16/07/2024
❝နေကာမျက်မှန် ဝယ်ဖို့အတွက် စိတ်ကူးနေပြီဆိုရင် အချက်များ❞
====
UV Protection
နေကာမျက်မှန်ဝယ်ရင် အရေးအကြီးဆုံးက မျက်လုံးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ UV Rays တွေကနေ အပြည့်အဝ ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။
မြင်ကွင်းတွေကို ပိုမိုကောင်းမွန်စေဖို့နဲ့ အတွက် နေကာမျက်မှန်ကောင်းတစ်လက်က 75% ကနေ 90% လောက်အထိ အလင်းရောင်ကို ကာကွယ်ပေးနိုင်ရပါမယ်။
Size
ဒီဇိုင်းအမျိုးမျိုးရှိတဲ့ကြားက အရေးကြီးဆုံးတစ်ချက်ဆိုရင် နေကာမျက်မှန်ရဲ့ အရွယ်အစားဟာ ကိုယ့်မျက်လုံးတွေကို လုံလုံခြုံခြုံဖြစ်စေရဲ့လားဆိုတာပါပဲ။ ပြင်ပနေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့အတွက် နေကာမျက်မှန်ဆိုဒ်ဟာ ကိုယ့်မျက်လုံးထက် ပိုမိုကြီးမားနေဖို့လိုပါတယ်။
Lifestyle
ကိုယ်က အားကစားသမားဆိုရင် Performance ကို မြှင့်တင်ပေးမယ့် Sunglasses မျိုးကို ရွေးချယ်ဝယ်ယူဖို့လိုပြီး ကိုယ်က Daily Wear ဖို့ဖြစ်ဖြစ်၊ Fashion Focus ထားသူဆိုရင်လည်း ကိုယ့် Lifestyle နဲ့ကိုက်ညီတဲ့ Sunglass ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။
Shape
Lifestyle နဲ့ ကိုက်ညီတာ သေချာသွားရင် ကိုယ့်ရဲ့မျက်နှာနဲ့ ကိုက်ညီလားဆိုတာကို စဥ်းစားရပါတော့မယ်။ မျက်နှာမှာ Round, Oval, Diamond, Square, Heart, Rectangle ဆိုတဲ့ shape အမျိုးမျိုးရှိတာကြောင့် ကိုယ့်မျက်နှာနဲ့ ဘယ်လိုမျက်မှန်က လိုက်ဖက်လဲဆိုတာကို သေချာလေး ရွေးချယ်ကြည့်သင့်ပါတယ်။
Additional Features
ကျန်တဲ့အချက်တွေ အကုန်လုံး စစ်ဆေးပြီးသွားပြီဆိုတဲ့အခါ ကိုယ်ဝယ်မယ့် နေကာမျက်မှန်မှာ ဘယ်လို Special Features တွေ ပါသေးလဲဆိုတာကို ဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Polarized Filter ပါလား၊ Mirror Coating ပါလား၊ Tint က gradient လား၊ Photochromic Lens တွေလား စတာတွေအပြင် အကြမ်းခံနိုင်စွမ်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။
မျက်ဝန်းတွေကို Style ကျကျ ကာကွယ်နိုင်ဖို့ ကမ္ဘာကျော် Brand တွေရဲ့ နေကာမျက်မှန်တွေကို Sunglass Square By MMK မှာ ဝယ်ယူရရှိနိုင်ပါပြီနော်
☎️09-789989264
🏡35 street, Bet 80 * 81 Street, Mandalay