28/07/2023
ရည်အချင်း(၆)ရပ်နဲ့အကျယ်ရှင်းပြချက်။
ဆွဟာဗာဟ်သာဝကကြီးများဟာ
ကိုယ်တော်မြတ်( )ရဲ့
အနီးအပါးမှာနေပြီးတော့
၊မြောက်များစွာသောအရည်အချင်းကောင်းများကို
ရရှိခဲ့ပါတယ်။
ထိုအရည်အချင်းများထဲမှ
အချို့သောအရည်အချင်းများကို
လက်တွေ့လိုက်နာကျင့်သုံးသွားမယ်ဆိုရင်
ပြီးပြည့်စုံတဲ့ဒီးန်သာသနာတစ်ခုလုံးပေါ်မှာ
လွယ်ကူစွာလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ထိုအရည်အချင်းများကိုချေးဆွေဖားသ်(ခေါ်)
အရည်အချင်း(၆)ရပ်လို့ခေါ်ပါတယ်။
ထိုအရည်အချင်းများကတော့---
(၁)ကလေမာဟ်သွိုင်ယိဗဟ် လာအီလားဟအိလ်လလ္လား ဟု မုဟမ္မဒွရ်ရစူးလွလ်လာဟ်။
(ကလေမဟ်ကို သက်သေခံခြင်းဖြစ်ပါတယ်)
(၂)ဆွလာသ်(ခေါ်)နမာဇ်။
(ဆွလာသ်ဝတ်ပြုခြင်းဖြစ်ပါတယ်)
(၃)အေလင်မ်
(သာသနာ့ပညာသင်ယူဆည်းပူးခြင်း)နှင့်
ဇိကိရ်
(အလ္လာဟ်အသျှင်မြတ်ကိုအောက်မေ့တသ သတိရခြင်းဖြစ်ပါတယ်)
(၄)အိက်ရားမ်မေ့မွတ်စ်လင်မ်။
(မွတ်စ်လင်မ်အချင်းချင်းဂုဏ်ပေးလေးစားခြင်း။ရိုင်းပင်းကူညီခြင်းဖြစ်ပါတယ်)
(၅)အိခ်လားစ်ဆွေနီယသ်။
(စိတ်စေတနာဖြူစင်ခြင်းဖြစ်ပါတယ်)
(၆)ဒါဝသ်သဗ်လိဂ်။
(အလ္လာဟ့်လမ်းထွက်ခြင်းဖြစ်ပါတယ်)
[ဤအရည်အချင်း(၆)ရပ်၏
အကျယ်တဝင့်ကိုအောက်တွင်
ဖော်ပြထားပါသည်။]
(၁)ကလေမဟ်သွိုင်ယိဗာဟ်လားအိလားဟ အိလ်လ္လားဟု မိုဟမ္မဒွရ် ရစူလွလ္လာဟ်။
(ကလေမဟ်တော်ကို သက်သေ ခံခြင်းဖြစ်ပါတယ်)
''ရည်ရွယ်ချက်''
အဖန်အဆင်းခံနှင့်ဘာမှမဖြစ်နိုင်ပါ။
ဖန်ဆင်းရှင်နဲ့ပဲဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်
ကျွန်တော်တို့နှလုံးသားထဲပြည့်ပြည့်ဝဝရောက်ရှိဖို့။
တမန်တော်မြတ်ကြီး( )ဟာ
အလ္လာဟ်အသျှင်မြတ်ရဲ့
ရစူလ်တမန်တော်ဖြစ်ကြောင်း။
တမန်တော်မြတ်ကြီး( )၏
နည်းစနစ်တွေမှာပဲ
ရာနှုန်းပြည့်အောင်မြင်မှုရှိတယ်။
အခြားနည်းစနစ်တွေမှာ
ရာနှုန်းပြည့်ဆုံးရှုံးမှုရှိတယ်ဆိုတဲ့ယုံကြည်ချက်၊
ကျွန်တော်တို့ နှလုံးသားထဲကိုပြည့်ပြည့်ဝဝ
ရောက်ရှိစေဖို့ ဖြစ်ပါတယ်။
''အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာ
ကလေမဟ်တော်ကိုအိခ်လားစ်နဲ့တစ်ကြိမ်
ဖတ်မယ်ဆိုလျှင်၊
ယခင်ကကျူးလွန်မိခဲ့တဲ့ဂိုနာဟ်တွေကို
အလ္လာဟ်အသျှင်မြတ်ကခွင့်လွှတ်ပေးမှာ ဖြစ်ပါတယ်။
ကိုယ်တော်မြတ်( )ရဲ့
စွန္နသ်တော်တစ်ခုကို
အကောင်အထည်ဖော်မယ်ဆိုလျှင်၊ရှဟီဒီပေါင်း(၁၀၀)ရဲ့ အကျိုးစဝါးဗ်ကိုရရှိမှာဖြစ်ပါတယ်။
ရှဟီဒီတစ်ယောက်ရဲ့အဆင့်အတန်းဟာဆိုလျှင် ထိုရှဟီဒ်ရဲ့သွေး၊မြေမခ ခင်မှာပင်၊အလ္လာဟ်အသျှင်မြတ်က ဂျန္နသ်ကိုဝါဂျိဗ်အဖြစ်သတ်မှတ်ပြီးသားဖြစ်ပါတယ်။
"ရယူပုံ ရယူနည်း"
ဒါဝသ်၊ကလေမဟ်ရဲ့
အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
ကလေမဟ်ဖက်သို့
ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
စွန္နသ်တော်တွေရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊ စွန္နသ်တော်ဖက်ကို
ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရ်ှက်၊
အလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှုတွေ
နှလုံးသားထဲ ရောက်ရှိလာဖို့အတွက်၊အလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှုတွေကို-
များများပြောမယ်၊
များများနားထောင်မယ်၊
များများကြည့်မယ်၊
များများစဉ်းစားမယ်။
ဒီနည်းလမ်း(၄)ခုနဲ့ပဲ
အလ္လာဟ်အသျှင်မြတ်ရဲ့ကြီးကျယ်မှုတွေ
ကျွန်တော်တို့နှလုံးသားထဲရောက်ရှိလာမှာဖြစ်တယ်။
စွန္နသ်တော်တွေကိုရှာဖွေသင်ယူပြီးတော့
လက်တွေ့လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးတို့အား
ကလေမဟ်ရဲ့ဟကီကသ် အနှစ်သာရကို
ချီးမြှင့်ပေးသနားတော်မူပါ။
ကလေမဟ်နဲ့ကိုက်ညီတဲ့သက်တမ်း
မွေးမြူနိုင်စွမ်းချီးမြှင့်ပေးသနားတော်မူပါ။
ကျန်ရှိတဲ့သက်တမ်းမှာလဲ
ကိုယ်တော်မြတ်ကြီး( )ရဲ့
စွန္နသ်တော်တွေကိုသိရှိပြီး၊
စွန္နသ်တော်နဲ့အညီသက်တမ်းမွေးမြူနိုင်စွမ်း
ပေးသနားတော်မူပါ"
ဟု ဒိုအာတောင်းခံရမှာဖြစ်ပါတယ်။
(၂)ဆွလာသ်(ခေါ်)နမာဇ်။
(နမာဇ် ဝတ်ပြုခြင်းဖြစ်ပါတယ်)
"ရည်ရွယ်ချက်"
မိမိရဲ့သက်တမ်းတစ်ခုလုံးဟာ
နမာဇ်၏အရည်အချင်းတွေမှာ
ရောက်ရှိသွားဖို့ ဖြစ်ပါတယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်မြားစွာလာရှိပါတယ်။
အကြင်သူဟာ
နမာဇ်(၅)ကြိမ်ကိုစွဲစွဲမြဲမြဲဖတ်မယ်ဆိုလျှင်၊
အလ္လာဟ်အသျှင်မြတ်ကိုယ်တိုင်
ဂျန္နသ်ကိုတာဝန်ယူပြီး၊
ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
နမာဇ်မဖတ်တဲ့သူကိုတော့
ဘာမှတာဝန်ယူမှာမဟုတ်ပါဘူး။
ကာဖိရ်နှင့်မွတ်စလ်မာန်ခြားနားခြင်းဟာလည်း
နမားဇ်ပဲ ဖြစ်ပါတယ်။
"ရယူပုံရယူနည်း"
ဒါဝသ်
နမာဇ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး
နမာဇ်ဖက်ကိုဒါဝသ်ပေးဖိတ်ခေါ်နေရမယ်။
မရ်ှက်၊
နမားဇ်(၅)ကြိမ်ကို သပ်က်ဗီးရ်အူလာနှင့်တကွ
သူ့အချိန်နှင့်သူစွဲစွဲမြဲမြဲဖတ်ရမှာဖြစ်တယ်။
စွန္နသ်၊ဝါဂျိဗ်၊နဖိလ်များကိုလည်းဖတ်ရမှာဖြစ်တယ်။
မိမိသက်တမ်းမှာလွတ်ခဲ့တဲ့
အွမ့်ရေကဇွာနမာဇ်များကိုလည်း
ပြန်လည်ဖြည့်စွက်ပြီးဖတ်ရမှာဖြစ်တယ်။
ညမှာရှည်လျားတဲ့ရကအသ်တွေနဲ့
နမာဇ်ကိုမရ်ှက်လုပ်နေရမှာဖြစ်တယ်။
အသက်ပါတဲ့နမာဇ်ဖြစ်လာစေရန်အတွက်
အချက်ကြီး(၅)ချက်ပေါ်မှာ
လိုက်နာကျင့်သုံးရမှာဖြစ်တယ်။
၎င်းတို့မှာ-
၁၊စစ်မှန်တဲ့ရည်စူးချက်။
၂၊စစ်မှန်တဲ့ယုံကြည်ချက်။
၃၊နမာဇ်ရဲ့အကျိုးကျေးဇူးများကိုသိရှိခြင်း။
၄၊နမာဇ်ပိုင်/မပိုင် မဆ်အလဟ်များသိရှိခြင်း။
၅၊ရကွန်တိုင်းရကွန်တိုင်းမှာအလ္လာဟ်အသျှင်မြတ် နှင့်(၃)ကြိမ်အနည်းဆုံးဆက်သွယ်ခြင်း။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား
တမန်တော်မြတ်ကြီး( )နှင့်
ဆွဟာဗဟ်သာဝကကြီးများဖတ်ခဲ့တဲ့
အသက်ပါတဲ့နမားဇ်မျိုး
ဖတ်နိုင်တဲ့သောဝ်ဖစ်က်စွမ်းအားပေးသနားတော်မူပါ"
ဟုဖရာဇ်နမာဇ်ပြီးတိုင်း၊ပြီးတိုင်းမှာတောင်းခံနေရမှာ
ဖြစ်ပါတယ်။
(၃)အေလင်မ်
(သာ့သနာ့ပညာသင်ယူဆည်းပူးခြင်း)နှင့်
ဇိကိရ်(အလ္လာဟ်အသျှင်မြတ်အား တသ သတိရခြင်း)
"အေလင်မ်၏ရည်ရွယ်ချက်"
အခြေအနေတိုင်းမှာ
အလ္လာဟ်အသျှင်မြတ်ရဲ့အမိန့်ဘာတွေရှိလဲသိရှိခြင်း၊လိုက်နာခြင်းဖြစ်တယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာအေလင်မ်ပညာသင်ယူဆည်းဖူးဖို့၊
ခရီးထွက်ခဲ့မယ်ဆိုလျှင်၊
အလ္လာဟ်အသျှင်မြတ်သခင်က
ဂျန္နသ်သွားရာလမ်းကို လွယ်ကူချောမွေ့စေမှာဖြစ်တယ်။
"ရယူပုံရယူနည်း"
ဒါဝသ်
အေလင်မ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အေလင်မ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။
တစ်နေ့ကို(၂)ကြိမ်သာလင်မ်ဝိုင်းမှာ
ပါဝင်ပေးရမှာဖြစ်ပါတယ်။
မရ်ှက်၊
အေလင်မ်မှာအမျိုးအစား(၂)မျိုးရှိပါတယ်။
ဖှဇာအိလ်နှင့်မစာအိလ်။
ဖှဇာအိလ်ကိုတော့
သာလင်မ်၏ဟလ်ကာဝိုင်းတွေမှာ
သင်ယူရမှာဖြစ်တယ်။
မစာအိလ်ကိုတော့
စစ်မှန်တဲ့အစ္စလာမ့်သာသနာ့ပညာရှင်များ၏
ထံပါးမှာသင်ယူဆည်းပူးရမှာဖြစ်တယ်။
'ဒိုအာ'
"အိုအလ္လာဟ်! ကျွန်တော်မျိုးအားအေလင်မ်၏
ဟကီကသ်ချီးမြှင့်တော်မူပါ။
အမလ်ပေါ်မှာရပ်တည်နိုင်မည့်၊တွန်းပို့နိုင်မည့်၊
ဖြစ်စေနိုင်မည့်အေလင်မ်မျိုး ချီးမြှင့်တော်မူပါ"
ဟု ဒိုအာပြုရမှာဖြစ်တယ်။
"ဇိကိရ်၏ရည်ရွယ်ချက်"
(၂၄)နာရီကာလပါတ်လုံး
အလ္လာဟ်အသျှင်မြတ်ဘက်မှာ
အာရုံရှိရမှာဖြစ်တယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်များစွာလာရှိပါတယ်။
အကြင်သူရဲ့နှုတ်လျှာဟာ
ဇိကိရ်နဲ့စိုစိုပြေပြေရှိနေမယ်ဆိုရင်
ဂျန္နသ်ကိုပျော်ရွှင်ဝမ်းမြောက်စွာ
ဝင်ရောက်ရမှာဖြစ်တယ်။
ဇိကိရ်စိပ်တဲ့သူဟာဆိုလျှင်ရှင်သူပမာဖြစ်ပြီး၊
ဇိကိရ်မစိပ်တဲ့သူဟာဆိုလျှင်
အသက်ရှင်လျက်နှလုံးသား
သေသူပမာဖြစ်တယ်။
"ရယူပုံရယူနည်း"
ဒါဝသ်
၊ဇိကိရ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
ဇိကိရ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်တယ်။
နေ့စဉ်သီးန်သတ်စ်ဗီဟ်ကို
မနက်(၃၀၀)ညနေ(၃၀၀)
ဝုဇူနဲ့တကွကိဗ်လဟ်ဘက်မျက်နှာမူလျက်
အာရုံနှင့်တကွစိတ်ရမှာဖြစ်တယ်။
ကုရ်အာန်သေလာဝသ်ကိုလည်း
အချိန်သတ်မှတ်ပြီး၊ နေ့စဉ်ဖတ်ရမှာဖြစ်တယ်။
မတ်စ်နူးန်းဒိုအာကိုလည်းကျက်မှတ်ပြီး
သူ့နေရာနှင့်သူ ကျင့်သုံးရမှာဖြစ်တယ်။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား
'ဂဖ်လာသ်'ဆိုတဲ့မေ့လျော့ခြင်းမှ
ထိန်းသိမ်းပြီး၊အလ္လာဟ်အသျှင်မြတ်အား
အမြဲတမ်းသတိရ၊ တသ၊သူအဖြစ်ထားရှိတော်မူပါ"
ဟုဒိုအာပြုရမှာဖြစ်တယ်။
(၄)အိက်ရားမ်မေ့မွတ်စ်လင်မ်
(မွတ်စ်လင်မ်အချင်းချင်း ရိုင်းပင်းကူညီခြင်း)
"ရည်ရွယ်ချက်"
အီမာန်ရှိခြင်းကိုအကြောင်းခံပြီး၊တစ်ဦးကိုတစ်ဦး၊
အိက်ရာမ်လုပ်ရမှာဖြစ်ပါတယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးမြောက်များစွာလာရှိပါတယ်။
အကြင်သူဟာမွတ်စ်လင်မ်တစဦးရဲ့
အရှက်သိက္ခာကိုဖုံးအုပ်ခဲ့မယ်ဆိုလျှင်၊
ကေယာမသ်နေ့မှာ
အလ္လာဟ်အသျှင်မြတ်ကလည်း
၊မိမိရဲ့အရှက်သိက္ခာကို ဖုံးအုပ်ပေးမှာဖြစ်ပါတယ်။
"ရယူပုံ ရယူနည်း"
ဒါဝသ်၊
အိက်ရားမ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အိက်ရားမ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရ်ှက်၊
ကြီးသူကိုရိုသေ၊ငယ်သူကိုသနား၊
အာလင်မ်သာသနာ့ပညာရှင်များကို
ဂုဏ်ပေးလေးစားရမှာဖြစ်ပါတယ်။
အိက်ရားမ်ရရှိဖို့အတွက်ေ
ခေသ်မသ်များများလုပ်ရမှာဖြစ်ပါတယ်။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား
တမန်တော်မြတ်( )နှင့်
ဆွဟာဗဟ်
သာဝကကြီးများထားခဲ့တဲ့'အခ်လားက်'မျိုး
ပေးသနားတော်မူပါ"
ဟုဒိုအာပြုရမှာဖြစ်ပါတယ်။
(၅)အိခ်လားစ်ဆွေ့နီယသ်
(စိတ်စေတနာ ဖြူစင်ခြင်း)
"ရည်ရွယ်ချက်"
လုပ်ရပ်တိုင်းလုပ်ရပ်တိုင်းဟာ
အလ္လာဟ်အသျှင်မြတ်အတွက်သက်သက်ဖြစ်ရပါမယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်များစွာလာရှိပါတယ်။
အိခ်လားစ်နဲ့လုပ်တဲ့လုပ်ရပ်တိုင်းမှာ
အလ္လာဟ်အသျှင်မြတ်က
အင်အားထည့်ပေးမှာဖြစ်ပါတယ်။
"ရယူပုံ ရယူနည်း"
ဒါဝသ်၊
အစ်ခ်လာ့စ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
အစ်ခ်လာ့စ်ဖက်သို့
ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရ်ှက်၊
အလုပ်တစ်ခုကိုစတင်ပြီဆိုလျှင်
'ဗိစ်မစ်လ္လာဟ်'နဲ့စတင်ရမှာဖြစ်ပြီး၊
လုပ်ခွင့်ရတဲ့အတွက်
'အလ်ဟမ်ဒုလစ်လ္လာဟ်' ဖတ်ပြီး
အလ္လာဟ်အသျှင်မြတ်ကို၊
ဦးစြာပထမေက်းဇူး
တင်ရမှာဖြစ်ပါတယ်။
လုပ်ငန်းပြီးဆုံးသွားပြီဆိုလျှင်
'အိစ်သိဂ်ဖွာရ်'နဲ့အဆုံးသတ်
ရမှာဖြစ်တယ်။
အိခ်လားစ်ရရှိဖို့အတွက်ကို
အေဗာဒသ်များများလုပ်ရမှာ
ဖြစ်ပါတယ်။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးအား
၊တမန်တော်မြတ်( )နဲ့
ဆွဟာဗဟ်
သာဝကကြီးများမှာရှိခဲ့တဲ့
အိခ်လားစ်မျိုးချီးမြှင့်တော်မူပါ"
ဟုဒိုအာပြုရမယ်။
(၆)ဒါဝသ်သဗ်လိဂ်
(အလ္လာဟ့်လမ်းထွက်ခြင်း)
"ရည်ရွယ်ချက်"
မိမိရဲ့ဂျာန်(အသက်)၊မာလ်(ဥစ္စာပစ္စည်း)၊ဝပ်က်သ်(အချိန်)ကို
သက်တမ်းမှာမှန်ကန်စွာသုံးစွဲတဲ့နည်းစနစ်ကို အလ္လာဟ့်လမ်းတွေမှာထွက်ပြီး
သင်ယူရမှာဖြစ်ပါတယ်။
"အကျိုးကျေးဇူး"
အကျိုးကျေးဇူးတွေကတော့
မြောက်များစွာလာရှိပါတယ်။
အကြင်သူဟာ
တစ်မနက်၊တစ်ညနေအလ္လာဟ့်လမ်းမှာ
အချိန်ပေးခဲ့မယ်ဆိုလျှင်၊
ဒွန္နယာနဲ့ဒွန္နယာအတွင်းမှာရှိတဲ့
အရာအားလုံးထက် သာပိုကောင်းမြတ်တဲ့
အကျိုးစဝါးဗ်ကိုရရှိမှာဖြစ်ပါတယ်။
"ရယူပုံ ရယူနည်း"
ဒါဝသ်
သဗ်လိဂ်ရဲ့အကျိုးကျေးဇူးတွေကိုတင်ပြပြီး၊
သဗ်လိဂ်ဖက်သို့ဒါဝသ်ပေးဖိတ်ခေါ်ရမှာဖြစ်ပါတယ်။
မရ်ှက်၊
အလ္လာဟ့်လမ်းတော်တွင်
မိမိကိုယ်တိုင်လည်းပါဝင်ရမယ်။
အရှေ့ကအခြားမိတ်ဆွေတွေကိုလည်း
တိုက်တွန်းရမှာဖြစ်ပါတယ်။
အမလ်(၅)ရပ်မှာလည်း
ပါဝင်ပေးရမှာဖြစ်ပါတယ်။
'ဒိုအာ'
"အိုအလ္လာဟ်!
ကျွန်တော်မျိုးရဲ့ဂျာန်၊မာလ်၊ဝါ့က်(သ်)ကို
အလ်လာဟျ့လမျး
တော်မှာအသုံးချခွင့်ပေးသနားတော်မူပါ"
ဟုဒိုအာပြုရမှာဖြစ်ပါတယ်။
အင်ရှာအလ္လာဟ်!
ဒီအရည်အချင်း(၆)ရပ်ပေါ်မှာ
လက်တွေ့လိုက်နာကျင့်သုံးသွားမယ်ဆိုလျှင်
၊ဒီးန်သာသနာတစ်ခုလုံးပေါ်မှာ လွယ်လင့်တကူလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
"ရေ အတွက် ငါး မလိုပါ။
ငါး အတွက်တော့ ရေ မရှိမဖြစ်လိုအပ်ပါသည်။"
"ဒီးန် အတွက် သင်မလိုပါ။
သင့်အတွက်တော့ ဒီးန် မရှိမဖြစ်လိုအပ်ပါသည်။"
ယာအလ်လာဟျ!
ကျွန်တော်နှင့်တကွကမ္ဘာ့အွမ္မသ်ထုတစ်ရပ်လုံးကို၊
ဟေဒါယသ်လမ်းမှန်တရားချီးမြှင့်ပေးသနားတော်မူပါ။
အားလုံးပဲလက်တွေ့အမလ်လုပ်ကြပါစေ။ ။အာမီန်း။