အေးချမ်းစေ - Aye Chan Say

အေးချမ်းစေ - Aye Chan Say ဗဟုသုတ

01/09/2024
နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အကြွေးကြေခြင်း၊ အပူအပင်ကင်းဝေးခြင်း၊ စည်းစိမ်ဥစ္စာပေါကြွယ်ဝခြင်း စတဲ့အကျိုးကျေးဇူးမျ...
30/05/2024

နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အကြွေးကြေခြင်း၊ အပူအပင်ကင်းဝေးခြင်း၊ စည်းစိမ်ဥစ္စာပေါကြွယ်ဝခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေပါတယ်...🙏🙏🙏

အမတ်ကြီးနဲ့ဘုရင့်သားဟာတစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကိုရောက်တော့ ....အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့....အ...
21/05/2024

အမတ်ကြီးနဲ့ဘုရင့်သားဟာ
တစ်နေ့တော့ တိုင်းခန်းလှည့်
လည်လာရင်းနဲ့ချောင်းတစ်ခုနားကို
ရောက်တော့ ....

အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့....
အဲဒီအ၀တ်ပုံမှာ အပေါ်၀တ်အက်ျီ
တစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကို တွေ့ပါတယ်။

ဘုရင့်သားက စုတ်ပြတ်နေတဲ့
အ၀တ်ပုံကိုကြည့်ပြီးတော့
"အမတ်ကြီးကြည့်ပါ"...,

ဒီအ၀တ်ပုံဟာ
ဆင်းရဲသားတစ်ယောက်ရဲ့
အ၀တ်ပုံ ဖြစ်ရမယ်...

အ၀တ်တွေဒီနားမှာ
ထားသွားတာကိုကြည့်ရတာ
သူရေချိုးနေပုံရတယ်"...

အမတ်ကြီးက ပြုံးနေတယ်...
ဘုရင့်သားကပဲ " အမတ်ကြီး
ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့
အ၀တ်တွေကို ဖွက်ထားပြီး
ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်
နေရရင် မကောင်းဘူးလား...

သူတက် လာလို့
အ၀တ်တွေပျောက်သွားတာကို
မြင်ရင်တော်တော် ရယ်စရာကောင်းတဲ့
ပြရုပ်ဖြစ်နေမှာ ".....

အမတ်ကြီးက မင်းသားအား...

"အရှင့်သား "
လူတစ်ဦးတစ်ယောက်ရဲ့
Oမ်းနည်းပူဆွေးနေမှုကို ကြည့်၍ ...

ပျော်နေတယ်ဆိုတာ သူတော်ကောင်း
တွေမဟုတ် တကယ်လို့ အရှင့်သား
အနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်".....

အမတ်ကြီးက ရွှေပြား ၂ ပြားအား
မင်းသားကို ထုတ်ပေးလေသည်...

မင်းသားက အမတ်ကြီးအား
နားမလည်သလိုကြည့်၏...

အမတ်ကြီးက " အရှင့်သား "...

ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အ်ိပ်ကပ်နှစ်ခုမှာ
တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"....

မင်းသားလဲ သွားထည့်လိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသစ်ပင်
အကွယ်တွင်စောင့်ကြည့်နေကြသည်..

မကြာမီဆင်းရဲသားရေထဲမှ
ပြန်တက်လာသည်။

အရင်ဆုံး ပုဆိုးကို ရေလဲပြီး
၀တ်လိုက်သည်။ထို့နောက်
အင်္ကျီကို ကောက်ဝတ်လိုက်သည်...

ပြီးနောက် အကျီ်အိတ်ထဲ
တစ်ခုခု ရှိနေသလို ခံစားမိသဖြင့်
လက်နှိုက် လိုက်လေသည်။

ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကို တွေ့သည်။

သူအရမ်းပျော်မြူးသွားသည်။
မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏
ကိုက်ကြည့်၏။

ဆင်းရဲသားကား ပျော်ရွှင်မြူးတူးနေ၏...

ထို့နောက်ပြန်လှည့်အထွက်မှာ
နောက်အိတ်ကပ် တစ်ခုလေးနေ
သည်ကို သတိထားမိ၏။

လက်နှိုက် ကြည့်ပြန်၏။
ရွှေပြားတစ်ပြားထွက် လာပြန်၏။

ထိုအချိန်တွင် ဆင်းရဲသားက
မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး
လက်အုပ်ချီကာ ကောင်းကင် မော့၍ "..

အို အကျွန်ုပ်အား ဖေးမကူညီကြသော
နတ်ဒေဝါ အပေါင်းတို့ ...

အကျွန်ုပ်အိမ်တွင် နေမကောင်း
ဖြစ်နေသော ကျွန်ုပ်အမေအား
အသင်တို့ စောင့်ရှောက်ပေး၏...

စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊...

သင်တို့အား အထူးကျေးဇူးတင်ပါ၏"...
ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ
ပြန်သွားလေသည်....

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သား
မျက်ရည်ကျ၏။ အမတ်ကြီးကား
ပြုံးနေ၏။မင်းသားက " အမတ်ကြီး
ယနေ့ ကျွန်တော့်အား မမေ့နိုင်တဲ့
သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ ဟုပြော၏...

အမတ်ကြီးက "အရှင့်သား လူတွေကို
ဒုက္ခပေးပြီးမှ ပျော်ရတာထက် ...

"သုခ"ပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် ...

ဆန် ၁ တင်း  မှာ ၁၆ ပြည် ရှိသလိုရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊ဆန် ၈ ပြည် ကို  တခွဲ လို့ ခေါ်သလိုရွှေ ၈ ပဲ ကို  ငါးမူး လ...
09/05/2024

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်း‌နေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။

အိမ်တောင်လူမိုက် _ ဘူးမစိုက်နဲ့ဆိုတဲ့စကားပုံရဲ့ အဓိပ္ပာယ်လေးကိုလေ့လာမိ၍ မျှဝေပေးပါရစေခဗျဘူးပင်ကို အိမ်ဝင်းများအတွင်း မို...
01/05/2024

အိမ်တောင်လူမိုက် _ ဘူးမစိုက်နဲ့
ဆိုတဲ့စကားပုံရဲ့ အဓိပ္ပာယ်လေးကိုလေ့လာမိ၍ မျှဝေပေးပါရစေခဗျ

ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ
စိုက်ပျိုးတတ်သည်။
ဆောင်းအခါတော့ကိုင်းဘူးပေါ့။

မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊အနောက်တောင်လေများ တိုက်ခတ်ပါသည်။

ဘူးပင်သည် နွေအခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး
အောက်စီဂျင်ကိုထုတ်ပါသည်။

ညအခါတွင်မတော့ အောက်စီဂျင်ကိုရှူသွင်းပြီး
ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်လွှတ်ပါသတဲ့။

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓာတ်။

ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင်စိုက်မိလျှင် ညအခါ ဘူးပင်မှလာသောလေသည် (လေဆိုး) အဆိပ်ဓာတ်ပါဘဲ။

ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ
ဝင်နိုင်ပါသတဲ့။

သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင်
ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင်
ဘူးပင်မစိုက်သင့်ကြောင်းကို

"အိမ်တောင်လူမိုက် ဘူးမစိုက်နှင့်" ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း။
လေ့လာမိပါသည်ခဗျ

ဗဟုသုတလေးတွေ
ဖတ်ရင်း page ကိုLike လုပ်ထားပေးနော်..

တိုင်းရင်းသား ညီအကို ၁၃၅ မျိုးရဲ့ မျိုးနွယ် အမည်စာရင်း_________________________________သိသင့်သိထိုက်တဲ့ ဗဟုသုတမို့ မျဝေပ...
29/04/2024

တိုင်းရင်းသား ညီအကို ၁၃၅ မျိုးရဲ့ မျိုးနွယ် အမည်စာရင်း
_________________________________
သိသင့်သိထိုက်တဲ့ ဗဟုသုတမို့ မျဝေပါသည်

၁ ။ ကချင် မျိုးနွယ်စု ( ၁၂ ) မျိုးပါ
(၁) ကချင် Kachin
(၂) တရုမ်းTaron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guari
(၆) ခခူ Hkahku
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(9) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu

၂ ။ ကယား မျိုးနွယ်စု ( ၉ ) မျိုးပါ

(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကေယာ) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw

၃ ။ ကရင်မျိုးနွယ်စု ( ၁၁ ) မျိုးပါ

(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပေလကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စေကာ Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပြား Monpwa
(၃၂) ရြူး (ပိုး) Shu (Pwo)

၄ ။ ချင်း မျိုးနွယ်စု ( ၅၃ ) မျိုးပါ

(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ဝါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu

၅ ။ ဗမာ မျိုးနွယ်စု ( ၉ ) မျိုးပါ

(၈၆) ဗမာ Bamar
(၈၇) ထား၀ယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon

၆ ။ မွန်မျိုးနွယ်စု ( ၁ ) မျိုးပါ

(၉၅) မွန် Mon

၇ ။ ရခိုင် မျိုးနွယ်စု ( ၇ ) မျိုးပါ

(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမှီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet

၈ ။ ရှမ်းမျိုးနွယ်စု ( ၃၃ ) မျိုးပါ

(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅) ၀ Wa

သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်းကို တစ်ခါမှမဖတ်ခဲ့ဘူးပါ၊ Fbပေါ်မှာတွေ့လို့သိသင့်သိထိုက်တယ်ထင်လို့ copy ယူပြီး...
11/04/2024

သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်းကို
တစ်ခါမှမဖတ်ခဲ့ဘူးပါ၊

Fbပေါ်မှာတွေ့လို့
သိသင့်သိထိုက်တယ်ထင်လို့ copy ယူပြီးတင်ပေးလိုက်ပါတယ်၊ သမ္ဗုဒ္ဓေဂါထာတော်ကတော့ဗုဒ္ဓဘာသာဝင်အများစုကရွတ်ဖတ်ကြလို့ပါဌိ၊အဓိပ္ပါယ်ပါရတဲ့သူတွေများပါတယ်။
---------------------------------------------------------------------------------------------------------------------

*** ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာ ၂ ဆူရှိတယ်၊ လွန်ခဲ့တဲ့ ၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာက အရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။

အဲဒီပေါရာဏဒီပင်္ကရာဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။ အဲဒါကို ပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးက မြင်သွားတော့ ရဟန်းငယ်ကို လှမ်းပင့်ပြီး လိုအပ်တဲ့ မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရော မင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်း လျှောက်တင်တယ်။ အဲဒီအခါ ဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲ ရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။ ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူက ဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင် ဆိုတာ ဆီမီး၊ ကရောတိ ဆိုတာ ပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်း ဆုပန်တယ်။ ဒီတော့ ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ ကြည့်တော်မူပြီး ရဟန်းငယ်ကို နောင် ၁၆ သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။

နောက်တစ်နေ့ ရဟန်းငယ်က ထုံးစံအတိုင်း ဆီအလှူခံထွက်ရင်း မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်း ပြန်မိန့်တယ်။ မင်းသမီးကလည်း မုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း နေ့စဉ်သပိတ်အပြည့်လှူဖို့ ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာ ယောက်ျားဘဝရပါလို၏ ဆိုပြီး ဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာ ယောကျာ်းဖြစ်သွားတယ်။

အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်း ဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေ ဘုရားဆုပန်တာ ၇ သင်္ချေကြာတယ်။ အဲဒီ ၇ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ ဆူ ပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့ အထုံအစွဲကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါ ဘုရားဆုပန်တယ်။ အဲဒီလို နှုတ်ကနေ ဘုရားဆုပန်တာ ၉ သင်္ချေရှိတယ်။ အဲဒီ ၉ သင်္ချေကာလအတွင်း ဘုရားပေါင်း ၃၈၇၀၀၀ ဆူ ပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့ အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့ ၇ သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့ ၉ သင်္ချေရယ် ပေါင်း ၁၆ သင်္ချေအတွင်းမှာ ဘုရားပေါင်း ၅၁၂၀၀၀ ပွင့်တော်မူတယ်။

၁၆ သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။

ဒီပင်္ကရာမြတ်စွာဘုရားကြွလာတဲ့လမ်းမှာ တံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။ ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကို မုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာ ဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။ ပြီးတော့ နောင် ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့ နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသားဖြစ်လိမ့်မယ်လို့ ဟောတော်မူတယ်။ (သိဒ္ဓတ္ထ ဆိုတာ မုန်ညှင်း၊ တေလ ဆိုတာ ဆီ၊ သိဒ္ဓတ္ထတေလ ဆိုတာ မုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ ဘုရားပေါင်းက ၂၈ ဆူရှိတယ်။

အဲဒီတော့ စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ် အတွင်းမှာ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ၊ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။

အဋ္ဌ ဆိုတာ ၈
ဝီသဉ္စ ဆိုတာ ၂၀
အဋ္ဌဝီသဉ္စ ဆိုတော့ ၂၈

ဒွါဒဿ ဆိုတာ ၁၂
သဟႆ ဆိုတာ ၁၀၀၀
ဒွါဒသဉ္စ သဟဿကေ ဆိုတော့ ၁၂x၁၀၀၀ = ၁၂၀၀၀

ပၪၥ ဆိုတာ ၅
တသ ဆိုတာ ၁၀၀
ပဉ္စတသ ဆိုတော့ ၅x၁၀၀ = ၅၀၀
သဟႆ ဆိုတာ ၁၀၀၀
ပဉ္စတသ သဟဿနိ ဆိုတော့ ၅၀၀x၁၀၀၀ = ၅၀၀၀၀၀

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ၊ ဆိုတာ ၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို

နမာမိ - ရှိခိုးခြင်း
သိရသာ - ဦးခေါင်းဖြင့်
အဟံ - ကျွန်ုပ်သည်
နမာမိ သိရသာ မဟံ - ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေ ဗြဟ္မာတွေက အဲဒီလိုပဲ ရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာ လက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။

အပ္ပကာ - နည်းသေး၏
ဝါဠုကာ - သဲ
ဂင်္ဂါ - ဂင်္ဂါမြစ်
အပ္ပကာ ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင် နည်းသေး၏

အနန္တာ - မရေမတွက်နိုင်အောင်များသော
နိဗ္ဗူတာ - နိဗ္ဗာန်ဝင်ခြင်း
ဇိနာ - မာန်ငါးပါးကို အောင်မြင်သော ဘုရားရှင်
အနန္တာ နိဗ္ဗူတာ ဇိနာ - မာန်ငါးပါးကို အောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင် များလှပြီ

တေသံ - ထိုဘုရားရှင်တို့၏
ဓမ္မဉ္စ - တရားဓမ္မတို့ကို
သံဃဉ္စ - သံဃာတော်တို့ကို

အာဒရေန - ရိုသေစွာ
နမာမိ - ရှိခိုးပါ၏
အဟံ - ကျွန်ုပ်သည်
အာေဒရန နမာမဟံ - ကျွန်ုပ်သည် ရိုေသျစာ ႐ြိခိုးပါ၏

နမက္ကာရာ - ဤသို့ရှိခိုးရသော
နုဘာဝေန - အကျိုးအားကြောင့်

ဟိတွာ - ပယ်ပျောက်ခြင်း
သဗ္ဗေ - ခပ်သိမ်းသော
ဥပဒ္ဒဝေ - ဘေးရန်တို့သည်
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ - ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ

အနေကာ အန္တရာယာပိ - တစ်ခုမကသော အန္တရာယ်တို့သည်
ဝိနဿန္တု - ပျောက်ကွယ်ပါစေ
အသေသတော - အကြွင်းမရှိ
အနေကာ အန္တရာယာပိ ဝိနဿန္တု အသေသတော - တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိ ပျောက်ကွယ်ပါစေ

သမ်ဗုဒ်ဓေ အဋ်ဌဝီသဉ်စ၊ ဒှါဒသဉ်စ သဟဿကေ၊ ပဉ်စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ။
၅၁၂၀၂၈ ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကြှနျုပျသညျ ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ ဝါဠုကာ ဂင်ျဂါ၊ အနန်တာ နိဗ်ဗူတာ ဇိနာ၊ တသေံ ဓမ်မဉ်စ သံဃဉ်စ၊ အာဒရနေ နမာမဟံ။
ဂင်္ဂါမြစ်အတွင်းရှိသဲတို့သည်ပင် နည်းသေး၏၊ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။ ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကြှနျုပျသညျ ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ၊ ဝိနာဿန္တု အသေသတော။
ဤသို့ရှိခိုးရသော အကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ ပြန်ရေးထားခြင်းဖြစ်ပါသည်)

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်း ပါတဲ့ လူ ကနေရာတ...
10/03/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ ကနေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို

တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

#ဆရာအောင်သင်း

ရုပ်ရှင်မင်းသားညွန့်ဝင်းတို့ရုပ်ရှင်အဖွဲ့ဟာ.ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့ ဇက်ဆိပ်မှာစောင့်နေကြတယ်  ။ဇက်ဆိပ်နားကရွာက လူတွေဟာရု...
20/02/2024

ရုပ်ရှင်မင်းသားညွန့်ဝင်းတို့
ရုပ်ရှင်အဖွဲ့ဟာ.
ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့
ဇက်ဆိပ်မှာ
စောင့်နေကြတယ် ။

ဇက်ဆိပ်နားက
ရွာက လူတွေဟာ
ရုပ်ရှင်မင်းသား မင်းသမီးတွေ
ရှိနေတယ်ဆိုတော့
လာကြည့်ကြတာပေါ့ ။

မင်းသားညွန့်ဝင်းကတော့
ကြည့်နေတဲ့ လူအုပ်ကို
အရေးသိပ်မထားဘဲ
ခပ်အေးအေးပဲ ဟန်ပါပါနဲ့
ရပ်ပြီး နေတယ်။

အဲ့ဒီအချိန်မှာ လူအုပ်ထဲကနေ
အဖွားအိုတစ်ယောက်က
" ဟဲ့ ဖယ်ကြစမ်းပါဟဲ့ ၊
ငါ မမြင်လို့ပါ ၊
ကိုတင်မောင့် သားလေးဆို ..
ငါကြည့်ချင်လို့ပါ "
လို့ အော်ပြောရင်း လူအုပ်ကို တိုးကာ
ရှေ့ကို တွန်းတိုးလာတယ် ။

ဒီအဘွားအိုရဲ့အသံကြောင့်
လူအုပ်ကို ဂရုမစိုက်တဲ့
မင်းသားညွန့်ဝင်းဟာ
လူအုပ်ဘက်ကို ဆတ်ကနဲ
တစ်ချက် လှည့်ကြည့်ရင်း
လူအုပ်ဘက်ကို လျှောက်လာပြီး
အဘွားအိုလက်ကို လက်နှစ်ဖက်နဲ့
ကြင်ကြင်နာနာ အုပ်ကိုင်ကာ-

"အမေကြီး ၊ အမေကြီးက ဖေဖေ့ကို
သိသလား ခင်ဗျ "
လို့ မေးလိုက်တယ်။

အဘွားအိုက-
"သိတာပေါ့ကွယ် ...
ဘုရားဒကာ ကျောင်းဒကာ
ဇာတ်မင်းသားကြီး...
မှန်းစမ်း-ကိုတင်မောင့်သားလေးက
လူချောပဲ"

အဲ့ဒီအချိန်မှာ-
လူအုပ်ထဲက လူငယ်တစ်ယောက်က ..

"အဘွားကြီး ရမ်းဖြီးနေတယ်၊
မျက်စိလည်း မကောင်းဘဲနဲ့၊
ချောသလေး ဘာလေးနဲ့
ရုပ်ရှင်ပေါ်မှ မြို့လည်း တစ်ခါမှ
မရောက်ဖူးဘူး၊
ညွန့်ဝင်းလည်း မမြင်ဖူးဘူးနဲ့ "

ဆိုပြီး ပြောတော့
လူအုပ်က ဝိုင်းရီကြတယ် ။

အဘွားအိုက-
"ဟဲ့- ငါက မျက်စိမကောင်းလို့
ရုပ်ရှင်မကြည့်ဖူးလို့
ညွန့်ဝင်းကို မသိပေမဲ့
သူ့အဖေ ရွှေမန်းတင်မောင်ကို
ငါသိတယ်၊ မြင်ဖူးတယ်
အဆိုကောင်း အကကောင်း
လူချော ။
ငါတို့ အရမ်းချစ်တာ ၊
အေး- သူ့သားညွန့်ဝင်းလည်း
ချောမှာပဲ ၊ ချစ်ဖို့ ကောင်းမှာပဲ"
လို့ တောသူရိုးရိုးသံကြီးနဲ့
ပြောချလိုက်တယ်။

အဲ့ဒီအဖြစ်ပျက်ကို အနီးနားက
ကြည့်နေတဲ့ သုမောင်က-

" ဪ- လူတွေက မိဘတွေကို
ချစ်ရင် သူတို့ သားသမီးတွေကိုလည်း
ချစ်ကြပါလား"
လို့-သုံးသပ်လိုက်သတဲ့။

လူ့လောက လူ့ပတ်ဝန်းကျင်မှာ-
မိမိရဲ့သမိုင်းကောင်းအောင် နေထိုင်ခြင်း၊
လူ့ပတ်ဝန်းကျင် လောကက ချစ်အောင်
နေခြင်းဟာ မိမိမျိုးဆက် သား သမီး
မြေး မြစ်ထိ သက်ရောက်တယ်ဆိုတာ
သိစေချင်လှပါတယ်။

တိုင်း နိုင်ငံ ရပ်ကွက် မြို့ ရွာက
ချဉ်သော ရွံသော လူရဲ့ သားသမီးကို
အလိုလို ချဉ်နေကြမှာဖြစ်သလို...

တိုင်း ပြည် မြို့ ရွာက
ချစ်သောလူရဲ့ သားသမီးမြေးကိုတော့
ဘယ်သူ့ သားသမီးဆိုတာနဲ့ကို
ချစ်ကြမှာပါပဲ ။

ပြောချင်တာက-
လူဟာ မိမိရဲ့ ဘဝသမိုင်းကို
ကောင်းအောင် ကြိုးစားနေထိုင်ခြင်းသည်
မိမိမျိုးဆက် ရင်သွေးများထိ
သက်ရောက်မှုရှိတယ် ဆိုတာပါပဲ ။

ခင်ဗျားတို့ သားသမီးတွေကို
လူ့လောကကြီးက ချစ်ခင်စေချင်လား၊

ခင်ဗျား-လူချစ်အောင် နေပါ။

ခင်ဗျားတို့ သားသမီးတွေ-
လူ့လောကမှာ ဂုဏ်မငယ်စေချင်
ဘူးလား ..။

ခင်ဗျား- ကိုယ်ကျင့်တရား ကောင်းအောင်
နေပါ။

 #လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...သေလောက်အောင်မုန်းနေလည်းအရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...တစက်ကလေးမှ...
03/02/2024

#လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ...

သေလောက်အောင်မုန်းနေလည်း
အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တစက်ကလေးမှ အဆင်မပြေလည်း
အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း
မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့
မျက်နှာဖုံးကိုစွပ်ပါ...

ချုံးပွဲချပြီး ငိုချပစ်ချင်လည်း
ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဒရယ်ပေါက်လို ချိုနဲ့နေလည်း
ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ...

ဘာတစ်ခုမှ လက်မခံချင်လည်း
အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ဘာသိဘာသာ နေလိုက်ချင်လည်း
ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း
ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ...

ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ
လူပါးဝလာလေ မျက်နှာဖုံးများလေ
အရေထူလာလေ မျက်နှာဖုံးစုံလေ...

ရှင်းလား...

မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ
Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်
ခံတွင်းတွေ့လာပါလိမ့်မယ်...

ကဲပါ...မထူးပါဘူး...

တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်
အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့
သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ...

အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး
အသက်ရှင်ကြတာပေါ့...

အသက်ရှူကြပ်တယ်ဆိုပေမယ့်လည်းလေ...
ဒါပေမဲ့...မျက်နှာဖုံးစွတ်ပါ။

#မောင်သာချို

ဖတ်ရတာနဲ့ တန်ပါတယ်-----------------------------------တော်ရုံနဲ့  ပြိုလဲသွားတတ်ဖို့   မင်း မိဘတွေက   ပျိုးထောင်ပေးခဲ့တာမှ...
02/02/2024

ဖတ်ရတာနဲ့ တန်ပါတယ်
-----------------------------------
တော်ရုံနဲ့ ပြိုလဲသွားတတ်ဖို့ မင်း မိဘတွေက
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို
စိတ်ကုန်နေရတဲ့ အကြောင်း depressionတွေ ခဏခဏ ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် ၊
မနာလို စကားဒဏ်တွေ ၊ အကဲ့ရဲ့ ဒဏ်တွေကို ခံနိုင်ရည်
ရှိအောင် နေစေချင်တယ် ။
မင်း ဘာပဲ လုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံ စိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ
အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သပ်တဲ့ မင်းခံစားချက်ကိုလည်း ထိရှ
မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ်
တွယ်ကပ်နေတော့ရော ဘာတွေများ ပြောင်းလဲသွား
နိုင်တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှ အယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင် မင်းကို
မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင် လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကို လူတိုင်းမြင်မှာပါ

ူရင်း

*လူဖြစ်တဲ့ အတွက်  စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။ ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွ...
25/01/2024

*လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။ လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။

ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။

သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။

ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။ ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။

ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။ ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။ လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။

အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက အောင်မြင်ဖို့ခက်တယ်။

အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို အာရုံစိုက်တဲ့သူတွေကပဲ အောင်မြင်သွားကြတာ။ Fighting !

Address

Magway

Website

Alerts

Be the first to know and let us send you an email when အေးချမ်းစေ - Aye Chan Say posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share