02/03/2025
Local ကထွက်တဲ့ item လေးတွေစုပြီး Local product လေးတွေးထုတ်မယ် စဉ်းစားလိုက်တာ။
ပထမဆုံး Page နာမည်လှလှလေးပေးမယ်။ ချည်ထည်တွေထုတ်မှာဆိုတော့ နာမည်ကို ဘယ်လိုပေးရမလဲ မင်မင်တို့ခေါင်းကိုက်အောင်စဉ်းစားကြတယ် ။ ၂ရက် 🤭😆
ဒီလိုနဲ့ နာမည်လှလှလေးထွက်လာရော ။ လှလှလေးဆိုတာ Page Nameမဟုတ်ဘူးနော်😝။ Page Name လေးက မယ်ချည်တဲ့။ မြန်မာမလေးတွေဖို့ မြန်မာဆန်ဆန် အင်္ကျီလေးတွေ ထုတ်မယ်ဆိုပြီး နာမည်လေးကိုလဲ မြန်မာဆန်ဆန်လေးပဲပေးကြတယ် 🙂🙂
ဒါနဲ့ Page Name လေးချိန်းကြတယ်ပေါ့ကွယ်။ မလုပ်တတ် လုပ်တတ် ဟိုမေး ဒီးမေးနဲ့ 😬😬
မယ်ချည်ကို မြန်မာလိုချည်းပဲမဟုတ်ဘဲ အင်္ဂလိပ်အသံထွက်နဲ့ပါ Page Name မှာတွဲ ထည့်ကြမယ်ဆိုပြီး ရေးလိုက်ကြတာ။ Male Chi ဖြစ်သွားတယ်။ Keyboard တွေမှာက English meaning တွေကို နီးစပ်ရာ Auto correct လုပ်ပေးတာ သတိမထားမိတော့ ခက်ခက်ခဲခဲပြောင်းထားရတဲ့ Page Name လေးက Male Chi ဖြစ်သွားပါရောလား 😥😥
Typing error လို့ပဲပြောကြပါစို့။
ဒီလိုနဲ့ပဲ မင်မင်တို့ရဲ့ နာမည်လှလှလေး Mal Chi - မယ်ချည်ဟာ ၁၀-မိနစ်အတွင်းမှာပဲ Male Chi ဆိုပြီး ချိန်းသွားလေရောကွယ် 😬😬
၆ လလောက်တော့ သည်းခံပြီး Male Chi - မယ်ချည် ကြည့်ကြနော်။ ၆ လပြည့်ရင်တော့ အမှန် Mal Chi - မယ်ချည် ပြန်ပြောင်းပေးပါမယ်လို့ 🌝🌝