Kyaw Gyi fishing accessories

Kyaw Gyi fishing accessories ငါးမျှားအပိုပစ္စည်းအမျိုးမျိုး စျေ

အခုသေမလား ခဏနေ သေမလား မသိနိုင်တဲ့ ဘွကြီးမှာ ငွေထုတ်ကြီးစုထားပြီး ဘာလုပ်မှာလဲ ... ဝယ်ချင်တာ ဝယ်ပစ် လူသားဆန်ပစ် ...ငါးလေးမ...
15/12/2021

အခုသေမလား ခဏနေ သေမလား မသိနိုင်တဲ့ ဘွကြီးမှာ ငွေထုတ်ကြီးစုထားပြီး ဘာလုပ်မှာလဲ ... ဝယ်ချင်တာ ဝယ်ပစ် လူသားဆန်ပစ် ...

ငါးလေးမျှားတံ ဝါးဆစ်တံရပီ qualityကောင်း
🎣270 = 4000ကျပ် ( 9ပေ)
🎣360 = 5500ကျပ် (10ပေ)
🎣450 = 6500ကျပ် (12ပေ)
🎣540 = 7500ကျပ် (15ပေ)
🎣630 = 8500ကျပ် (18ပေ)
🎣720 = 9500ကျပ် (21ပေ)
အမြဲဝယ်ယူအားပေးသောဝယ်ယူသူများကို
အထူးကျေးဇူးတင်ရှိပါတယ်

Mandalay Silent Strike ပုံရိပ်များစုစည်းမှု
11/12/2021

Mandalay Silent Strike ပုံရိပ်များစုစည်းမှု

ငါးမျှားတံ တစ်ချောင်းတည်းကနေ ငါးအကောင် ၂၀၀၀ ကျော် ဖမ်းမိတာ ကြားဖူးကျလား  ? ? ?အဲလိုငါးတေ ရချင်တယ်ဆိုရင် ဒီနေ့ပဲ ဆုံးဖြတ်...
08/12/2021

ငါးမျှားတံ တစ်ချောင်းတည်းကနေ
ငါးအကောင် ၂၀၀၀ ကျော် ဖမ်းမိတာ
ကြားဖူးကျလား ? ? ?

အဲလိုငါးတေ ရချင်တယ်ဆိုရင်
ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပါ

က ဝယ်ပီးသာ
မျှားကြည့်ကျပါဗျ 😍😍😍

စိတ်၀င်စားလို့ ၀ယ်ယူချင်ရင် တော့ 09889977420 ကိုဆက်သွယ်လို့ရသလို ပေဂ်ျ ရဲ့ မက်ဆေ့ခ်ျက နေလည်း မေးပြိး၀ယ်လို့ရတယ်နော်

Aww ​ရောဂါနာမည်က ဥမ္မာခင်တဲ့လား💞🤔😅သူတို့က သားအဖ​တွေကို ဖခင်ပြီး​တော့ သမီးအလှည့်​ပေါ့​နော်😀😃
04/12/2021

Aww ​ရောဂါနာမည်က ဥမ္မာခင်တဲ့လား💞🤔😅
သူတို့က သားအဖ​တွေကို ဖခင်ပြီး​တော့ သမီးအလှည့်​ပေါ့​နော်😀😃

ဈေးရောင်းရင် ဒီလို ပြေပြေပြစ်ပြစ်လေး ပြောရောင်းစမ်းပါ 🤣
30/11/2021

ဈေးရောင်းရင် ဒီလို ပြေပြေပြစ်ပြစ်လေး ပြောရောင်းစမ်းပါ 🤣

သင်ပေးနေရမှာလား 😒
30/11/2021

သင်ပေးနေရမှာလား 😒

29/11/2021

သူများဖုန်း ကိုယ့်ဘေးနားထိုင်ပီး လာဖွင့်သုံးရင်တောင်
လှန်းမကြည့်ရဘူး သက်သက် မျက်နှာလွဲ
ပေးထားရတယ် ယဉ်ကျေးမှုအရ မကြည့်ရဘူး
အခု‌ခေါတ်မှာ သူ့ personal အနေနဲ့ PW တွေက
ဖုန်းထဲမှာမှတ်ထားကြလို့ ငွေကြေးနဲ့ပတ်သတ်တဲ့
PW တွေရော ဖုန်းထဲ အကုန်ရှိကြလို့ ....

သူများ Bank card နဲ့ စက်မှာ ပိုက်ဆံထုတ်နေရင်လည်း
ဘေးမှာ ကပ်ပီး တူတူရပ်မနေရဘူး ခပ်လှန်းလှန်းမှာ
နေပေးရတယ် ...

သူများ ပိုက်ဆံအိတ်ကို တူတူမုန့်စားပီးလို့ သူက
ပိုက်ဆံရှင်း‌ပေးနေချိန်တောင် လှမ်းမကြည့်ရဘူး ယဉ်ကျေးမှုရှိရတယ် သူ့အိတ်ထဲ ပိုက်ဆံ ဘယ်လောက်ပါပါ ကိုယ့်အပူမပါဘူး ကိုယ့်ပိုက်ဆံမဟုတ်ဘူး ...

သူများအိမ် ဧည့်သည်သွားလုပ်ရင် မျက်စိမကစားရဘူး ပစ္စည်းတွေ လိုက်မကိုင်ရဘူး ....

သူများ လွယ်အိတ် သူများ၀ယ်လာတဲ့ အထုတ်
မပြောမဆို ဘာပါလဲ ဘာတွေလဲ ခွင့်မတောင်းပဲ
ဖွင့်မကြည့်ရဘူး ...

သူများ စာအုပ်ပေးကြည့်ရင်တောင် ကြည့်ခိုင်းတဲ့ စာမျက်နှာပဲကြည့်ပီး နောက်စာရွက်မလှန်ရဘူး ...
ထပ်ကြည့်ချင်ရင်လည်း ခွင့်တောင်းပီးမှ
ဆက်ကြည့်ရတယ် ...

သူများဖုန်းနဲ့ ဓါတ်ပုံ ဒါမှ မဟုတ် တခုခု ပြရင်လည်း လက်ကရှည်ပီး နောက်ပုံတွေဆက်မကြည့်ရဘူး ...

ယဉ်ကျေးလိမ္မာ စာအုပ်မှာ မပါတဲ့ ခေါတ်သစ်
ယဉ်ကျေးမှုတွေ နားလည်ကြပါစေ 🤧🤧🤧

ယူတို့က ဘယ် Type ထဲကလဲ 🤣
28/11/2021

ယူတို့က ဘယ် Type ထဲကလဲ 🤣

ကိုယ်ဘေးးနားးရှိငါးမျှားသူငယ်ချင်းး အမျိုးးအစားးများးćřđ
26/11/2021

ကိုယ်ဘေးးနားးရှိငါးမျှားသူငယ်ချင်းး အမျိုးးအစားးများး

ćřđ

ငါးမျှားတဲ့ အခါ အစားကောက် casting ဗုံး......စသည်ဖြင့်ပေါ့ .... အသီးသီး မျှားကြပါတယ်  ငါးမျှားပစ္စည်းတွေရဲ့ အရေးပါမှုတွေထ...
22/02/2021

ငါးမျှားတဲ့ အခါ အစားကောက် casting ဗုံး......စသည်ဖြင့်ပေါ့ .... အသီးသီး မျှားကြပါတယ် ငါးမျှားပစ္စည်းတွေရဲ့ အရေးပါမှုတွေထဲမှာ ကြိုးရဲ့ အရေးပါမှုကိုလဲ မေ့ထားလို့ မရပါဘူး .......
ငါးမျှားတဲ့ အခါ ဘယ်လို ကြိုးအမျိုးအစားမျိုးကို ဘယ်လိုမျှားနည်းမှာ သုံးရမည်ဆိုတာ မသိသေးတဲ့ ငါးမျှားဝါသနာ ရှင်များ အတွက် ကျနော် လေ့လာ မိသလောက်လေး တင်ပြပေးပါရစေ .....လူကြီးမင်းတို့ အသုံးပြုခဲ့တဲ့ ကြိုးကောင်းတာလေး များ ရှိရင်လဲ အခြား ငါးမျှား ဝါသနာ ရှင်တွေ အသုံးပြုလို့ ရအောင် အသိပညာ ပေးစေချင်ပါတယ် ခင်ဗျာ....

ဟုတ်ပြီ ... ဒါဆို ကျနော် တို့ ဘယ်ကြိုး အမျိုး အစားကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာကို ပထမဆုံး အနေနဲ့ ကြိုးရဲ့ အုပ်စု နှစ်ခု ခွဲမယ်ဆိုရင် mono line ကော်ကြိုး အုပ်စုနဲ့ PE နိုင်လွန်ကြိုး အုပ်စုဆိုပြီး ခွဲပါမယ် .....
ကော်ကြိုး တွေကို ပုဇွန်မျှားတာ ငါးအသေးမျှားတာ လက်ထွန်ပစ်တာ casting ပစ်တာ ပင်လယ်ငါးမျှား‌နည်းတွေမှာ ရှေ့မှာ leader ကြိုးခံတာ ငါးအကြီးကြီးတွေ မျှားတာ စသည်ဖြင့် မျိုးစုံ သုံးပါတယ် .......

PE ကြိုးတွေကိုတော့ casting ပစ်တာ ငါးကြင်းအုပ်စု မျှားတာ ငါးခူ အုပ်စု မျှားတာ ပင်လယ် မှာ မျှားတာ စသည်ဖြင့် သုံးကြပါတယ် ......

မြန်မာပြည်မှာတော့ ကော်ကြိုးကို ပုဇွန် ငါးအသေး လက်ထွန် leader ကြိုး ခံတဲ့နေရာမှာ သုံးပါတယ် ...

PE ကြိုးကိုတော့ casting ပစ်တာ ဗုံးပစ်တာ ပင်လယ်မျှားနည်းတွေ မှာ သုံးကြပါတယ် .....

အကြမ်းအားဖြင့် ပုဇွန် နဲ့ ငါးအသေး မျှားတာကို 15 ပေါင် ပေါင် 20 ကြိုးတွေ သုံးပါတယ် ကော်ကြိုး အကြည်ဖြစ်နေတဲ့ အတွက် ငါးမလန့်အောင် ရေထဲမှာ ကြိုး အမျှင် သေးသေးနဲ့ ရေအောက် အမြန်ကျတဲ့ ကော်ကြိုးကို သုံးပါတယ် .... လက်ထွန် ပစ်ရင်တော့ ပေါင် 60/70/80/100/120 စသည်ဖြင့် သုံးစွဲသူ အကြိုက် ငါးအနေအထား ရေအနေအထားပေါ် မူတည်ပြီး သုံးကြပါတယ် ...
Leader ကြိုးကိုတော့ casting ပစ်တဲ့နေရာရော ပင်လယ် ငါးမျှားနည်းတွေမှာ သုံးပြီး သူလဲ သုံးစွဲသူ အကြိုက် ရေအနေအထား ငါးအနေအထားပေါ်မူတည်ပြီး ပေါင် 70/80/100/120 သုံးကြပါတယ်.....

အကြံပြုချင်တာကတော့

1 / ပုဇွန် ငါးအသေး မျှားမယ်ဆို ကော်ကြိုး 15 /20/25ပေါင် ‌ ကြိုးတွေကို သုံးနိုင်ပါတယ်

2/ Casting ပစ်မယ်ဆို PE ကြိုးကို ရေပေါ်ဆို 2.5 mm 3.0 mm သုံးသင့်ပါတယ်
ရေအောက်ဆိုရင် 1.5 / 2.0/2.5 mm သုံးသင့်ပါတယ်

3/ ဗုံးပစ်မယ်ဆို 3.0 ရဲ့ အထက်ကို သုံးသင့်ပါတယ်

4/ ပင်လယ်သုံးကတော့ မျှားတဲ့ ငါးမျှားနည်း သုံးတဲ့ ကိုင်းတန်ရဲ့ ခံနိုင်ရည်ပေါ်မူတည် ပြီး ကြိုးဆိုဒ်ကို အမျိုးမျိုး သုံးနိုင်ပါတယ်
(နောက်ပိုင်း အလျင်းသင့်သလို ရှင်းပြပေးပါ့မယ် )

ကျနော် ပြောတဲ့ အတိုင်း သုံးလို့မှ ကြိုးတွေ ခဏ ခဏ ပြတ်တယ်ဆို ငါးမျှားတန်ရဲ့ ကျောက်ကွင်းတွေကို စစ်ကြည့်ပါ ကျောက်ကွင်းတွေ အက်နေတာ ကွဲနေတာ တွေရဲ့ အထဲ ကြိုးညပ်ရင်လဲ ပြတ်ပါတယ် ...စက်သီးရဲ့ ကြိုးထိန်း ကိုင်း ပူလီလေး ကောင်းကောင်းမလည်တာ ကြိုးစားနေတာ ဆိုရင်လဲ ကြိုးပြတ်တက်ပါတယ် ..... ခြုံညိ ဒိုက်ညိလို့ ကြိုးကို စောင့်ဆွဲထားပြီး ပြန် ပစ်ရင်လဲ ကြိုးနာပြီး ပြတ်တက်ပါတယ် ..... အထက်က ကျနော် ပြောတဲ့ အတိုင်း စစ်ဆေးလို့မှ ကြိုးပြတ်နေသေးတယ် ဆိုရင်တော့ ကြိုး အရည်အသွေး မကောင်းလို့ပါ..

Casting သမားတွေ အနေနဲ့ သာမန် ခြုံညိ ဒိုက်ညိလို့ ကြိုးကို ဆွဲရင် စက်သီး Spool ကို လက်နဲ့ ဖိပြီး ဆွဲပါ .... လုံးဝ ဆွဲမရအောင် ညိနေရင် ကြိုးကို ဒုတ်တစ်ချောင်းနဲ့ ပတ်ပြီး ဆွဲပါ ....စက်သီးနဲ့ ဆွဲရင် ဖားသီးဖြစ်ပါစေ Sp သီး ဖြစ်ပါစေ ကြိုးဂိုက်လိုင်းတွေ ပင်နယံတွေ Drag တွေ စားသွားနိုင်ပါတယ် ချော်သွားနိုင်ပါတယ် ....

Casting ဖားသီးတွေမှာ ကြိုးပြတ်မှာဆိုးလို့ ကြိုး အကြီး သုံးတဲ့ အခါ ကြိုးထွက်တာ မချောမွေ့တဲ့ အတွက် လိုင်းဂိုက်တွေ နာနိုင်ပါတယ် 8 ပင်ကျစ် 9 ပင်ကျစ် စသည်ဖြင့် ကြိုး အချောတွေကို သုံးနိုင်ပါတယ် ...4 ပင်ကျစ်ဖြစ်တဲ့ ကြိုးအကြမ်းတွေက လိုင်းဂိုက်တွေကို စားနိုင်ပါတယ် ......

ကျနော် သိရလောက်ကတော့ အံ့ဩစရာ ကောင်းတာက မှန်ချင်မှလဲ မှန်လိမ့်မယ်ပေါ့လေ ..... 4 ပင်ကျစ်တွေက 8ပင် 9 ပင်ကျစ်တွေ ထက် ပိုပြီး အဆွဲခံနိုင်ပါတယ် .....
ဒါ့ကြောင့် ကျနော် ကတော့ Casting ပစ်ရင် ကြိုးအချော 8ပင် 9 ပင် ကျစ်တွေ သုံးပြီး ဗုံးပစ်ရင်တော့ 4 ပင်ကျစ်ကို သုံးပါတယ် ...

ကြိုးတွေကို သုံးတဲ့ အခါ ကြိုးခွေတွေမှာ ကြိုးရဲ့ အရှည် မီတာ / ကြိုးရဲ့ အချင်း mm/ ကြိုးရဲ့ ခံနိုင်ဝန် Kg.Lb တွေကို ရေးပေးထားပါတယ် .....ကိုယ့်ကိုင်းတန်ရဲ့ ခံနိုင်ဝန်ကို ချိန်ညှိပြီး ကြိုးကို သုံးပါ ....ကိုယ်မျှားမည့် ငါးနဲ့ ကြိုးခံနိုင်ဝန်ကို ချိန်ညှိပြီး ကြိုးရဲ့ ဆိုဒ်ကို သုံးနိုင်ပါတယ် ....မြန်မာလူမျိုးတွေက ပိဿာကိုသာ မှန်းစ နိုင်ပါတယ် ကီလိုဂရမ် Kg / ပေါင် Lb တို့ဆို နဲနဲ မှန်းရခက်နေပါတယ် အဆင်ပြေအောင် Kg .Lb .ပိဿာတွေရဲ့ အလေးချိန်ကို ဖော်ပြပေးလိုက်ပါတယ်

1ပိဿာမှာ - 1.6329 Kg ရှိပြီးတော့ ပေါင် Lb အနေနဲ့ 3.6 ပေါင် ရှိပါတယ် ...
ဒါဆိုရင်တော့ ကိုယ်မျှားမည့် ကြိုးရဲ့ ခံနိုင်ဝန်ကို အကြမ်းအားဖြင့် ခန့်မှန်းလို့ရပြီ ထင်ပါတယ် .....
ဈေးနှုန်းတွေကတော့ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် ကုန်သည်ဆီမှ ဝယ်ရတဲ့ ဈေးနှုန်းပေါ်မူတည်ပြီ အပြောင်းအလဲ ရှိနိုင်တာမိုလို့ မဖေါ်ပြတော့ပါဘူး ခင်ဗျာ

ငါးမျှားဝါသနာရှင် အားလုံး ငါးကြီး ထိနိုင်ကြပါစေ

မူရင်းpostပိုင်ရှင် crd

20/02/2021

Casting ပစ်ဖို့ စဉ်စားမိရင်
ဘယ်အတံ ဘယ်အသီး ဘယ်လိုသုံးရမလည်း ????
ကျနော် အနေနဲ့ ရွေးချယ်သင့်တာလေးတွေကို
ကျနော် ဥဏ်မှီ သလောက် ပြောပြပေးပါ့မယ် !!

🐸-casting လို့ ကြားမိတာနဲ့ သင့်အနေနဲ့ အချက်ရေမြောက်များစွာ ပစ်ရတော့မှာမို့ အတံနှင့်အသီး ဝိတ်ကို ပေါ့နိုင်သမျှ ပေါ့ပေါ့ လေးများ သုံးခြင်းဟာ သင့်ကို သက်တောင့်သက်သာ ဖြစ်စေမှာ အမှန်ပါ (ပေါ့ပါးခိုင်ခန့် ဖို့အရေးကြီးတာပေါ့ )

🐸- Sp/Bc မည်သည့် အတံတိုင်း အမျိုးအစား မဆို Casting အတွက် ထုတ်ထားတဲ့ ကိုင်းတွေ ရှိနေတတ်ပါတယ် (ဗုံးပစ်ဖို့ အတွက် Casting မသုံးသင့်သလို့ Casting အတွက် ထုတ်ထားတဲ့ Rod တစ်ချောင်းကို ဗုံးအတွက် သုံးပြုခြင်း မပြုလုပ်သင့်ပါ )
🦠🦠🦠ဗုံးသီးပစ်မျှားတဲ့အတံတွေဟာ မာကြောလေးလံ တတ်ခြင်းကြောင့် အရုပ် ပစ်လျှင် မည်သို့မျှ အဝေးမရောက်ပါ
🦠🦠🦠Casting Rod တစ်ချောင်းကိုလည်း အစာဝိတ် 30 G နီးပါးရှိသော ဗုံးသီးများ ပစ်ထုတ်လျှင် အတံကျိုးခြင်း ကြိုးပြတ်ခြင်း များ ဖြစ်တတ်ပါသည်

🐸- မည်သည့် ပါဝါ ရှိသော Rod နှင့် Casting ပစ်သင့်သနည်း
🦠🦠 Casting အတွက်ဟုဆိုလျှင် XL-L-ML-M-MH-H-XH-XXH အစရှိသော Rod Power အမျိုးအစားများ စုံလင်စွာ တွေ့ရှိနိုင်ပါသည်
🦠🦠ရေပေါ်ရုပ်(Top water lure)ဆော့မယ်ဆိုလျှင် ကျနော်အကြံပေးချင်တာက M power အထက်ရှိတဲ့ Rod တွေကို အသုံးပြုပါ
ကြိုးကိုတော့ အနိမ့်ဆုံး 2.5 ထားသုံးပါ
ခြုံညိ ခြင်း ကြိုးပွန်း ခြင်းတွေကို သိသာစွာ အထောက်အပံ့ ပေးပါတယ်
Leader ကြိုးခံသုံးပါ

🦠ကြိုး Power ကြီးလာတာနဲ့အမျှ အရုပ်ဝေးဝေး ရောက်နိုင်စွမ်း လျှော့ကျလာလျှင် G များသော Lure များနှင့် အသုံးပြုပြီး ပစ်ပါ
🦠🦠ရေအောက်ရုပ် (under water lure)ဆော့မည်ဆိုလျှင် Rod power ကို M power အောက်ရှိသော အတံများနှင့် ဆော့ကစားပါ
ကြိုး Power ကို 2.5 အောက်ရှိသော ကြိုးများနှင့်ကစားပါ
Leader ကြိုးခံပါ
ရေအောက်ရုပ်များ Action မှန်ကန်စွာ ဆော့ကစားနိုင်ပါသည်
အဆိုပါ အတွဲအစပ်များကို မှားယွင်းစွာ အသုံးပြုနေကြသည်ကိုလည်း စိတ်မကောင်းစွာမြင်တွေ့နေရပါသေးသည်

🐸🐸🐸🐸🐸🐸မှားလျှင် ဘာဖြစ်နိုင်သလည်း
🦠ရေပေါ်ရုပ်ဆော့ကစား ရာတွင် ကြိုးပါဝါ 2.0 သုံးမိသောအခါ ငါးကိုက်လျှင် အရုပ်ရိုက်ပါက ကြိုးပြတ်ခြင်း ငါးလွတ်ခြင်း တို့ အဖြစ်များစေသည်
🦠အတံအဖျားပျော့သော ML -L -XL တို့နှင့် အရုပ်ရိုက်သောအခါ အတံကြိုးခြင်း ကို ဆိုးရွားစွာ ဖြစ်စေနိုင်သည်
🦠အတံအဖျားမာသော Mh-H-XH အစရှိသည်တို့နှင့် ရေအောက်ရုပ် ဆော့လျှင် ငါးထိသောအခါ ချိတ်အာခြင်း ကြိုးပြတ်ငါးလွတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်
🦠🦠
မူရင်းpostပိုင်ရှင် crd

Address

74လမ်း 34&35ကြား
Mandalay

Website

Alerts

Be the first to know and let us send you an email when Kyaw Gyi fishing accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Gyi fishing accessories:

Shortcuts

Share

Category