𝐇𝐦𝐮𝐞-မှူး

𝐇𝐦𝐮𝐞-မှူး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐇𝐦𝐮𝐞-မှူး, Clothing (Brand), 76st; bet 9×10st, Mandalay.

Happy Thadingyut festival🎄🪔🎇
09/10/2022

Happy Thadingyut festival🎄🪔🎇

🫶
19/06/2022

🫶

ဟက်ပီဘက်ဒေး... 🥳

~~~လူတွေနဲ့ အလိုက်အထိုက်လေးပဲပေါင်းပါလိုတာထက် မပိုမိစေနဲ့ကိုယ့်စေတနာတွေကို နားမလည်ရင်ကိုယ်ပဲနာကျင်ရမယ်။~~~ရောပါများ တဲ့အ...
11/06/2022

~~~လူတွေနဲ့ အလိုက်အထိုက်လေးပဲပေါင်းပါ
လိုတာထက် မပိုမိစေနဲ့
ကိုယ့်စေတနာတွေကို နားမလည်ရင်
ကိုယ်ပဲနာကျင်ရမယ်။

~~~ရောပါများ တဲ့အခါ
"ပေါ" တယ်လို့ ထင်ကြ တယ်။

~~~အားနာပါ များသွားတဲ့အခါ
"အ"တယ်လို့ထင် ကြမယ်။

~~~သည်းခံပါ များလာတဲ့အခါ
တန်ဖိုးတွေ နားမလည်ကြတော့ဘူး
လိုတာထက် ပိုရောက်တတ်လာတယ်။

~~~တကယ်တော့
မာနထားတာ မဟုတ်ဘူး
အတ္တကြီးတာ မဟုတ်ဘူး
သူ့တန်ရာ တန်ရာပဲ ပေါင်းသင်းဆက်ဆံတာ
ကောင်းပါတယ် ။

~~~လူအချင်းချင်းကိုယ်ချင်းစာတတ်တဲ့
စိတ်မရှိတာတော့ ဘယ်ဟုတ်မလည်း
အရာရာက အတိုင်းအတာတစ်ခုထိပဲ
ကောင်းပါတယ် လိုတာထက်ပိုပြီး
ကောင်းပြလိုက်ရင် ကိုယ့်တန်ဖိုးက အလိုလိုမဲ့သွားတာပါပဲ။

~~~တစ်ကယ်တော့ဘဝမှာ
ကိုယ်ချင်းစာတတ်တဲ့ စိတ်နဲ့ နားလည်မှုလေးသာ
သွားလေရာမှာသယ်သွား
ဘယ်နေရာရောက်ရောက်
ဘယ်လိုလူမျိုးမဆို တန်းတူပေါင်းလို့ရတယ်။

~~~မရှိ မာနနဲ့ တော့
လူတိုင်းအပေါ်မဆက်ဆံမိစေနဲ့
လူ့အောက်ကျို့လို့
မသေနိူင်ဘူး
လူတိုင်းမှာ သူ့သိက္ခာနဲ့ သူကတော့ရှိကြပါတယ်။

A few moments later: ဗြန်းးးးး😂
05/06/2022

A few moments later:
ဗြန်းးးးး😂

18/05/2022

မိတ်ဆွေတစ်ယောက် ကြီးပွားတိုးတက်နေရင် "ဒါငါ့သူငယ်ချင်းကွ" လို့ ဂုဏ်ယူပြီးပြော။ အေး ဒုက္ခရောက် ကျဆင်းနေပြီဆိုလည်း "ငါဟာသူ့သူငယ်ချင်းကွ" လို့ ရင်ဘက်ကြီးနဲ့ ပြော။ အဲ့ဒါမှ တကယ့် Friendship Goals လို့ခေါ်မယ်။ အုပ်စုဖွဲ့ပြီး ဓာတ်ပုံရိုက်တာလောက်က အမှိုက်သိမ်းအဖွဲ့တွေလည်း လုပ်နေကြတာပဲလေ။အထင်ကြီးစရာမရှိဘူး
crd

15/05/2022

မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြမ်းဖက်မှုပါ။ကိုယ့်ကို အပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ​။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း
တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပီ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။ သူ့အတွေးထဲမှာ ဘယ်တော့များအပြောခံရအုံးမလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ကို ဘာအရည် အသွေးမှ ထွက်မလာတာ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း သုံးနှုန်းတတ်ကြတယ်။ အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ကလေး တွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတတ်ပါတယ်။ တခြားအရာတွေအပေါ် အကောင်းမြင်စိတ်လည်း ပျောက်ကွယ်နေတတ်တယ်။ သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့ အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲဆက်ဆံသွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ...စာလည်းမဖတ်တဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ အ​ပြောအဆိုတွေ ရုန့်ရင်းကြမ်း တမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း
မုန့်လုံးစက္ကူကပ်နေတော့တာ။

အပြစ်တင်ခံနေရတာများတဲ့ လူတစ်ယောက်ဟာလည်း နဂိုစိတ်အခံလေးကောင်းနေရင်တောင် ပြောနေသူနဲ့ဆက်ဆံတဲ့အခါ...အဆိုးဘက်ကို ရောက်ဖို့များနေမှာပဲ။ အဲ့လိုနဲ့ပဲ မိသားစုအတွင်းမှာ ရန်တွေဖြစ် ပြသနာတွေများနဲ့ စိတ်ချမ်းသာစရာကို မကောင်းတော့တာ။ ကိုယ့်ကို အပြစ်မတင်တဲ့သူနဲ့ဆို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့တာ။ ဒီလိုနဲ့ပဲ အိမ်သားတွေနဲ့ဆို မကောင်းဘူး။.အပြင်လူနဲ့ပဲ ကောင်းတယ်ဆိုတာတွေဖြစ်လာတာ။

ဒါကြောင့် မိသားစုအတွင်း...သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး....အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

"စိတ်ညစ်တာက အဖြေမဟုတ်ဘူး''➖➖➖➖➖➖➖➖➖💜လောကမှာ အခက်အခဲ မရှိတဲ့သူရယ်လို့ မရှိပါဘူး ဒါပေမယ့် အခက်အခဲ ဒုက္ခတွေကြားက ပျော်အောင်...
06/05/2022

"စိတ်ညစ်တာက အဖြေမဟုတ်ဘူး''
➖➖➖➖➖➖➖➖➖

💜လောကမှာ အခက်အခဲ မရှိတဲ့သူရယ်လို့ မရှိပါဘူး ဒါပေမယ့် အခက်အခဲ ဒုက္ခတွေကြားက ပျော်အောင်နေရတာကိုက ဘဝဖြစ်နေတော့ ဘယ်လိုအခြေအနေတွေနဲ့ ကြုံနေပါစေရင်ဆိုင်နိူင်ဖို့လိုပါတယ်။
ဝမ်းနည်းစရာ ကြုံလာတိုင်းစိတ်မညစ်ပါနဲ့
လူတိုင်းက အပျော်နဲ့မကင်းသလို အငိုနဲ့လည်းမကင်းဘူး ဒီလိုပဲ အချစ်နဲ့မကင်းသလို အမုန်းနဲ့လည်း မကင်းပါဘူး။

💜ညည်းထွားနေလို့ မပြီးတဲ့ဘဝပြဿနာတွေမှာ
ရင်ဆိုင်ဖြေရှင်းဖို့ သတ္တိလိုတယ်မဟုတ်လား
အရာရာကို စိတ်ညစ်လိုက်တာဆိုပြီး ပြောနေရုံနဲ့ ဘယ်အရာကမှ အဆုံးသတ်မသွားပါဘူး။

💜ကြောက်ရွံ့နေခြင်းထက် ရင်ဆိုင်ဖြေရှင်းခြင်းက အခက်အခဲဒုက္ခတွေရဲ့ လမ်းတစ်ဝက်လောက်ကို ထင်သာမြင်သာရှိနေမှာပါဒါမှလည်း ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ
သိနိူင်မှာပါ။ဒါကြောင့် တစ်ခုခုဆို ကြိုတွေးပြီး စိတ်ပင်ပန်းခံနေတာတွေရပ်လိုက်ပါ။
စိုးရိမ်ခြင်း၊ကြောက်စိတ်တွေကို ကြာကြာမွေးမြူမထားပါနဲ့။

💜စိတ်ညစ်လိုက်တာဆိုပြီး သူတစ်ပါးကို ပြောပြလို့ ဖြေရှင်းနိူင်သွားတာမရှိပါဘူး အကယ်၍
ဖြေရှင်းနိူင်မယ့်အတိုင်းအတာတစ်ခုထိရှိမယ်ဆိုရင်အဆင်ပြေနိူင်ပေမယ့် မဟုတ်ရင်
ကိုယ့်အပူလူသိတာပဲ အဖတ်တင်ပါလိမ့်မယ်။ထို့ကြောင့် တစ်ခုခုကြုံလာရင် ခေါင်းအေးအေးထားပြီး တိုင်ပင်သင့်တဲ့သူကိုတိုင်ပင်ပါ ရင်ဖွင့်ပါ ကိုယ်တိုင်ဖြေရှင်းလို့ရမယ်အရာဆိုလျှင် စိတ်အေးအေးထားပြီးဖြေရှင်းဖို့မမေ့ပါနဲ့။

💜ပြဿနာတစ်ခုကြုံလာရင်လည်း အမုန်းနဲ့တုန့်ပြန်ရမယ့်အရာတွေနဲ့ကြုံလာတဲ့အခါ
အတတ်နိူင်ဆုံးမိမိစိတ်ကိုထိန်းပါ မကင်းနိူင်တဲ့အခါ ကောင်းနိူင်ဖို့ကြိုးစားဖို့လိုပါတယ်။
စိတ်ညစ်တာကတော့ လူတိုင်းစိတ်ညစ်တတ်ပါတယ် သို့ပေမယ့် စိတ်ညစ်နေရုံနဲ့မပြီးတဲ့ပြဿနာအခက်အခဲဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းလိုက်တာက ပိုသေချာမှာပါ။

ပကာသနတွေ အများကြီးထက် စစ်မှန်တဲ့အရာ အနည်းငယ်ကို ပိုင်ဆိုင်ရတာက ကိုယ့်ကို ပိုပြီး ပျော်ရွှင်စေမှာပါ . . ." ဥပမာ " ကိုယ်ပြ...
05/05/2022

ပကာသနတွေ အများကြီးထက်
စစ်မှန်တဲ့အရာ အနည်းငယ်ကို ပိုင်ဆိုင်ရတာက
ကိုယ့်ကို ပိုပြီး ပျော်ရွှင်စေမှာပါ . . .

" ဥပမာ " ကိုယ်ပြည့်စုံနေတဲ့ အချိန်မှာ
အပေါ်ယံတွေနဲ့ လာပေါင်းတဲ့ လူအယောက်
တစ်ရာထက် . . .

ကိုယ် အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ
အနားမှာရှိပေးတဲ့ လူတစ်ယောက်က
ကိုယ့်အတွက် ပိုပြီး တန်ဖိုးရှိတယ် ။

စာဖတ်သူ တစ်ယောက်က တစ်နေ့ကို
စာအုပ်တွေ အများကြီးဖတ်တာထက် . . .

စာ တစ်မျက်နှာကို တွေးရင် သင်ခန်းစာယူရင်း
ဖတ်တတ်ခြင်းဟာ ပိုပြီး တန်ဖိုးရှိပါတယ် ။

လူအများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ
သူတို့တွေရဲ့ အပြစ်အနာဆာကို ကြည့်ပြီး
ဝေဖန်တတ်တဲ့ လူထက် . . .

လူတစ်ဦးချင်းစီရဲ့ ကောင်းကွက်ကို ကြည့်ပြီး အတုယူတတ်တဲ့လူဟာ တန်ဖိုးရှိတဲ့လူပါ ။

ဘယ်အလုပ်ကိုပဲ လုပ်လုပ် မြန်မြန်ပြီးအောင်
ပြီးစလွယ် လုပ်တာထက် စေတနာလေးထည့်ပြီး
အကောင်းဆုံး လုပ်တတ်ဖို့ပဲ သင်ယူပါ . . .

အများဆုံးထက် အကောင်းဆုံးက
အနည်းငယ်က ပိုပြီး အဖိုးတန်တယ် . . .

အားမငယ်ပါနဲ့ ဘယ်တော့မှ အားမငယ်ပါနဲ့။အားငယ်စိတ်ဟာ လူတွေကိုကျရှုံးစေတယ်။ အခက်အခဲ လူတိုင်းမှာရှိတယ်။အားမငယ်ပါနဲ့ စိတ်ဓာတ်မက...
02/05/2022

အားမငယ်ပါနဲ့

ဘယ်တော့မှ အားမငယ်ပါနဲ့။
အားငယ်စိတ်ဟာ လူတွေကို
ကျရှုံးစေတယ်။

အခက်အခဲ လူတိုင်းမှာရှိတယ်။
အားမငယ်ပါနဲ့ စိတ်ဓာတ်မကျပါနဲ့။

ပြီးပြည့်စုံတဲ့ ဘဝဆိုတာမရှိပါဘူး။
အဆင်မပြေမှုတွေကြားမှာ
အဆင်ပြေအောင် နေကြရမှာပါ။
နေ့တိုင်း ကြိုးစားခွင့်တွေ
ရှိနေပါသေးတယ်။

အရာရာ အားမငယ်ပါနဲ့။
သတ္တိမွေးပါ။ဇွဲရှိပါ။
တစ်နေ့ အောင်မြင်လာပါလိမ့်မယ်။
ဥာဏ် ဝီရိယပါ ပြည့်စုံပါလျက်
ကံမကောင်း အကြောင်းမသင့်
ဖြစ်ခဲ့လျှင် လုံးဝ စိတ်အားမငယ်ပါနဲ့။
နောက်ထပ် ကြိုးစားလိုက်ပါဦး။
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်။

သူများတွေ လှူနေတာ ကြည့်ပြီး
ကိုယ့်လှူစရာပိုက်ဆံမရှိလို့ အားမငယ်ပါနဲ့။
ပိုက်ဆံမကုန်ဘဲရနိုင်တဲ့ ကုသိုလ်လို
အရယူလိုက်ပါ။

ဝေဖန်ခံရလို့ အားမငယ်ပါနဲ့။
ဝေဖန်ခံရတိုင်း သင်ခန်းစာယူဖို့မမေ့ပါနဲ့။
လူဆိုတာ အတိုက်အခိုက်ရှိမှ
အောင်မြင်မယ်ဆိုတာ လက်ခံလိုက်ပါ။

ဘာလုပ်လုပ်အဆင်မပြေလို့
စိတ်ဓာတ်ကျအားမငယ်ပါနဲ့။
ဘုရင်ကစ သူတောင်းစားအဆုံး
အမြဲအဆင်ပြေတဲ့သူမရှိဘူး။
လူတိုင်းမှာ အခက်အခဲရှိတယ်။
အဆင်မပြေမူတွေရှိတယ်။

ငွေမရှိလို့ အားမငယ်ပါနဲ့။
ပညာမတတ်လို့လည်း အားမငယ်ပါနဲ့။
ရာထူးအာဏာမရှိလို့လည်း အားမငယ်ပါနဲ့။
ရုပ်ရည်မရှိလို့လည်း အားမငယ်ပါနဲ့။

လူတစ်ယောက်နဲ့တစ်ယောက်
ကံ အကျိုးပေးခြင်းမတူညီကြဘူး။
တူညီတာကဘာမဆို
ကြိုးစားရင်ဖြစ်နိုင်ပါတယ်။

အားငယ်စိတ်ကိုကြာကြာမထားပါနဲ့။
အားငယ်စိတ်ဟာ လူကိုဒုက္ခပေးတယ်။
အားငယ်စိတ်ဟာ အရာရာကျရှုံးစေတယ်။
အားငယ်စိတ်ဟာ လူကို အထီးကျန်စေတယ်။
အားငယ်စိတ်ဟာ မအောင်မြင်နိင်ဘူး။
အရာရာအားငယ်နေရင်
အခါခါကျရှုံးရလိမ့်မယ်။

စိတ်ဓာတ် မြှင့်တင်ပါ။
အားငယ်မှု လျှော့ချပေးပါ။
ဘာနဲ့ကြုံကြုံ တရားနဲ့ဖြေရှင်းပါ။
အရာရာ တရားနဲ့ဖြေသိမ့်ပါ။

ရောင်းတာလဲ ကြည့်ရောင်းကြအုန်းနော် တော်ကြာ အမေ့လက်စာမိနေကြမယ်😆  crd
04/03/2022

ရောင်းတာလဲ ကြည့်ရောင်းကြအုန်းနော် တော်ကြာ အမေ့လက်စာမိနေကြမယ်😆

crd

လောကမှာ လူလိူ့ဖြစ်လာရင်အမြင့်ကိုရောက်လေလေလေတိုက်ခံရလေလေပဲ။အနိမ့်မှာနေပြန်ရင်လဲ လှံစိုက်ခံရတယ်။အလယ်မှာနေရင်လဲပခုံးချင်းယှ...
17/02/2022

လောကမှာ လူလိူ့ဖြစ်လာရင်
အမြင့်ကိုရောက်လေလေလေတိုက်ခံရလေလေပဲ။

အနိမ့်မှာနေပြန်ရင်လဲ လှံစိုက်ခံရတယ်။
အလယ်မှာနေရင်လဲပခုံးချင်းယှဉ်တိုက်ခံရပြန်တယ်။
ဘေးထွက်ပြန်ရင်လဲ
မကောင်းပြောကြလိမ့်မယ်။
ဘာမှမလုပ်ပဲနေတော့ငပျင်းလို့ပြောကြတယ်။

ဘယ်အရာနဲ့မှလွတ်ကင်းတယ်လို့မရှိဘူး။အဲ့ဒါလူ့လောကသဘာဝပဲ။အဲ့ဒါကိုလိုက်ပြီးခံစားနေရင်နေစရာနေရာကိုရှိမှာမဟုတ်ဘူး။

အဲ့ဒါကြောင့်ကိုယ့်အလုပ်ကိုဆက်လုပ်နေဖို့ပဲလိုတယ်။

17/02/2022

အဆင်ပြေမှာပါ
------------------------

ကိုယ့်အကြောင်းထက် သူတစ်ပါးအကြောင်းကို ပိုစိတ်ဝင်စားတဲ့ အရာကို ပတ်ဝန်းကျင်လို့ခေါ်တယ်။

ကိုယ့်ဘက်ကတော့ ဘာရယ်မဟုတ်ဘူး
အရိုးခံနဲ့ ရင်ဖွင့်လိုက်တာ တစ်ဖက်ကတော့
စကားအရောင်းအဝယ်တွေကြား ကားသွားတဲ့စကားတွေအပေါ် ရှင်းပြနေစရာမလိုဘူး ။

ကိုယ့်ဖြစ်တည်မှု၊ကိုယ့်ရပ်တည်မှုက
မှန်ကန်ရင် ဘယ်သူ့ဆီကမှ ထောက်ခံချက်မလိုပါဘူး ကိုယ့်လိပ်ပြာကိုယ်လုံရင် ဘဝမှာနေရတာကိုက သိက္ခာရှိနေတာပဲလေ။

ဘယ်သူတစ်ဦးတစ်ယောက်အပေါ်ကိုမှ
ကောက်ကျစ်ယုတ်မာခြင်း မရှိဖို့ပဲ လိုတယ်မဟုတ်လား ဘဝမှာ အတိတ်ဆိုတာ ကိုယ်တိုင်ပဲ ခံစားရတာ ဘယ်သူကမှ ဝင်ခံစားပေးလို့မရပါဘူး။

ဒါကြောင့်ဘယ်သူက ဘယ်လို သိက္ခာကျအောင် ပြောဆိုနေပါစေ ပြောတဲ့သူကိုယ်တိုင်ကိုက ကိုယ်ကျင့်တရားမကောင်းဘူးဆိုတာ အတိုင်းသားပေါ်နေတာပါ။

ကိုယ့်လမ်းကိုယ် ဖြောင့်အောင်သွားပြီး
ကိုယ့်ဘဝမှာ ကိုယ့်ကြောင့်နဲ့ သူတစ်ပါးဘဝတွေ မနစ်မွန်းရင် လောကမှာ နေရတာကိုက အဓိပ်ပါယျရှိပါတယ်။

#မေတ္တာများစွာဖြင့်
(ဘဝစာေပ)

Address

76st; Bet 9×10st
Mandalay

Telephone

+959978494830

Website

Alerts

Be the first to know and let us send you an email when 𝐇𝐦𝐮𝐞-မှူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share