TZM2 အထည်ချုပ်

TZM2 အထည်ချုပ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TZM2 အထည်ချုပ်, Clothing Store, Mandalay.

24/07/2023

⭐ကိုယ် စိတ်အားထက်သန် တဲ့အရာကို မျှဝေပါ။
ကိုယ် မျှဝေတာကို စိတ်အားထက်သန်တဲ့သူ တွေ ရောက်လာလိမ့်မယ်။

⭐ကိုယ် ဝါသနာပါတဲ့ အကြောင်းအရာတွေကို ပြောပြပါ။
ကိုယ် ပြောပြတာကို ဝါသနာပါတဲ့သူ တွေရောက်လာလိမ့်မယ်။

⭐ကိုယ် ကြိုက်နှစ်သက်တဲ့အလုပ်တွေကိုလုပ်ပြပါ။
ကိုယ် လုပ်တာကို ကြိုက်နှစ်သက်တဲ့သူ တွေရောက်လာလိမ့်မယ်။

⭐ကိုယ့် ရူးသွပ်မှုတွေကို ချပြလိုက်ပါ။
ကိုယ်ချပြတာကို ရူးသွပ်တဲ့သူ တွေရောက်လာလိမ့်မယ်။

⭐သူများတွေ ဘာလုပ်နေကြလဲ လို့ လိုက်ကြည့်မယ့်အစား..
ကိုယ် ဘာလုပ်နိုင်လဲ. ဆိုတာ မိမိဘာသာကြည့်ပါ။

✔ ကိုယ်ဘာလုပ်နိုင်လဲ ?
✔ ကိုယ် ဘာလုပ်ချင်လဲ .. ?
✔ ကိုယ် ဘာကို ရူးသွပ်သလဲ .. ?

"ကိုယ့်ရူးသွပ်မှု တွေကို အရင်ချပြပါ၊
တစ်ချိန်မှာ ...
ကိုယ်ချပြတာကို ရူးသွပ်တဲ့သူတွေ ရောက်လာလိမ့်မယ်။"

#မာသင်
စီးပွားရေးအကြံပေး
ဘရန်းမားကက်တင်း စာအုပ်မှ ကောက်နုတ်ချက်
ဘရန်းတစ်ခု ရဲ့ လမ်းစဉ် ✨

24/07/2023

မတူရင် .. မတုနဲ့ .. လို့ ပြောကြတယ်။
အမှန်တော့...
တူအောင်လဲ မကြိုးစားနဲ့၊
တုပြီးလဲ မလုပ်နဲ့။

ကိုယ့်ဟန်နဲ့ကိုယ်၊
ကိုယ့်အကြံနဲ့ကိုယ်၊
မတူအောင်သွား၊
မတုပဲနေ။

တူတာတွေများလာတဲ့ ဒီနေ့ခေတ်မှာ...
အများနဲ့မတူ၊ တစ်မူ ကွဲပြားခြင်း ဆိုတာ
ယနေ့ခေတ်ရဲ့ ကွာလတီအသစ် ပါပဲ။

မတုနဲ့ ၊ မတူအောင်လုပ်။ ။

#မာသင်
စီးပွားရေးအကြံပေး

24/07/2023

ဒီနေ့ မနက် စာဖတ်ရင်းနဲ့ အတွေးလေးတစ်ခု ဝင်လာတယ်။
ဝင်လာတဲ့အတွေးကို ချရေးထားလိုက်တယ်။
ချရေးထားတဲ့ အတွေးလေးတစ်ခုကို မျှဝေလိုက်တယ်၊ ဖတ်ကြည့်နိုင်ပါတယ်။

"to change life, to change habit"

ဘဝကို ပြင်ချင်ရင် အကျင့်ကို ပြင်ပါ .. တဲ့။

ကောင်းလိုက်တဲ့ ဘ၀ ဆိုတာ ..
ကောင်းမွန်တဲ့အကျင့်ကောင်းများရှိခြင်း ရဲ့ ရလဒ်ဖြစ်သလို၊
မကောင်းလိုက်တဲ့ဘ၀ ဆိုတာလဲ ..
မကောင်းတဲ့အကျင့်ဆိုးများရှိခြင်း ရဲ့ ရလဒ်ပါပဲ။

ဒါကြောင့် အကျင့်ကို ပြင်တာ .. ဘဝကို ပြင်တာနဲ့ အတူတူပါပဲ၊
အကျင့်ကောင်းတွေကို တည်ဆောက်တာ .. ဘဝကောင်းကိုတည်ဆောက်တာပါပဲ။

ဘ၀ ကို ပြင်ချင်ရင် အကျင့် ကို ပြင်ပါ။

တစ်ခုတော့ရှိတယ်။
တစ်ခါတစ်လေ ထပြီး ကောက်ရိုးမီးရှို့လုပ်တာက အကျင့်မဟုတ်ဘူး။
နေ့စဉ်ဆက်တိုက်..
စဉ်ဆက်မပျက်..
လုပ်ရင်း..
ကြိုးစားရင်း.. နဲ့ အကျင့်ဖြစ်လာတာ။

ဒါကြောင့် .. နေ့စဉ်လုပ်တဲ့အရာလေးတွေဂရုစိုက်ပါ။
ဒီနေ့ ငါ ဘာတွေလုပ်နေလဲ ?
ဘာတွေ လုပ်သင့်တာလဲ ?
လုပ်သင့်တာတွေလုပ်နေရဲ့လား ?
လုပ်သင့်တာတွေလုပ်ရင်း .. ဘဝကို ဖန်တီးနေတာလား ဒါမှမဟုတ်
ဖြစ်ချင်သလိုဖြစ် .. ဘ၀ ကို စွန့်ပစ်နေတာလား ?

အရာ (၃) ခု ကိုဂရုစိုက်၊
"ဒီနေ့ " ကို ဂရုစိုက် ၊
"မနက်ဖြန်" ကို ဂရုစိုက်၊
"နေ့စဉ်ဆက်တိုက်" ကို ဂရုစိုက်၊
အကျင့်တွေဖြစ်လာလိမ့်မယ်။

အကျင့်ဆိုတာ "ဒီနေ့" နဲ့ စတယ်.. ဒီနေ့ ငါ ဘာစလုပ်မလဲ ?

#မာသင်
မာသင်ရဲ့ ဖီလော်ဆော်ဖီဒိုင်ယာရီ

06/07/2023

ရလဒ်ကောင်းချင်ရင် အလုပ်တွေ ကောင်းရပါမယ်။







ချစ်ခြင်းအားဖြင့်
ပြေခိုင်

06/07/2023
06/07/2023
06/07/2023
06/07/2023
06/07/2023
06/07/2023
06/07/2023

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when TZM2 အထည်ချုပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category