MarYar - Vintage Collection

MarYar - Vintage Collection ကွန်တိန်နာကျ(ဘေထုပ်)အထည်များ

31/12/2021
21/12/2021

ကိုယ့်ကိုယ် ကို ပြန်ဆုံးမခြင်း 😒

ပိုက်ဆံရှာပါ
ပိုက်ဆံရှိမှဖြစ်တော့မယ်လို့
တွေးမိတဲ့အချိန်ဟာ
ခရီးတစ်ခုကိုစတင်ဖို့
လက်မှတ်စဝယ်တာနဲ့တူပါတယ်
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ

" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်

" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး

" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ

" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်

" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်

တသောင်း ဆယ်ခါဖြုန်းရင် တသိန်းပါ
တသိန်း ဆယ်ခါဆို ၁၀သိန်းပါ...

ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ

မလိုတာတွေဝယ်ခဲ့ဖူးတယ်

မတန်တာတွေ စားခဲ့ဖူးတယ်

မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်

မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်

သဒ္ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်

အားနာပြီး ကုန်ခဲ့ကြဖူးတယ်

အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖက်တင်မကျန်ခဲ့ဘူး

အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး

အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး

အဝတ်နိုင်ဆုံးဆိုပြီးလည်း
ကမ္ဘ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး...

သူ့နေရာနဲ့သူ
သုံးသင့်တဲ့နေရာသုံး
မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ
အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ....

ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ?

ဒါ့ကြောင့်
ကျွန်တော်တို့
သိပ်နောက်မကျခင်
ငွေစစုကြရအောင်လား....

ကဲ....
မိတ်ဆွေ
သင် ဖြုန်းမယ်ပြင်ထားတဲ့
ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါ

ကလေးတွက် လေဖောင်းရှာနေတဲ့မေမေတို့အတွက် အဆင်ပြေတာလေး
23/11/2021

ကလေးတွက် လေဖောင်းရှာနေတဲ့မေမေတို့အတွက် အဆင်ပြေတာလေး

ကလေးအနွေးထည်လေးတွေလှချက်နော် အသစ်ဆိုတစ်သောင်းကျော်တန်လေးတွေနော
22/11/2021

ကလေးအနွေးထည်လေးတွေလှချက်နော် အသစ်ဆိုတစ်သောင်းကျော်တန်လေးတွေနော

19/11/2021

▪️ကန္တာရမှာဈေးရောင်းခြင်း

လက်ရှိမှာ လုပ်ငန်းအများစုကိုလေ့လာကြည့်ရင် အရောင်းပို့စ်တွေတင် Boost လုပ်ပြီးလုပ်ငန်းကိုလည်ပတ်နေကြပါတယ် ။ ဒါဟာမှားလားလို့ ပြောရင်တော့ မမှားပါဘူး ။ သို့ပေမယ့် ဒီနည်းလမ်းနဲ့တော့ ရေရှည်လုပ်ငန်းတစ်ခုကို ဘယ်လိုမှတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး ။
တစ်ချိန်မှာ Facebook ကြီးရပ်သွားတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နိုင်ပါတယ် ။ လက်ရှိအချိန်မှာ လုပ်ငန်းတွေအနေနဲ့ Digital Marketing မလုပ်ဘဲ ဈေးရောင်းနေတာဟာ ကန္တာရမှာ ဈေးရောင်းနေတာနဲ့ အလားသဏ္ဍာန်တူပါတယ် ။

ဆိုလိုတာက သဲကန္တာရဆိုတာ လူအရောက်နည်းပါတယ် ။ ရောက်လာတဲ့သူကလည်း ကိုယ့်ပစ္စည်းကို စိတ်ဝင်စားဖို့ဆိုတာမသေချာပါဘူး။ Digital Marketing လုပ်ပြီးဈေးရောင်းတာကတော့ Shopping Center မှာဆိုင်ခန်းဖွင့်ပြီးဈေးရောင်းတာနဲ့ဆင်ပါတယ် ။ ဆိုင်လေးကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ထားတယ်၊ လာကြည့်တဲ့သူတွေကို Service ကောင်းကောင်းပေးတယ်၊ ကိုယ့်ဆိုင်လေးကို လူသိလာအောင် ကြေငြာတယ် ၊ စိတ်ဝင်စားဖွယ်ရာCampaign တွေနဲ့ဆွဲဆောင်တယ် ။ ပုံမှန်ဝယ်သူရအောင်တည်ဆောက်တယ် ။

ဒီတော့ Digital Marketing မလုပ်ဘဲ ဈေးရောင်းနေသရွေ့တော့ အပူခံပြီး ချွေးပျံယုံပဲရှိပါမယ် ။ တကယ်လို့ အွန်လိုင်းပေါ်ကသင့်ဆိုင်ခန်းလေးကို သပ်သပ်ရပ်ရပ်နဲ့ စည်းကားနေချင်ရင် ကျွန်တော်တို့ My Friends Online Business ကကူညီပေးနိုင်ပါတယ် ။

လက်ရှိမှာလည်း မတူညီတဲ့လုပ်ငန်းအမျိုးအစားများစွာကို Digital Marketing ဝန်ဆောင်မှုပေးနေပါတယ် ။
စိတ်ဝင်စားရင် CB မှာအသေးစိတ်မေးနိုင်ပါတယ် ၊ အားလုံးပဲဘေးကင်းကြပါစေ…😊😊😊




လိုချင်တာလေးရခဲ့ပြီ
14/11/2021

လိုချင်တာလေးရခဲ့ပြီ

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when MarYar - Vintage Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category