𝐇𝐚𝐧𝐧𝐚 𝐃𝐫𝐞𝐬𝐬

𝐇𝐚𝐧𝐧𝐚 𝐃𝐫𝐞𝐬𝐬 မိန်းကလေးတိုင်းအတွက်

25/10/2025

အသဲပုံချုပ်နည်းလေးပါ ❤️
မူရင်းတင်သူကို Crdပေးပါတယ် 🙆
နောက်ထပ်လည်း မျှဝေပေးအုန်းမယ်နော်

"၇ရက်လုံးလုံး ဘောင်းဘီတိုတွေကို ဘယ်လို styling လုပ်ဝတ်နိုင်သလဲ"ဟယ်လို 👋ဒီတစ်ခေါက်တော့ ဘောင်းဘီတိုဝတ်ရတာ သဘောကျတဲ့သူတွေအတ...
18/04/2023

"၇ရက်လုံးလုံး ဘောင်းဘီတိုတွေကို ဘယ်လို styling လုပ်ဝတ်နိုင်သလဲ"

ဟယ်လို 👋ဒီတစ်ခေါက်တော့ ဘောင်းဘီတိုဝတ်ရတာ သဘောကျတဲ့သူတွေအတွက် ဒီနွေရာသီမှာ ဘောင်းဘီတိုလေးတွေနဲ့ ဘယ်လို styling လုပ်လို့ရတယ်ဆိုတာလေး ပြောပြပေးချင်တာပါ။💁 ဘောင်းဘီတိုတွေထဲ ဂျင်းဘောင်းဘီ၊ ချည်သားဘောင်းဘီ၊ Printed ဘောင်းဘီလေးတွေ၊ Sweat Shorts တွေ၊ Biker Shorts တွေအပြင်ကိုမှ Bermuda ဘောင်းဘီလေးတွေ၊ Wide Shorts စသဖြင့် ဘောင်းဘီတိုဒီဇိုင်းစုံ Styling လုပ်ထားတဲ့ ပုံလေးတွေ ရွေးတွဲပေးထားတာပဲ ဖြစ်ပါတယ်။ 💕

ဒီတော့ ရက်သတ္တပတ်လုံး ဘောင်းဘီတိုလေးတွေနဲ့ ဘယ်လိုစတိုင်ထုတ်မလဲ ပုံတစ်ပုံချင်းစီမှာ ကြည့်လိုက်ရအောင်။🙆

အချစ်တွေနဲ့မေ 🤍







ချစ်သဲတို့ရေ နှစ်သစ်မှာ ပိုက်ဆံတွေအများကြီး ၀င်ကြပါစေနော် 💵💵💵 𝐇𝐚𝐧𝐧𝐚 𝐃𝐫𝐞𝐬𝐬 🤹‍♀️🤹‍♀️🤹‍♀️ထိုင်းလက်မနည်း မှာ ပေကွေး သုံးပုံသ...
01/01/2023

ချစ်သဲတို့ရေ နှစ်သစ်မှာ ပိုက်ဆံတွေအများကြီး
၀င်ကြပါစေနော် 💵💵💵
𝐇𝐚𝐧𝐧𝐚 𝐃𝐫𝐞𝐬𝐬 🤹‍♀️🤹‍♀️🤹‍♀️
ထိုင်းလက်မနည်း မှာ ပေကွေး သုံးပုံသုံးနည်း
ပုံ 1 နောက်လည်ပင်း
ပုံ 2 ရှေ့လည်ပင်း
ပုံ 3 တင်အကျယ်
ပုံ 4 ဂျိုင်းပေါက်အပေါ်ပိုင်း
ပုံ 5 ဂျိုင်းပေါက်အောက်ပိုင်း
ပုံ 6 ရေကူးဒေါက် အတွက် ရင်ထိပ်နဲ့ဂျိုင်းနဲ့ဆက်ပုံလေး တင်ပေးလိုက်ပါတယ်
မတူညီတဲ့ ဒီဇိုင်နာ၂ယောက်စီမှ Crdယူတင်ပေးထားတဲ့အတွက် ကိုယ်နားလည်မယ့် အဆင်ပြေတဲ့နည်းကို ယူသုံးနိုင်ပါတယ်
to owner

အခုတလော၃လွှာ ၄လွှာစကပ်တွေထက် တစ်ဖန်ပြန်လည်ခေတ်စားလာတဲ့ပတ်ထမိန်  ချုပ်နည်းလေးတင်ပေးလိုက်ပါဘီနော်မူရင်းပိူင်ရှင်ကို   ပေးပ...
21/11/2022

အခုတလော၃လွှာ ၄လွှာစကပ်တွေထက်
တစ်ဖန်ပြန်လည်ခေတ်စားလာတဲ့
ပတ်ထမိန် ချုပ်နည်းလေးတင်ပေးလိုက်ပါဘီနော်
မူရင်းပိူင်ရှင်ကို ပေးပါတယ်
လိုက်ချုပ်ကြည့်ကြပါ အဆင်ပြေကြပါစေ
#ပတ်ထမိန်

 #ချုပ်စက် #ဓားစက်အကြောင်းသိကောင်းစရာများ
16/11/2022

#ချုပ်စက်
#ဓားစက်
အကြောင်းသိကောင်းစရာများ

မင်္ဂလာပါဟိုတလောဆီကအောက်ချည်ရော့တယ်အပေါ်ချည်တင်းတယ်စသဖြင့် စက်ချုပ်ရာမှာဖြစ်တတ်တဲ့အရာလေးတွေကို စက်ဆရာမခေါ်ဘဲ မိမိကိုယ်တိ...
01/11/2022

မင်္ဂလာပါ

ဟိုတလောဆီက
အောက်ချည်ရော့တယ်
အပေါ်ချည်တင်းတယ်
စသဖြင့် စက်ချုပ်ရာမှာ
ဖြစ်တတ်တဲ့အရာလေး
တွေကို စက်ဆရာမခေါ်
ဘဲ မိမိကိုယ်တိုင်ချည်ညှိ
တတ်အောင် သိသလောက်
လေးပြောပြချင်တယ်။

ပုံ1
အပေါ်ချည်နဲ့အောက်ချည်မှာ
အောက်ချည်ကိုအရင်ညှိရပါတယ်
တကယ်လို့ချည်မညီဘူးဆိုရင်
အပေါ်ညှပ်ပြားကိုအလွယ်တကူ
လှည့်ပြင်လို့ရတာပေါ့။

နောက်တခု စက်ချုပ်တော့မယ်ဆို
လွန်းအိမ်ထဲလွန်းဆံထည့်ကတည်း
ကချည်ကြိုးကိုပုံမှန်ဟုတ်ရဲ့လားဆို
တာကိုအလိုက်သင့်ဆွဲပြီးစစ်တဲ့အကျင့်
ကိုလုပ်ထားပါ။

လွန်းအိမ်ကချည်ကြိုးကိုဖိထားတဲ့
သံပတ်ပြားလေးကို ကြန်ဖတ်လို့ခေါ်တယ်
ချည်ညှိရာမှာ ၎င်း ကြန်ဖတ်လေးရဲ့ဖိအား
ကိုသိဘို့လိုပါတယ်။အပါးချုပ်မယ်ဆို
ဖိအားနဲပြီးအထူချုပ်မယ်ဆိုအနည်းငယ်
ပိုဖိအားထည့်ပေးပါလေ

#လွန်းဆံထည့်ပြီးချည်ကြိုးကိုတစ်ပေနီး
ပါးဆွဲထုတ်ထားပါ ချည်ကြိုးအစဖက်ကို
လက်ညိုး လက္မနဲ့ညှပ်ကိုင်ပြီးလွန်းအိမ်
ကိုလေထဲမြှောက်ကြည့်ပါ လျောကျလာရင်
ကြန်ဖတ်ကိုဖိထားတဲ့မူလီကိုနာရီလက်တံ
အတိုင်းအနည်းငယ်လေးလှည်ပေးပါ
တဖန် လွန်းအိမ်ကိုလေထဲမြှောက်ကြည့်
လို့လွန်းအိမ်လျောမကျတော့ဘူးဆိုရင်
ရပါပြီ #

ပုံ2
လွန်းအိမ်ထဲလွန်းဆံထည့်ပါမယ်
#လွန်းအိမ်ကိုဘယ်လက်နဲ့ကိုင်ပြီး
ညာဘက်ကလွန်းဆံကိုချည်
အောက်ဖက်မှာထားပြီးလွန်းအိမ်ထဲ
ထည့်မှ မှန်တာပေါ့ ချည်လိုက်လဲ
ကောင်းတယ်လေ #

ပုံ3
ချည်ညှပ်ပြားပါ
အပေါ်ချည်ထည့်ရင်ညှပ်ပြားထဲ
သေချာထည့်ပါ ဗူးနွယ်ကိုလဲချိပ်
မိအောင်ဂရုစိုက်ပါ။
အပေါ်ချည်အကုန်ထည့်ပြီးရင်
ချည်လှ မလှစမ်းချုပ်ကြည့်ပါ
အပေါ်ချည်တင်းနေရင်ညှပ်ပြား
ရဲ့မူလီကို နာရီလက်တံပြောင်းပြန်
လှည့်ပြီးချည်ကိုလျော့ပေးပါလေ

အပ်ကျိုးလို့ပြန်တတ်ရင် အပ်အချိုင့်
လေးကိုစက်အတွင်းဘက်လှည့်ပြီး
တတ်ပါ အပ်တတ်မှားရင်လဲချည်ကျော်
တတ်ပါတယ်။

ညှပ်ပြားမှာအမှိုက်ကပ်နေရင်လဲ
ချုပ်ရိုးမလှတတ်ဘဲချည်ချိန်ရတာ
ရွာလည်တတ်ပါတယ်လို့………

#စက်အသက် ဆီ

စက်ကိုဆီမငတ်ပါစေနဲ့ပန့်နဲ့တင်တဲ့
စက်ကတော့အကြောင်းမဟုတ်ပေမဲ့
ဆီထိုးရတဲ့စက်တွေဆိုညဘက်အလုပ်သိမ်း
တာနဲ့ဆီထည့်ထည့်ပေးပါလေ။

ချည်အနက်ရောင်ကတခြားချည်တွေထက်
ချည်ပိုချိန်ရပါတယ် ချည်ဆိုးဆေးအားပြင်း
လို့ပါ ဒါကြောင့်ချည်အနက်ရောင်ကိုအနဲဆုံး
ဒေါင်းတံဆိပ်ကိုအသုံးပြုကြပါလို့………။

ချစ်ခြင်းများဖြင့်……ဦးရဲ

အကျီအရှေ့ဘက်အလှချည်းပဲစဥ်းစားနေမှာလား❓ #နောက်ကျောဘက်အလှ❤❤❤
13/08/2022

အကျီအရှေ့ဘက်အလှချည်းပဲစဥ်းစားနေမှာလား❓

#နောက်ကျောဘက်အလှ❤❤❤

စက်အပ်အသုံးပြုနည်း📍No11 အချွန်းဆုံးအပါးဆုံးအပ်ပါးတဲ့ဇာတွေနဲ့ဆွဲသားချုပ်တဲ့အခါအသုံးပြုရပါတယ်✅📍No14 ပုံမှန်အသားအရမ်းမထူလွန...
03/07/2022

စက်အပ်အသုံးပြုနည်း

📍No11 အချွန်းဆုံးအပါးဆုံးအပ်ပါးတဲ့ဇာတွေနဲ့ဆွဲသားချုပ်တဲ့အခါအသုံးပြုရပါတယ်✅
📍No14 ပုံမှန်အသားအရမ်းမထူလွန်းမပါးလွန်းတဲ့အစတွေမှာအသုံးပြုရပါတယ်✅
📍No16 ပုံမှန်ပိတ်စမျိုးထက်နဲနဲပိုထူတဲ့အစတွေ ရှပ်ကော်လံတို့စတစ်တို့ချုပ်တဲ့အခါတို့ပိတ်အကြမ်းတွေမှာအသုံးပြုရပါတယ်✅
📍No18အိတ်တွေချုပ်တဲ့အခါအထူသားပိတ်စတွေချုပ်တဲ့အခါအသုံးပြုရပါတယ်
အသုံးတည့်ကြမယ်လို့ထင်ပါတယ်နော်

လည်ပင်းဒီဇိုင်း 𝐏𝐚𝐭𝐭𝐞𝐫𝐧 ဆွဲနည်းလေး တင်ပေးပါဆိုလို့ မင်မင်ရှာတင်ပေးလိုက်ပါတယ် အဆင်ပြေကြပါစေနော်
28/06/2022

လည်ပင်းဒီဇိုင်း 𝐏𝐚𝐭𝐭𝐞𝐫𝐧 ဆွဲနည်းလေး တင်ပေးပါဆိုလို့
မင်မင်ရှာတင်ပေးလိုက်ပါတယ် အဆင်ပြေကြပါစေနော်

27/06/2022

ရာသီဥတုပူတယ်ကွယ်
ဘောင်းဘီအတိုလေး
ချုပ်၀တ်ကြည့်ကြမယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐇𝐚𝐧𝐧𝐚 𝐃𝐫𝐞𝐬𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share