Shwesinmin Black Teak Beads

Shwesinmin Black Teak Beads ရွှေဆင်မင်းကျွန်းနက်ပုတီးစစ်စစ်ရောင်းဝယ်ရေး

ကျွန်းနက်ပုတီး📿ကျွန်းနက်သားနှင့် ဂုဏ်တော်ကိုးပါးပွားများပါကလာဘ်ရွှင်စေသည်။ 📿ဒိဝါတပတိဂါထာကဲ့သို့ ငွေဝင် လာဘ်ရွှင်ဂါထာတွေက...
10/02/2024

ကျွန်းနက်ပုတီး
📿ကျွန်းနက်သားနှင့် ဂုဏ်တော်ကိုးပါးပွားများပါက
လာဘ်ရွှင်စေသည်။
📿ဒိဝါတပတိဂါထာကဲ့သို့ ငွေဝင် လာဘ်ရွှင်ဂါထာတွေကို
ပုတီးစိပ်သင့်ပါသည်။
📿သိမ်ဝင်ခြင်း၊ ဂုဏ်တော်ပွားခြင်း၊
သိဒ္ဓိတင်ထားခြင်း၊ အမွှေးနံ့သာဆွတ်ဖျန်းပေးခြင်း၊
မြင့်သောနေရာမှာ ထားရခြင်းစသည်တို့
ပြုလုပ်ပေးပါက
ကျွန်းနက်ပုတီးစောင့် နတ်က အိပ်မက် ပေးသည်ဟု ဆိုသည်

🪵ကျွန်းနက်သည်လည်း သိဒ္ဓိဝင်အသားဂမ္ဘီရဆန်သော
သစ်ဖြစ်ပါသည်။ ကျွန်းနက်ပင်သည် ရေအောက်မှာ
ပေါက်ရောက်သည့်ကျွန်းပင်တစ်မျိုးဖြစ်ပြီး
အလွန်ရှားပါးသော သစ်မျိုးဖြစ်သည်။

🌊ရေထဲမှာ နှစ်လကြာ နစ်မြုပ်နေရင်း
သဘာဝအလျောက် ဓာတ်ပြောင်းပြီး
မည်းနက်သွားသည်ဟု မှတ်သားရပါသည်။

ကျွန်းနက်သည် (၂+၇-၉)ကိုးနဝင်းဖြစ်၍
လောကီပညာ လောကီစခန်း၊ ဂန္ဓာရီလမ်းလိုက်စားကြသူတွေ
အထူးနှစ်သက်ကြ သည်။

ကျွန်းနက်ဟု ဆိုသော်လည်း
သစ်ကနက်လောက် မနက်ပါ။
➖ကျွန်းနက်သားကို အဖြူရောင်ပိတ်စတွင်
ပွတ်ချင်သလောက် ပွတ်၊မည်းမသွားပါ။
မီးရှို့ ကြည့်ပါက ရရှိသော ပြာသည် ရွှေရောင်
(အုတ်နီခဲမှုန့်၊ နီညိုရောင်)သမ်းနေသည်။

➖အနံ့က ရေနံနှင့် ကျွန်းသား
မီးလောင်သည့် အနံ့မျိုးဖြစ်သည်။

➖ကျွန်းနက်ပြာသည် သံလိုက်ဓာတ်ပါသည်။

➖အချို့ ကျွန်းနက်အသားကို သဘာဝအတိုင်း
ဆောင်ထားကြသည်။ ပယောဂအနှောင့်အယှက်
အတိုက်အခံကင်းစေသည်ဟုယုံကြည်ကြသည်။

ယခုအခါ ကျွန်းနက်ဘုရား၊ ရှင်သီဝလရှင်ဥပဂုတ္တ၊ကျွန်းနက်သန်လျက် စသည်ဖြင့်
အမျိုးမျိုးပြုလုပ်ရောင်းချကြသည်။

ကျွန်းနက်နှင့် နဂါးကက်ကင်းမိသလို
ဆက်စပ်မှုလည်းရှိနေသည်။

ရေအောက်မှာ ပေါက်သောကြောင့်
အချို့က နဂါးစောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။

ထို့ကြောင့် ဝိဇ္ဇာဓာတ်၊ နဂါးဆက်၊
ပဋ္ဌာန်းဆက်ရှိသူများသာ ပိုင်ဆိုင်ခွင့်ရှိကြောင်း၊
ရရှိလာ၊ရောက်ရှိလာသည်ဟု ဆိုကြပါသည်။

တနင်္လာနံ၏ ဆပွတ်ဂြိုဟ်သည် စနေဖြစ်သည်။
သူ့ကိုနိုင်လို ဆကိုခိုဟု ဆိုသည်

ထို့ကြောင့် ကျွန်းနက်(၂+၇)သည်
ငွေနံကို နိုင်သောကြောင့် ငွေကြေးအခက်အခဲ
အဆင်ပြေခြင်း၊ငွေအစုလိုက်ဝင်ခြင်း၊
ဈေးရောင်းကောင်းခြင်း
အကျိုးကျေးဇူးများ ရရှိစေပါသည်။

ကျွန်းနက် ရေပေါ်တွင်ပေါ်ခြင်း, မပေါ်ခြင်းမှာ
အနှစ်သားပါဝင်မှုပေါ် မူတည်ပါသည်။

ရေဆန် ကျွန်းနက်မှာ အလွန်ရှားပါသည်။
ရေဆန်ကျွန်းနက်ဘုရားမှာ အလွန်တန်ခိုးကြီးပါသည်။

ယခုအခါ ကျွန်းနက်၊ သစ်ကနက်ပုတီးတို့ကို ဝါစိမ်းနီကြိုး
အကောင်းစားဖြင့် ကျစ်ကျစ်လျစ်လျစ် လှလှပပထိုးပြီး
ဈေးကွက်ထဲ ဝင်လာသည်။

ကြိုးတွင် နဂါးပတ်၊ နဂါးလိမ်ထိုးပါက ပို၍သဘာဝကျသည်။
ကျွန်းနက်ဦးခေါင်းကို နဂါးပုံစံပြုလုပ်ခြင်း၊
နဂါးရုံဘုရားထုလုပ်ခြင်း၊ နဂါးပုံထုလုပ်ခြင်းတို့ဖြင့်
ဆောင်ထားနိုင်သည်။

ကျွန်းနက်ပုတီးကို အိမ်မှာ ထားရုံဖြင့် မကောင်းသော မိစ္ဆာအနှောင့်အယှက်များ၊ အခြောက်အလှန့်များ မဝင်ရောက်၊
မကျရောက်နိုင်ပေ။

မကောင်းသော အိပ်မက်အတိတ်နိမိတ်များ
ကင်းဝေး ပပျောက်စေပါသည်။

တနင်္လာဂြိုဟ်အိပ် သက်ရောက်စဉ်ကာလတွင်
(၂+၇) (၇+၂) တန်းစီး+တိုင်ထိပ်ဖြစ်၍
ကျွန်းနက်ပုတီးဆောင်၍ စိပ်ပါကအထူးကံ
ကောင်း လာဘ်ပွင့်စေ ပါသည်။

ကျွန်းနက်၊သစ်ကနက်အကြောင်းကို မိမိတို့ကိုယ်တိုင်လည်းလက်တွေ့လေ့လာ သုတေသနပြုသင့်ပါသည်။

လောကီပညာအရတနင်္ဂနွေသားသမီးကတော့
နဝင်းပြောင်းပြန်ဖြစ်နေ၍ ရေရှည်မဆောင် ထားသင့်ပါ။
ကျန်နေ့သားသမီးများ ရေရှည်ဆောင်/စိပ်နိုင်ပါသည်။

ထိုကျွန်းနက်ပုတီး(၁၀၈)လုံး မဝယ်နိုင်၊
မဆောင်နိုင်ပါက (၉)လုံး ပုတီးဆောင်ထားသင့်ပါသည်။

ကျွန်းနက်ပုတီးကို ရေသန့်နှင့်စိမ်၊ ပရိတ်၊ ပဋ္ဌာန်း၊
ဂုဏ်တော်ရွတ်ဆို၍ နေအိမ်၊ တိုက်တာ၊ကားတို့ကိုဖျန်းပေးနိုင်ပါသည်။ ဂုဏ်တော်၊ ဂါထာရွတ်ဆို၍ ဈေးဆိုင်၊
ကား၊ ယာဉ်၊ အမျိုးမျိုးကို ပက်ဖျန်းပေးပါက
အရောင်းအဝယ်ကောင်းစေပါသည်။

အထူးသဖြင့် တနင်္လာ ကား၊
ကျောက်၊ ငွေ၊ ငွေထည်၊ကြေးထည်ပစ္စည်း၊
ကုမ္ပဏီလုပ်ငန်း၊ ကြိမ်ထည်ပစ္စည်း၊ ကျူရှင်
လုပ်ငန်း၊ (က ခ ဂ ဃ င)နှင့် ဆိုင်သောလုပ်ငန်း၊
အချစ်ရေးကိစ္စစသည်တို့တွင် ဆောင်ထား/စိပ်ကြပါကအထူးကောင်းမွန်လှပါသည်။

မည်သို့ပင်ဖြစ်စေ
ယခင်က ရှားပါးသောပစ္စည်း၊ ယခုပေါ်လာသဖြင့်
ဆောင်ကြ စိပ်ကြရသည်မှာ ကံကောင်းသည်ဟုဆိုရပေမည်။

☘️မည်သည့်ပုတီးဖြစ်စေ၊ဆောင်လည်း ဆောင်၊
စိပ်လည်း စိပ်မှသာ အကျိုးထူးရပါမည်။

☘️ပုတီးက သာမည၊ ဂုဏ်တော်က ဒုတိယ၊
စိတ်က ပဓာနဖြစ်ပါသည်။

☘️ဘုရားဂုဏ်တော်ကိုပွားများရာတွင် ပုံတော်ထက်
ဂုဏ်တော်အနက်ကို အာရုံပြု စိပ်ပါကလျင်မြန်စွာ
အကျိုးကျေးဇူးရရှိစေပါသည်။

☘️အချို့လည်း ပုတီးစိပ်ပြီးပါက ပုတီးခေါင်းကိုကိုင်၍ ဆုတောင်းမှု ပြုကြပါသည်။ စိပ်ပြီးပုတီးလက်ဖြင့်ဆုပ်ကိုင်၍ ဆုတောင်းမှုလည်း ရှိသည်။

ကျွန်းနက်ပုတီးကို အောက်က ပန်းကန်ပြားခံ၊
ကတ္တီပါအနီ၊အနက်၊ အစိမ်း တစ်ခုခုခင်း၊ နှင်းဆီပန်းပွင့်တင်ပြီး ဓမ္မစကြာတရားတော်ပူဇော်၊ ဂုဏ်တော်ကိုးပါး၊ မေတ္တာသုတ်
စသည်တို့ ရွတ်ဆိုကာကိုယ်တိုင် သိဒ္ဓိတင်နိုင်ပါသည်။

ကျွန်းနက်ပုတီးဖြစ်စေ၊ သိဒ္ဓိဝင်၊ သိမ်ဝင် ပုတီးဖြစ်စေ အောက် ခြေနင်းတွင် ချထားခြင်း၊ နိမ့်သော နေရာမှာ ထားခြင်း၊
မသန့်သော နေရာသို့ ယူသွားခြင်း၊ ကျော်လွှားသွားခြင်း၊ဖြစ်သလိုထားခြင်း၊ ကလေး ယူဆော့ခြင်း၊ ညစ်ပေသောလက်ဖြင့် ကိုင်ခြင်း မပြုလုပ်ရပေ။

ပုတီး စွမ်းရည် ဓာတ်ပြယ်စေပါသည်။

(မှတ်ချက်-ပုတီးစိပ်နည်းအမျိုးအမျိုး+အကျိုးကျေးဇူး စာအုပ်မှ
ကူးယူ၍ မျှဝေပေးပါသည်။ )

09763383524
#ရွှေဆင်မင်းကျွန်းနက်ပုတီး
#ကျွန်းနက်ပုတီး

100% ကျွန်းနက်စစ်စစ် စိပ်ပုတီးများကို စျေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားရရှိနိုင်ပါပြီ 📿ကျွန်းနက်ဆိုတာ ဆရာတော်ကြီးတွေက...
31/12/2023

100% ကျွန်းနက်စစ်စစ် စိပ်ပုတီးများကို စျေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားရရှိနိုင်ပါပြီ 📿

ကျွန်းနက်ဆိုတာ ဆရာတော်ကြီးတွေကိုယ်တိုင် အတည်ပြုပေးထားတဲ့ သိဒ္ဓိဝင် ဂမ္ဘီရသစ်ဖြစ်တာမို့ ဆင်းတုတော်အဖြစ်ကိုးကွယ်သူက ကိုးကွယ်၊ အဆောင်အဖြစ် ထားသူကထား၊ စိပ်ပုတီးအဖြစ် စိပ်သူကစိပ်နဲ့ အမျိုးမျိုး အဖုံဖုံအသုံးပြုကြပါတယ်။ ✨

လာဘ်လာဘပွင့်လန်းပြီး နာနာဘာဝ ဝိနာဘာဝတို့ ဘေးရန်က ကင်းလွတ်စေတာကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ပြည့်စုံဖြစ်ထွန်းတဲ့ဘဝတစ်ခုပိုင်ဆိုင်ရဖို့ ကြီးမားတဲ့အထောက်အပံ့အဖြစ် တည်ရှိနေတဲ့အရာဆိုလည်း မမှားပါဘူး။

ခုနောက်ပိုင်းမှာ ကျွန်းနက်ကိုလူတိုင်းလိုလိုသိလာကြပြီး အသုံးများလာကြတာနဲ့အညီ အတုတွေ၊ ဆင်တူရိုးမှားတွေလည်း များစွာပေါ်လို့လာပါတယ်။

ဒါ့ကြောင့် ကျွန်းနက်အစစ်တွေကိုသာ အာမခံချက်အပြည့်နဲရောင်းပေးတဲ့ ကျွန်တော်တို့ ရွှေဆင်မင်းမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်လက်ချမ်းသာစွာ လာရောက်အားပေးလိုက်ပါ။

မြို့နယ်ပေါင်း ၂၀၀ ကျော်ကို အိမ်ရောက်ငွေချေပို့ဆောင်ပေးနေတဲ့အပြင် ဆိုင်မှာကိုယ်တိုင်လာဝယ်ချင်သူတွေအတွက်လည်း မန္တလေးမှာဆိုင်ဖွင့်ထားပါတယ်။

📍 ဆိုင်လိပ်စာ - ချမ်းမြသာစည်မြို့နယ်၊ 54လမ်း x 114F လမ်းထောင့်။
စျေးနှုန်းလေးတွေကတော့
အရှည်၃၀(၁၀၈လုံးဖောက်ပုတီး)16mm
၅၃၅၀၀
အရှည်၂၇(၁၀၈လုံးဖောက်ပုတီး)14mm
၄၆၅၀၀
အရှည်၂၅(၁၀၈လုံးဖောက်ပုတီး)13mm
၄၂၅၀၀
အရှည်၂၂(၁၀၈လုံးဖောက်ပုတီး)11mm
၃၈၅၀၀
အရှည်၂၀(၁၀၈လုံးဖောက်ပုတီး)10mm
၃၃၅၀၀
အရှည်၁၈(၁၀၈လုံးဖောက်ပုတီး)9mm
၂၈၅၀၀
အရှည်၁၆(၁၀၈လုံးဖောက်ပုတီး)8mm
၂၄၅၀၀
အရှည်၁၄(၁၀၈လုံးဖောက်ပုတီး)7mm
၂၀၀၀၀
၂၇လုံးပုတီး-၂၁၅၀၀
၃၆လုံးပုတီး-၂၄၅၀၀
၉လုံးပုတီး-၁၁၅၀၀
မင်းသိင်္ခပုတီး-၂၂၅၀၀
အံစာတုန်းလက်ပတ်(၁၈လုံး)-၁၉၀၀၀
လက်ပတ် (၁၈)လုံး-၁၄၅၀၀
လက်ပတ်(၉လုံး)-၉၅၀၀
အံစာတုံးလက်ပတ်(၉လုံး)-၉၅၀၀
မင်းသိင်္ခလက်ပတ်(၁၈လုံး)-၁၉၅၀၀
လက်ပတ်(၅လုံး)-၆၅၀၀
သံလျက်ဆွဲကြိုး-၁၀၀၀၀
ပုဆိန်ဆွဲကြိုး-၁၂၀၀၀
ယောင်းမ-၈၀၀၀
လှော်တပ်-၈၀၀၀
နေနံရုပ်-၅၅၀၀
ဆွဲသီး-၅၅၀၀
ဆင်စွယ်-၆၅၀၀
လက်စွပ်-၅၅၀၀
ပိတုန်း-၁၅၀၀၀
ရှင်သီဝလိ-၅၅၀၀
နဂါးပတ်ဆံထိုး-၁၃၀၀၀

#ကျွန်းနက် #ပုတီး #လက်လီလက်ကား #ရွှေဆင်မင်းကျွန်းနက်ပုတီး #ရွှေဆင်မင်း
#စီးပွားတက် #ဝင်ငွေတိုး

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု       မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှ...
27/12/2023

မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု

မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

✳️ မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီစားမယ်ဆိုရင်
နန်းသေး = 0.1 - 0.2 cm
နန်းလတ် =0.4 - 0.5 cm
နန်းကြီး = 0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့
ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

✳️ မုန့်ဟင်းခါးသောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။

✳️ မန္တလေးထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။

✳️ တိုရ/ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။

✳️ ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။
(Gaajar Root)= ခါကျက်ဥ
(Aloo)= အာလူး
(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ

✳️ ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။

✳️ Co Co /ခေါခေါ

မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။

✳️ တပြ၊ နှစ်ပြ

နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။

✳️ ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။ လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

✳️ ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။

(Mandalarian ယဉ်ယဉ်နှောင်း)

#အိမ်ရှင်မမှတ်စုမှကူးယူဖော်ပြပါတယ်။

100% ကျွန်းနက်စစ်စစ် စိပ်ပုတီးများကို စျေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားရရှိနိုင်ပါပြီ 📿ကျွန်းနက်ဆိုတာ ဆရာတော်ကြီးတွေက...
14/12/2023

100% ကျွန်းနက်စစ်စစ် စိပ်ပုတီးများကို စျေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားရရှိနိုင်ပါပြီ 📿

ကျွန်းနက်ဆိုတာ ဆရာတော်ကြီးတွေကိုယ်တိုင် အတည်ပြုပေးထားတဲ့ သိဒ္ဓိဝင် ဂမ္ဘီရသစ်ဖြစ်တာမို့ ဆင်းတုတော်အဖြစ်ကိုးကွယ်သူက ကိုးကွယ်၊ အဆောင်အဖြစ် ထားသူကထား၊ စိပ်ပုတီးအဖြစ် စိပ်သူကစိပ်နဲ့ အမျိုးမျိုး အဖုံဖုံအသုံးပြုကြပါတယ်။ ✨

လာဘ်လာဘပွင့်လန်းပြီး နာနာဘာဝ ဝိနာဘာဝတို့ ဘေးရန်က ကင်းလွတ်စေတာကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ပြည့်စုံဖြစ်ထွန်းတဲ့ဘဝတစ်ခုပိုင်ဆိုင်ရဖို့ ကြီးမားတဲ့အထောက်အပံ့အဖြစ် တည်ရှိနေတဲ့အရာဆိုလည်း မမှားပါဘူး။

ခုနောက်ပိုင်းမှာ ကျွန်းနက်ကိုလူတိုင်းလိုလိုသိလာကြပြီး အသုံးများလာကြတာနဲ့အညီ အတုတွေ၊ ဆင်တူရိုးမှားတွေလည်း များစွာပေါ်လို့လာပါတယ်။

ဒါ့ကြောင့် ကျွန်းနက်အစစ်တွေကိုသာ အာမခံချက်အပြည့်နဲရောင်းပေးတဲ့ ကျွန်တော်တို့ ရွှေဆင်မင်းမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်လက်ချမ်းသာစွာ လာရောက်အားပေးလိုက်ပါ။

မြို့နယ်ပေါင်း ၂၀၀ ကျော်ကို အိမ်ရောက်ငွေချေပို့ဆောင်ပေးနေတဲ့အပြင် ဆိုင်မှာကိုယ်တိုင်လာဝယ်ချင်သူတွေအတွက်လည်း မန္တလေးမှာဆိုင်ဖွင့်ထားပါတယ်။

📍 ဆိုင်လိပ်စာ - ချမ်းမြသာစည်မြို့နယ်၊ 54လမ်း x 114F လမ်းထောင့်။
စျေးနှုန်းလေးတွေကတော့
အရှည်၃၀(၁၀၈လုံးဖောက်ပုတီး)16mm
၅၃၅၀၀
အရှည်၂၇(၁၀၈လုံးဖောက်ပုတီး)14mm
၄၆၅၀၀
အရှည်၂၅(၁၀၈လုံးဖောက်ပုတီး)13mm
၄၂၅၀၀
အရှည်၂၂(၁၀၈လုံးဖောက်ပုတီး)11mm
၃၈၅၀၀
အရှည်၂၀(၁၀၈လုံးဖောက်ပုတီး)10mm
၃၃၅၀၀
အရှည်၁၈(၁၀၈လုံးဖောက်ပုတီး)9mm
၂၈၅၀၀
အရှည်၁၆(၁၀၈လုံးဖောက်ပုတီး)8mm
၂၄၅၀၀
အရှည်၁၄(၁၀၈လုံးဖောက်ပုတီး)7mm
၂၀၀၀၀
၂၇လုံးပုတီး-၂၁၅၀၀
၃၆လုံးပုတီး-၂၄၅၀၀
၉လုံးပုတီး-၁၁၅၀၀
မင်းသိင်္ခပုတီး-၂၂၅၀၀
အံစာတုန်းလက်ပတ်(၁၈လုံး)-၁၉၀၀၀
လက်ပတ် (၁၈)လုံး-၁၄၅၀၀
လက်ပတ်(၉လုံး)-၉၅၀၀
အံစာတုံးလက်ပတ်(၉လုံး)-၉၅၀၀
မင်းသိင်္ခလက်ပတ်(၁၈လုံး)-၁၉၅၀၀
လက်ပတ်(၅လုံး)-၆၅၀၀
သံလျက်ဆွဲကြိုး-၁၀၀၀၀
ပုဆိန်ဆွဲကြိုး-၁၂၀၀၀
ယောင်းမ-၈၀၀၀
လှော်တပ်-၈၀၀၀
နေနံရုပ်-၅၅၀၀
ဆွဲသီး-၅၅၀၀
ဆင်စွယ်-၆၅၀၀
လက်စွပ်-၅၅၀၀
ပိတုန်း-၁၅၀၀၀
ရှင်သီဝတိ-၅၅၀၀
နဂါးပတ်ဆံထိုး-၁၃၀၀၀

#ကျွန်းနက် #ပုတီး #လက်လီလက်ကား #ရွှေဆင်မင်းကျွန်းနက်ပုတီး #ရွှေဆင်မင်း

ဒီလထဲမှာမင်မင်မွေးနေ့ရှိတော့ဖုန်းဘေလေးကဒ်လေးမဲဖောက်ပေးချင်လို့။ဘာဆင်းကဒ်လေးတွေသုံးလဲဆိုတာမန့်ခဲ့ပေးနော်။ #ရွှေဆင်မင်းကျွ...
06/12/2023

ဒီလထဲမှာမင်မင်မွေးနေ့ရှိတော့ဖုန်းဘေလေးကဒ်လေးမဲဖောက်ပေးချင်လို့။
ဘာဆင်းကဒ်လေးတွေသုံးလဲဆိုတာမန့်ခဲ့ပေးနော်။
#ရွှေဆင်မင်းကျွန်းနက်ပုတီး

29/11/2023

စျေးရောင်းတာတစ်မျိုး🙄😂
VideoCrd
#ဘဝအမောပြေ

#ဟာသ
#ကျွန်းနက်ပုတီး

28/11/2023

ကျွန်းနက်ပုတီးVideo လေးတဖြတ်

#ရွှေဆင်မင်းကျွန်းနက်ပုတီး
#ကျွန်းနက်
54လမ်း114F ၊ချမ်းမြသာစည်မြို့နယ်

အဖြေမှန်သွားတဲ့2ယောက်ပါခဗျ။Cbမှာလာပြီးဖုန်းနံပါတ်လေးပေးပါဗျ။
28/11/2023

အဖြေမှန်သွားတဲ့2ယောက်ပါခဗျ။
Cbမှာလာပြီးဖုန်းနံပါတ်လေးပေးပါဗျ။

Edit-ကံထူးရှင်တွေ့ပါပြီဗျ။ #တန်ဆောင်မုန်းလပြည့်နေ့ မုန့်ဖိုးယူ ✌️ ဒီ post ကို like and share လုပ်ပေးပါ✌️👇ယခု postအောက်တွ...
27/11/2023

Edit-ကံထူးရှင်တွေ့ပါပြီဗျ။
#တန်ဆောင်မုန်းလပြည့်နေ့ မုန့်ဖိုးယူ

✌️ ဒီ post ကို like and share လုပ်ပေးပါ✌️

👇ယခု postအောက်တွင် ပိုက်ဆံပေါ်မှ
နောက်ဆုံးနံပါတ် ၂လုံးကို ခန့်မှန်းပြီး မိမိ Share ထားတဲ့ Screenshot နှင့်အတူ comment ဝင်ရေးပါ ပထမဆုံးမှန်သူ (၂)ဦးကို

💕တန်ဆောင်တိုင်မုန့်ဖိုးတယောက် ၅၀၀၀ ပေးပါမည်💕

#ရွှေဆင်မင်းကျွန်းနက်ပုတီး
#ချစ်ခြင်းများစွာဖြင့်

🌕 “တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့” ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာတို့၏ နေ့ထူးနေ့မြတ်ဖြစ်တဲ့ “တန်ဆောင...
27/11/2023

🌕 “တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”

ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မြန်မာတို့၏

နေ့ထူးနေ့မြတ်ဖြစ်တဲ့ “တန်ဆောင်မုန်းလပြည့်နေ့” တွင်

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးအန္တရာယ်

အပေါင်းမှကင်းဝေးပြီး ကောင်းမှုကုသိုလ်များ ပွားများ

အားထုတ်နိုင်ကြပါစေ🙏

စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့်

ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ အောင်မြင်တိုးတက်ကြပါစေကြောင်း …

ရွှေဆင်မင်း ကျွန်းနက်ပုတီးမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ🙏🙏🙏

#တန်ဆောင်မုန်းလပြည့်
#ရွှေဆင်မင်းကျွန်းနက်ပုတီးရောင်းဝယ်ရေး
#ကျွန်းနက်

ရွှေဆင်မင်းကျွန်းနက်ပုတီးရောင်းဝယ်ရေးမှတန်ဆောင်တိုင်အတွက်giveawayလေးပေးဖို့အစီစဉ်ရှိပါတယ်ခဗျ။ရွှေဆင်မင်းဆီကနေဝယ်ယူဖူးသည့...
26/11/2023

ရွှေဆင်မင်းကျွန်းနက်ပုတီးရောင်းဝယ်ရေးမှတန်ဆောင်တိုင်အတွက်giveawayလေးပေးဖို့အစီစဉ်ရှိပါတယ်ခဗျ။
ရွှေဆင်မင်းဆီကနေဝယ်ယူဖူးသည့်ကာစတန်မာဖြစ်စေ၊မဝယ်ဖူးသည့်လူဖြစ်စေဝင်ရောက်ကံစမ်းနိုင်ပါတယ်ခဗျ။
အသေးစိတ်ကိုနောက်ရက်ပြန်တင်ပေးပါ့မယ်နော်။
စိတ်ဝင်စားရင်အသဲလေးပေးထားပေးပါ🥰🥰

Address

54-114F Corner
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959763383524

Website

Alerts

Be the first to know and let us send you an email when Shwesinmin Black Teak Beads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category