NguWah ကျောက်မျက်ရတနာရောင်း၀ယ်ရေး

  • Home
  • Myanmar
  • Mandalay
  • NguWah ကျောက်မျက်ရတနာရောင်း၀ယ်ရေး

NguWah ကျောက်မျက်ရတနာရောင်း၀ယ်ရေး မင်မင်ဆီကနေ ယုံကြည်စိတ်ချစွာ ၀ယ်ယူအားပေးနိုင်ပါတယ်ရှင်

✅ အကောင်းဆုံးနဲ့ အတန်ဆုံး မိုးကုတ်သဘာ၀တွင်းထွက် စစ်စစ်တွေကိုသာရှာနေတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ " NguWah " ကျောက်မျက်ရတနာရောင်း၀ယ်ရေးကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့် 🙏🙏🙏

13/01/2022

ဖောက်သည် (၆) မျိုး နှင့် လုပ်ငန်း အသက်ပြန်သွင်းခြင်း
************************
ရောင်းရငွေ ဆိုသည့် အကြောင်းအရာ သည် လုပ်ငန်းတိုင်း မဖြစ်မနေ အစဉ်အမြဲ တိုးတက်စေရန် ကြိုးစားအားထုတ်နေရသောအရာဖြစ်သည်။

ယနေ့ရောင်းရငွေ သည် မနက်ဖြန်အတွက် အရင်း ဖြစ်နိုင်သလို၊ ရောင်းရငွေ အတက်အကျသည် လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ရှင်သန်ဖို့အတွက် အားကိုးအားထားရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။

ရောင်းရငွေများလာခြင်းကို ရောင်းအားတက်သည် ပြောကြသည်။ ရောင်းရငွေနည်းသွားခြင်းကို ရောင်းအားကျသည်ဟု ပြောကြသည်။ ရောင်းအားအတက်အကျ ကို လုပ်ငန်းတိုင်းက နေ့စဉ် လစဉ် နှစ်စဉ် ဆန်းစစ်နေရပြီး ရောင်းအားများတက်လာအောင် အမြဲ ကြိုးစားအားထုတ်နေရသည်။
ရောင်းအားနှင့် တိုက်ရိုက်ပတ်သတ်နေသောအရာသည် စားသုံးသူ ဖောက်သည် Customer ပင် ဖြစ်သည်။

စားသုံးသူဖောက်သည်များလာလျင် ရောင်းအားတက်လာသည်။

စားသုံးသူများများရအောင်ရှာခြင်းသည် အရေးကြီးသည်မှန်သော်လည်း၊ ရှာထား၊ရထားတဲ့ စားသုံးသူဖောက်သည်များကို ထိန်းသိမ်းနိုင်ခြင်းသည် ပို၍အရေးကြီးသည်။ မဟုတ်လျင် အိတ်ပေါက်နှင့် ဖားကောက်သလိုပင်ဖြစ်မည်၊ များများတော့ရသည်၊ဘာမှမကျန် ဆိုသလို ဖြစ်နေတတ်သည်။

စားသုံးသူအသစ်ရအောင်လုပ်နိုင်ခြင်းသည် Customer အသစ်တစ်ယောက်ကို မွေးဖွားခြင်း နှင့်တူပြီး ၊ ရှိပြီးသားစားသုံးသူအဟောင်းကို ပြန်လည်ဝယ်ယူစေခြင်းသည် အသက်ပြန်သွင်းခြင်း နှင့်တူသည်။

လုပ်ငန်းတိုင်းတွင် စားသုံးသူဖောက်သည် Customer များသည် ပုံစံ (၆) မျိုးနှင့် ရှိနေကြသည်။

၁။ မွေးခါစ ဖောက်သည်
( Newly born Customer )

၂။ တက်ကြွရှင်သန်သော ဖောက်သည်
(Active Customer )

၃။ ရှင်သန်မှုနှေးကွေးလာသော ဖောက်သည်
( Less Active Customer )

၄။ ရှင်သန်မှုမရှိဆိတ်ငြိမ်သွားသော ဖောက်သည်
( Dormant Customer )

၅။ ပြန်လည်အသက်ဖုတ်သွင်းထားသော ဖောက်သည်
(Zombie Customer )

၆။ ပြန်လည်နိုးထတက်ကြွရွင်လန်းလာသော ဖောက်သည်
( Reactivated Customer )

လုပ်ငန်းအများစုသည် အသစ်ဝယ်ယူသော Customer အသစ်များကို ဦးစားပေးပြီးရှာနေကြသည်။ အသစ်သစ်သော စားသုံးသူများကို မွေးထုတ်ဖို့သာအားသန်ကြသည်။ ဆက်လျက်ရှင်သန်အောင်ပြုစုပျိုးထောင်ဖို့နှင့် မဝယ်တော့သော ရှိပြီးသား စားသုံးသူများကို ပြန်လည်အသက်သွင်းပြီး တက်ကြွရွင်လန်းအောင် လုပ်ဖို့စိတ်မရောက်ကြပေ။
ဥပမာအားဖြင့် ကလေးတွေ အများကြီး မွေးပြီး မပြုစုမစောင့်ရှောက်နိုင်သော မိဘနှင့် တူသည်။

အမှန်တော့ ကြီးပြင်းလာအောင်မွေးဖို့လိုသည်။

မဝယ်တော့လျင်လဲ ပြန်လည်အသက်သွင်းဖို့လိုသည်။

ပြန်လည်အသက်သွင်းခြင်း သည် အသစ်တစ်ယောက်မွေးခြင်း ထက် ကုန်ကျစားရိတ်သက်သာသည်။

ရှိပြီးသား Customer ကို ပြန်ဝယ်အောင်လုပ်သည့် မားကက်တင်း ကုန်ကျစားရိတ်သည် ၊ Newly born Customer အသစ်တစ်ယောက်မွေးဖွားဖို့အတွက် မားကက်တင်း ကုန်ကျစားရိတ်ထက် ပျှမ်းမျှအားဖြင့် (၇) ဆ သက်သာသည်ဟု ဈေးကွက်သုတေသနများက ဆိုသည်။ အတိအကျ (၇) ဆ မဟုတ်သည့်တိုင်အောင် သက်သာသည်ကတော့ သေချာသည်။

ဒါကြောင့် ..
စီးပွားရေးလုပ်ငန်းများကို လိုတိုရှင်း အကြံလေးတစ်ခု ပေးချင်ပါသည်။

😁 များများလဲ မွေးပါ .. ။

🏃‍♂️ မွေးပြီးသားတွေကိုလဲ ပြန်ကြည့်ကြပါ။

🎃 သေသွားတာတွေကိုလဲ အသက်ပြန်သွင်းပါ ခင်ဗျာ။ ။

# မာသင်
စီးပွားရေးဒိုင်ယာရီ
Jan 13,2022

မင်မင် mdy ကပါပစ္စည်းအားလုံး stoke ရှိပါတယ်MDY Cash on deli ရပါတယ်ဈေးအဆင်မပြေရင် gpက ပြန်ထွက်လို့ရပါတယ်နယ်ဆို နှစ်ရက်အတွ...
09/01/2022

မင်မင် mdy ကပါ
ပစ္စည်းအားလုံး stoke ရှိပါတယ်
MDY Cash on deli ရပါတယ်
ဈေးအဆင်မပြေရင် gpက ပြန်ထွက်လို့ရပါတယ်
နယ်ဆို နှစ်ရက်အတွင်းပို့ပေးပါတယ်
တကယ်အလုပ်လုပ်မဲ့သူ 20,30လောက်သာ
ထည့်ပေးပါ့မယ် မန့်‌ခဲ့ပေးပါ
အောက်က👇မင်မင် acc link ပါ
Add မရရင် cb မှာလာပြောလို့ရပါတယ်
https://www.facebook.com/chothar.yamin

ဟီးဟီး😁😁
09/01/2022

ဟီးဟီး😁😁

အရုပ်တွေ ချောကလတ်တွေ မမဆီရတယ်နော်ပြန်ရောင်းချင်သူတွေရှိရင်လည်း gp ၀င်ခဲ့လို့ရပါတယ်လက်ဆောင်ပေးဖို့ စဉ်းစားထားသူတွေရှိရင်လ...
09/01/2022

အရုပ်တွေ ချောကလတ်တွေ မမဆီရတယ်နော်
ပြန်ရောင်းချင်သူတွေရှိရင်လည်း gp ၀င်ခဲ့လို့ရပါတယ်
လက်ဆောင်ပေးဖို့ စဉ်းစားထားသူတွေရှိရင်လည်း
မမဆီ အားပေးကြပါရှင်😘

ကြိုက်သွားပြီ 😆
07/01/2022

ကြိုက်သွားပြီ 😆

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။📝လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လော...
07/01/2022

စီးပွားရေးလုပ်ငန်းတစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ စတင် မယ်ဆိုရင် နောက်ကျသွားပါပြီ။

📝လွန်ခဲ့တဲ့နှစ်ပေါင်း 563 နှစ် ကျော်လောက်က ဂူတင်ဘတ်က ပထမဆုံး စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။
အဲဒီတုန်းက ဥရောပကြီးတစ်ခုလုံးရဲ့၇% သာစာဖတ်တတ်ပါတယ်။ ဈေးကွက်မရှိဘူး။
စာအုပ်ထွက်ရင် ဖြန့်ဝေပေးဖို့.. စာပေဖြန့်ချိရေးတွေ မရှိဘူး။
စာအုပ်ကို လူအများဝယ်ယူနိုင်အောင်ခင်းကျင်းပြသရောင်းချပေးတဲ့...စာအုပ်ဆိုင်မရှိဘူး။
စာပေချစ်သူတွေ၊ စာအုပ်ဝယ်ယူသူတွေ သန်းနဲ့ချီပြီး တစ်နေရာတည်းမှာ အစုံဝယ်ယူလို့ရနိုင်တဲ့ Amazon ဆိုတာ မရှိဘူး။

ခြုံပြောရရင်....
ဈေးကွက်လဲမရှိသလို၊ဖြန့်ချိရေးစနစ်လဲ မရှိဘူး။
စာအုပ်ဆိုင်တွေ ဆိုတာ မရှိသလို၊စာဖတ်ပရိသတ်ဆိုတာလဲ မရှိဘူး။
ဈေးကွက်မှာ အစစအရာရာ အားလုံးပြည့်စုံကောင်းမွန်မှ စာအုပ်ကို ထုတ်လုပ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ယနေ့ဖတ်စရာစာအုပ်တောင် ရှိမှာ မဟုတ်ပါဘူး။

💾 မိုက်ကရိုဆော့ ( microsoft ) ရဲ့ပထမဆုံး ဗားရှင်းကို ပြန်ကြည့်လိုက်။ အားနည်းချက်တွေ အပြည့်ပါပဲ။

💻Google မထွက်ခင်၊ ဈေးကွက်ရဲ့အင်အားကြီး Yahoo နဲ့နှိုင်းယှဉ်လိုက်။ google ဆိုတာ Yahoo နဲ့ဘယ်လိုမှ မယှဉ်နိုင်အောင်ပါပဲ။

🎼 လေးလက်မထူပြီး 5G ပဲ ဆန့်တဲ့ပထမဆုံး Ipod ကို ပြန်ကြည့်လိုက်။ ခုချိန်ကာလ နဲ့ဆို ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ပါဘူး။

🎥 သေတ္တာပုံးတစ်ခုလောက်ကြီးမားပြီးလေးလံတဲ့ပထမဆုံး ဒီဂျစ်တယ်ကင်မရာကို ပြန်ကြည့်လိုက်။ ဓတ်ပုံလေးတစ်ပုံရိုက်ဖို့ သံသေတ္တာပုံးကြီးသယ်သွားရမယ်ဆိုရင် မလွယ်လှပါဘူး။

လုပ်ငန်းတိုင်းက အစပထမမှာ လူအများရဲ့ပြောစကားနဲ့တင် စိတ်ဓတ်ကျစရာပါပဲ။ ဒီလိုပဲ အများပြောစကားတွေကြားထဲက .. မပြည့်စုံမှုတွေကြားထဲက .. အဆင်သင့်မဖြစ်တဲ့ကြားထဲကနေ ထိုးဖောက်ထွက်လာကြတာပါ။
အရာအားလုံး အဆင်ပြေမှ ထွက်မယ် ဆိုရင် နောက်ကျသွားပြီ။

✨ကိုယ့်အိမ်မက်တွေကို အကောင်အထည်ဖော်ပါ။

⭐အင်္ဂလိပ်စကားပြောသင်ပေးချင်လိုက်တာ လို့ပြောလိုက်တိုင်း ..
“မင်းဘယ်လောက်တတ်လို့လဲ” .... ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ တတ်သလောက် သင်နိုင်ရမယ် ဆိုတဲ့ခံယူချက်နဲ့ စ လုပ်ပါ။

⭐စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ချင်တာလား။
“စီးပွားရေးလုပ်ရအောင် မင်းမှာ ငွေဘယ်လောက်ရှိလို့လဲ” .... ဆိုတဲ့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ရှိတဲ့အိုင်ဒီယာ နဲ့ ရှိသလောက်ငွေလေးနဲ့လုပ်နိုင်ရမယ် ဆိုတဲ့ခံယူချက် နဲ့စ လုပ်ပါ။

⭐ကုန်ပစ္စည်းထုတ်လုပ်ချင်တာလား။
“မင်း ကုန်ပစ္စည်း ဘယ်သူမှ ဝယ်မှာ မဟုတ်ပါဘူး” ...လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး၊ ဝယ်တဲ့သူ ရောင်းမကွာ ဆိုတဲ့ခံယူချက် နဲ့ စရောင်းပါ။

⭐ ဖေ့ဘုတ်မှာ ကိုယ်ပိုင် ဘရန်းတစ်ခု၊ အမည်တစ်လုံးကို တည်ဆောက်ချင်တာလား။
“ ဘာတွေတင်၊ ဘာတွေပြောနေတာလဲကွာ၊ ဘယ်သူမှ နားထောင်မှာ မဟုတ်ပါဘူး” ...လို့အများပြောတဲ့စကားကို မေ့လိုက်ပြီး ၊ နားထောင်တဲ့သူကိုပြောမကွာ ဆိုတဲ့ ခံယူချက် နဲ့ စ ပြောပါ။

နောက်ဆုံး......

မင်း...မဖြစ်နိုင်ပါဘူးကွာ ..ဆိုတဲ့သူများပြောတဲ့စကားကို မေ့လိုက်ပြီး၊

ငါ..ဖြစ်အောင် လုပ်မယ်ကွာ လို့ ...

ယုံကြည်မှုအပြည့် နဲ့... မျက်လုံးစုံမှိတ်၊

ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြင်းပြတဲ့ စိတ်ဆန္ဒ နဲ့

ရဲရဲကြီး ချလိုက်စမ်းပါဗျာ။

#မာသင် မျှဝေသည်
#စီးပွားရေး ဒိုင်ယာရီ

ယောက်ျားတိုင်း လိုချင်နေတဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့ယောက်ျားတိုင်း မရနိုင်တဲ့ မိန်းမ ဖြစ်အောင်နေ..ယောက်ျားတိုင်းလွယ်လွယ...
06/01/2022

ယောက်ျားတိုင်း လိုချင်နေတဲ့
မိန်းမ ဖြစ်အောင် မနေပါနဲ့

ယောက်ျားတိုင်း မရနိုင်တဲ့
မိန်းမ ဖြစ်အောင်နေ..

ယောက်ျားတိုင်းလွယ်လွယ်ရတဲ့
မိန်းမဖြစ်အောင်မနေပါနဲ့..

ယောက်ျားတိုင်းလွယ်လွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲ့ကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့နဲ့အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုး
စားပါ..

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစားပါ...

တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အနာဂတ်အမေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လို့ပါတယ်...!!

ဆက်လက်ထုဆစ် 2022 🤌😆
06/01/2022

ဆက်လက်ထုဆစ် 2022 🤌😆

06/01/2022


Address

MaharAungMyay Jewelry Hole Sale
Mandalay

Website

Alerts

Be the first to know and let us send you an email when NguWah ကျောက်မျက်ရတနာရောင်း၀ယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share