Honey Htet Collection

Honey Htet Collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Honey Htet Collection, Design & Fashion, Mandalay.

မေးထားတာလေးတွေ့လို့တင်ပေးလိုက်ပါပြီ💫💗မူရင်းဆရာcrdပေးပါတယ်✨
27/12/2021

မေးထားတာလေးတွေ့လို့တင်ပေးလိုက်ပါပြီ💫💗

မူရင်းဆရာcrdပေးပါတယ်✨


ပုံဆန်းဆန်းလေး💞
27/12/2021

ပုံဆန်းဆန်းလေး💞

အစဖြတ်တာလေး ✂️✂️✂️ ❤* ပုံမှန်အနံ (၂တောင့်၁ထွာအနံ)*- လက်ပျက် ရင်စေ့ ရင်ဖုံး - ၁ ကိုက်- လက်တို    ရင်စေ့ ရင်ဖုံး - ၁ ကိုက်...
26/12/2021

အစဖြတ်တာလေး ✂️✂️✂️

❤* ပုံမှန်အနံ (၂တောင့်၁ထွာအနံ)*
- လက်ပျက် ရင်စေ့ ရင်ဖုံး - ၁ ကိုက်
- လက်တို ရင်စေ့ ရင်ဖုံး - ၁ ကိုက် ၁ထွာ
- လက်စက ရင်စေ့ ရင်ဖုံး - ၁ ကိုက်ခွဲ (၃ တောင်)
- လက်ၡည် ရင်စေ့ ရင်ဖုံး - ၃ တောင့် ၁ထွာ

💗*ဝရင် ပြည့်ရင် ၁ ထွာ or ၁ တောင်ပိုဝယ်ပါ*
-ပိန်ပိန် ဝဝ ပုံဆန်းချင်ရင် ၁တောင်စီထက်ပိုဝယ်ပါ

❤* အနံလွန် (၃တောင်၁မိုက်အနံ)*
-လက်ပျက် ရင်စေ့ ရင်ဖုံး - ၁ ကိုက်မိုက်လျော့
- လက်တို ရင်စေ့ ရင်ဖုံး - ၁ ကိုက်
- လက်စက ရင်စေ့ ရင်ဖုံး - ၁ ကိုက် ၁ထွာ
- လက်ၡည် ရင်စေ့ ရင်ဖုံး - ၁ကိုက်ခွဲ ( ၃ တောင်)

💗*ဝရင် ပြည့်ရင် ၁ ထွာ or ၁ တောင်ပိုဝယ်ပါ*
-ပိန်ပိန် ဝဝ ပုံဆန်းချင်ရင် ၁တောင်စီထက်ပိုဝယ်ပါ

💜မြန်မာဝမ်းဆက် - ၂ကိုက်ခွဲ (အနံကြီး )
- ၃ ကိုက် ၁ထွာ (အနံသေး)
ဝရင် - ၃ ကိုက် ၁ထွာ (အနံကြီး)
- ၃ ကိုက်ခွဲ (အနံသေး)

*ပိန်ပိန် ဝဝ ပုံဆန်းချင်ရင် ၁တောင်စီထက်ပိုဝယ်ပါ

💖 စကပ် ၃လွာ ၄လွာ - ၂ကိုက်
ဝရင် - ၂ကိုက် ၁ ထွာ

💚ရင်ခံ - ၁ကိုက် (အနံကြီး)

💛 ပွဲတက်ရင်အုံပါ ပြောင် - ၁ကိုက်
ဇာ - ၁ကိုက် ၁ထွာ
*ပိန်ပိန် ဝဝ ပုံဆန်းချင်ရင် ၁တောင်စီထက်ပိုဝယ်ပါ

ပွဲတက်တွေကပုံပေါ်မူတည်တယ် ကိုက်ရေများမယ် ကိုယ်ချုပ်ချင်တဲ့ ပုံနဲ့တိုင်ပင်ပီး အစဖြတ်ပါ👌
©️®️💟

    လေ့လာကြည့်ပါ❄☃
25/12/2021



လေ့လာကြည့်ပါ❄☃

 #ငုံကွပ်နည်း
24/12/2021

#ငုံကွပ်နည်း

စက်ချုပ်ဆိုင်တစ်ဆိုင်ဖွင့်ထားတယ် ဆိုပါစို့😃အထည်လာအပ်ပီဆိုတာနဲ့ချုပ်ရမယ့်ပုံကိုကြည့်ပြီးရင်ပိတ်စကိုတစ်ခါထဲ ဖြန့်ကြည့်ပါ သ...
11/12/2021

စက်ချုပ်ဆိုင်တစ်ဆိုင်
ဖွင့်ထားတယ် ဆိုပါစို့😃

အထည်လာအပ်ပီဆိုတာနဲ့
ချုပ်ရမယ့်ပုံကိုကြည့်ပြီးရင်ပိတ်စကို
တစ်ခါထဲ ဖြန့်ကြည့်ပါ
သူလိုချင်တဲ့ ပုံစံနဲ့ ပိတ်စ ကိုက်ညီမှုရှိမရှိ

ကော်ပိတ်ခံရမယ့် အသားမျိုးဆို
ကော်ပိတ်ကပ်ခိုင်းပါ
ကော်ပိတ်ကပ်ရမယ့်ပိတ်စကိုမကပ်ပဲ
ချုပ်လိုက်ရင် ပုံထွက်ကလည်း
သေသပ်နေမှာ မဟုတ်တဲ့အတွက်
ချုပ်တဲ့သူ နာမည်ပျက်ပါတယ်

ပွဲတက်ထည်တွေချုပ်တဲ့အခါ
လိုအပ်တဲ့ accessory ဖိုးကုန်ကျမယ့်ငွေပမာဏကို
တစ်ခါထဲတွက်ပြပါ (ဘောင်ချာရေးပေးပါ)

ကိုယ်တိုင်စိုက်ဝယ်ပေးရမယ့်
ငွေပမာဏများများသုံးရမယ့်အထည်တွေဆို
စရံတစ်ဝက် ကြိုယူပါ
ကိုယ်ဝယ်လာခဲ့တဲ့ ဆိုင်ကလည်း
ဘောင်ချာတောင်းပါ

လာအပ်တဲ့အထည်တန်ဖိုးကြီးရင်ကြီးသလို
ကိုယ့်အပေါ်မှာလည်း တာဝန်ပိုကြီးပါတယ်

ပုံမှန်ထသွားထလာအထည်မျိုးချုပ်တာကအစ
သူချုပ်ခိုင်းတဲ့ ပုံအတိုင်းချုပ်ပေးလိုက်မယ်
ပီးရင် ချုပ်ခရမှာပဲဆိုပြီး ပီးပီးရော မလုပ်ပါနဲ့
သူဝတ်ချင်တဲ့ပုံက သူနဲ့ လိုက်ဖက်မှုရှိမလား
တစ်ခါထဲစဉ်းစားပါ
လိုက်ဖက်မယ့်design ကို သေချာ
ရွေးချယ်ပေးပါ
လှချင်လို့ ဝတ်လိုက်မှ လိုက်ဖက်မှုမရှိတဲ့အခါ
ချုပ်ပေးရတဲ့သူလည်း မကောင်းပါဘူး

တစ်ချို့က fashion modelတွေဝတ်ထားတဲ့
ပုံလေးတွေပြပြီး သူတို့လို လှအောင်ဝတ်ချင်
တာပဲ သိတယ် ဘယ်လိုဝတ်ရင် ဘယ်လို
ဖြစ်မယ်ဆိုတာ မသိကြပါဘူး

လူတွေရဲ့ bodyအချိုးအစားက
မတူညီကြတဲ့အတွက်
သူဝတ်တဲ့အခါလှနေပေမယ့်
ကိုယ်ဝတ်တဲ့အခါ အဆင်မပြေဖြစ်နေရင်
ချုပ်ပေးရတဲ့သူအတွက်လည်း
မကောင်းပါဘူး

သူတို့ကိုမသိတာကိုသိအောင်သေချာ
ရှင်းပြပေးပါ ရှင်းပြနိုင်ဖို့အတွက်လည်း
ကိုယ်တိုင်က အမြဲလေ့လာ နေဖို့လိုအပ်ပါတယ်

စက်ချုပ်တယ်ဆိုတာ ချုပ်တတ်ရုံတစ်ခုထဲနဲ့
မပီးပါဘူး

နောက်တစ်ခုက ကိုယ့်ပညာကို တန်ဖိုးထားပါ
ဘယ်လောက်ပဲရင်းနှီးတဲ့သူဖြစ်ဖြစ် အကြွေး
အလကားလုံးဝမလုပ်ပေးပါနဲ့
တန်ရာတန်ကြေးတောင်းပါ
ဒါဟာ မိမိရဲ့အလုပ်ပေါ်လေးစားသလို
ရေရှည်အတွက် မိတ်မပျက်တဲ့ နည်းပါ

အဟောင်းထည်လာပြင်ခိုင်းတဲ့အခါမှာ
တစ်ထည်လုံးဖြုတ်ရမယ့် အထည်မျိုးဆို
အသစ်တစ်ထည်စာ ချုပ်ခယူပါ
(တစ်ချို့က ဒါလေးလုပ်လိုက်ရတာလို့
ထင်တတ်ကြပေမယ့် ဒါလေးလုပ်တတ်ဖို့
ဘယ်လောက်ထိ ရင်းနှီးခဲ့ရတယ်ဆိုတာ
မသိကြပါဘူး)

ကိုယ့်ဆီမှာချုပ်ထားတဲ့အထည်အတွက်
5လ(or)1နှစ် အချိန်ကာလ
သတ်မှတ်ထားပါ
သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ
bodyအပြောင်းအလဲအတွက်
လာပြင်ခိုင်းရင် ပြင်ပေးလိုက်ပါ
မငြိုငြင်ပါနဲ့
ကိုယ်ချုပ်တဲ့အထည်အတွက် တာဝန်ယူမှု
အပြည့်အဝထားပေးပါ

နာမည်ကြီးFashion designer တွေနဲ့
ပုံမှနျစကျခြုပျဆျိုငျလေးဖှငျ့ပွီး
ချုပ်နေကြသူတွေနဲ့
ကွုံတှေ့ရတဲ့ အတွေ့အကြုံကလည်း
မတူပါဘူး designerဆီမှာ အပ်တဲ့အထည်
တွေဟာ designerစိတ်ကြိုက်ဖန်တီးပေးနိုင်အောင်
ပိတ်စနှမြောလို့မရသလို ငွေနှမြောလို့လည်းမရတာမို့
ငွေကြေးပြည့်စုံတဲ့သူတွေကပဲ အပ်ကြတာများပါတယ်
အထည်တစ်ထည်ကို သိန်းချီနေအောင်
အကုန်ကျခံကြပါတယ်
သိန်းချီတန်နေတဲ့အထည်က
ဘယ်လိုနေနေ ကြည့်ကောင်းနေမှာပဲလေ

သာမန်ဆိုင်လေးတွေမှာတော့
ပိတ်စကမလောက်လို့
အဆင်ပြေသလို
ယူပြီး ချုပ်ပေးလိုက်ရတာနဲ့
ချုပ်ခအများကြီးမတတ်နိုင်လို့
ပစ္စည်းကောင်းတွေ မသုံးပေးရတာနဲ့
ပိတ်စက တစ်ကိုက်မှ ***ပေးရတာ
ချုပ်ခက များလိုက်တာ ပြောတဲ့သူတွေ
ဆိုတာက ကွုံတှေ့ကွရမှာပါပဲ

အရေးကြီးတာက
အပ်ထည်တွေလက်ခံတဲ့အခါ
ရနိုင်မယ့်ရက် အတိအကျလုပ်ပေးဖို့
ပိုက်ဆံရပီးပီးရော မျက်နှာလွဲခဲပစ်
မလုပ်ဖို့ စေတနာရော ဝါသနာရော
ပေါင်းပီး လုပ်ပေးဖို့ပါပဲ
မတတ်တာကိုလည်း
တတ်ချင်ယောင်ဆောင်ပြီး
မလုပ်ပါနဲ့
တတ်သလောက်ပဲလုပ်ပါ

ပိုက်ဆံရှာဖို့အတွက်ပဲ
ချုပ်စားမယ်ဆိုရင်တော့
customer ရဲ့ feedback ကလည်း
ငါပိုက်ဆံပေးချုပ်တာပဲဆိုတဲ့
ပုံစံမျိုးနဲ့ လူတွေနဲ့ပဲ ကွုံတှေ့ရပါလိမျ့မယျ

ပညာတစ်ခုက လွယ်လွယ်နဲ့
မရနိုင်တာမို့ ကိုယ့်အပေါ် ကိုယ့်ရပ်တည်မှုအပေါ်
လေးစားဆက်ဆံတတ်တဲ့ သူမျိုးနဲ့ပဲ
ကွုံတှေ့နိုငျကွပါစေ

Seng
crd

05/12/2021


05/12/2021
ပါတိတ်ချုပ်ပုံမေးထားတာလေးတင်ပေးလိုက်ပါပြီ🌺💖
30/11/2021

ပါတိတ်ချုပ်ပုံမေးထားတာလေးတင်ပေးလိုက်ပါပြီ🌺💖

ဆန္ဒကိုအရပ်နဲ့ထိန်း🙂🤧
28/11/2021

ဆန္ဒကိုအရပ်နဲ့ထိန်း🙂🤧

အင်္ကျီတစ်ထည်ကလေ ဘယ်လောက်တော်တဲ့ designer ဖြစ်ဖြစ် ချုပ်ပြီးရင် fitting. ပြန်ချရတာပဲ။ တချို့အထည်တွေသာ ပြင်စရာမလိုပဲ ကွက်...
24/11/2021

အင်္ကျီတစ်ထည်ကလေ ဘယ်လောက်တော်တဲ့ designer ဖြစ်ဖြစ် ချုပ်ပြီးရင် fitting. ပြန်ချရတာပဲ။ တချို့အထည်တွေသာ ပြင်စရာမလိုပဲ ကွက်တိဖြစ်သွားတာ။ fitting ပြန်ချရတာ ဘာလို့လဲဆိုတော့ fit မဖြစ်လို့ပေါ့ ။fit ဘာလို့မဖြစ်လဲဆိုတော့ ကျမ သိထားတာ သုံးချက်ရှိတယ် ။
1~ လူက ပိန်လိုက် ဝလိုက်ဖြစ်နေလို့ ။ အတိုင်းယူတုန်းက ပိန်တယ်။အင်္ကျီရတော့ ဝလာတယ် ။ fitting ပြန်လုပ်ရတယ်။
2~အင်္ကျီ အစကြောင့် ။ တချို့အစတွေက မီးကြွေကိုင်ရင် ကျုံ့သွားတာတို့ ဖြစ်တတ်တယ် ။ မီးပူမကြိုက်တဲ့ အစတွေ ရှိတယ် ။ အဲ့လိုအခါမှာလည်း အတိုင်း အတိအကျမရဘူး ။
3~ ကိုယ်တိုင်းယူတဲ့သူ မှားရင်လည်း မှားတယ်။pattern ဆွဲတဲ့သူမှားရင်လည်း မှာတယ်။ နောက်ဆုံးတစ်ခု့ကတော့ ချုပ်တဲ့သူ မှားရင်လည်း ( ပေးထားတဲ့နေရာ အတိအကျမချုပ်နိုင်ရင်လည်း )fitting ပြန်လုပ်ရတာပဲ။
Fitting. ပြန်လုပ်ရတာဟာ ချုပ်တဲ့သူ အသုံးမကျလို့မဟုတ်ပါရှင် ။
အာ့ကို တစ်ချို့က အင်္ကျီ ကွတ်တိမရရင်ကို အသုံးမကျတော့ဘူးလို့ ထင်ကြပြီး ကွက်တိရရင် သိပ်တော်တယ်လို့ ထင်တတ်ကြလို့ပါ။
ကမ္ဘာကျော် designer များလည်း ချုပ်ပြီးရင် fitting. ပြန်ချရပါတယ် ရှင် ။
အားလုံး နားလည်သဘောပေါက်ကြပါစေ။

ဤစာဖတ်၍ အကျိုးရှိစေသော်
မေတ္တာဖြင့်


Credit photo

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Honey Htet Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share