Thrift Collection by L. S. O

Thrift Collection by L. S. O Where smart people shop

Let's prepare for emergency bag!Be safe all ♥Photos crd to OP.
08/09/2021

Let's prepare for emergency bag!

Be safe all ♥

Photos crd to OP.

Basic Tee တစ်ထည်ကို အထာကျအောင်ဘယ်လိုဝတ်ဆင်ကြမလဲ??? 🔥🔥😎Basic Tee ဆိုတာ အမျိုးသားအမျိုးသမီးတိုင်းရဲ့ ဘီရိုထဲမှာ အနည်းဆုံးတ...
01/09/2021

Basic Tee တစ်ထည်ကို အထာကျအောင်ဘယ်လိုဝတ်ဆင်ကြမလဲ??? 🔥🔥😎

Basic Tee ဆိုတာ အမျိုးသားအမျိုးသမီးတိုင်းရဲ့ ဘီရိုထဲမှာ အနည်းဆုံးတစ်ထည်တော့ရှိကြမှာပါ။
Basic Tee တွေကိုကြည့်လိုက်ရင်အရမ်းရိုးရှင်းပြီး သာမန်လို့ထင်ရပေမယ့် သူ့ကိုမှန်ကန်စွာတွဲစပ်ပြီးဝတ်ဆင်တတ်ရင် Casual အတွက်သာမက Smart Casual အဖြစ်နဲ့ပါဝတ်ဆင်လို့ရပါတယ်။
Black/White/Navy/Grey color ကတော့မရှိမဖြစ် အနည်းဆုံးတစ်ထည်လောက်ရှိထားသင့်တဲ့ Basic Tee Color တွေဖြစ်ပါတယ်။
Basic Tee ကို ဘယ်လိုအထာကျအောင်ဝတ်ဆင်လို့ရတယ်ဆိုတာ College လုပ်ပြီး တစ်ပုံချင်းစီအောက်မှာ ရှင်းပြထားပေးပါတယ်ခင်ဗျာ။

{Recycled and Reused Costumes in Movies} ရုပ်ရှင်တွေကြည့်တဲ့အခါ ကြည့်ရှုသူတစ်ယောက်အနေနဲ့ တွေးမိတာတွေအများကြီးရှိတတ်ကြပါတ...
25/08/2021

{Recycled and Reused Costumes in Movies}

ရုပ်ရှင်တွေကြည့်တဲ့အခါ ကြည့်ရှုသူတစ်ယောက်အနေနဲ့ တွေးမိတာတွေအများကြီးရှိတတ်ကြပါတယ်။ရုပ်ရှင်က အဓိကပြချင်တဲ့အကြောင်းအရာတွေ၊ရုပ်ရှင်တစ်ကားကပေးတဲ့ခံစားချက်ဘာညာ,စတာတွေပေါ့။ဒါတွေကလူတိုင်းလိုလိုရုပ်ရှင်ကြည့်ပြီးတိုင်းတွေးတတ်တာတွေပါ့။ဒါပေမဲ့ JoJoအတွက်တော့တခြားမေးခွန်းတွေလဲတွေးမိပါသေးတယ်။ဥပမာ-ရိုက်ကွင်းကိုဘယ်လိုပြင်ဆင်လဲ၊မိတ်ကပ်တွေ၊Designer တွေ၊Location တွေ,စတာတွေပေါ့။အဲ့တာတွေထဲကမှ Movie Costumes တွေကိုပိုစိတ်ဝင်စားပြီးကြည့်ဖြစ်ပါတယ်။Early Europe Century ကဝတ်စုံတွေဟာ တန်ဖိုးလဲကြီးတဲ့အပြင် စိတ်ဝင်စားစရာလဲကောင်းပါတယ်။ဒါတွေကိုစပြီးသတိထားမိတာက ဆရာမြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ် Gone with The Wind (လေရူးသုန်သုန်) ကိုဖတ်အပြီးမှာပါ။ဆိုတော့ အရင်ကရုပ်ရှင်တွေကြည့်ရင် အများဆုံးလိုက်သတိထားကြည့်မိတာကသူတို့ဝတ်ထားတဲ့ အဝတ်အစားတွေပါ။အဲ့တာတွေကိုရှာကြည့်ရင်းဒီအကြောင်းအရာကိုပါဆက်စပ်တွေ့လာခဲ့ပါတယ်။

●အဲ့တာကတော့ ရုပ်ရှင်တစ်ကားမှာအသုံးပြုပြီးသားဝတ်စုံတွေကို တခြားရုပ်ရှင်တွေမှာပြန်လည်ပြီး ပြုပြင်ဝတ်ဆင်တာ (Recycled & Reused Costumes)တွေပဲဖြစ်ပါတယ်။အကြောင်းအရာကတော့ အရမ်းကြီးစိတ်ဝင်စားစရာကောင်းချင်မှကောင်းပါလိမ့်မယ်။ဒါပေမဲ့ အောက်မှာပြထားတဲ့ ပုံလေးတွေထဲကိုယ်ကြည့်ဖူးတဲ့ရုပ်ရှင်တွေလဲ ပါကောင်းပါမှာပေါ့။ဒီတော့ နည်းနည်းဆက်ဖတ်ကြည့်လိုက်ရအောင် !

သုံးပြီးသားပစ္စည်းတွေ၊ပလတ်စတစ်အိတ်တွေ နဲ့ လူသုံးကုန်ပစ္စည်းတွေကို Recycle ပြုလုပ်အသုံးပြုတာဟာဒီနေ့ခေတ်မှာတော်တော်တွင်ကျယ်လာပါတယ်။အဲ့ထဲမှာမှ ဝတ်ပြီးသားအဝတ်အထည်တွေ၊မဝတ်ဖြစ်တော့တာတွေကို ပြန်လည်ရောင်းချတဲ့ Thrift market တွေကလဲတော်တော်တွင်ကျယ်လာပါပြီ။ဒါဟာတော်တော်ကျေနပ်စရာကောင်းတဲ့အချက်ပါပဲ။အများအားဖြင့်မဝတ်ဖြစ်တာတွေ၊အသုံးမလိုတာတွေဟာ ဒီတိုင်းကြီး waste ဖြစ်သွားမဲ့အစားအသုံးလိုတဲ့သူတွေအတွက်ပြန်ရောင်းချပေးတာ၊Second hand အထည်အဖြစ်ပြောင်းလဲတာဟာတစ်ဖက်ကကြည့်ရင် ပိုက်ဆံအများကြီးသက်သာတဲ့အပြင် Environment ကိုလဲထိန်းသိမ်းရာရောက်ပါတယ်။ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာက ဒီ Thrift market နဲ့အများကြီးမသက်ဆိုင်ပေမဲ့ တစ်နည်းတစ်သွယ်တော့သက်ဆိုင်ပါတယ်။

ရုပ်ရှင်တွေထဲမှာအသုံးပြုရတဲ့ Costume တန်ဖိုးတွေဟာ ပိုက်ဆံအများကြီးကုန်ကျပါတယ်။နောက်တစ်ချက်က ရုပ်ရှင်တစ်ကားမှာပါဝင်တဲ့ Costume ဟာအဲ့ရုပ်ရှင်ရဲ့အခန်းကဏ္ဍတွေကိုအများကြီးအထောက်အပံ့ပေးပါတယ်။ဒါကြောင့် Costume တွေကိုအသေးစိတ်ပြင်ဆင်ရတာမို့အကုန်အကျများပြီး အရေးပါတယ်လို့ပြောချင်တာပါ။

●ဆိုတော့ ပိုက်ဆံတွေအကုန်အကျခံပြီးအသေးစိတ်ချုပ်ထားတဲ့ Costume တွေဟာဒီရုပ်ရှင်ရိုက်ပြီးတဲ့အချိန်မှာဘယ်ရောက်သွားသလဲ?
ရုပ်ရှင်တစ်ကားပြီးတဲ့အချိန် အဆိုပါရုပ်ရှင်မှာအသုံးပြုထားတဲ့ costume တွေကိုသေချာထုတ်ပိုးသိမ်းဆည်းပြီး သေတ္တာထဲထည့်ထားကြပါတယ်။ပြီးရင်တော့အဆိုပါ အဝတ်အစားတွေကိုပြန်လည်ရောင်းချတာတွေ၊Recycled ပြန်လုပ်ပြီးအခြားရုပ်ရှင်တစ်ကားမှာ ပြန်လည်ဝတ်ဆင်တာတွေကိုပြုလုပ်ကြပါတယ်။တခြားနည်းနဲ့ပြောရရင်တော့ Second hand အဝတ်စားတွေကိုပြန်လည်အသုံးပြုတာပါပဲ။

●အောက်မှာဖော်ပြပေးထားတဲ့ပုံတွေကတော့ ဝတ်စုံတစ်စုံကို ပြန်လည်အသုံးပြုဝတ်ဆင်ထားတဲ့ရုပ်ရှင်တွေကိုဖော်ပြထားတာပါ။ပထမပုံက အရင်ဆုံးချုပ်လုပ်ဝတ်ဆင်တဲ့ရုပ်ရှင်တွေဖြစ်ပြီးတော့ဒုတိယပုံကတော့ ပြန်လည်အသုံးပြုဝတ်ဆင်ထားတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။

●ဝတ်ပြီးသားအဝတ်အထည်တွေကိုပြန်လည်ဝတ်ဆင်ခြင်း၊ရောင်းချခြင်းဟာအပြင်လောကမှာတင်ရှိတာမဟုတ်ပါဘူး။ဒိတ်ဒိတ်ကြဲရုပ်ရှင်လောကတွေမှာတောင်ရှိပါတယ်။ဒါကိုရုပ်ရှင်လောကထဲကသူတွေအနေနဲ့ကတော့ ဒီလို Recycled လုပ်ပြီး,ဝတ်ဆင်ရခြင်း၊အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်တွေရဲ့ ဝတ်စုံတွေကိုပြန်လည်ဝတ်ဆင်ရခြင်းဟာ တကယ်ကိုဂုဏ်ယူစရာကောင်းပါတယ်လို့ဆိုကြပါတယ်။

ဆိုတော့ဒီနေ့ရေးသားထားတဲ့အကြောင်းအရာတွေကတော့ရုပ်ရှင်အညွှန်းလဲမဟုတ်ပါဘူး။နာမည်ကြီးရုပ်ရှင်လောကရဲ့ အဝတ်အစားတွေအကြောင်းထဲက ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ သတိမထားမိတဲ့အကြောင်းအရာတစ်စိတ်တစ်ဒေသကို ရှာဖွေပြီးဖော်ပြပေးရုံပါပဲ။

(ဒီရက်ပိုင်း ရုပ်ရှင်အက်ဆေးအသစ်တွေရေးဖို့ စိတ်မပါတာနဲ့ အရင်ကရေးဖူးတဲ့ ပေါ့ပေါ့ပါးပါး topic လေးကိုပဲ ပြန် sharing လုပ်လိုက်ပါတယ်။ဒီအကြောင်းအရာက အရမ်းကြီးတော့ စိတ်ဝင်စားဖို့မကောင်းပေမဲ့ တစ်ခုခုတော့လေ့လာမိမယ်လို့မျှော်လင့်ပါတယ်။)

#ပုံကောစာကောအကုန်Creditပါ။



သင်ဟာ အဝတ်အစားဖိုးနဲ့တင် အကုန်အကျ အရမ်းများလို့ စိတ်ညစ်နေပြီလားငွေပိုငွေလျှံလေးတွေစုမိအောင် အဝတ်အစားပိုင်းမှာ ချွေတာသုံး...
24/08/2021

သင်ဟာ အဝတ်အစားဖိုးနဲ့တင် အကုန်အကျ အရမ်းများလို့ စိတ်ညစ်နေပြီလားငွေပိုငွေလျှံလေးတွေစုမိအောင် အဝတ်အစားပိုင်းမှာ ချွေတာသုံးစွဲလိုက်ဖို့ကို တွေးမိပြီဆိုရင်တော့ Thrift အထည်လေးတွေ ဝယ်ဝတ်ဖို့ အကြံပေးချင်ပါတယ်

Thrift Clothing/Vintage Clothing

Vintage Clothings ဆိုတာ ဘေထုပ်လို့ လူသိများတဲ့ နိုင်ငံခြားဖြစ် second hand clothings (thrift clothings) တွေပဲဖြစ်ပါတယ်။

Bale ဆိုတာ English လို အစည်းကြီး၊အထုပ်ကြီးလို့ ခေါ်ပါတယ်။အဲဒီအဝတ်အစားတွေဟာ Bale ဆိုတဲ့ အထုပ်ကြီးတွေနဲ့လာတော့ ရွှေမြန်မာတွေ အခေါ် ဘေထုပ်ဖြစ်သွားတာပေါ့နော်...

ဒီ Bale အထုပ်တွေထဲမှာ Brand စုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံ ဆိုဒ်စုံ ထုတ်လုပ်တဲ့ နိုင်ငံအစုံ(made in China, Japan, USA) ကလာတဲ့ အဝတ်အစား အမျိုးအစားအစုံပါပါတယ်..

ပစ္စည်း အသန့်တွေ တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ Store ဆိုင်တွေက Sale ချလိုက်တဲ့ lot နံပါတ်အလိုက် အသစ်စက်စက်တွေက အစ... ဟောင်းနွမ်းစုတ်ပြတ် ပေါက်ပြဲနေတဲ့ အထည်တွေ ပစ္စည်းတွေ အထိပါပါတယ်...

နာမည်ကြီး Brand တွေရဲ့ quality နဲ့ စျေးကတော့ ဝယ်ဖူးသူတွေ ဝတ်ဖူးသူတွေ ပိုသိပါတယ်။ ဒီနေ့ခေတ်မှာ မဝယ်ဖူး မဝတ်ဖူးတောင် Facebook ပေါ် လိုင်းပေါ်ကနေ brand တော်တော်များများကို မြင်ဖူးကြားဖူးကြမှာပါ...Branded ဝယ်ဝတ်ချင်ပေမယ့် စျေးနှုန်းမြင်ရင် လက်တွန့်နေတာ..အဲတော့ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ ကံကောင်းရင် Limited Edition တွေ တောင် ရနိုင်ပါသေးတယ်

Vintage ဝတ်ရတာ...ရှာရတာကြိုက်တဲ့ နိုင်ငံခြားသားတွေ...ခရီးသွားတွေ...ပိုက်ဆံခြွေတာချင်တဲ့ သူတွေ... ဒုနဲ့ဒေး.. (မြန်မာနိုင်ငံမှာပဲ ဘေထုပ်စျေးကွက် ရှိနေတယ်ထင်နေမှာစိုးလို့..)

ဘေထုပ် vintage wears တွေကို ဆင်းရဲသားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ ဝတ်တယ်လို့ ဘယ်သူပြောလဲ......နိုင်ငံတကာမှာ နာမည်ကြီး Celebrities တွေကိုယ်တိုင် Vintage Wears တွေကို သေချာ ရှာဝတ်ပါတယ်....

ဘေထုပ်ကို ဝတ်ဖူးသူတိုင်းကြိုက်ကြတယ်ဆိုတာက......

၁ အချက်.....သူ့ရဲ့ ကွာလတီ( branded တွေလေ အရည်အသွေးမြင့် QC passed တွေကိုး)...တရုတ် နဲ့ ယိုးဒယားက.လာတဲ့ စျေးချုပ်ထည်တွေနဲ့ အကွာကြီးကွာ.... 😍😍

၂ အချက်..... စျေးနှုန်းပါ။ တစ်ခါဝတ်ပြီးရင် အရောင်မှိန် ဆေးသားပြယ် ချုပ်ရိုးပြေ သွားတဲ့ စျေးချုပ်ထည်ထက်တောင် စျေးသက်သာပါသေးတယ်....( ဘေရှယ်ဂေါင်ထည် အသန့် Limited Edition စျေး တွေကတော့ ချွင်းချက်ပေါ့နော်။ ဒါပေမယ့် ရောင်းတဲ့သူက ဘယ်တော့မှ အသစ်စျေးမတောင်းသလို ဝယ်သူကလည်း အဟောင်းစျေးဘဲ ပေးတာပါပဲ 😅😁 )

၃ အချက်...brand တွေကို ပေါပေါလောလော အထည်များ ထည်လဲဝတ်နိုင်ခြင်း...brand အသစ်စက်စက်တထည်စျေးဟာ ဘေထုပ်ထဲက အလားတူ brand မျိုးအထည်ရေ ၃/၄ ထည်လောက်ပေါင်း စျေး နဲ့ တူနေမှတော့ အသစ်ကို.... ထည့်မစဉ်းစားတော့တာ အဆန်းလားနော့ 😗 တစ်ခုတော့ ရှိတာပေါ့ ဘေထုပ်ထဲမှာ ကိုယ်အရမ်းလိုချင်နေတဲ့ ဒီဇိုင်း ဆိုဒ်ကို မရနိုင်ဘူး ထင်ရင်တော့ အသစ်က စျေးကြီးလည်းဝယ်ရမှာပဲ...ကိုယ်မှ ဘေထဲမှာ ရှာမရနိုင်တာကိုး... 😂😂

ရွေးတတ်တဲ့သူတွေ အတွက်တော့ ဘေထုပ်ထဲက ရတဲ့ အထည်ဟာ ရွှေထက် တန်ဖိုးရှိတယ်လို့....😎

တချို့က ဘေထုပ်မဝတ်ချင်ပါဘူး ရှက်စရာကြီးလို့တွေးကြတယ် တကယ်ကဒါရှက်စရာမဟုတ်ပါဘူး ပတ်ဝန်းကျင်ကပစ္စည်းတွေကို recycle reuse ပေးတဲ့တွက်ပိုတောင်ကောင်းပါသေးတယ် ဘေထုပ်ဝတ်တာရှက်စရာမဟုတ်ပါနော်

အခုလို China boycott ထားတဲ့အချိန်မှာ thrift vintage လေးတွေကို အားပေးသင့်ပါပီ
ကိုယ့် local market လေးတွေကိုအားပေးချင်းဖြင့်
save moneyand save the world

This is win-win situation for sellers and buyers 💕💕💕

So let's give a second chance to clothes, not people 😉



Address

Lashio
082

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959791528650

Website

Alerts

Be the first to know and let us send you an email when Thrift Collection by L. S. O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thrift Collection by L. S. O:

Share