် ကြိုက် ရှာ ဖွေ ကြတာ များ ပါတယ်

အမဲ ရောင် ဆို ရင် လည်း အရောင် ကျပြီး ခဲ ရောင် ဖြစ် နေတာမျိုး ကို ပို ပြီး ကြိုက် နှစ် သက် ကြတယ် အပြဲ တွေ ပါရင်တောင် ဒီ ဇိုင်းလုပ်ပြီး ဝတ် ဆင် ကြတယ် အဓိ က က သူတို့ ဝတ် ဆင် တဲ့ အကျီ ရဲ့ Graphic design အပေါ် ကို သာ စိတ် အာ ရုံ ထား ကြတယ်

Vintage အထည် တွေဟာ နှစ် ကြာ တိုင်း တန် ဖိုး ရှိ နေတာ မဟုတ် ပါဘူး အထည် ပေါ် မှာ ရိုက်နိပ် ထားတဲ့ စာတွေ ပုံတွေ ကြောင့် တန် ဖိုး ရှိ နေတာ ဖြစ်ပါတယ် ဒီ စာတွေ ဒီ ပုံ တွေ ဟာ လည်း ယနေ့ ခေတ် မှာ ပြန် မရနိုင်တော့ တဲ့ အရာ တွေ ဖြစ် နေလို့ ပါ

( အဓိက ပြော ချင်တာ ကတော့ နှစ် ကြာတိုင်း vintage လို့ ပြောရမယ် ဆို ရင် ကျတော် အဘိုး ရဲ့ အကျီ ဟာ vintage Tee တထည် ပါပဲ 😅)
ဒါပေမယ့် ကျတော် အတွက် သာ တန် ဖိုး ရှိတာ ဖြစ်ပါတယ် အခြား လူအတွက် အထည်ဟောင်း တထည်ထပ်မပို ပါ ဘူး အဲ့ လို ပဲ VINTAGE စျေး ကွက် ဆိုတာ က လည်း တန် ဖိုး ဟာ သက်ဆိုင်တဲ့ သူရဲ့ သက် မှတ် ချက် တခု ဖြစ် ပါတယ်

ဥပမာ Looney Tunes ကာ တွန်း ကို ကြိုက်နှစ် သက်တဲ့ လူတစ်ယောက်ဟာ 90´s Looney Tunes Vintage တထည် ရသွား ရင် သူ့ ရဲ့ ငယ်ဘဝ ကို အမှတ် ရစေမယ် သူ့ အတွက် ဒါဟာ တန် ဖိုး ဖြတ် မရပါဘူး

Vintage အထည် တွေ ရဲ့ တန် ဖိုး က ရိုက် နှိပ် ထား တဲ့ ရှေး ကျ တဲ့ Graphic ပါ
ယနေ့ ခေတ် လက်ရာ နဲ့ ပြန် လည် ရိုက်နှိပ် ထား တဲ့ အထည် တွေ ဟာ လည်း မူ ရင်း အထည် တွေ လို မလှ ပါ ( ပထမ ဆုံး ပုံ မှာ ကြည့် နိုင်တယ်)

ယနေ့ ခေတ် Fashion Trend မှာ လည်း
တောက် တောင်ပြောင်ပြောင် Hype Beast
Fashion တွေ နဲ့ အတူ ခေတ် ပြိုင်ပြီ
ခပ်နွမ်း နွမ်း အရောင် မိန် မိန် Vintage အထည် တွေ ဝတ် ဆင်တဲ့ Fashion ကလည်း ခေတ် စားလာပါတယ်

Thrifting ( မြန်မာ လို ဘေ ထုပ်မွေ ခြင်း )
~~~~~~~~~~~~~~~~~~~~~~~~

နောက် ထပ် ခေတ် စား လာတဲ့ Trend တခု ကတော့ Used တွေ Thift Shop တွေ ကနေ သာ ရရှိ နိုင်တဲ့ ထူးထူး ဆန်း ဆန်း အထည်တွေ ကို Fashion အမြင် အသစ်နဲ့
ပေါင်းစပ် ဝတ် ဆင်တဲ့ trend တခု ဖြစ်ပါတယ်

USED အထည် တွေ ဟာ များ စွာ သော စက်ရုံတွေ ရောင်းမထွက်သောအဝတ် ဆိုင်တွေ အထည် စက်ရုံတွေ မှ အထည် တွေ အပြင်
လူ တွေ အသုံး ပြုပြီးသား အထည် တွေ
အား လုံး ကို့ပြန် လည် သန့်စင်ပြီး
တဖန် ပြန်လည် ရောင်း ချ တာ မို့ လို့

တခတ် တခါ က ရူး ကြောင်ကြောင် Designer တွေ ရဲ့ ရူး ကြောင်ကြောင် ရောင်းမထွက် ခဲ့ တဲ့
အဝတ် အစား ဒီ ဇိုင်းတွေ အပြင် Over size အထည် တွေ နေရာ ဒေ သ နဲ့ မကိုက်ညီ တဲ့ အထည် တွေ နဲ့ ထူးထူး ဆန်း ဆန်း အထည် တွေ ကို Used shop တွေ မှာရရှိနိုင် ပါတယ်

Fashion အမြင် ရှိတဲ့ လူတွေ ကိုယ်ပိုင် ဆန်း သစ်ချင်တဲ့ လူတွေ ဟာ Thift shop တွေ မှာ မွေ နှောက် ပြီး out fit အသစ်အဆန်း တွေ ကို ဖန် တီး ဝတ် ဆင် ကြ ပါတယ် စျေး နှုန်း ကလည်းသက်သာတော့ စမ်း သပ် ဖန်တီး ရ တာ
လွယ် ကူတဲ့ အတွက် အမြင် လည်း ပို ရစေပါတယ်

ဒီ နေ့ ပြောပြပေးသွား တာ ကတော့ အထည် ဟောင်း Used တွေ အကြောင်းနဲ့ Vintage အထည်တွေ အကြောင်း ဖြစ်ပါတယ်

Vintage အထည် ဆို တာ နှစ် ၂၀ ပါတ် ချာလည်က အထည် ကို ခေါ်ဆို ချင်းဖြစ်ပါတယ်

vintage တွေ ကို Used ဆိုင်တွေ Thift shop တွေ မှာ ရံ ခါဖန်ခါ ရှာ ဖွေ ရရှိ နိုင်ပါတယ်

နှစ်နှစ် ဆယ် ကျော် ကြာတဲ့ Vintage လည်း လို ချင်တယ် အသစ်လို သန့် မှ ဆို ရင်တော့
ကိုယ့် ဖာ ကိုယ် စဉ်း စား ပေါ့
Crd to owner
Pic crd

Tee thrift မိုက်"လေးများရပါမယ်-kpg cash on deli (ကိုယ်တိုင်ပို့ မြို့တွင်း)-price dm to cb-အားမနာတန်းလာမေးနိုင်ပါတယ်
24/03/2023

Tee thrift မိုက်"လေးများရပါမယ်
-kpg cash on deli (ကိုယ်တိုင်ပို့ မြို့တွင်း)
-price dm to cb
-အားမနာတန်းလာမေးနိုင်ပါတယ်

Address

Kyaukpadaung

Website

Alerts

Be the first to know and let us send you an email when Thrift And Vintage-Kpg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share