Jue's Vintage, Thrift & Bale Online Shop

Jue's Vintage, Thrift & Bale Online Shop Thrift & Vintage Online Shop

Vintage ဆိုတာဘာလဲ?ဘေထုတ်က  vintage ​လား?ဘေထုတ်ဆိုတာကရော ဘာလဲ?ယခုနောက်ပိုင်း  vintage clothings shop တွေခေတ်စားလာတာနဲ့အမျ...
03/02/2023

Vintage ဆိုတာဘာလဲ?
ဘေထုတ်က vintage ​လား?
ဘေထုတ်ဆိုတာကရော ဘာလဲ?

ယခုနောက်ပိုင်း vintage clothings shop တွေခေတ်စားလာတာနဲ့အမျှ Vintage ဆိုတဲ့အဓိပ္ပါယ်ကို လူ တော်တော်များများက ဘေထုတ် နဲ့မှားပြီး မှာယွင်းသိမြင်လာကြတာမို့ သူ့ရဲ့အဓိပ္ပါယ်လေးကို ကွဲလွဲသွားအောင် သိရလောက်အနည်းငယ်ပြောပြပေးပါမယ် 🙏

What is vintage clothings ?

Vintage clothes ဆိုတာ လွန်ခဲ့ပြီးတဲ့ နှစ်ပေါင်း ၂၀ ကနေ ၁၀၀ ကြားမှာပြုလုပ် ထုတ်လုပ်ခဲ့တဲ့ (ခေတ်စားလာခဲ့တဲ့) အ၀တ်အဟောင်းတွေကို ခေါ်တာပါ။ အဲ့ဒီလိုခေတ်စားလာခဲ့တဲ့ အ၀တ်အထည်တွေဟာလည်း ယနေ့ခေတ်ကာလနဲ့အညီ ၀တ်လို့ရတဲ့ စတိုင်ကျကျ အရာတွေပါဝင်တဲ့ ပြန်လည်ဝတ်ဖို့ သင့်တော်တဲ့ အ၀တ်အထည်တွေကို Vintage clothes လို့ခေါ်တာပါ များသောအားဖြင့် vintage ဆိုသည်မှာ အ၀တ်အစားကိုမှာပဲ သုံးလို့ရတာမဟုတ်ပဲ နာရီ,radios,cars , cabinets နဲ့ လက်ဝတ်ရတနာတွေမှာလည်း vintage thingsဆိုပြီးသုံးလို့ရပါတယ်

ရှင်းလင်းစွာပြောရမယ်ဆိုရင် ပစ္စည်းတစ်ခုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကနေ ၁၀၀ ကြားထုတ်လုပ်ခဲ့မယ် ယနေ့ခေတ်မှာလည်းစတိုင်ကျကျပြန်ဝတ်/သုံးလို့ရတာမျိုးကို Vintage လို့ခေါ်ပါတယ် ပစ္စည်းတစ်ခုရဲ့စတိုင်ထက် ပစ္စည်းရဲ့အသက်အရွယ်ကိုရည်ညွှန်းတာပဲဖြစ်ပါတယ် ။သို့ပေမယ့်လည်း
ဥပမာ - ဘုရင်တွေဝတ်တဲ့ ၀တ်စုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကချုပ်လုပ်ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ ပြန်ဝတ်လို့မရတဲ့အတွက် Vintage လို့ခေါ်လို့မရနိုင်ပြီး ယနေ့ခေတ်နောက်ပိုင်းမှထုတ်လုပ်ပြီး ရှေးပုံစံပေါက်နေသော်လည်း vintage မဖြစ်နိုင်ပါ ထိုသို့ နောက်ပိုင်းမှထုတ်လုပ်ပြီး ရှေးကျတဲ့အ၀တ်အစားများကိုတော့
vintage ကို inspired ယူထားတဲ့ အရာမို့ vintage fashion လို့ခေါ်နိုင်ပါတယ်

Vintage ဆိုသောစကားလုံး ဟာ ပြင်သစ်စကားလုံး 'vendage'က ဆင်းသက်လာပြီး 'grapes picked during a season' ရာသီတစ်ခုမှာခူးဆွတ်ထားတဲ့စပျစ်သီးတွေ လို့အဓိပ္ပါယ်ရပါတယ် ပြီး Google မှာ Vintage လို့ရိုက်ရှာရင် စပျစ်သီးဆိုပြီး ကျလာပါ​မယ် ရှာကြည့်ကြည့်လို့ရပါတယ်

ဘေထုတ်က vintage ဖြစ်သလား?

ဘေထုတ်က Vintage ဖြစ်သလားဆိုတော့ ဘေထုတ်ဆိုတာ စကားလုံး Bale ကနေ ​​ဗမာစကား မွေးစားစကားလုံး ဘေထုတ်လို့ဖြစ်လာတယ်လို့ ထင်ပါတယ် Bale ထုတ်ရဲ့ အဓိပ္ပါယ်ကတော့ ကြီးမားတဲ့အရာ များပြားတဲ့အရာ တွေ အင်္ကျီတွေ , ဖိနပ်တွေ အရည်အတွက်အများကြီးကို ထုတ်ပို့ထားတဲ့ အရာကြီးကို ခေါ်ပါတယ် ဘေထုတ် အထုတ်တွေမှာဆိုရင်တော့ ပမာဏတေ ၁၀၀,၂၀၀ ကနေအများကြီးစပါတာမို့ အဲ့လိုအရာမျိုးကို Bale လို့ခေါ်ပါတယ်။

(second hand, retail,outlets) စတဲ့ တစ်ပတ်ရစ်, quality မပြည့်မှီလို့ရောက်လာတဲ့99%new အထည်အသစ်,branded အဟောင်းထည်တွေကအစ ပါနိုင်ပါတယ်
Vintage နဲ့ Bale ဟာ လုံးဝကွဲပြားပါတယ်

သို့သော် Bale ထဲမှာ vintage ဖြစ်တာတွေ vintage ကို inspired ပြီးချုပ်လုပ်ထားတဲ့ vintage style တွေ ပါနိုင်ပါတယ်

ဒီလောက်ဆို Vintage နဲ့ Bale တို့ရဲ့ အဓိပ္ပါယ်ကို
ကွဲကွဲပြားပြားသိလောက်ပြီထင်ပါတယ်
အားလုံးပဲ အစစအရာရာအဆင်ပြေကြပါစေ



Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959762168801

Website

Alerts

Be the first to know and let us send you an email when Jue's Vintage, Thrift & Bale Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category