ရွှေအိမ် စွန် မှန်စာကြိုး ရစ်ဘီး ရောင်း"ဝယ်"ရေး"

  • Home
  • Myanmar
  • Mandalay
  • ရွှေအိမ် စွန် မှန်စာကြိုး ရစ်ဘီး ရောင်း"ဝယ်"ရေး"

ရွှေအိမ် စွန် မှန်စာကြိုး ရစ်ဘီး ရောင်း"ဝယ်"ရေး" Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေအိမ် စွန် မှန်စာကြိုး ရစ်ဘီး ရောင်း"ဝယ်"ရေး", Merchandising Service, Mandalay.

 #၃၆နာရီအစာဖြတ်ခြင်း    #အကျိုးကျေးဇူးများ လွန်ခဲ့သော နှစ်ပေါင်း ( ၆၀၀၀ ) လောက် က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီး ရ...
25/09/2022

#၃၆နာရီအစာဖြတ်ခြင်း
#အကျိုးကျေးဇူးများ

လွန်ခဲ့သော
နှစ်ပေါင်း ( ၆၀၀၀ ) လောက် က
ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ
အများကြီး ရှိခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။
အဲ့ဒိတုန်းက နာရီရှည် အစာဖြတ်တဲ့
လေ့ကျင့်ခန်း လုပ်ပြီး
လူတွေ ကျန်းမာ အသက်ရှည်
ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလည်းအဲဒီနည်းကို
ကျနော်တို့ လုပ်လို့ ရပါတယ်။
လုပ်သင့်တဲ့ ( ၃၆ ) နာရီ
fasting နည်းလမ်းကို
ပြောပြသွားပါမယ်။
လူတိုင်းလည်း
အလွယ်တကူ လုပ်နိုင်ကြပါတယ်။

၃၆နာရီ fasting လုပ်ဖို့
အလုပ်ပိတ်ရက်တွေကို
ရွေးချယ်တာ ကောင်းတယ်။
ဒါကြောင့်
သောကြာနေ့ ညက စလိုက်မယ်။သောကြာ နေ့
ည၇နာရီမှာ ညစာစားပြီးတာ နဲ့
( ၃၆ ) နာရီတိတိ ဘာအစာမှ မစားရဘဲ ရေ တစ်မျိုးထဲသာ သောက်ဖို့
ဖြစ်ပါတယ်။
မည်သည့် ကယ်လိုရီမှ
မထည့်ရတော့ပါဘူး။
အချိုရည်တောင် မသောက်ရပါဘူး❗။ zero calorie အတိုင်း ထားရမှာ
ဖြစ်ပါတယ်။
သောကြာနေ့ ည ( ၇ ) နာရီမှ စတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကို ကြိုက်သလောက်
သောက်နိုင်တယ်။
ကြိုက်သလောက် အိပ်နိုင်တယ်။

အဲဒီ အစာဖြတ်လေ့ကျင့်ခန်းကနေ
ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့
အများကြီး ဖြစ်ပါတယ်။
အစာဖြတ်လိုက်တော့
Body က energyရဖို့ အတွက်
ကိုယ်တွင်းမှာ အာဟာရတွေကို
လိုက်ရှာပါတယ်။
အာဟာရကို မတွေ့တော့
ကိုယ်တွင်းက အဆီတွေကို
လိုက်စားပါတယ်။
အဆီတွေထဲမှာ အောင်းနေတဲ့
အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်း ကျပြီး
အဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို
ရေက body အပြင်ဘက်ကို
စွန့်ထုတ် ပေးလိုက်ပါတယ်။

Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ် ဆိုတာ ရှိပါတယ်။
အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့
ပိုပြီး အလုပ်လုပ်လာနိုင်တယ်။
ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက် ပြုပြင်တဲ့ စနစ်က Auto ကုပေးသွားတာ ဖြစ်ပါတယ်။ရောဂါတွေ သူ့ဟာသူ
ပျောက်သွားပါတယ်။
မကျန်းမာသူတွေတောင် မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။

Body က
Engery အင်နာဂျီ လိုအပ်လို့
လိုက်ရှာရာမှာ
တစ်ကိုယ်လုံးက ကလပ်စီးတွေဆီ ကိုလည်း ရောက်ပါတယ်။
မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါ
စားသွားပါတယ်။
junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာ cellတွေကိုပါ
ရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့ အခါမှာ
စိတ်ပါ ပြောင်းသွားပါတယ်။
အူတွေမှာ အစာမရှိတော့
စိတ်ကြည်လာတယ်။
နေရထိုင်ရတာ ပေါ့ပါးလာတယ်။ ဦးနှောက် က
စိတ်ကူး စိတ်သန်းကောင်းတွေ
ထွက်ပေါ်လာတယ်။
ဆုံးဖြတ်ချက် ချတာတွေ
သိပ်ကောင်းတယ်။
တရားအားထုတ်လို့ ကောင်းတယ်။
ဒါကြောင့် ဗုဒ္ဓက ညစာ ရှောင်ခိုင်းတာ ဖြစ်တယ်။

Fasting လုပ်ပေးလေ့ ရှိသူတွေ ဟာ သွေးတိုးရောဂါ ပါ
ပျောက်ကင်း သက်သာ လာကြပါတယ်။
အရင်က •••
200/125အထိတက်တဲ့ သူဟာ
fasting ပုံမှန် လုပ်ပေးလာရင်း နဲ့
130/90 လောက် ပြန်ဖြစ်လာပါတယ်။

အစာဖြတ် လေ့ကျင့်ပေးရင်
လူတွေက အားယုတ်တယ်လို့
ထင်နေကြလေ့ ရှိပါတယ်။
တကယ်က အားမယုတ်တဲ့ အပြင်
အား ပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲ ဆိုတော့ ပေါ့ပါးလို့ ပါ။ပေါ့ပါးတော့ သွက်လက်တယ်။

အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီး ရသေးတယ်ဗျ။
အဲဒါတွေကတော့ -
ကိုယ်တွင်း ရောင်ကိုင်းမှုများကို
လျှော့ချပေးခြင်း
အူလမ်းကြောင်း ကျန်းမာခြင်း ၊
တစ်ကိုယ်လုံး ငြိမ်းအေးခြင်း ၊
ဖြစ်ဆဲ ရောဂါများ တန့်သွားခြင်း ၊
သွေးတွင်း အင်ဆူလင် ပုံမှန်ဖြစ်လာခြင်း၊
ဆီးချို ၊ သွေးချို ၊ ထိန်းလာနိုင်ခြင်း
အစာခြေ စနစ် ကောင်းလာခြင်း
ကြွက်သားများ သန်မာလာခြင်း
လည်ချောင်း ချွဲသလိပ် ရှင်းခြင်း
အရိုး ကျစ်လျစ်ခြင်း ၊
စိတ်ထား နူးညံ့လာခြင်း ၊
အသားရေ လှပလာခြင်း ၊
ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း၊
ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။
( ၃၆ ) နာရီလောက်
Fastingလုပ်ရတာ ဟာ
အခက်အခဲ မရှိဘဲ၊
လူတိုင်းလိုလို လုပ်နိုင်ကြတဲ့ အတွက် ကျန်းမာပြီး အသက်ရှည်ရှည် နေရဖို့ မကြာခဏ လုပ်ပေးကြပါ လို့
တိုက်တွန်းလိုက်ပါတယ်။

💌 ချစ်ခင်လေးစားလျှက်..
PS :
( ဆီးချိုကျရောဂါ ရှိသူများ မလုပ်ရပါ )

🤓
Via - Si Thu Lwin Pyin

✍️ စာရေး‌ဆရာကြီး ရွှေဥဒေါင်း တို့...( ၁၀ ) သို့မဟုတ် ရက်များစွာ နဲ့
ချီပြီး..အစာဖြတ်ပြစ်တဲ့အပြင်...
ဝမ်းပါ ချူပစ်တာ...
ရုပ်ပါ နုပျိုလာလို့...

မင်းကွန်းတိပိဋကဆရာတော်ကြီး က

နှစ်ပေါင်းများစွာ ကွာဝေးခဲ့ပြီး..
ပြန်တွေ့တဲ့ အခါမှာ..
" ဒကာကြီး အရင်တုန်းက လို
နုပျိုနေတာပါလား" လို့..
မိန့်တော်မူတာ မှတ်သားဘူးတယ်...

ဒီ Fasting ကို လက်ခံတယ်..
ဒီ Fasting နဲ့ပတ်သက်ပြီး..

ဆရာကြီးရွှေဥဒေါင်းအကျယ်‌ရေးသား‌တဲ့ စာအုပ်
ရှိပါတယ်..

စာအုပ်တိုက်တွေမှာ
စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်..

ဆရာကြီးကတော့•••
ရက်ရှည် Fasting လုပ်ရင်
အဟာရ ဆရာဝန် နဲ့ တိုင်ပင်ဘို့.. အကြံပြုထားပါတယ်..
😊😊😊

မူရင်းရေးသားသူအား
ပေးပါသည်။

03/08/2022

❣️ပစ္စည်းမှာယူမည့်မိတ်ဆွေသစ် ဟောင်း များခင်ဗျာ ကားတင်ခ "ဒလီဗာရီ" ဘိုးပဲကုန်ကျမှာပါ Kpay. လွှဲခ လုံးဝ(လုံးဝ) မယူတော့တာကို အသိပေးပါတယ်ခင်ဗျာ ❤️

09/02/2022

ရာသီအရ အရောင်းပါးသွားပါတယ် ပစ္စည်းကရာသီချိန်ခါမရွေးအဆင်သင့်ရှိနေတာကြောင့် အချိန်မရွေးဝယ်ပါ အချိန်မရွေးရောင်းပေးနိင်ပါတယ်ဗျ။

#ရွှေအိမ်_မှလှိုက်လှဲစွာကြိုဆိုပါ၏

22/01/2022

𝕎𝕖𝕝𝕔𝕠𝕞𝕣 𝕋𝕠 𝕊𝕙𝕨𝕖 ℍ𝕠𝕦𝕤𝕖

Tik Tok. မှာလဲ ရွှေအိမ် ရှိတယ်

15/01/2022

⛳⛳⛳ စွန်အစ အိန္ဒိယကဆိုတာလက်တွေ့ပဲနော် ကြိုးကောင်းချက် လူပါသွားတာ‌တောင်ကြိုးမပြတ်ဖူး "နောက်တာပါ" ကျွဲကော်တို့ မှန်စာမူံ့တို့ ချည်သားခိုင်ခန့်မူ့တို့မှာ အိန္ဒိယနည်းပညာကိုဘယ်နိုင်ငံကမှမမှီကြဘူး လေးစားစွာအတုယူကြတာကြာခဲ့ပါပီ ယနေ့ထိပါပဲ ☝️☝️☝️

30/12/2021

🙏 #နှစ်သစ်ဆုမွန်လွှာ 🙏

သာသနာနှစ်_၂၅၆၅ခုနှစ်

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်

မင်္ဂလာရှိသော နှစ်သစ်မှာ

အတွေးအခေါ်အသစ် အမျှော်အမြင်အသစ်

စိတ်သစ်လူသစ် ခွန်အားအသစ်များဖြင့်

မိမိတို့၏ပန်းတိုင်ကိုရရှိအောင်ဆောင်ရွက်နိုင်ကြပြီး

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး

ရောဂါဘယကင်းဝေးပြီး စစ်ဘေးရန် ကပ်ဘေးရန်တို့မှရှောင်ရှားနိုင်ကြ၍

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။


#ဦးစိုးကို_ဒေါ်စိုးစိုးချစ်_ရွှေအိမ်_မိသားစု

13/12/2021

စွန်အသေးအော်ဒါအမှာမိတ်ဆွေ "Customer"များဆီစိမ်စွန် အသေး‌ ရပါပီခင်ဗျာ ပါကင်နဲ့မို့ ပုံမတင်ပြနိုင်တာခွင့်လွှတ်ပါ။

#ရွှေအိမ်_မှ_ကြိုဆိုလျှက်ပါ

 #အားလုံးပဲမင်္ဂလာပါယနေ့တွင်ကျရောက်သောတန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ  #နှလုံးစိတ်၀မ်းကြည်ရွှင်လန်း၍ကောင်းသောလိုအင်ဆန္ဒမ...
18/11/2021


#အားလုံးပဲမင်္ဂလာပါယနေ့တွင်ကျရောက်သောတန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ #နှလုံးစိတ်၀မ်းကြည်ရွှင်လန်း၍ကောင်းသောလိုအင်ဆန္ဒများပြည့်၀ကြပါစေလို့ #ရွှေအိမ်မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

#ရွှေအိမ်မိသားစု


#အားလုံးပဲမဂၤလာပါယေန႔တြင္က်ေရာက္ေသာတန္ေဆာင္မုန္းလျပည့္ေန႔အခါသမယမွာ #ႏွလုံးစိတ္၀မ္းၾကည္ရႊင္လန္း၍ေကာင္းေသာလိုအင္ဆႏၵမ်ားျပည့္၀ၾကပါေစလို႔ #ေရႊအိမ္မိသားစုမွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ခင္ဗ်ာ

#ေရႊအိမ္မိသားစု

"ရွှေအိမ်" စွန် မှန်စာကြိုး ရစ်ဘီး ကလေးကစားစရာအစုံ ရောင်းဝယ်ရေး ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ပျော်ရွင်စရာကောင်းတဲ့ သ...
20/10/2021

"ရွှေအိမ်" စွန် မှန်စာကြိုး ရစ်ဘီး ကလေးကစားစရာအစုံ ရောင်းဝယ်ရေး ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး ပျော်ရွင်စရာကောင်းတဲ့ သီတင်းကျွတ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

#ရွှေအိမ်မိသားစု

 #စွန်လွှတ်ကစားခြင်းမြန်မာနိုင်ငံ၌ မိုးဦးရာသီ နေသာသော သညနေခင်းအချိန် တွင် ကောင်းကင်သို့ ကြည့်လိုက်လျှင် အရောင်မျိုးစုံရှ...
25/09/2021


#စွန်လွှတ်ကစားခြင်း

မြန်မာနိုင်ငံ၌ မိုးဦးရာသီ နေသာသော သညနေခင်းအချိန် တွင် ကောင်းကင်သို့ ကြည့်လိုက်လျှင် အရောင်မျိုးစုံရှိသော စွန် (လေတံခွန်)များကို တွေ့ကြရပေမည်။ ကလေးလူကြီးမရွေး စွန်ကို အပျော်လွှတ်ကစားကြသည်။ စွန်ကို ပုံအမျိုးမျိုးချိုး၍ လုပ်တတ်ရာ အဓိကအားဖြင့် ကုလားစွန်နှင့် မြန်မာစွန်ဟူ၍ နှစ်မျိုးရှိ၏။ ကုလားစွန်မှာ ဝါးခြမ်းတံငယ် နှစ်ချောင်းပါ၍ တစ်ချောင်းကို ကျောရိုးတံအဖြစ် ထားပြီးလျှင် အခြားတစ် ချောင်းကို ပထမဝါးခြမ်းတံ အထက်ပိုင်းနားတွင် ဖြတ်လျက် ကွေးထားသည်။ ကျောရိုးတံ ထိပ်နှစ်ဖက်နှင့် ကိုင်းတံ ထိပ်နှစ် ဖက်တို့ကို အစွန်းလေးဖက် အဖြစ်ထား၍ အရွယ်တော်သင့် အောင် ဖြတ်ထားသော စက္ကူပါးဖြင့် ဝါးခြမ်းတံများပေါ်တွင် ကော်နှင့်ကပ်ထားသည်။ ကျောရိုးတံနှင့် ကိုင်းတံ ဆုံသောနေရာ တွင် တစ်ချက်၊ ကျောရိုးတံပေါ်အောက်ဖက် အလေးချိန်မျှတ စေမည့်နေရာ၌ တစ်ချက်၊ ခွလျက် ဆိုင်းကြိုးတပ်ရသည်။ ယင်းသို့ ဆိုင်းကြိုးတပ်၍ပြီးလျှင် စွန်သည် လွှတ်ရန်အသင့် ဖြစ်သည်။

စွန်လွှတ်နေပုံ သစ်ထွင်းပန်းချီ။
မြန်မာစွန်မှာ ကုလားစွန်မူအတိုင်းပင် ဖြစ်သော်လည်း အနည်းငယ်အနုစိတ်လျက် ပြုလုပ်ထားသည်။ မြန်မာစွန်သည် အပ်ခြည်ကြိုးများနှင့် အရိုးတံများကို ဆိုင်းထားခြင်း၊ အမြီးကို ရိုးရိုးအမြီးမျိုးမဟုတ်ဘဲ၊ ငကြင်းမြီးသဏ္ဌာန်တပ်ထားခြင်း စသည်မျှလောက်သာ ကုလားစွန်နှင့် ခြားနားသည်။ စွန်တွင် အမြီးရှည်ကြီးများ တပ်ပေးခြင်းမှာ လေထဲတွင် ငြိမ်၍နေစေ ရန်ပင်ဖြစ်သည်။ ကုလားစွန်မှာ လေးထောင့်ပုံ မကျတကျ ဖြစ်၍ မြန်မာစွန်၏ပုံမှာ ကုလားစွန်၏ ပုံထက်ရှည်သည်။ ကုလားစွန်သည် လေထဲ၌ ငြိမ်သက်စွာနေသည်။ ထို့ကြောင့် ကုလားစွန်ကို စွန်ဖြတ်ကစားရန် လွတ်ကြပြီးလျှင် မြန်မာစွန် ကိုမူ စိတ်ကူးဉာာဏ်အတိုင်း အမျိုးမျိုးသော ပုံသဏ္ဌာန်ပြုလုပ်၍ အလှလွှတ်ကြလေသည်။

အနောက်နိုင်ငံများတွင် စွန်လုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပေါ့ပါး၍ အကြောဖြောင့်စင်းသည့် သစ်သားတုတ် ချောင်းအရှည်၏ အထက်ပိုင်းခပ်ကျကျနေရာ၌ တုတ်ချောင်း အတိုကို ကန့်လန့်ဖြတ်ထားကာ၊ ဆုံရာနေရာ၌ ခိုင်မြဲစွာ ချည် နှောင်ထားသည်။ တုတ်ချောင်း အစွန်းလေးဖက်ကို ကြိုးများ ဖြင့်ဆက်ကာ ချည်ထားသည်။ ထို့နောက် ကြိုးဘောင်ပုံသဏ္ဌာန် အတိုင်း စက္ကူပါး သို့မဟုတ် အဝတ်ပါးကို အပေါ်မှ ကပ်ပေး သည်။ ဆိုင်းကြိုးတပ်ပုံမှာ တုတ်ချောင်းများ၏ အစွန်းများ၌ တပ်ဆင်ရသည်ဖြစ်၍ ကျွနု်ပ်တို့၏ စွန်များကဲ့သို့ နှစ်ခွမဟုတ် ဘဲ၊ လေးခွဖြစ်လေသည်။

စွန်များ လေထဲ၌ ပျံဝဲပုံမှာ ရွက်လှေ လွှင့်ပုံ၊ လေယာဉ် ပျံသန်းပုံကဲ့သို့ပင် ဖြစ်၏။ အများအားဖြင့် လေသည် မြေပြင် နှင့် မျက်နှာပြင်ညီ တိုက်ခတ်လေ့ရှိ၏။ လေညာမှနေလျက် ရစ်လုံးရှိကြိုးကို ဖြေလျှော့၍ စွန်ကို အထက်သို့လွှတ်လိုက် သောအခါ စွန်၏ အထက်သို့တွန်းတင်ပေးသည်။ ထို့ကြောင့် ပင် စွန်သည် အထက်သို့ မြင့်တက်နိုင်လေသည်။

စွန်လွှတ်ခြင်းမှာ ပျော်ရွှင်မှုသက်သက်အတွက် ကစားရန် သာမဟုတ်၊ သိပ္ပံပညာ၌လည်း အတော်ပင်အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ဘူးလေသည်။ ခရစ် ၁၇၄၉ ခုနှစ်တွင် အက်ဒင်ဗာရာမြို့မှ သိပ္ပံကဝိ တစ်ဦးသည် စွန်၌ အပူချိန်ပြဒါး တိုင်များကို ပူးတွဲ ထည့်ပေးလိုက်ခြင်းဖြင့် အထက်လေယူ၏ အပူချိန်ကို တိုင်းတာနိုင်ခဲ့လေသည်။ ၁၇၅၂ ခုနှစ်တွင် ဗင်ဂျ မင် ဖရန်ကလင်သည် မိုးကြိုး ထစ်ချုန်းနေစဉ်အတွင်း စွန်ကို လျှပ်စစ်ပြက်ရာ တိမ်များဆီသို့ လွှတ်ကြည့်ခြင်းဖြင့် လျှပ်စစ် ပြက်ခြင်းသည်လည်း လျှပ်စစ်ဓာတ်ပင် ဖြစ်ကြောင်းကို သိခဲ့ရ ဘူးသည်။ စွန်များသည် မိုးလေဝသဌာနအတွက် လွန်စွာအသုံး ကျပေသည်။ စွန်တွင် မိုးလေဝသတိုင်းတာသော ကရိယာများ ကို ပူးတွဲတပ်ဆင်ပေးလိုက်ခြင်းဖြင့် အလိုရှိသည့် အတိုင်း အတာများကို သိနိုင်သည်။ ရိုးရိုးစွန်များအပြင် သေတ္တာ ပုံသဏ္ဌာန် စွန်များလည်းရှိသေးသည်။ ထိုစွန်တို့သည် ရိုးရိုးစွန် ထက်ပိုမို၍ လေးလံသောအရာဝတ္ထုတို့ကို သယ်ယူနိုင်လေသည်။ သိပ္ပံပညာ၌ အသုံးပြုသော စွန်များမှာ ကြီးမား၍ အတွဲများကို လည်း ပြုလုပ်ထားတတ်ကြသည်။ ထိုစွန်များကို ၁ဝ မိုင်မျှ ရှည်လျားသော ကြိုးဖြင့် အမြင့် ၅ မိုင် ခန့်တိုင်အောင် လွှတ် နိုင်ပေသည်၊ ကြိုးတံတားများ ပြုလုပ်ရာတွင် မြစ်တစ်ဖက်ကမ်း မှကြိုးကို အခြားတစ်ဖက်ကမ်းသို့ စွန်များဖြင့်ပို့ပေးနိုင်ပေသည်။ စွန်လွှတ်ခြင်းကို ကစားခြင်းတစ်မျိုးဟူ၍ ယူဆကြလေ သည်။ သို့ရာတွင် ရှေးအခါက ကိုရီးယားနိုင်ငံတွင် နှစ်သစ်ကူး အခါများ၌ ဘာသာရေးနှင့်စပ်ဆိုင်သည့် စွန်လွှတ်ပွဲကြီးများကို အကြီးအကျယ်ကျင်းပသော အစဉ်အလာ ရှိခဲ့လေသည်။ တရုတ် နိုင်ငံတွင်လည်း နှစ်တိုင်း ၉ လ၊ ၉ ရက်နေ့သည် စွန်လွှတ်ပွဲ တော်နေ့ဖြစ်လျက် ထိုနေ့ကို အားလပ်ရက် တစ်ရက်အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ၌ စွန်လွှတ်ကြသည်မှာ အလှ လွှတ်ရန်သာမဟုတ်၊ တစွန်နှင့် တစွန်ဖြတ်ရန်လည်း လွှတ်ကြ သည်။ အချို့အရပ်များတွင် စွန်ဖြတ်ပွဲများကို အကြီးအကျယ် ပြုလုပ်လေ့ရှိသည်။ စွန်ဖြတ်ရန် အပ်ခြည်ကြိုးကို မှန်စာရည် ဖြင့် သုတ်လိမ်းပြီးလျှင် အခြောက်ခံထားသည် မှန်စာရည်ကို ဖန်မှုန့်နှင့် ကျွဲကော်ရည် ရောစပ်၍ ဖေါ်ယူသည်။ ထိုကြိုးကို စွန်ချင်းယှဉ်ပြိုင်၍ ဖြတ်ရာတွင် လေညာအရပ်ကို ရအောင်ယူ၍ အခြားစွန်ကြိုးကို ထိုးစိုက်ပြီး ဖြတ်တောက်ကြလေသည်။

Credit . . . ကိုးကား To the original presenter


#စွန်လွှတ်ကစားခြင်း

မြန်မာနိုင်ငံ၌ မိုးဦးရာသီ နေသာသော သညနေခင်းအချိန် တွင် ကောင်းကင်သို့ ကြည့်လိုက်လျှင် အရောင်မျိုးစုံရှိသော စွန် (လေတံခွန်)များကို တွေ့ကြရပေမည်။ ကလေးလူကြီးမရွေး စွန်ကို အပျော်လွှတ်ကစားကြသည်။ စွန်ကို ပုံအမျိုးမျိုးချိုး၍ လုပ်တတ်ရာ အဓိကအားဖြင့် ကုလားစွန်နှင့် မြန်မာစွန်ဟူ၍ နှစ်မျိုးရှိ၏။ ကုလားစွန်မှာ ဝါးခြမ်းတံငယ် နှစ်ချောင်းပါ၍ တစ်ချောင်းကို ကျောရိုးတံအဖြစ် ထားပြီးလျှင် အခြားတစ် ချောင်းကို ပထမဝါးခြမ်းတံ အထက်ပိုင်းနားတွင် ဖြတ်လျက် ကွေးထားသည်။ ကျောရိုးတံ ထိပ်နှစ်ဖက်နှင့် ကိုင်းတံ ထိပ်နှစ် ဖက်တို့ကို အစွန်းလေးဖက် အဖြစ်ထား၍ အရွယ်တော်သင့် အောင် ဖြတ်ထားသော စက္ကူပါးဖြင့် ဝါးခြမ်းတံများပေါ်တွင် ကော်နှင့်ကပ်ထားသည်။ ကျောရိုးတံနှင့် ကိုင်းတံ ဆုံသောနေရာ တွင် တစ်ချက်၊ ကျောရိုးတံပေါ်အောက်ဖက် အလေးချိန်မျှတ စေမည့်နေရာ၌ တစ်ချက်၊ ခွလျက် ဆိုင်းကြိုးတပ်ရသည်။ ယင်းသို့ ဆိုင်းကြိုးတပ်၍ပြီးလျှင် စွန်သည် လွှတ်ရန်အသင့် ဖြစ်သည်။

စွန်လွှတ်နေပုံ သစ်ထွင်းပန်းချီ။
မြန်မာစွန်မှာ ကုလားစွန်မူအတိုင်းပင် ဖြစ်သော်လည်း အနည်းငယ်အနုစိတ်လျက် ပြုလုပ်ထားသည်။ မြန်မာစွန်သည် အပ်ခြည်ကြိုးများနှင့် အရိုးတံများကို ဆိုင်းထားခြင်း၊ အမြီးကို ရိုးရိုးအမြီးမျိုးမဟုတ်ဘဲ၊ ငကြင်းမြီးသဏ္ဌာန်တပ်ထားခြင်း စသည်မျှလောက်သာ ကုလားစွန်နှင့် ခြားနားသည်။ စွန်တွင် အမြီးရှည်ကြီးများ တပ်ပေးခြင်းမှာ လေထဲတွင် ငြိမ်၍နေစေ ရန်ပင်ဖြစ်သည်။ ကုလားစွန်မှာ လေးထောင့်ပုံ မကျတကျ ဖြစ်၍ မြန်မာစွန်၏ပုံမှာ ကုလားစွန်၏ ပုံထက်ရှည်သည်။ ကုလားစွန်သည် လေထဲ၌ ငြိမ်သက်စွာနေသည်။ ထို့ကြောင့် ကုလားစွန်ကို စွန်ဖြတ်ကစားရန် လွတ်ကြပြီးလျှင် မြန်မာစွန် ကိုမူ စိတ်ကူးဉာဏ်အတိုင်း အမျိုးမျိုးသော ပုံသဏ္ဌာန်ပြုလုပ်၍ အလှလွှတ်ကြလေသည်။

အနောက်နိုင်ငံများတွင် စွန်လုပ်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပေါ့ပါး၍ အကြောဖြောင့်စင်းသည့် သစ်သားတုတ် ချောင်းအရှည်၏ အထက်ပိုင်းခပ်ကျကျနေရာ၌ တုတ်ချောင်း အတိုကို ကန့်လန့်ဖြတ်ထားကာ၊ ဆုံရာနေရာ၌ ခိုင်မြဲစွာ ချည် နှောင်ထားသည်။ တုတ်ချောင်း အစွန်းလေးဖက်ကို ကြိုးများ ဖြင့်ဆက်ကာ ချည်ထားသည်။ ထို့နောက် ကြိုးဘောင်ပုံသဏ္ဌာန် အတိုင်း စက္ကူပါး သို့မဟုတ် အဝတ်ပါးကို အပေါ်မှ ကပ်ပေး သည်။ ဆိုင်းကြိုးတပ်ပုံမှာ တုတ်ချောင်းများ၏ အစွန်းများ၌ တပ်ဆင်ရသည်ဖြစ်၍ ကျွန်ုပ်တို့၏ စွန်များကဲ့သို့ နှစ်ခွမဟုတ် ဘဲ၊ လေးခွဖြစ်လေသည်။

စွန်များ လေထဲ၌ ပျံဝဲပုံမှာ ရွက်လှေ လွှင့်ပုံ၊ လေယာဉ် ပျံသန်းပုံကဲ့သို့ပင် ဖြစ်၏။ အများအားဖြင့် လေသည် မြေပြင် နှင့် မျက်နှာပြင်ညီ တိုက်ခတ်လေ့ရှိ၏။ လေညာမှနေလျက် ရစ်လုံးရှိကြိုးကို ဖြေလျှော့၍ စွန်ကို အထက်သို့လွှတ်လိုက် သောအခါ စွန်၏ အထက်သို့တွန်းတင်ပေးသည်။ ထို့ကြောင့် ပင် စွန်သည် အထက်သို့ မြင့်တက်နိုင်လေသည်။

စွန်လွှတ်ခြင်းမှာ ပျော်ရွှင်မှုသက်သက်အတွက် ကစားရန် သာမဟုတ်၊ သိပ္ပံပညာ၌လည်း အတော်ပင်အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်ခဲ့ဘူးလေသည်။ ခရစ် ၁၇၄၉ ခုနှစ်တွင် အက်ဒင်ဗာရာမြို့မှ သိပ္ပံကဝိ တစ်ဦးသည် စွန်၌ အပူချိန်ပြဒါး တိုင်များကို ပူးတွဲ ထည့်ပေးလိုက်ခြင်းဖြင့် အထက်လေယူ၏ အပူချိန်ကို တိုင်းတာနိုင်ခဲ့လေသည်။ ၁၇၅၂ ခုနှစ်တွင် ဗင်ဂျ မင် ဖရန်ကလင်သည် မိုးကြိုး ထစ်ချုန်းနေစဉ်အတွင်း စွန်ကို လျှပ်စစ်ပြက်ရာ တိမ်များဆီသို့ လွှတ်ကြည့်ခြင်းဖြင့် လျှပ်စစ် ပြက်ခြင်းသည်လည်း လျှပ်စစ်ဓာတ်ပင် ဖြစ်ကြောင်းကို သိခဲ့ရ ဘူးသည်။ စွန်များသည် မိုးလေဝသဌာနအတွက် လွန်စွာအသုံး ကျပေသည်။ စွန်တွင် မိုးလေဝသတိုင်းတာသော ကရိယာများ ကို ပူးတွဲတပ်ဆင်ပေးလိုက်ခြင်းဖြင့် အလိုရှိသည့် အတိုင်း အတာများကို သိနိုင်သည်။ ရိုးရိုးစွန်များအပြင် သေတ္တာ ပုံသဏ္ဌာန် စွန်များလည်းရှိသေးသည်။ ထိုစွန်တို့သည် ရိုးရိုးစွန် ထက်ပိုမို၍ လေးလံသောအရာဝတ္ထုတို့ကို သယ်ယူနိုင်လေသည်။ သိပ္ပံပညာ၌ အသုံးပြုသော စွန်များမှာ ကြီးမား၍ အတွဲများကို လည်း ပြုလုပ်ထားတတ်ကြသည်။ ထိုစွန်များကို ၁ဝ မိုင်မျှ ရှည်လျားသော ကြိုးဖြင့် အမြင့် ၅ မိုင် ခန့်တိုင်အောင် လွှတ် နိုင်ပေသည်၊ ကြိုးတံတားများ ပြုလုပ်ရာတွင် မြစ်တစ်ဖက်ကမ်း မှကြိုးကို အခြားတစ်ဖက်ကမ်းသို့ စွန်များဖြင့်ပို့ပေးနိုင်ပေသည်။ စွန်လွှတ်ခြင်းကို ကစားခြင်းတစ်မျိုးဟူ၍ ယူဆကြလေ သည်။ သို့ရာတွင် ရှေးအခါက ကိုရီးယားနိုင်ငံတွင် နှစ်သစ်ကူး အခါများ၌ ဘာသာရေးနှင့်စပ်ဆိုင်သည့် စွန်လွှတ်ပွဲကြီးများကို အကြီးအကျယ်ကျင်းပသော အစဉ်အလာ ရှိခဲ့လေသည်။ တရုတ် နိုင်ငံတွင်လည်း နှစ်တိုင်း ၉ လ၊ ၉ ရက်နေ့သည် စွန်လွှတ်ပွဲ တော်နေ့ဖြစ်လျက် ထိုနေ့ကို အားလပ်ရက် တစ်ရက်အဖြစ် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံ၌ စွန်လွှတ်ကြသည်မှာ အလှ လွှတ်ရန်သာမဟုတ်၊ တစွန်နှင့် တစွန်ဖြတ်ရန်လည်း လွှတ်ကြ သည်။ အချို့အရပ်များတွင် စွန်ဖြတ်ပွဲများကို အကြီးအကျယ် ပြုလုပ်လေ့ရှိသည်။ စွန်ဖြတ်ရန် အပ်ခြည်ကြိုးကို မှန်စာရည် ဖြင့် သုတ်လိမ်းပြီးလျှင် အခြောက်ခံထားသည် မှန်စာရည်ကို ဖန်မှုန့်နှင့် ကျွဲကော်ရည် ရောစပ်၍ ဖေါ်ယူသည်။ ထိုကြိုးကို စွန်ချင်းယှဉ်ပြိုင်၍ ဖြတ်ရာတွင် လေညာအရပ်ကို ရအောင်ယူ၍ အခြားစွန်ကြိုးကို ထိုးစိုက်ပြီး ဖြတ်တောက်ကြလေသည်။

Credit . . . ကိုးကား To the original presenter

 #စွန်လွှတ်ခြင်းသမိုင်းကျွန်တော်တို့ငယ်ငယ်က နွေရာသီဆိုလျှင် စွန်များ လွှတ်ကြသည်။ နွေကာလများသည် ကျွန်တော်တို့ ကလေးဘဝများအ...
25/09/2021


#စွန်လွှတ်ခြင်းသမိုင်း

ကျွန်တော်တို့ငယ်ငယ်က နွေရာသီဆိုလျှင် စွန်များ လွှတ်ကြသည်။ နွေကာလများသည် ကျွန်တော်တို့ ကလေးဘဝများအတွက် အားလပ်ကြသကဲ့သို့ စွန်လွှတ်၍ကောင်းသော တောင်ပြန်လေညင်းများကလည်း တိုက်ခတ်တတ်သေးသည်။ ဆောင်းဟေမန္တ၏ မြောက်ပြန်လေသည် အေး၏။ ကြမ်း၏။ နှင်းငွေ့များ ပါလာတတ်၍ စို၏။ စွတ်၏။ စွန်လွှတ်၍ မကောင်း။ မိုးကာလတွင်း တိုက်ခတ်သက်ဆင်းသော မုတ်သုံလေများကလည်း ထိုနည်းနှင်နှင်ဖြစ်၏။ မိုးငွေ့မိုးစက်တို့ ပါလာသည်ဖြစ်၍ စက္ကူစွန်နှင့် မသင့်။ ထိုအနောက်တောင် မုတ်သုံလေက ကျွန်တော်တို့ စက္ကူစွန်လေးများကို ပို၍ပင် ကြမ်းကြမ်းရှရှ နမ်းပြတတ်သည်ပင်။

သို့သော် နွေဦး၏ လေပြည်သည်ကား ထိုသို့မဟုတ်။ တစ်ခါတစ်ရံ မသိမ့်တသိမ့်၊ မဝေ့တဝေ့ တိုက်ခတ်လေ့ရှိသော်ငြား တစ်ခါတစ်ခေါက်၌ ဝိုက်ဝိုက်ဝဲ၀ဲ၊ ကလည်ကလည်လည်း တိုးဝှေ့တတ်ပြန်သည်။ ရံဖန်ရံခါကျတော့ လုံးလုံးဖန်ဖန် ရပ်တန့်နေတတ်ပြန်သော်ငြား ကျွန်တော်တို့အတွက်တော့ နွေသည် စွန်လွှတ်ရာသီ ဧကန်အမှန်ဖြစ်ခဲ့ပါသည်။

ထိုကာလအတွင်း နှုတ်ခမ်းလေးထော်ကာ လေလေးကို ချွန်၍ လေကိုခေါ်ရသည့် အခါနှင့် ကြုံရလျှင်လည်း ပျော်သည်။ လေတဖြူးဖြူးအပြင် လေရူးလေးများနှင့် တိုးလျှင်လည်း ကျေနပ်သည်။ ထိုလေသည် ကျွန်တော်တို့ စက္ကူစွန်လေးများကို အထက်မြင့်မြင့်သို့ သယ်ဆောင်ပေးခဲ့သည် မဟုတ်လား။ ထိုနွေလေကပင် ကျွန်တော်တို့အတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့ပါသည်။ နွေလေကို ခိုလျက် ကျွန်တော်တို့လွှတ်တင်သော စက္ကူစွန်လေးများသည် အမြင့်မှာ ဝေ့ခဲ့ကြပါ၏။ ဝဲခဲ့ကြပါ၏။
သို့သော် နွေကိုခိုသော စက္ကူစွန်လေးများကို လွှတ်သည့် ကလေးတစ်သိုက်...၊ တောင်လေကိုခိုသော ရောင်စုံစက္ကူစွန်လေးများ...၊ စွန်ကြိုးပြတ်လေးများကို လိုက်လုကြသော ဝါးလုံးကိုင် စွန်လုသမားလေးများ... ခုတစ်လော အတွေ့ရနည်းသွားပါသည်။ ခေတ်အလို၏အောက်၌ စွန်လွှတ်ခြင်းဓလေ့များ ဒူးထောက်ကျသွားပြီလား။ ခေတ်ရေစီးကြောင်းအောက်မှာ စုန်းစုန်းမြုပ်သွားပြီလား။

ဟိုတလောကတော့ စွန်လွှတ်ကလေးတစ်သိုက်နှင့် စွန်လုကလေးတစ်အုပ်တို့ကို ခဏလောက်လေး ဖျပ်ခနဲ တွေ့မြင်လိုက်ရပါသည်။ သို့သော် ဖျပ်ခနဲဆိုမှ တကယ့်ကို ဖျပ်ခနဲပင်။ ဖျပ်ခနဲအပြင် သူတို့ စွန်လွှတ်နေသည်က ဆောင်း။ ဟေမန္တဥတု။ မြက်ဖျား၌ နှင်းတို့ စိုနေသည်။ ဟေမန္တ၏ လေက ကြမ်းရှနေသည်။ သို့သော် သူတို့က ရာသီဒဏ်ကို မမှု။ မျက်ကွယ်ပြုရင်း အမြင့်ထက်က စက္ကူစွန်ကို လိုရာမောင်းနှင်ရန် ကြိုးစားနေကြသည်။ နှင်းစို၍ စက္ကူစွန်ပြဲလျှင်လည်း နောက်ထပ် စက္ကူစွန်သစ်ကို အစားထုတ်၍ မဲစာကြိုးကို တင်းကြသည်။

(နှစ်)
စက္ကူစွန်များက တစ်စွန်ချင်းဝယ်လျှင် တစ်ရာ။ နှစ်ရာဖိုးဝယ်လျှင် သုံးစွန်။ ငါးရာဖိုး ၁၀ စွန်နှင့် ဝယ်လာသူလည်း ရှိသည်။ ကျွန်တော်တို့တုန်းကတော့ စက္ကူစွန်တစ်စွန်ကို ပြား ၂၀၊ ပြား ၃၀။ ကျွန်တော်ကတော့ တစ်စွန်တည်း ဝယ်ပြီးပဲ လွှတ်သည်။ စွန်လွှတ်သင်စမှာ အမြီးတပ်လွှတ်သည်။ အခြားစွန်များကို မတိုက်။ အခြားစွန်နောက် မလိုက်။ ပျော်ရုံသက်သက်နှင့် စွန်လွှတ်တတ်ရန် လေ့ကျင့်ရုံသက်သက်သာဖြစ်သည်။ စွန်လွှတ်တတ်သွားသောအခါကျမှသာ အမြီးမပါဘဲ လွှတ်သည်။ သူတစ်ပါးစွန်နှင့် တိုက်ဖြတ်သည်။ ထို့အတွက် မှန်စာကြိုးဆိုသည်က လိုအပ်လာသည်။ မှန်စာတိုက်ကြသည်။ မှန်စာတိုက်ရန် ကျွန်တော်တို့ ဖန်မီးချောင်း အဟောင်းများကို ရှာရ၏။ ဖန်မီးချောင်းဆိုသည်က ထိုခေတ် ထိုအခါက တော်တော်ရှားသည်ဟု ပြောရမည်။ ဘာ့ကြောင့်ဟူ၍ မသိ။ ထိုအချိန်ကာလများက နှစ်ဆယ်ဝပ်၊ လေးဆယ်ဝပ် မီးသီးများသာ အသုံးများကြသည်။ နောက်မှ လျှပ်စစ်မီးအကြောင်းလေး နည်နည်းပါးပါး တီးခေါက်မိမှ မီးအားမပြည့်သောကြောင့်ဟု သိရသည်။

ထို့ကြောင့်ပင်ထင်၏။ ကျွန်တော်တို့ အိမ်၊ အိမ်မှူးခန်းမှ တစ်ချောင်းတည်းသော လေးပေချောင်းသည် မီးသီးတစ်လုံးဖြင့် တွဲချူမှသာ မျက်တောင်တဖျပ်ဖျပ် ခတ်တတ်သည်။ သို့တိုင် လင်းသည်မဟုတ်။ တဖျပ်ဖျပ် ခတ်ရုံလောက်သာ။ မီးချောင်းလင်းချိန်ဆိုသည်မှာ တွေ့ရခဲ၏။ ထို့ကြောင့်လည်း မီးချောင်းကျွမ်းသည်ဟူသည် သိပ်မရှိ။ မရှိတော့ မီးချောင်းအကျွမ်းကို မတွေ့ရ။ တွေ့သည့် မီးသီးအကျွမ်းဖြင့်ပင် မှန်စာထောင်းကြသည်။ မှန်စာမှုန့် လုပ်ကြသည်။ ထိုမှန်စာ ကြိုးဖြင့်ပင် စွန်တိုက်ကြ၏။ တိုက်သည့်အခါ ကိုယ်ပြတ်သည့်အလှည့်လည်း ရှိ၏။ ကိုယ်နိုင်သည့် အခါလည်း ကြုံသည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်တော် ပျော်ခဲ့ပါသည်။ နောက်ဆုံး စက္ကူစွန်ကို ရုပ်၍ မိုးချုပ်အိမ်ပြန်ပြီဆိုသည်အထိ ကျွန်တော်အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းများ ပျော်ခဲ့ကြပါသည်။

(သုံး)
သို့သော် စက္ကူစွန်မလွှတ်တော့သည့် ယခုအချိန်မှာကော...။ ကျွန်တော်သည် စက္ကူစွန်အစား ဘဝစွန်ကို လွှတ်တင်နေပါသည်။ ကျွန်တော့်ဘ၀ စက္ကူစွန်သည် လောကလေကြောတွင် မျောလျက်။ တလည်လည်၊ တလူလူ ဖြစ်၍နေလေသည်။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာသို့လိုက်ကာ ဘယ်သို့ ယိမ်းဆိုလျှင် ကျွန်တော် ညာသို့ မယိမ်းရဲ။ ညာသို့ ဆိုလာလျှင်လည်း ကျွန်တော်သည် ဘယ်သို့ မယိမ်းရဲပြန်။ ကံဇာတ်ဆရာက လျှော့လျှင် တလည်လည်ဖြစ်လျက် ကံဇာတ်ဆရာက တင်းလျှင် တထောင်ထောင် လွင့်ခဲ့ရပါသည်။ ထိုသို့မှမဟုတ်ဘဲ တစ်ဖက်စွန်နှင့် တိုက်စရာ ကြုံလျှင်လည်း တိုက်ကြရပြန်သည်။ ယှဉ်စရာ တွေ့လျှင်လည်း ယှဉ်ကြရ၏။ မင်စရာ တွေ့လျှင်လည်း မင်ကြရ၏။

သို့သော် ဘဝစက္ကူစွန်ကား ငယ်ငယ်က လွှတ်တင်ခဲ့သည့် စွန်နှင့်တော့ မတူတော့။ စား၊ ဝတ်၊ နေရေးဟူသော မျက်နှာစာများဖြင့် ဘဝစွန်ကို လောကလေပေါ်မှာ တလည်လည် လွှင့်နေရသည်မှာ ပျော်စရာမဟုတ်တော့။ ဘဝစက္ကူစွန်အတွက် ကျွန်တော်တို့ စိတ်မောနေကြရသည်။ အကြောင်းမူ ကျွန်တော်တို့က ဘဝစွန်ကို ပိုပိုသာသာရာဖြတ်ခဲ့ကြသည် မဟုတ်လား။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ ဘဝစက္ကူစွန်ကို ကျွန်တော်တို့ ပို၍ပို၍ မက်မက်စက်စက် ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုတပ်မက်ခြင်းသည်ကား နှယ်နှယ်ရရ မဟုတ်။ ကုသလနှင့် အကုသလတို့ကို မပိုင်းခြားတတ်။ ဓမ္မနှင့် အဓမ္မတို့ကို မခွဲခြားတတ်။ ထိုအခြေအနေသို့ ဆိုက်ရောက်သွားရသည့်တိုင်အောင် ဘဝစွန်ကို တွယ်တာသွားခဲ့ကြပါ၏။ အကြောင်းနှင့်အကျိုး အဆက်အစပ်ကို မသိမမြင်နိုင်သည်အထိ ဖြစ်အောင်လည်း စုံလုံးကန်းခဲ့ကြ၏။

ငယ်ငယ်က လွှတ်တင်ခဲ့သည့် စက္ကူစွန်။ ယခု လွှတ်တင်နေသော ဘဝစက္ကူစွန်။ ထိုနှစ်ခုတို့သည် များစွာခြားနားသွားလေသည်။ စက္ကူစွန်လေး ပြတ်သွားသောအခါ ကျွန်တော်တို့ ရယ်နိုင်ခဲ့ကြသော်ငြား လောကဗလာနယ်ထဲက ဘဝစက္ကူစွန်လေး၏ အဖြစ်ကို ကျွန်တော်တို့ လေလေးတချွန်ချွန်နှင့် စိတ်မအေးနိုင်ခဲ့ကြပေ။ ကြိုးမဲ့ ဘဝစက္ကူစွန်လေး၏ အဖြစ်ဆိုလျှင်ကား မတွေးကြည့်ရဲလောက်အောင်ကို လှိုက်မောကြပေလိမ့်မည်။ ဘဝစက္ကူစွန်နှင့် ဆော့ကစားသည့် စက္ကူစွန်ကို ဘယ်လိုမှ တူသည်ဟု မြင်နိုင်ကြလိမ့်မည် မဟုတ်ပါ။ တကယ်တမ်းက ငယ်ငယ်က လွှတ်တင်ခဲ့သည့် စက္ကူစွန်နှင့် ယခုလွှတ်တင်နေသော ဘဝစက္ကူစွန်တို့၌ တူသည်ဟု ဆိုနိုင်သောအရာက ရှိနေပါသည်။ ယင်းကား အခြားမဟုတ်။ နေဝင်ချိန် စွန်ကိုရုပ်၍ အိမ်ပြန်ကြရတော့မည့် အပျက်သဘောပင်ဖြစ်၏။

(လေး)
ထိုအချိန်၌ ကျွန်တော်တို့သည် သတိတရားတစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြု၍ ဖြတ်သန်းနိုင်ကြပါမည်လော။ သမုဒယနှောင်ကြိုးကို ဖြတ်တောက်၍ လွတ်မြောက်မှုရသကို ကျွန်တော်တို့ ရပါမည်လော။ ကျွန်တော်တို့၏ ဘဝစက္ကူစွန်လေးကို ပျော်ရွှင်စွာ ရုပ်သိမ်း၍ အိမ်ပြန်ခဲ့ကြစေချင်ပါသည်။ အကြောင်းမူ တမလွန်မှ တစ်ခုခုသည် ကျွန်တော်တို့ ယူဆောင်လာသော အခြင်းအရာပေါ် မူတည်လျက် စောင့်ကြိုနေသောကြောင့် ဖြစ်ပါလေတော့သတည်း။

Credit . . . To the original presenter


#စြန္လႊတ္ျခင္းသမိုင္း

ကြၽန္ေတာ္တို႔ငယ္ငယ္က ေႏြရာသီဆိုလွ်င္ စြန္မ်ား လႊတ္ၾကသည္။ ေႏြကာလမ်ားသည္ ကြၽန္ေတာ္တို႔ ကေလးဘဝမ်ားအတြက္ အားလပ္ၾကသကဲ့သို႔ စြန္လႊတ္၍ေကာင္းေသာ ေတာင္ျပန္ေလညင္းမ်ားကလည္း တိုက္ခတ္တတ္ေသးသည္။ ေဆာင္းေဟမႏၲ၏ ေျမာက္ျပန္ေလသည္ ေအး၏။ ၾကမ္း၏။ ႏွင္းေငြ႕မ်ား ပါလာတတ္၍ စို၏။ စြတ္၏။ စြန္လႊတ္၍ မေကာင္း။ မိုးကာလတြင္း တိုက္ခတ္သက္ဆင္းေသာ မုတ္သုံေလမ်ားကလည္း ထိုနည္းႏွင္ႏွင္ျဖစ္၏။ မိုးေငြ႕မိုးစက္တို႔ ပါလာသည္ျဖစ္၍ စကၠဴစြန္ႏွင့္ မသင့္။ ထိုအေနာက္ေတာင္ မုတ္သုံေလက ကြၽန္ေတာ္တို႔ စကၠဴစြန္ေလးမ်ားကို ပို၍ပင္ ၾကမ္းၾကမ္းရွရွ နမ္းျပတတ္သည္ပင္။

သို႔ေသာ္ ေႏြဦး၏ ေလျပည္သည္ကား ထိုသို႔မဟုတ္။ တစ္ခါတစ္ရံ မသိမ့္တသိမ့္၊ မေဝ့တေဝ့ တိုက္ခတ္ေလ့ရွိေသာ္ျငား တစ္ခါတစ္ေခါက္၌ ဝိုက္ဝိုက္ဝဲ၀ဲ၊ ကလည္ကလည္လည္း တိုးေဝွ႔တတ္ျပန္သည္။ ရံဖန္ရံခါက်ေတာ့ လုံးလုံးဖန္ဖန္ ရပ္တန္႔ေနတတ္ျပန္ေသာ္ျငား ကြၽန္ေတာ္တို႔အတြက္ေတာ့ ေႏြသည္ စြန္လႊတ္ရာသီ ဧကန္အမွန္ျဖစ္ခဲ့ပါသည္။

ထိုကာလအတြင္း ႏႈတ္ခမ္းေလးေထာ္ကာ ေလေလးကို ခြၽန္၍ ေလကိုေခၚရသည့္ အခါႏွင့္ ႀကဳံရလွ်င္လည္း ေပ်ာ္သည္။ ေလတျဖဴးျဖဴးအျပင္ ေလ႐ူးေလးမ်ားႏွင့္ တိုးလွ်င္လည္း ေက်နပ္သည္။ ထိုေလသည္ ကြၽန္ေတာ္တို႔ စကၠဴစြန္ေလးမ်ားကို အထက္ျမင့္ျမင့္သို႔ သယ္ေဆာင္ေပးခဲ့သည္ မဟုတ္လား။ ထိုေႏြေလကပင္ ကြၽန္ေတာ္တို႔အတြက္ ေပ်ာ္ရႊင္စရာ ျဖစ္ခဲ့ပါသည္။ ေႏြေလကို ခိုလ်က္ ကြၽန္ေတာ္တို႔လႊတ္တင္ေသာ စကၠဴစြန္ေလးမ်ားသည္ အျမင့္မွာ ေဝ့ခဲ့ၾကပါ၏။ ဝဲခဲ့ၾကပါ၏။
သို႔ေသာ္ ေႏြကိုခိုေသာ စကၠဴစြန္ေလးမ်ားကို လႊတ္သည့္ ကေလးတစ္သိုက္...၊ ေတာင္ေလကိုခိုေသာ ေရာင္စုံစကၠဴစြန္ေလးမ်ား...၊ စြန္ႀကိဳးျပတ္ေလးမ်ားကို လိုက္လုၾကေသာ ဝါးလုံးကိုင္ စြန္လုသမားေလးမ်ား... ခုတစ္ေလာ အေတြ႕ရနည္းသြားပါသည္။ ေခတ္အလို၏ေအာက္၌ စြန္လႊတ္ျခင္းဓေလ့မ်ား ဒူးေထာက္က်သြားၿပီလား။ ေခတ္ေရစီးေၾကာင္းေအာက္မွာ စုန္းစုန္းျမဳပ္သြားၿပီလား။

ဟိုတေလာကေတာ့ စြန္လႊတ္ကေလးတစ္သိုက္ႏွင့္ စြန္လုကေလးတစ္အုပ္တို႔ကို ခဏေလာက္ေလး ဖ်ပ္ခနဲ ေတြ႕ျမင္လိုက္ရပါသည္။ သို႔ေသာ္ ဖ်ပ္ခနဲဆိုမွ တကယ့္ကို ဖ်ပ္ခနဲပင္။ ဖ်ပ္ခနဲအျပင္ သူတို႔ စြန္လႊတ္ေနသည္က ေဆာင္း။ ေဟမႏၲဥတု။ ျမက္ဖ်ား၌ ႏွင္းတို႔ စိုေနသည္။ ေဟမႏၲ၏ ေလက ၾကမ္းရွေနသည္။ သို႔ေသာ္ သူတို႔က ရာသီဒဏ္ကို မမႈ။ မ်က္ကြယ္ျပဳရင္း အျမင့္ထက္က စကၠဴစြန္ကို လိုရာေမာင္းႏွင္ရန္ ႀကိဳးစားေနၾကသည္။ ႏွင္းစို၍ စကၠဴစြန္ၿပဲလွ်င္လည္း ေနာက္ထပ္ စကၠဴစြန္သစ္ကို အစားထုတ္၍ မဲစာႀကိဳးကို တင္းၾကသည္။

(ႏွစ္)
စကၠဴစြန္မ်ားက တစ္စြန္ခ်င္းဝယ္လွ်င္ တစ္ရာ။ ႏွစ္ရာဖိုးဝယ္လွ်င္ သုံးစြန္။ ငါးရာဖိုး ၁၀ စြန္ႏွင့္ ဝယ္လာသူလည္း ရွိသည္။ ကြၽန္ေတာ္တို႔တုန္းကေတာ့ စကၠဴစြန္တစ္စြန္ကို ျပား ၂၀၊ ျပား ၃၀။ ကြၽန္ေတာ္ကေတာ့ တစ္စြန္တည္း ဝယ္ၿပီးပဲ လႊတ္သည္။ စြန္လႊတ္သင္စမွာ အၿမီးတပ္လႊတ္သည္။ အျခားစြန္မ်ားကို မတိုက္။ အျခားစြန္ေနာက္ မလိုက္။ ေပ်ာ္႐ုံသက္သက္ႏွင့္ စြန္လႊတ္တတ္ရန္ ေလ့က်င့္႐ုံသက္သက္သာျဖစ္သည္။ စြန္လႊတ္တတ္သြားေသာအခါက်မွသာ အၿမီးမပါဘဲ လႊတ္သည္။ သူတစ္ပါးစြန္ႏွင့္ တိုက္ျဖတ္သည္။ ထို႔အတြက္ မွန္စာႀကိဳးဆိုသည္က လိုအပ္လာသည္။ မွန္စာတိုက္ၾကသည္။ မွန္စာတိုက္ရန္ ကြၽန္ေတာ္တို႔ ဖန္မီးေခ်ာင္း အေဟာင္းမ်ားကို ရွာရ၏။ ဖန္မီးေခ်ာင္းဆိုသည္က ထိုေခတ္ ထိုအခါက ေတာ္ေတာ္ရွားသည္ဟု ေျပာရမည္။ ဘာ့ေၾကာင့္ဟူ၍ မသိ။ ထိုအခ်ိန္ကာလမ်ားက ႏွစ္ဆယ္ဝပ္၊ ေလးဆယ္ဝပ္ မီးသီးမ်ားသာ အသုံးမ်ားၾကသည္။ ေနာက္မွ လွ်ပ္စစ္မီးအေၾကာင္းေလး နည္နည္းပါးပါး တီးေခါက္မိမွ မီးအားမျပည့္ေသာေၾကာင့္ဟု သိရသည္။

ထို႔ေၾကာင့္ပင္ထင္၏။ ကြၽန္ေတာ္တို႔ အိမ္၊ အိမ္မွဴးခန္းမွ တစ္ေခ်ာင္းတည္းေသာ ေလးေပေခ်ာင္းသည္ မီးသီးတစ္လုံးျဖင့္ တြဲခ်ဴမွသာ မ်က္ေတာင္တဖ်ပ္ဖ်ပ္ ခတ္တတ္သည္။ သို႔တိုင္ လင္းသည္မဟုတ္။ တဖ်ပ္ဖ်ပ္ ခတ္႐ုံေလာက္သာ။ မီးေခ်ာင္းလင္းခ်ိန္ဆိုသည္မွာ ေတြ႕ရခဲ၏။ ထို႔ေၾကာင့္လည္း မီးေခ်ာင္းကြၽမ္းသည္ဟူသည္ သိပ္မရွိ။ မရွိေတာ့ မီးေခ်ာင္းအကြၽမ္းကို မေတြ႕ရ။ ေတြ႕သည့္ မီးသီးအကြၽမ္းျဖင့္ပင္ မွန္စာေထာင္းၾကသည္။ မွန္စာမႈန္႔ လုပ္ၾကသည္။ ထိုမွန္စာ ႀကိဳးျဖင့္ပင္ စြန္တိုက္ၾက၏။ တိုက္သည့္အခါ ကိုယ္ျပတ္သည့္အလွည့္လည္း ရွိ၏။ ကိုယ္ႏိုင္သည့္ အခါလည္း ႀကဳံသည္။ ဘယ္လိုပင္ျဖစ္ျဖစ္ ကြၽန္ေတာ္ ေပ်ာ္ခဲ့ပါသည္။ ေနာက္ဆုံး စကၠဴစြန္ကို ႐ုပ္၍ မိုးခ်ဳပ္အိမ္ျပန္ၿပီဆိုသည္အထိ ကြၽန္ေတာ္အပါအဝင္ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းမ်ား ေပ်ာ္ခဲ့ၾကပါသည္။

(သုံး)
သို႔ေသာ္ စကၠဴစြန္မလႊတ္ေတာ့သည့္ ယခုအခ်ိန္မွာေကာ...။ ကြၽန္ေတာ္သည္ စကၠဴစြန္အစား ဘဝစြန္ကို လႊတ္တင္ေနပါသည္။ ကြၽန္ေတာ့္ဘ၀ စကၠဴစြန္သည္ ေလာကေလေၾကာတြင္ ေမ်ာလ်က္။ တလည္လည္၊ တလူလူ ျဖစ္၍ေနေလသည္။ ကံဇာတ္ဆရာ၏ ႀကိဳးဆြဲရာသို႔လိုက္ကာ ဘယ္သို႔ ယိမ္းဆိုလွ်င္ ကြၽန္ေတာ္ ညာသို႔ မယိမ္းရဲ။ ညာသို႔ ဆိုလာလွ်င္လည္း ကြၽန္ေတာ္သည္ ဘယ္သို႔ မယိမ္းရဲျပန္။ ကံဇာတ္ဆရာက ေလွ်ာ့လွ်င္ တလည္လည္ျဖစ္လ်က္ ကံဇာတ္ဆရာက တင္းလွ်င္ တေထာင္ေထာင္ လြင့္ခဲ့ရပါသည္။ ထိုသို႔မွမဟုတ္ဘဲ တစ္ဖက္စြန္ႏွင့္ တိုက္စရာ ႀကဳံလွ်င္လည္း တိုက္ၾကရျပန္သည္။ ယွဉ္စရာ ေတြ႕လွ်င္လည္း ယွဉ္ၾကရ၏။ မင္စရာ ေတြ႕လွ်င္လည္း မင္ၾကရ၏။

သို႔ေသာ္ ဘဝစကၠဴစြန္ကား ငယ္ငယ္က လႊတ္တင္ခဲ့သည့္ စြန္ႏွင့္ေတာ့ မတူေတာ့။ စား၊ ဝတ္၊ ေနေရးဟူေသာ မ်က္ႏွာစာမ်ားျဖင့္ ဘဝစြန္ကို ေလာကေလေပၚမွာ တလည္လည္ လႊင့္ေနရသည္မွာ ေပ်ာ္စရာမဟုတ္ေတာ့။ ဘဝစကၠဴစြန္အတြက္ ကြၽန္ေတာ္တို႔ စိတ္ေမာေနၾကရသည္။ အေၾကာင္းမူ ကြၽန္ေတာ္တို႔က ဘဝစြန္ကို ပိုပိုသာသာရာျဖတ္ခဲ့ၾကသည္ မဟုတ္လား။ ထို႔ေၾကာင့္ပင္ ကြၽန္ေတာ္တို႔၏ ဘဝစကၠဴစြန္ကို ကြၽန္ေတာ္တို႔ ပို၍ပို၍ မက္မက္စက္စက္ ရွိခဲ့ၾကျခင္းျဖစ္သည္။ ထိုတပ္မက္ျခင္းသည္ကား ႏွယ္ႏွယ္ရရ မဟုတ္။ ကုသလႏွင့္ အကုသလတို႔ကို မပိုင္းျခားတတ္။ ဓမၼႏွင့္ အဓမၼတို႔ကို မခြဲျခားတတ္။ ထိုအေျခအေနသို႔ ဆိုက္ေရာက္သြားရသည့္တိုင္ေအာင္ ဘဝစြန္ကို တြယ္တာသြားခဲ့ၾကပါ၏။ အေၾကာင္းႏွင့္အက်ိဳး အဆက္အစပ္ကို မသိမျမင္ႏိုင္သည္အထိ ျဖစ္ေအာင္လည္း စုံလုံးကန္းခဲ့ၾက၏။

ငယ္ငယ္က လႊတ္တင္ခဲ့သည့္ စကၠဴစြန္။ ယခု လႊတ္တင္ေနေသာ ဘဝစကၠဴစြန္။ ထိုႏွစ္ခုတို႔သည္ မ်ားစြာျခားနားသြားေလသည္။ စကၠဴစြန္ေလး ျပတ္သြားေသာအခါ ကြၽန္ေတာ္တို႔ ရယ္ႏိုင္ခဲ့ၾကေသာ္ျငား ေလာကဗလာနယ္ထဲက ဘဝစကၠဴစြန္ေလး၏ အျဖစ္ကို ကြၽန္ေတာ္တို႔ ေလေလးတခြၽန္ခြၽန္ႏွင့္ စိတ္မေအးႏိုင္ခဲ့ၾကေပ။ ႀကိဳးမဲ့ ဘဝစကၠဴစြန္ေလး၏ အျဖစ္ဆိုလွ်င္ကား မေတြးၾကည့္ရဲေလာက္ေအာင္ကို လႈိက္ေမာၾကေပလိမ့္မည္။ ဘဝစကၠဴစြန္ႏွင့္ ေဆာ့ကစားသည့္ စကၠဴစြန္ကို ဘယ္လိုမွ တူသည္ဟု ျမင္ႏိုင္ၾကလိမ့္မည္ မဟုတ္ပါ။ တကယ္တမ္းက ငယ္ငယ္က လႊတ္တင္ခဲ့သည့္ စကၠဴစြန္ႏွင့္ ယခုလႊတ္တင္ေနေသာ ဘဝစကၠဴစြန္တို႔၌ တူသည္ဟု ဆိုႏိုင္ေသာအရာက ရွိေနပါသည္။ ယင္းကား အျခားမဟုတ္။ ေနဝင္ခ်ိန္ စြန္ကို႐ုပ္၍ အိမ္ျပန္ၾကရေတာ့မည့္ အပ်က္သေဘာပင္ျဖစ္၏။

(ေလး)
ထိုအခ်ိန္၌ ကြၽန္ေတာ္တို႔သည္ သတိတရားတစ္ခုကို ဆုပ္ဆုပ္ကိုင္ကိုင္ျပဳ၍ ျဖတ္သန္းႏိုင္ၾကပါမည္ေလာ။ သမုဒယေႏွာင္ႀကိဳးကို ျဖတ္ေတာက္၍ လြတ္ေျမာက္မႈရသကို ကြၽန္ေတာ္တို႔ ရပါမည္ေလာ။ ကြၽန္ေတာ္တို႔၏ ဘဝစကၠဴစြန္ေလးကို ေပ်ာ္ရႊင္စြာ ႐ုပ္သိမ္း၍ အိမ္ျပန္ခဲ့ၾကေစခ်င္ပါသည္။ အေၾကာင္းမူ တမလြန္မွ တစ္ခုခုသည္ ကြၽန္ေတာ္တို႔ ယူေဆာင္လာေသာ အျခင္းအရာေပၚ မူတည္လ်က္ ေစာင့္ႀကိဳေနေသာေၾကာင့္ ျဖစ္ပါေလေတာ့သတည္း။

Credit . . . To the original presenter

Address

Mandalay
NO

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ရွှေအိမ် စွန် မှန်စာကြိုး ရစ်ဘီး ရောင်း"ဝယ်"ရေး" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share