16/08/2024
စစ်ကြီးလည်း ပြီးစေချင်ပြီ...
သက်ကြီးဘိုးဘွားတွေရဲ့
နေဝင်ချိန်တွေ ပြေးပြေးလွှားလွှားနဲ့
အဆုံးသတ်ရတာတွေလည်း
မမြင်ချင်တော့ဘူး။
ဆောက်တည်ထားရတဲ့
အခြေခိုင်စ လူလတ်ပိုင်းတွေရဲ့
ဘဝတွေလည်း
မပျက်စီးစေချင်တော့ဘူး။
အိပ်မက်တွေ အများကြီးထားပြီး ကြိုးစားခဲ့ဖူးတဲ့လူငယ်တွေရဲ့အနာဂတ်လည်း
မပျက်စီးချင်တော့ဘူး။
အသိမကြွယ်သေးတဲ့ကလေးငယ်တွေ
အတွက်လည်း စိတ်ဒဏ်ရာနဲ့
မရှင်သန်စေချင်တော့ဘူး။
16.8.2024🌧