ME's Fashion Closet

ME's Fashion Closet “Bringing you the best in fashion. Trendy, stylish, and always in season. Shop your look!” Fashionable clothes

18/09/2025

𝐎𝐥𝐝 𝐦𝐨𝐧𝐞𝐲 𝐬𝐭𝐲𝐥𝐞 𝐜𝐨𝐮𝐩𝐥𝐞 𝐨𝐮𝐭𝐟𝐢𝐭𝐬 𝐜𝐡𝐞𝐜𝐤

[ Disclaimer : No copyright infringement intended. We Do Not Own This Audio and Video Content. All the contents are credited to rightful owners. ]

𝐒𝐭𝐚𝐲 𝐬𝐭𝐲𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐚 𝐂𝐚𝐩𝐬𝐮𝐥𝐞 𝐖𝐚𝐫𝐝𝐫𝐨𝐛𝐞.🧺✨ဗီရိုထဲမှာ အဝတ်အစားတွေ ပြည့်နေပေမဲ့ ဘာဝတ်ရမှန်းမသိတာမျိုး ဖြစ်ဖူးလား ⁉️ဒါဆိုရင်တေ...
31/08/2025

𝐒𝐭𝐚𝐲 𝐬𝐭𝐲𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐚 𝐂𝐚𝐩𝐬𝐮𝐥𝐞 𝐖𝐚𝐫𝐝𝐫𝐨𝐛𝐞.🧺✨

ဗီရိုထဲမှာ အဝတ်အစားတွေ ပြည့်နေပေမဲ့ ဘာဝတ်ရမှန်းမသိတာမျိုး ဖြစ်ဖူးလား ⁉️
ဒါဆိုရင်တော့ 𝐂𝐚𝐩𝐬𝐮𝐥𝐞 𝐖𝐚𝐫𝐝𝐫𝐨𝐛𝐞 စနစ်ကို
စတင်ဖို့ အချိန်တန်ပါပြီ။
𝐓𝐫𝐞𝐧𝐝 နောက်ကိုလိုက်ပြီး ခဏတာခေတ်စားတဲ့ အဝတ်အစားတွေ အများကြီးဝယ်တာမျိုးထက် အရည်အသွေးကောင်းပြီး ခေတ်ရေစီးကြောင်းနဲ့ အမြဲကိုက်ညီတဲ့ 𝐓𝐢𝐦𝐞𝐥𝐬𝐬 ဖြစ်ပြီး အခြေခံအကျဆုံး 𝐟𝐚𝐬𝐡𝐢𝐨𝐧 များကို ရွေးချယ်စုဆောင်းပါ။🛍️💕

𝐒𝐢𝐦𝐩𝐥𝐞 & 𝐜𝐥𝐚𝐬𝐬𝐢𝐜𝐲 𝐥𝐨𝐨𝐤𝐬 ရှိတဲ့ ဖက်ရှင်ပုံစံတွေက
ယူတို့ကို အချိန်ကုန်သက်သာစေပြီး ဘယ်နေရာသွားသွား ယုံကြည်မှုရှိရှိနဲ့ လှပနေစေမှာမို့ တစ်ပုံချင်းစီမှာ
𝐅𝐚𝐬𝐡𝐢𝐨𝐧𝐬 𝐓𝐢𝐩𝐬 𝐧𝐨𝐭𝐞𝐬 လေးတွေနဲ့ 𝐬𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးထားပါတယ်ရှင့် 🤎✨

31/08/2025

It’s not just a outfit-its the effortless polish by confidence✨🤎 [ Disclaimer : No copyright infringement intended. We Do Not Own This Audio and Video Content. All the contents are credited to rightful owners. ]

𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐂𝐥𝐚𝐬𝐬𝐲 𝐒𝐭𝐲𝐥𝐞-𝐩𝐚𝐫𝐭 3🔖🤎ရှေ့တစ်ခေါက်က "Timeless Classy Style" အကြောင်းPart 1&2 အနေနဲ့𝐬𝐭𝐲𝐥𝐢𝐧𝐠-𝐓𝐢𝐩𝐬 တွေအကြောင်း part...
30/08/2025

𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐂𝐥𝐚𝐬𝐬𝐲 𝐒𝐭𝐲𝐥𝐞-𝐩𝐚𝐫𝐭 3🔖🤎

ရှေ့တစ်ခေါက်က "Timeless Classy Style" အကြောင်း
Part 1&2 အနေနဲ့
𝐬𝐭𝐲𝐥𝐢𝐧𝐠-𝐓𝐢𝐩𝐬 တွေအကြောင်း part 1&2 မှာပြောခဲ့ပြီးပြီ မို့ 👉 https://www.facebook.com/share/1B2h9fEiqK/?mibextid=wwXIfr

ဒီတစ်ခါမှာတော့ secret tips တွေကိုပြောပြပေးမှာမို့
ယူတို့ရဲ့ 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐥𝐨𝐨𝐤 ကို ဘယ်လိုမျိုး ထပ်ပြည့်စုံအောင် ဖန်တီးနိုင်မလဲ၊ပြီးတော့ 𝐞𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐥𝐨𝐨𝐤 တွေမှာ ဘယ်လိုမျိုး 𝐒𝐭𝐲𝐥𝐢𝐧𝐠 လုပ်ပြီးတွဲဖက်ဝတ်ဆင်နိုင်မလဲဆိုတာ ထပ်ပြီး let’s go part-3 ပုံတစ်ပုံချင်းစီထောက်ပြီးဖတ်ကြည့်ပေးပါနော်✨

26/08/2025

Elegant doesn’t have to wait for special occasions✨swipe to everyday outfit that make you looks timeless & classy looks🤎✨ [ Disclaimer : No copyright infringement intended. We Do Not Own This Audio and Video Content. All the contents are credited to rightful owners. ]

𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐂𝐥𝐚𝐬𝐬𝐲 𝐒𝐭𝐲𝐥𝐞-𝐩𝐚𝐫𝐭 𝟐🔖🤎ရှေ့တစ်ခေါက်က "Timeless Classy Style" အကြောင်းကိုTimeless Classy Style ရဲ့ အခြေခံကျတဲ့ 𝐬𝐭𝐲...
25/08/2025

𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐂𝐥𝐚𝐬𝐬𝐲 𝐒𝐭𝐲𝐥𝐞-𝐩𝐚𝐫𝐭 𝟐🔖🤎

ရှေ့တစ်ခေါက်က "Timeless Classy Style" အကြောင်းကိုTimeless Classy Style ရဲ့ အခြေခံကျတဲ့
𝐬𝐭𝐲𝐥𝐢𝐧𝐠-𝐓𝐢𝐩𝐬 တွေအကြောင်း 𝐩𝐨𝐬𝐭 မှာပြောခဲ့ပြီးပြီဖြစ်လို့ 👉https://www.facebook.com/share/1B2h9fEiqK/?mibextid=wwXIfr

ဒီတစ်ခါမှာတော့ 𝐁𝐚𝐬𝐢𝐜 𝐓𝐨𝐩 & 𝐂𝐨𝐥𝐨𝐫 တွေနဲ့
ယူတို့ရဲ့ 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐥𝐨𝐨𝐤 ကို ဘယ်လိုမျိုး ပိုပြီးပြည့်စုံအောင် ဖန်တီးနိုင်မလဲ၊ပြီးတော့ 𝐞𝐯𝐞𝐫𝐲𝐝𝐚𝐲 𝐥𝐨𝐨𝐤 တွေမှာ ဘယ်လိုမျိုး 𝐒𝐭𝐲𝐥𝐢𝐧𝐠 လုပ်ပြီးတွဲဖက်ဝတ်ဆင်နိုင်မလဲဆိုတာ ထပ်ပြီး share ပေးချင်ပါတယ် ✨

ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Timeless Classy Style ကို ဘယ်လိုဝတ်ဆင်မလဲ ??ဖက်ရှင်လောကမှာ ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပ...
13/07/2025

ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Timeless Classy Style ကို ဘယ်လိုဝတ်ဆင်မလဲ ??

ဖက်ရှင်လောကမှာ ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ၊
ဘယ်တော့မှ ခေတ်မကုန်တဲ့ စတိုင်လ်တစ်ခုကတော့ Timeless Classy Style ပါပဲ။

Style က ရိုးရှင်းပေမယ့် ဆွဲဆောင်မှုရှိပြီး
အချိန်တိုင်း လှပနေစေမယ့် ဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်တာဖြစ်ပါတယ်။ ဒီတော့ Timeless Classy
Style ကို ဘယ်လို ဖန်တီးမလဲဆိုတာ
ပုံလေးတွေနဲ့တကွ ပြောပြပေးထားလို့
တစ်ပုံချင်းစီကိုထောက်ပြီး ဖတ်လို့ရပါတယ် ရှင့် 🤎

"𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞" ဆိုတာ ဘာလဲ?ဒီနေ့တော့ အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့၊ ကြည့်လိုက်တာနဲ့ကို 𝐭𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐜𝐥𝐚𝐬𝐬𝐢𝐜 𝐥𝐨𝐨𝐤 ပေးတဲ့...
06/07/2025

"𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞" ဆိုတာ ဘာလဲ?

ဒီနေ့တော့ အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့၊ ကြည့်လိုက်တာနဲ့ကို 𝐭𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐜𝐥𝐚𝐬𝐬𝐢𝐜 𝐥𝐨𝐨𝐤 ပေးတဲ့
"Old Money Style" အကြောင်း ပြောပြပေးမယ်နော်။

ဒီဖက်ရှင် Aesthetic ကို 𝐘𝐨𝐮တို့လဲ မြင်ဖူးကြမှာပါ။

ဒါပေမဲ့ တိတိကျကျပြောရရင် ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုမျိုး လဲဆိုတာကို လေ့လာရင်း
ကိုယ့်ရဲ့ 𝐃𝐚𝐢𝐥𝐲 𝐟𝐚𝐬𝐡𝐢𝐨𝐧 𝐫𝐨𝐮𝐧𝐭𝐚𝐢𝐧 ထဲ ဘယ်လို𝐒𝐭𝐲𝐥𝐢𝐧𝐠 လုပ်ပြီးထည့်သွင်းနိုင်မလဲဆိုတာ ကြည့်ရအောင်!

"𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞" ဆိုတာက နှစ်ပေါင်းများစွာကတည်းက လက်ဆင့်ကမ်းအမွေဆက်ခံလာတဲ့ ကြွယ်ဝချမ်းသာတဲ့ မိသားစုတွေရဲ့ ဖက်ရှင်နဲ့ နေထိုင်မှုပုံစံကို ရည်ညွှန်းတာဖြစ်ပါတယ်။ချမ်းသာကြွယ်ဝလာတဲ့ မိသားစုတွေရဲ့ ကြော့ရှင်းပြီး အဆင့်အတန်းမြင့်မားတဲ့ ဝတ်စားဆင်ယင်ပုံကို ရည်ညွှန်းတာပါ။

တန်ဖိုးကြီး Brand တွေ၊ ခေတ်ပေါ်ဒီဇိုင်းတွေကို
ဦးစားမပေးဘဲ အရည်အသွေး၊𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 𝐜𝐥𝐚𝐬𝐬𝐢𝐜 ကို အသားပေးတဲ့ ပုံစံပါ။

ဒီ “𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞"ရဲ့အစပြုရာကတော့
၁၉ ရာစုနှစ်က ဥရောပက အထက်တန်းလွှာနဲ့ မင်းမျိုးမင်းနွယ်တွေဆီက စတင်ခဲ့တာ ဖြစ်ပါတယ်။

ဥရောပမှာဆိုရင် ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီက မင်းမျိုးမင်းနွယ်တွေ၊ ကြီးမြတ်တဲ့ မိသားစုတွေဟာ သူတို့ရဲ့ ဂုဏ်ပုဒ်နဲ့ အဆင့်အတန်းကို ဖော်ပြနိုင်ဖို့ သေသေချာချာချုပ်လုပ်ထားတဲ့၊ အရည်အသွေးမြင့်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။
သူတို့ဟာ ခေတ်ရေစီးကြောင်းနောက် လိုက်တာထက် ဂုဏ်သိက္ခာရှိပြီး ရိုးရှင်းတဲ့ အပြင်အဆင်ကို ပိုပြီး နှစ်သက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးမှု

အမေရိကန်ပြည်ထောင်စုမှာတော့ "Old Money" style East Coast က ချမ်းသာတဲ့ မိသားစုတွေ (ဥပမာ - Rockefeller, Vanderbilt, Kennedy မိသားစုများ) နဲ့ ဆက်စပ်နေပါတယ်။ Ivy League ကျောင်းများ (ဥပမာ - Harvard, Yale, Princeton) ရဲ့ ယဉ်ကျေးမှုနဲ့ Preppy style တွေကလည်း ဒီစတိုင်လ်ကို ပိုပြီး ကျယ်ပြန့်လာစေခဲ့ပါတယ်။

𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞 နဲ့ ကိုက်ညီတဲ့ ဖက်ရှင်ရွေးချယ်မှုများ

Old Money Style ရဲ့ အဓိကကျတဲ့ ဖက်ရှင်ပုံစံကတော့ 𝐂𝐥𝐚𝐬𝐬𝐢𝐜 & 𝐓𝐢𝐦𝐞𝐥𝐞𝐬𝐬 ဖြစ်တဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်တာပါပဲ။Trend ဖြစ်တဲ့ခေတ်ပေါ်ဖက်ရှင်တွေထက် ရိုးရှင်းပြီး ဘယ်တော့မှ မရိုးသွားတဲ့ ဒီဇိုင်းတွေကို ဦးစားပေးပါတယ်။

* 𝐂𝐨𝐥𝐨𝐫𝐬 : အဖြူ၊ အနက်၊ နက်ပြာရောင်၊ မီးခိုးရောင်၊ အညိုရောင်၊ (Beige) နဲ့ Neutral Color Palettes တွေကို အဓိကထား ဝတ်ဆင်ကြပါတယ်။ ✅

တောက်ပလွန်းတဲ့ အရောင်တွေ၊ ခေတ်ရေစီးကြောင်းအတိုင်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တဲ့ ဖက်ရှင်တွေကို ရှောင်ရှားကြပါတယ်။❎

* 𝐇𝐢𝐠𝐡-𝐪𝐮𝐚𝐥𝐢𝐭𝐲 𝐅𝐚𝐛𝐫𝐢𝐜𝐬: Cashmere, Silk, Wool, Linen, Cotton စတဲ့ သဘာဝပိတ်စတွေနဲ့ ပြုလုပ်ထားတဲ့
အရည်အသွေးမြင့် တဲ့ အဝတ်အထည်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။

**𝐃𝐞𝐬𝐢𝐠𝐧 :(ရိုးရှင်း) ပြီး သပ်ရပ်တဲ့ ဒီဇိုင်းတွေကို ဦးစားပေးပါတယ် ။
လည်ပင်းစည်းရှပ်အင်္ကျီ (Button-down shirts)၊ Polo shirts, Blazers, Tweed jackets, Sweater, Pleated skirts, Tailored trousers တွေဟာ Old Money Style ရဲ့ အခြေခံကျတဲ့ အဝတ်အစားတွေပါပဲ။

𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐭𝐞𝐝 𝐋𝐮𝐱𝐮𝐫𝐲: 𝐋𝐨𝐠𝐨 ကြီးကြီးတွေ၊ တံဆိပ်ကြီးကြီးတွေ ပါတဲ့ အဝတ်အစားတွေကို အသုံးပြုခြင်းကနေရှောင်ရှားပါတယ်

* 𝐒𝐡𝐨𝐞𝐬 & 𝐁𝐚𝐠𝐬: 𝐇𝐢𝐠𝐡 𝐐𝐮𝐥𝐢𝐭𝐲 ဖိနပ်များ (Loafers, Ballet flats, Classic pumps) နဲ့ Classic ဒီဇိုင်း လက်ကိုင်အိတ်များ (Quilted bags, Structured leather bags) တွေကို ရွေးချယ်နိုင်ပြီး

* 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬: ရိုးရှင်းပြီး ဆန်းပြားတဲ့ ရွှေဆွဲကြိုး၊
ပုလဲနားဆွဲ၊ Classic ဒီဇိုင်း နာရီ &Silk Scarf တွေဟာ Old Money Style ကို ပိုမိုပြည့်စုံစေပါတယ်။

ခြုံပြောရရင်တော့ "Old Money"style ဆိုတာက ထင်ထင်ပေါ်ပေါ် ကြွားဝါတာထက် 𝐐𝐮𝐥𝐢𝐭𝐲 ၊ 𝐂𝐥𝐚𝐬𝐬𝐢𝐜 & 𝐞𝐥𝐞𝐠𝐚𝐧𝐭 𝐥𝐨𝐨𝐤 ကို အလေးပေးတဲ့ ဖက်ရှင်ပုံစံ ဖြစ်ပါတယ်။

𝐎𝐥𝐝 𝐌𝐨𝐧𝐞𝐲 𝐒𝐭𝐲𝐥𝐞 အကြောင်း ဘယ်လိုထင်လဲ?
ဒီအချက်တွေထဲက ဘယ်အရာတွေကို
𝐘𝐨𝐮တို့ရဲ့Daily lookထဲ ဘယ်လို ထည့်သွင်းထားပြီးလဲ?

Comment မှာ ပြောပြပေးခဲ့ဦးနော်!




#

𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 ဆိုတာ တကယ်ပဲ မှန်လားဟင်?ဟယ်လို! အခုရက်ပိုင်း TikTok တို့၊ Facebook တို့မှာ ရေပန်းစားနေတဲ့ 𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫...
30/06/2025

𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 ဆိုတာ တကယ်ပဲ မှန်လားဟင်?

ဟယ်လို!
အခုရက်ပိုင်း TikTok တို့၊ Facebook တို့မှာ
ရေပန်းစားနေတဲ့ 𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 ဆိုတာလေးကို
သိကြလားမသိဘူးနော်။

ကိုယ်တို့ မိန်းကလေးတွေ လက်သည်းနီအနီရောင်လေးတွေ ဆိုးထားတဲ့အခါ ယောက်ျားလေးတွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ရတယ်ဆိုတဲ့ အယူအဆလေးပေါ့နော်။

တကယ်ရော မှန်ရဲ့လားလို့ စဉ်းစားမိကြလား ?

ဒီအနီရောင်လေးက ချစ်ခြင်းမေတ္တာ၊
ဆွဲဆောင်မှုနဲ့ စိတ်ခံစားမှုတွေကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်နေလို့ ထင်ပါရဲ့နော်။

ဘာလို့ အနီရောင်❤️က ဆွဲဆောင်မှုရှိနေရတာလဲ?

ဒီသီအိုရီကို လက်ခံတဲ့သူတွေကတော့
ယောက်ျားလေးတွေဟာ အနီရောင်လက်သည်းနီဆိုးထားတဲ့ မိန်းကလေးတွေကို မြင်တဲ့အခါ သူတို့ရဲ့ ငယ်ဘဝကို ပြန်ပြီး သတိရစေတယ်လို့ ပြောကြတယ်။

အထူးသဖြင့် ကိုယ်တို့ ငယ်ငယ်တုန်းက မေမေတို့၊ အဒေါ်တို့၊ အစ်မတို့တွေ လက်သည်းနီအနီရောင်လေးတွေ ဆိုးတတ်ကြတယ်လေနော်။
အဲဒါကြောင့် ယောက်ျားလေးတွေအတွက် အနီရောင်လက်သည်းနီဆိုတာ နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှုနဲ့ မိခင်ရဲ့မေတ္တာကို ပြန်အမှတ်ရစေပြီး၊ မသိစိတ်ကနေ ဆွဲဆောင်မှုတစ်ခုအဖြစ် မြင်စေတယ်လို့ ယုံကြည်ကြတာပါ။

တကယ်ဆို အနီရောင်လေးက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံကိုလည်း ပေးတယ်လေနော်။ ❤️‍🔥

𝐀𝐝𝐦𝐢𝐧 ကတော့ လက်သည်းနီအနီရောင်ဆိုးထားတဲ့အခါ ပိုပြီး 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭 ဖြစ်တယ်လို့ ခံစားရတယ်😎

အာ့ဆို ဒီ 𝐓𝐫𝐞𝐧𝐝 ဘယ်ကနေ စတာလဲဆိုတာ
ပြောပြပေးမယ်...

ဒီ 𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 လေးက 𝐓𝐢𝐤𝐓𝐨𝐤 ကနေ စတင်ခဲ့တာပါတဲ့။ ၂၀၂၂ ခုနှစ်မှာ 𝐑𝐨𝐛𝐲𝐧 𝐃𝐞𝐥𝐦𝐨𝐧𝐭𝐞 (𝐨𝐫) 𝐆𝐢𝐫𝐥𝐁𝐨𝐬𝐬𝐓𝐨𝐰𝐧 ဆိုတဲ့ နာမည်နဲ့ 𝐓𝐢𝐤𝐓𝐨𝐤 𝐔𝐬𝐞𝐫
တစ်ယောက်က ဗီဒီယိုတစ်ခုတင်ခဲ့ရာကနေ
ဒီအယူအဆလေး စတင်ပျံ့နှံ့သွားခဲ့တာပဲ ဖြစ်ပါတယ်။

သူက "𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲" ဟာ ယောက်ျားလေးတွေရဲ့ ချီးကျူးမှုကို ပိုရစေတယ်လို့ ပြောပြခဲ့ပြီးနောက် မိန်းကလေးအများအပြားကလည်း "ဟုတ်တယ်၊ ငါ့လည်း အနီရောင်ဆိုးထားရင် ပိုကြည့်တာခံရတယ်" ဆိုပြီး သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။

တကယ်ပဲ မှန်ကန်ရဲ့လား?

ဒီ 𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 က သိပ္ပံနည်းကျ သက်သေပြထားတာမျိုးတော့ မရှိသေးဘူးပေါ့နော်။

ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပြီး ရေပန်းစားနေတဲ့ အကြောင်းအရာလေးတစ်ခုပါ။

တချို့ကတော့ ဒါဟာ တိုက်ဆိုင်မှုသက်သက်ပဲလို့ ပြောကြပေမဲ့၊ တချို့ကလည်း အနီရောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ကြတယ်။

ကိုယ်တိုင်လည်း အနီရောင်လေး❤️‍🔥ဆိုးထားတဲ့အခါ
ပိုပြီး လန်းဆန်းတက်ကြွတယ်လို့ ခံစားရတယ်မလား။

အဲဒီစိတ်ခံစားချက်ကနေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး အဲဒီကနေတစ်ဆင့် တခြားသူတွေရဲ့ အာရုံစိုက်မှုကို ရရှိစေတာမျိုးလည်း ဖြစ်နိုင်တာပေါ့နော်။

ဒါဆို 𝐘𝐨𝐮 တို့ရဲ့လက်သည်းလေးတွေရော နီနီရဲရဲလေး ဖြစ်နေပြီလား?

𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 ဟာ လူတိုင်းနဲ့တော့ သက်ဆိုင်ချင်မှ သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေဖို့ ဒါမှမဟုတ် ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ဖော်ပြဖို့အတွက် လက်သည်းနီအနီရောင်လေးကို စမ်းဆိုးကြည့်တာကတော့ ဘာမှမှားစရာမရှိပါဘူးနော်။

ကိုယ်ကြိုက်တဲ့အရောင်လေး ဆိုးပြီး ကိုယ့်ကိုယ်ကို
ပိုလှအောင်လုပ်နိုင်တာဟာ မိန်းကလေးတိုင်းရဲ့
အခွင့်အရေးပဲ လေနော် 🤭💋

ဒီ 𝐑𝐞𝐝 𝐍𝐚𝐢𝐥 𝐓𝐡𝐞𝐨𝐫𝐲 လေးနဲ့ ပတ်သက်ပြီး
𝐘𝐨𝐮 တို့ရော ဘယ်လိုထင်ကြလဲဆိုတာ

ပြောပြခဲ့ပါဦးနော်။

(𝐥𝐨𝐯𝐞 𝐟𝐨𝐫 𝐬𝐡𝐚𝐫𝐢𝐧𝐠)




(

𝐖𝐡𝐚𝐭 𝐢𝐬 𝐲𝐨𝐮𝐫 𝐟𝐚𝐯𝐨𝐫𝐢𝐭𝐞 𝐒𝐭𝐲𝐥𝐞 !  🤍
30/06/2025

𝐖𝐡𝐚𝐭 𝐢𝐬 𝐲𝐨𝐮𝐫 𝐟𝐚𝐯𝐨𝐫𝐢𝐭𝐞 𝐒𝐭𝐲𝐥𝐞 ! 🤍

Address

Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 17:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when ME's Fashion Closet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share