24/11/2021
မိန်းကလေးတိုင်းရှိထားသင့်တဲ့ Bra အမျိုးအစားများ
************************************************
မင်္ဂလာပါ ချစ်တို့ရေ🙏🙏
ခွါညိုတို့မိန်းကလေးတွေရဲ့ အရေးအကြီးဆုံးအရာတွေထဲမှာ Bra ကလည်းတခုအပါအဝင်ဖြစ်ပါတယ်။
Bra ကရင်သားအလှအပကိုထိန်းရုံမကဘဲ ကိုယ်ဝတ်တဲ့အဝတ်အစားအဆင်ပြေဖို့ ပုံကျဖို့အများကြီးအရေးပါတဲ့အရာလည်းဖြစ်ပါတယ်။
ခွါညိုဒီစာကိုရေးရခြင်းအကြောင်းအရင်းက ခွါညိုတို့တော်တော်များများကအပေါ်ယံအဝတ်အစားကိုသာအလေးထားပြီး အရေးကြီးတဲ့ Bra ကိုမေ့ထားပြီး အဆင်ပြေသလိုဝတ်နေတတ်ကြလို့ဖြစ်ပါတယ်။ ဒါကြောင့်ဒီ စာကို ခွါညိုဝေမျှပေးလိုက်တာဖြစ်ပါတယ်။
မိန်းကလေးတိုင်းမဖြစ်မနေဆောင်ထားသင့်သော Bra အမျိုးအစားများ
*************************************************
ခွါညိုတို့ဝတ်တဲ့အဝတ်အစားပေါ်မူတည်ပြီး ခွါညိုတို့ Bra ကို ပြောင်းပြီး ဝတ်ဆင်သွားကြရမှာဖြစ်ပါတယ်။
စျေးကြီးမှ စျေးနည်းမှမဟုတ်ဘဲ မိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ bra အမျိုးအစားတွေကိုပြောပြပေးလိုက်ပါတယ်။
1. Strapless Bra
*********************
- ဒါကရိုးရိုးပြောရရင် ကြိုးပျောက်bra ပေါ့။
- ဒီ Bra လေးအကြောင်းကိုခွါညိုပြောပြအချင်ဆုံးအရာပါ။ ဒါကြောင့်ဦးဆုံးရေးလိုက်တာပါ။
- ခွါညိုတို့တော်တော်များများတွေ့ကြရတာက မိန်းကလေးတွေဟာ strapless (ကြိုးပျောက်ဘရာ) တွေဝတ်ရမယ့် အစား ကိုယ့်မှာရှိတဲ့ဘရာကိုဘဲ ကြိုးအကြည်တွေတတ်ပြီးဝတ်ကြပါတယ်။
- အဲဒီကြိုးအကြည်တွေကလည်းခွါညိုတို့ရင်ပြတ်တွေဝတ်ထားတဲ့အခါမျိုးမှာ မြင်နိုင်တဲ့အရာတွေဘဲမို့ကြည့်ရတာတော်တော်စိတ်ကသိကအောင့်နိုင်စေပါတယ်။
- ကြိုးကိုလက်မောင်းနားဆွဲချဝတ်တဲ့အခါဆိုရင်လည်း ကြိုးအရာကပေါ်နေသလို လိုသလိုလှုပ်ရှားလို့လည်း အဆင်မပြေပါဘူး။
- ဒီတော့ မိန်းကလေးတစ်ယောက်မှာ strapless bra ကောင်းကောင်းလေးတစ်ထည်စီတော့ ရှိသင့်တယ်လို့ခွါညိုကတော့ထင်ပါတယ်။ (စျေးကြီးမှကောင်းတာမဟုတ်ပါ။)
- မကောင်းတဲ့strapless bra တွေကျတော့လည်း ရင်သားပုံစံမကျသလို၊ တွဲကျသလို လျောကျတတ်လို့ ကောင်းတဲ့ strapless bra တစ်ထည်စီရှိသင့်တယ်လို့ ခွါညို mention ထားတာဖြစ်ပါတယ်။
- ဒါမှ ရင်ပြတ်တွေဝတ်တဲ့အခါ၊ shoulder off လိုဟာမျိုးဝတ်တဲ့အခါ ကိုယ့်ဟာကိုယ်ယုံကြည်မှုရှိရှိနဲ့ လှနေစေမှာပါ။
2. T-shirt Bra
*****************
- နောက်ထပ်ပြောပြချင်တာက အခြေခံ Bra type လည်းဖြစ်တဲ့ ခွါညိုတို့နေ့စဉ် သွားလာလှုပ်ရှားတဲ့ အဝတ်အစားတွေအောက်ခံဝတ်တဲ့ basic bra type အကြောင်းပါ။
- ဒီ bra typeကတော့ ခွါညိုတို့တွေ တီရှပ်တွေ၊ ဆွယ်တာတွေ စသဖြင့် ခွါညိုတို့နေ့စဉ်ဝတ်နေကျ အဝတ်တွေနဲ့လိုက်ဖက်တဲ့အမျိုးအစားဖြစ်ပါတယ်။
- သူရဲ့ ချုပ်ရိုးတွေ အုံတွေက ခွါညိုတို့ အဝတ်အစားဝတ်တဲ့အခါ ရင်ပုံစံအနေအထား တင်းတင်းရင်းရင်းနဲ့ပုံကျအောင် လုပ်ပေးနိုင်သလို ရင်သားကိုလုံးလုံးဝန်းဝန်းဖြစ်အောင်လည်း ကူညီပေးပါတယ်။
- သူ့ကို ကိုယ့်အသားအရည်နဲ့လိုက်ဖက်ပြီး ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ အဆင်ပြေမယ့်အရောင်တွေကိုရွေးသင့်ပါတယ်။
- ဒီတော့ခွါညိုတို့မိန်းကလေးတွေအနေနဲ့ မဖြစ်မနေဆောင်ရမယ့် Bra type တစ်မျိုးဖြစ်ပါတယ်။
3. Bralette Lace
*******************
- အဲဒါလေးတွေက ခုနောက်ပိုင်းအရမ်းခက်စားလာတဲ့ ဟာလေးတွေပါ။
- မြင်သာအောင်ပြောရရင်ဇာ ဘော်လီ အပါးလေးတွေလို့ပြောရမလားဘဲ။
- ဒီဟာလေးတွေကို အခုခေါတ်ကောင်မလေးတွေက တထည်တည်းကိုအပေါ်က ကုတ်လေးတွေ၊ jean လေးတွေ အပြင် အမျိုးမျိုး fashion ကျကျ ဝတ်လာကြတာတွေ့ရပါတယ်။
- ဒီ Bralette Lace လေးတွေဟာ fashion လည်းကျသလို ဝတ်ရတာအေးတယ် လွတ်လပ်သလိုလည်း ခံစားရပါတယ်။
- ဒီ Bralette lace လေးတွေကို အိမ်မှာနေတာဘဲဖြစ်ဖြစ် ညအိပ်တဲ့အခါဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဝတ်နိုင်သလို တချို့ကျတော့လည်း အလှလိုမျိုး ခွါညိုပြောခု့သလိုပုံမျိုးနဲ့ဝတ်လို့ရပါတယ်။
- ဒါပေမယ့် သူက ထိန်းနိုင်အားလည်းနည်းတယ် cover အပြည့်ပေးနိုင်အားလည်းနည်းတာမို့ ရင်ကြီးတဲ့သူတွေ၊ ကလေးနို့တိုက်လို့ ဘဲဖြစ်ဖြစ်nipple ထွက်နေတဲ့သူမျိုးကျ အဆင်ပြေမှာမဟုတ်ပါဘူး။
4. Plunge Bra
*****************
- ဒီဟာလေးကတော့ ခွါညိုတို့ ရင်ဟိုက်ဝတ်တတ်တဲ့သူတွေ၊ ပွဲတက်ဂါဝန်တွေဝတ်တတ်သူတွေအတွက်ဆောင်ထားသင့်တဲ့ bra အမျိုးအစားတခုဖြစ်ပါတယ်။
- သူက ရှေ့ v line နေရာက အောက်ထိဝိုက်ထားတာမို့ ရင်ဟိုက်တဲ့အင်္ကျီဝတ်လည်း bra မပေါ်စေနိုင်ပါဘူး။
- ဒီဟာလေးကလည်း မိန်းကလေးတိုင်းရှိသင့်တဲ့ bra တထည်ဖြစ်ပါတယ်။
5. Sport Bra
****************
- ဒါကတော့ သိပြီးသားဖြစ်သလို မိန်းကလေးတော်တော်များများမှာလည်းရှိပြီးသားလည်းဖြစ်မှာပါ။
- Sport bra က အားကစားလုပ်တဲ့အခါ မဖြစ်မနေဝတ်ကိုဝတ်ရမယ့်အရာဖြစ်ပါတယ်။
- ဒါမှ လှုပ်ရှားမှုအပြည့်လုပ်ရတဲ့အခါရင်သားပုံမပျက်အောင်ထိန်းထားပေးနိုင်မှာဖြစ်ပါတယ်။
- Sport bra မှာလည်း အမျိုးမျိုးရှိပါတယ်။ (သူ့ကစားနည်းအလိုက်ဝတ်ရတာမျိုးပေါ့။)
- ဒါကိုတော့နောက်ပိုစ့်မှ တင်ပေးပါမယ်။
6. LongLine Bra
*******************
- ဒါက ခွါညိုတို့ ဝတ်တတ်ကြတဲ့ ဘော်လီခါးရှည်နဲ့ပုံတူပါတယ်။
- အရှည်ကတော့အမျိုးမျိုးလာကြပါတယ်။
- ဒီ bra ကိုတော့ ကျောအဆီများသူတွေ၊ ဗမာဝတ်စုံဝတ်တဲ့အခါ အခေါက်မထွက်ချင်သူတွေအနေနဲ့ဆောင်ထားသင့်တဲ့အမျိုးအစားဘဲဖြစ်ပါတယ်။
7. Push Up bra
*******************
- ဒါကတော့ ခွါညိုမပြောပြလည်းသိမယ့် bra type ပါ။
- ရင်သားသေးတဲ့သူတွေအနေနဲ့ အဝတ်အစားဝတ်တဲ့အခါလှနေစေဖို့ ဆောငWomen'secretbra တမျိုးဖြSabina်။
- ခွါညိုက ဒီ bra ကိုရင်သားရှိပြီးသားသူတွေကိုမဝတ်စေချင်ပါဘူး။
- ရှိပြီးသားသူတွေဝတ်တဲ့အခါ အပေါ်ကိုတအားမို့မောက်ထွက်ပြီး လူပိုဝသယောင် ထွားသယောင်ထင်ရတတ်ပါတယ်။
ဒီဟာလေးတွေက မိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ bra အမျိုးအစားလေးတွေဘဲဖြစ်ပါတယ်။
ခွါညိုတို့ဒီမှာဆိုရင် bra ကောင်းတာလေးတွေကို Women'secret, , Sabina, စသဖြင့် ရွေးခြယ်ပြီး ဝယ်လို့ရတာတွေ အများကြီးရှိပါတယ်။
နောက်ထပ်လည်း အကျိုးရှိတဲ့ tipsတွေ makeup looks တွေနဲ့ တခြားတခြားသောအကြောင်းအရာတွေအများကြီးတင်ပေးအုံးမှာမို့ ခွါညို့ပေ့ချ်ကို like & see first လုပ်ထားဖို့မမေ့ပါနဲ့နော်..
သိချင်တာတွေ မရှင်းတာလေးတွေကို ဒီပိုစ့်အောက်မှာမေးခဲ့နိုင်ပါတယ်။
ချစ်တဲ့
ခွါညို (Beauty by Emerald)