14/02/2024
Ketchup Balance Natural Finish Foundation
မိတ်ကပ်ရည်အမျိုးအစားဖြစ်ပြီး သဘာ၀ကျကျ Medium Coverage ကို ပေးစွမ်းပါတယ်။ အထပ်ထပ်လိမ်းခြင်းအားဖြင့် ပိုမိုတဲ့ ဖုံးကွယ်မှုကို ရရှိစေပြီး မိတ်ကပ်ထူခြင်း၊ ကွက်ခြင်း၊ ရွေ့ခြင်းများ မဖြစ်ပေါ်စေပါ။ ချွေးနှင့် အဆီပြန်ခြင်းကြောင့် မိတ်ကပ်ပျက်ခြင်း မဖြစ်ပေါ်စေဘဲ တစ်နေကုန် အပြစ်ကင်းစင်တဲ့ အရေပြားအလှကို ရရှိစေပါတယ်။
အနီးကပ်ကြည့်ရင်တောင် အပြစ်ကင်းစင်ပြီး သဘာ၀ကျကျ ကောင်းမွန်လှပတဲ့ အသားအရေအသွင်အပြင်ကို ဖန်တီးပေးမှာပါ။
Balance Natural Finish Foundation ရဲ့ အားသာချက်များ.
၁. ချောမွေ့တောက်ပသော အသားအရေအသွင်အပြင်ကို ဖန်တီးပေးခြင်း
မိတ်ကပ်အရည်ပုံစံဖြစ်တာကြောင့် လိမ်းရတာလွယ်ကူပြီး ချွေးပေါက်များ အမည်းစက်များကို သဘာ၀ကျကျ ဖုံးအုပ်ပေးပါတယ်။ မိတ်ကပ်သားပါးပြီး မျက်နှာပေါ် မိတ်ကပ်အများကြီးလိမ်းထားတဲ့ ခံစားချက်၊ အသွင်အပြင်ကို လုံး၀မဖြစ်ပေါ်စေပါ။
၂. သဘာ၀ကျတဲ့အရောင် (၃) ရောင် ထုတ်လုပ်ပေးထားပါတယ်
မိတ်ကပ်ရည်ဖြစ်ပြီး မိတ်ကပ်သားပါးတာကြောင့် လိမ်းထားချိန်မှာ အရေပြားနဲ့ တစ်သားတည်းကျနေပြီး မိတ်ကပ်ထူခြင်း၊ ကွက်ခြင်း၊ ခဲခြင်းများ မဖြစ်ပေါ်စေပါ။
၃. အပြစ်ကင်းစင်တဲ့ အသွင်အပြင်ကို အချိန်ကြာ ထိန်းသိမ်းပေးထားနိုင်ခြင်း
ချွေးနှင့် အဆီပြန်ခြင်းကြောင့် မိတ်ကပ်ကွက်ခြင်း၊ ပျက်ခြင်း၊ မိတ်ကပ်မည်းသွားခြင်းများ မဖြစ်ပေါ်စေဘဲ အချိန်ကာလကြာကြာ အပြစ်ကင်းစင်တဲ့ အသွင်အပြင်ကို ပေးပါတယ်။
၄. သဘာ၀ ပါ၀င်ပစ္စည်းများကြောင့် စိုပြေကြည်လင်၀င်းပသော အသားအရေအသွင်အပြင်ကို ရရှိစေပါတယ်
Deep Sea Water, Green Tea Extract, Beeswax, Propolis Extract စတဲ့ သဘာ၀ပါ၀င်ပစ္စည်းကြောင့် အသားအရေရောင်ရမ်းမှုကို လျှော့ချပေးပြီး Sensitive Skin များလည်း အသုံးပြုလို့ရပါတယ်။ သဘာ၀အတိုင်း အစိုဓါတ်ထိန်းပေးပြီး ကြည်လင်၀င်းပတဲ့ အသားအရေအသွင်အပြင်ကို ရရှိစေပါတယ်။
အသုံးပြုပုံ
၁. Skin Care လိမ်းအပြီးမှာ မိတ်ကပ်ရည်ကို သင့်တော်သောပမာဏယူပြီး လိမ်းပေးပါ။
၂. Makeup Brush (သို့မဟုတ်) ရေမြှုပ် (သို့မဟုတ်) လက်နှင့် လိမ်းခြယ်လို့ရပါတယ်။
၃. အမည်းစက်ရှိသော ဧရိယာများမှာ ပိုမိုကောင်းမွန်သော ဖုံးကွယ်မှု ရရှိစေဖို့ အထပ်ထပ်ပြန်လိမ်းပေးလို့ရပါတယ်။
Ketchup Balance Natural Finish Foundation (30 ml) တစ်ဘူး - 29,500 Kyats
01 Fresh Beige
02 Fresh Almond
03 New Beige
🇲🇲 Myanmar FDA Approved - MNA2306013227, MNA2306013228, MNA2306013229
Made in Korea 🇰🇷
🚫🚫🚫 𝗙𝗢𝗖𝗨𝗦 𝗕𝗲𝗮𝘂𝘁𝘆 ၏ ကုန်ပစ္စည်းများကို သတ်မှတ်ရောင်းစျေးအောက်လျော့၍ ရောင်းချပါက ယှဉ်ပြိုင်မှုဥပဒေပြဌာန်းထားသည့်အတိုင်း အရေးယူခြင်းခံရမည်။ 🚫🚫🚫