One Choice One Click Fashion

One Choice One Click Fashion “Myanmar-made fashion brand delivering stylish & affordable women’s wear across Myanmar.

 #သီတင်းကျွတ်လပြည့်  #အဘိဓမ္မာအခါတော်နေ့*****************************************မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိ...
06/10/2025

#သီတင်းကျွတ်လပြည့် #အဘိဓမ္မာအခါတော်နေ့
*****************************************

မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော်ကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလပတ်လုံး ဟောကြားတော်မူပြီး တရားစစ်သူကြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို စန္ဒကူးတော၌ အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန်တည်းမှာ ဟောကြားသင်ပြတော်မူသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့ တွင် လူ့ပြည်သို့ ပြန်ဆင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ အဖြစ် သတ်မှတ်ခေါ်ဝေါ် ခဲ့ကြသည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ပင် ဖြစ်သည်။

အကြောင်းအရင်း
ဘုရားရှင်သည် မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့်ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နိမ်နင်းပြီး ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့် သာတာသတိံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ် ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးသည် ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။ သီတင်းကျွတ် ခါနီးမှ ရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ဝါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိသည် ဖြစ်၍ နတ်ပြည်တွင် နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြားပြီး လူသား စင်စစ် ဖြစ်တော်မူသော မြတ်စွာဘုရား ကိုယ်တော်တိုင်သည် လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူလေသည်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် တခြား သာ၀က ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့သည်။

ထိုသို့ ဘုရားရှင်သည် တာဝတိံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြား စောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာ ရှိ၍ အခြေကသင်္ကဿမြို့တံခါးဝတွင် ရှိသည်။

ကျမ်းများ
ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါအဝီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယေ်၀ဖန်ဟောကြားသောကျမ်းကို "ဝိဘင်း ကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစာၦနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမး်ကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ေ၀ဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသောတရားဖြစ်သည်။ အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစေ ၦဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

မြန်မာနိုင်ငံတွင် သီးတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပဝါရဏာပွဲ နင့် မီးမြင်းမိုရ်ပွဲ ဟူ၍ ပွဲတော်များကို ကျင်းပကြသည်။

ပဝါရဏာပွဲ
အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များသည် ဝါကျွတ်သည်နှင့် သီတင်းကျွတ် လပြည့်နေ့တွင် “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါ၏။ တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိ၏ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ဝန်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျ၍ စည်းစနစ် ကောင်းလှသော ပွဲဖြစ်သည်။

မီးမြင်းမိုရ်ပွဲ
သီတင်းကျွတ် လပြည့်နေ့ ညနေ၌ နတ်ပြည် မှ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရသည် မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်သည့်အနေဖြင့် ဆီမီးများ၊ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင်းမိုရ်ပွဲများ ပြုလုပ် ကြသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင်းမိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။

ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တဝှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။

သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဌာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသဝဏီ ရှိန်ဝါရွန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။

အခြားနိုင်ငံများ
အခြား ဗုဒ္ဓဘာသာ နိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် သီရိလင်္ကာနိုင်ငံများတွင်လည်း ဆီမီးများ မျှောခြင်း၊ နံသာ ဆီမီးများဖြင့် ပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်ခြင်းဖြင့် ပူဇော်ကြလေသည်။

အဘိဓမ္မာ ပြန့်ပွားရေး အသင်းတော်ကြီး
ထိုသို့ ရှင်တော်မြတ်ဘုရားသည် အမြတ်ဆုံး ဒေသနာ အဘိမ္မာ တရားတော် ကို တာဝတိံသာ နတ်ပြည်၌ ရှေ့ ဘဝ မယ်တော်ဖြစ်ခဲ့သော သန္တုဿိတ အမည် ရှိသော နတ်သား အမှူးရှိသော စကြာဝဋ္ဌာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်း တို့အား (၇) ဝါမြောက် ဝါတွင်းကာလ သုံးလပတ်ကြာ ဟောကြားခဲ့ရာ ပြီးဆုံး ခဲ့သော အထိမ်း အမှတ်အဖြစ် ၁၃၁၁ ခုနှစ် (၁၉၄၉ခုနှစ်)မှစပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးမှ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် ကျင်းပရန် စတင်ဆုံးဖြတ် ခဲ့သည်။ အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ အဘိဓမ္မာ သာသနာ ပြန့်ပွား တည်တံ့ရေး လုပ်ငန်းရပ်များတွင် အခြေခံကျသော လုပ်ငန်း တစ်ရပ် ဖြစ်သည့် အဘိဓမ္မာ အခါတော်နေ့ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး တိုင်း နှင့်ပြည်နယ် မြို့၊ ရွာ၊ ကျေးလက်မကျန် အဘိဓမ္မာ အသင်းအဖွဲ့ ခွဲများ ဖွဲ့စည်းကြပြီး ကျင်းပစေခြင်း ဖြစ် သည်။

၁၃၂၄ ခုနှစ် (၁၉၆၂ ခုနှစ်) မှ စတင်၍ အသင်းခွဲများ ဖွဲ့စည်းခွင့်ပြုခဲ့ရာ ထိုနှစ်တွင် အသင်းခွဲ (၄)သင်း ပေါ်ပေါက်ခဲ့သည်။ တစ်ဖန် ၁၃၂၅ ခုနှစ် (၁၉၆၃ ခုနှစ်) မှစတင်၍ အသင်း အဖွဲ့ခွဲများကို စည်းကမ်း တကျ တစ်ညီ တစ်ညွတ် တည်း ဖြစ်စေရန် အသင်းကြီး၏ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ ပုဒ်မ ၆(၂)အရ နှစ်စဉ် ဆက်သွယ်ကြေး (၂၅)ကျပ် လှူဒါန်းပြီး စာရင်းသွင်း ဖွဲ့စည်းစေရာ ၁၃၃၃ ခုနှစ် (၁၉၇၁ ခုနှစ်) ၂၅ နှစ်မြောက် ငွေရတု ကာလအတွင်း အသင်းခွဲပေါင်း (၆၉) သင်း တိုးတက် ဖွဲ့စည်းနိုင်ခဲ့သည်။ ၁၃၅၈ ခုနှစ် (၁၉၉၆ ခုနှစ်) နှစ်ငါးဆယ် မြောက် ရွှေရတု ကာလရောက်သောအခါ အဘိဓမ္မာအသင်းခွဲပေါင်း (၁၉၀၈) သင်း အထိ တိုးတက်ခဲ့ သည်။

ယခုအခါ အသင်းကြီး၏ အဓိကရည်ရွယ်ချက်နှင့်အညီ ပရိယတ္တိ သာသနာကြီး စတင် ကွယ်ပျောက်သည့်အခါ ကနဦး ကွယ်ပျောက်မည့် အဘိဓမ္မာ ဒေသနာ တော်မြတ်ကြီး မကွယ်မပဘဲ အရှည်ခံ့၍ တည်တံ့ ထွန်းကား စည်ပင် ပြန့်ပွားရေးကို အလေး ဂရုပြု၍ ရှေ့ရှုကြိုးပမ်းလျက် ရှိသည့်အလျောက် ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီး၏ မိသားစု အသင်းခွဲပေါင် (၃၁၀၀) ကျော်အထိ တိုးပွားလာခဲ့သည်။ နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့တိုင်း အဘိဓမ္မာ အခါတော်နေ့ ပူဇာမင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့တွင် သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်မှာ (၆၃) ကြိမ်တိုင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်ု။

✨ Trendy ဆွဲသား T-Shirt အသစ်များ ✨✔ ဖောင်းကြွအသား – အသားအေးအေးနဲ့ ဝတ်လို့အရမ်းအဆင်ပြေ✔ အရောင်စုံ / အရွယ်အစားစုံ Free siz...
05/10/2025

✨ Trendy ဆွဲသား T-Shirt အသစ်များ ✨

✔ ဖောင်းကြွအသား – အသားအေးအေးနဲ့ ဝတ်လို့အရမ်းအဆင်ပြေ
✔ အရောင်စုံ / အရွယ်အစားစုံ Free size
✔ ဖက်ရှင်ကျ ဒီဇိုင်းလှလှနဲ့ နေ့စဉ်ဝတ်၊ အထွေထွေထွက်သုံး အကုန်အဆင်ပြေ

💎 ဝတ်ပြီး ချစ်စရာကောင်းမလားဆိုရင် မင်းကိုယ်တိုင်သာ စမ်းကြည့်ပါ!

💰 ဈေး – 14,500 Ks သာပါ

📌 ပစ္စည်းအရေအတွက် ကန့်သတ်ထားသဖြင့် အမြန်မဖြစ်မနေ Order ပေးထားလိုက်ပါနော်။
#မြို့ပေါင်း 70ကျော် အိမ်ရောက်ငွေချေစနစ်ရပါတယ်ရှင့် 🧡

🌸 Tiffany ပတ်လည်ထည် Culottes Pants 🌸💖 ပေါ့ပေါ့ပါးပါးဝတ်ချင်သူတွေအတွက်အရမ်းအဆင်ပြေသော  Tiffanyအထည်ဆိုအရမ်းဝတ်လို့ အကြိုက်...
24/09/2025

🌸 Tiffany ပတ်လည်ထည် Culottes Pants 🌸
💖 ပေါ့ပေါ့ပါးပါးဝတ်ချင်သူတွေအတွက်အရမ်းအဆင်ပြေသော Tiffanyအထည်ဆိုအရမ်းဝတ်လို့
အကြိုက်တူတဲ့ သဲလေးတွေ အမြန်လာဝယ်လိုက်ပါရှင့်

✔️ အပြင်သွား၊ အလုပ်သွား၊ တိုင်းကို လွယ်ကူစွာဝတ်ဆင်နိုင်မယ်
✔️ ခံစားရလွယ်တဲ့ ပျော့ပျောင်းတဲ့ အထည်အရည်အသွေး
✔️ မျက်စိကျစေတဲ့ အပြင်အဆင် ခေတ်မီဒီဇိုင်း
✔️ အရောင်လှလှ ၆ ရောင် ✨
💕3ထည် အထက် deli freeပါရှင့်

💵 Price :29500 Ks
📦 အမြန်ပို့ဝယ်ယူနိုင်ပါသည် 🛒

💌 အော်ဒါရန် 👉 Messenger/ဖုန်းနံပါတ်/Inbox

“အကြိုက်ဆုံးအရောင်ရွေးပြီး Order လုပ်ပါ

 #ဒီဇိုင်းခပ်မိုက်မိုက် ကြိုက်တဲ့ ကာကာလေးတွေအတွက်....ဒီအကျီလေးတွေက တစ်ချက်မြင်တာနဲ့ မျက်စိကိုဆွဲဆောင်မယ့် အလှပေါ့ ✨နူးညံ...
23/09/2025

#ဒီဇိုင်းခပ်မိုက်မိုက် ကြိုက်တဲ့ ကာကာလေးတွေအတွက်....
ဒီအကျီလေးတွေက တစ်ချက်မြင်တာနဲ့ မျက်စိကိုဆွဲဆောင်မယ့် အလှပေါ့ ✨
နူးညံ့သပ်ရပ်တဲ့ ဒီဇိုင်းလေးနဲ့ ခေတ်စားနေတဲ့ အရောင်စုံတွေကြောင့် အားလုံးနဲ့ ကိုက်ညီပြီး အဝတ်တစ်စုံထဲနဲ့ စတိုင်ထွက်သွားနိုင်မယ့်အထည်လေးတွေပါ 🛍️

👉 နေ့စဉ်သုံးအလှအပအတွက်မှလည်း လွယ်ကူပြီး ခရီးသွားစဉ်၊ အလုပ်သွားစဉ် စတာတွေမှာ စတိုင်ထွက်ထွက်လှလှနဲ့ ဝတ်ဆင်နိုင်မယ့် မဖြစ်မနေလိုအပ်တဲ့ item လေးတွေပါ။

✨ "မင်းရဲ့နေ့တိုင်းကို စတိုင်နဲ့ အလှဆင်ပေးမယ့် မမေ့မလွတ် ဂျာကက်လေးတွေ 💕 အရောင်စုံနဲ့ အားလုံးကို ဖမ်းစားမယ့် design လှလှလေးတွေ ကာကာလေးတွေမရှိမဖြစ် item 🛍️✨"

#အတွင်းခံ AK သား ကြိုးတလုံးအကျီ1
ဂျာကင် အသားကရှယ်ရှယ်♥️
#ဈေးနှုန်း-48000

👗 OC1C Cartoon Printed Set(One Set Look)✨ Korean Inspired Street Look ✨✔️ Unique Cartoon Girl Print Design✔️ Soft & Comf...
16/09/2025

👗 OC1C Cartoon Printed Set
(One Set Look)

✨ Korean Inspired Street Look ✨
✔️ Unique Cartoon Girl Print Design
✔️ Soft & Comfortable Fabric
✔️ Easy to Wear – Daily / Travel / Cafe



🎨 Style Highlight
👉 ခပ်ဆန်းဆန်း / Trendy Look ကိုကြိုက်တဲ့သူတွေ အတွက် Must-have!
👉 Casual + Streetwear vibe အပြည့်အဝ ထုတ်ဖော်ပေးမယ့် Design 💯
ဝါးချည်သား ရာသီမရွေးဝတ်လို့အဆင်ပြေပါတယ်...



💰 Price
26,500 MMK

🚚 Delivery – Royal Express COD
💳 KBZPay | AYA Pay | COD



👗 Where to Wear?
• 🎓 University → Stand out with your unique style
• ☕ Cafe Outing → Selfie-worthy casual look
• ✈️ Travel → Comfy yet fashionable
• 🎉 Weekend Hangout → Different from the crowd



👉 Order Now → Messenger / COD
🔥 Stock Limited – ရှိသလောက်ပဲ ဝယ်ယူနိုင်မယ်နော် 😍


09/09/2025
👟 OC1C Casual 3-in-1 Set(အပေါ်အကျီ + အတွင်းအကျီ + ဘောင်းဘီ)✨ Korean Casual Street Style ✨✔️ Cotton Knit (စွပ်ကျည်ချည်ဆွဲ...
06/09/2025

👟 OC1C Casual 3-in-1 Set
(အပေါ်အကျီ + အတွင်းအကျီ + ဘောင်းဘီ)

✨ Korean Casual Street Style ✨
✔️ Cotton Knit (စွပ်ကျည်ချည်ဆွဲသား)
✔️ Body Size – 80lb ~ 135lb ဝတ်နိုင်



👗 ဘယ်အချိန်တွေမှာဝတ်လို့ကောင်းမလဲ?
• 🎓 University / Class Time → ယုံကြည်မှုရှိပြီး နေ့တိုင်း match ဖြစ်မယ်
• ☕ Cafe Outing → Friend date, coffee time အတွက် chill & stylish look
• ✈️ Travel / Airport Look → လွယ်ကူပြီး comfy vibes 💯
• 🏃‍♀️ Daily Wear → Shopping, walking, light exercise အတွက် perfect



🎨 Available Colors
🤍 White | 💚 Green | 🖤 Black



💰 Price & Promo
💎 စျေး → 27,500 MMK
🔥 နှစ်စုံနဲ့ အထက် ဝယ်ယူသူများ → FREE Delivery
⏳ Only for the first 27 buyers!



🚚 Order Now → Messenger / COD
💳 KBZPay | AYA Pay | Cash on Delivery

👉 သီးသန့် Promotion – အရင်ဝယ်သူ ၂၇ ယောက်သာ ရနိုင်မယ်နော် 😍





✨ မိမိကိုယ်ကို အမြဲအနေနဲ့ Queen လို ခံစားချင်သူတွေအတွက် ✨Korean Drama Look ✔️Premium Fabric ✔️Perfect Fit ✔️👉 Tiffany Se...
02/09/2025

✨ မိမိကိုယ်ကို အမြဲအနေနဲ့ Queen လို ခံစားချင်သူတွေအတွက် ✨
Korean Drama Look ✔️
Premium Fabric ✔️
Perfect Fit ✔️
👉 Tiffany Set တစ်ခုနဲ့ Confidence တစ်ဆစ်တက်လာမယ် 💎

Colour ❤️🤍🖤🧡🩷

🚨 Stock Limited Alert 🚨
– တစ်ခုချင်း လက်ကျန်အနည်းငယ်သာရှိ
💰 32,900 MMK → SOLD OUT ဖြစ်သွားရင် မရနိုင်တော့ဘူးနော် ❌
👉 အမြန်ဆုံး Messenger မှ Order လိုက်ပါ 💌

✨ မိန်းကလေးတိုင်းမှာ လိုအပ်တဲ့ Office Blazer ✨Professional Look ✔️ Korean Style ✔️ Everyday Elegant ✔️👉 Light Gray | Dus...
02/09/2025

✨ မိန်းကလေးတိုင်းမှာ လိုအပ်တဲ့ Office Blazer ✨
Professional Look ✔️ Korean Style ✔️ Everyday Elegant ✔️
👉 Light Gray | Dusty Blue | Deep Teal – သုံးမျိုးရနိုင်ပါပြီ!

✨ သင့်ရဲ့ Professional Look ကို အဆင့်မြှင့်ပေးမယ့် Blazer Design 3 မျိုး ✨

🔹 Light Gray – သန့်ရှင်းပြီး Elegant Look
✔️ Meeting & Presentation အတွက် အကောင်းဆုံး 💼

🔹 Dusty Blue – Modern & Stylish Look
✔️ University Graduation / Interview / Semi-formal အတွက် 💎

🔹 Deep Teal – Strong & Confident Look
✔️ Office Daily Wear / Corporate Events အတွက် 💚

💳 23,900 MMK
🚚 Royal Express COD Nationwide Delivery

📩 Order Now → Messenger

👩‍💼 ရုံးသွားဖို့၊ ☕ Cafe သွားဖို့၊ 💃 Night Out သွားဖို့👉 ဒီ Pants တစ်ထည်နဲ့ အားလုံးအဆင်ပြေမယ်!➡️ Black → အဆင်ပြေတဲ့ Offi...
27/08/2025

👩‍💼 ရုံးသွားဖို့၊ ☕ Cafe သွားဖို့၊ 💃 Night Out သွားဖို့
👉 ဒီ Pants တစ်ထည်နဲ့ အားလုံးအဆင်ပြေမယ်!

➡️ Black → အဆင်ပြေတဲ့ Office Look
🖤 Black အရောင်ဆိုတာ နေရာတကာမှာ အမြဲ classy & confident ဖြစ်စေတယ်။
👩‍💼 ရုံးဝတ်အတွက် အဆင်ပြေဆုံး။

➡️ White → Casual University Look
🤍 White ဆိုတာ သန့်ရှင်းပြီး လွတ်လွတ်လပ်လပ်ဆန်ဆန် vibe ပေးတယ်။
👩‍🎓 တက္ကသိုလ် life အတွက် အကောင်းဆုံး choice!

➡️ Beige → Cafe / Coffee Date Look
✨ Beige (Skin tone) အရောင်က soft & natural အလှပ vibe ပေးတယ်။
☕ Cafe လို ပျော်ပျော်လေး outing တွေမှာ အဆင်ပြေမယ်။

➡️ Brown → Everyday Wear
🤎 Brown (Coffee) က တစ်နေ့လုံး ဝတ်နိုင်မယ့် go-to color ဖြစ်တယ်။
👖 နေ့စဉ်ဝတ်သုံး အတွက် သက်သာစေခြင်းကိုသက်ရောက်။

➡️ Wine → Girls’ Night Out
🍷 Wine (Dark Red) က chic & bold vibes ပေးတယ်။
💃 Friends တွေနဲ့ night out သွားချင်တဲ့အခါ spotlight ဖြစ်မယ်။



📌 Price → 19,900 MMK (Limited Offer 🎉)
📌 Size → S/M (Waist 23–26) | L/XL (Waist 27–31)
🚚 Delivery Nationwide → Royal Express COD / KBZPayဖြင့် အိမ်တိုင်ရာရောက်ငွေပေးချေ နိုင်သည်
⏰ 1–3 days မှာ အိမ်တိုင်ရာရောက်

📩 Order Now → DM to OC1C

👉 Order လုပ်ချင်သူများ DM မှာ အောက်ပါအချက်အလက်များကို ပေးပို့ပေးပါ—
1️⃣ Customer Name
2️⃣ Phone Number
3️⃣ Address (City / Township / Detail)
4️⃣ Color + Size (eg. Black S/M)
5️⃣ Payment Method (COD / KBZPay)

Address

Nautmouk Road
Magway

Telephone

+959401598750

Website

Alerts

Be the first to know and let us send you an email when One Choice One Click Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share